သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၀န္ထမ္းမ်ား ကိုဗစ္ေခ်းေငြထက္ အေထာက္အပံ့ ပိုေမွ်ာ္လင့္


ရန္ကုန္ၿမိဳ႕ရဲ႕ ဘတ္စ္ကားဂိတ္တခုမွာ ရံုးသြားဖို႔ ဘတ္စ္ကားေစာင့္ေနၾကတဲ့ ရံုး၀န္ထမ္းအမ်ိဳးသမီးတခ်ိဳ႕။ (ေမ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါ အၾကပ္အတည္းကာလအတြင္း ႏိုင္ငံဝန္ထမ္းေတြအတြက္ ၂ လစာ ေခ်းေငြထုတ္ေပးဖုိ႔ အစုိးရက ျပင္ဆင္ေနေပမဲ့ ေခ်းေငြထက္ အေထာက္အပံ့ရဖို႔ ေမွ်ာ္လင့္သူေတြ ရွိေနတဲ့အေၾကာင္းေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၲာထြန္းက သတင္းေပးပို႔ထားပါတယ္။

ကိုဗစ္ကပ္ေရာဂါ ႀကံဳေနရခ်ိန္မွာ အစုိးရ၀န္ထမ္းေတြ အခက္အခဲ ေျပလည္ေစဖုိ႔ ရည္ရြယ္ၿပီး အစုိးရက ေအာက္တိုဘာလ ၁ ရက္ေန႔ကစၿပီး လစာ ၂ လစာ ႀကိဳတင္ထုတ္ေပးဖုိ႔ စီစဥ္ေနပါတယ္။ ႀကိဳတင္လစာေတြကုိေတာ့ အတုိးမဲ့ေခ်းေငြအျဖစ္ ဆိုင္းငံ့ကာလ ၆ လနဲ႔ ျပန္ဆပ္ကာလ ၁ ႏွစ္ သတ္မွတ္ထားပါတယ္။

ေမာ္လၿမိဳင္တကၠသိုလ္ ႐ူပေဗဒဌာန ကထိက ေဒါက္တာထြန္းထြန္းႏိုင္က အၾကပ္အတည္းကာလ ေခ်းေငြထုတ္ေပးမယ့္ အစီအစဥ္ကုိ ႀကိဳဆိုတယ္လုိ႔ ေျပာပါတယ္။

“ဒါမ်ိဳးက နာဂစ္တုန္းကလည္း ေခ်းခဲ့ဖူးတယ္။ နာဂစ္တုန္းကေတာ့ ၃ လစာ ေခ်းတာ၊ ခုက ဝန္ထမ္းေတြအကုန္လုံးဆိုေတာ့ ၂ လစာေခ်းတာေပါ့။ ဥပေဒမွာေတာ့ အဲ့လိုေခ်းမယ္ဆိုရင္ ၃ လအထိ ေခ်းလို႔ရတယ္။ အခုက ဝန္ထမ္းေတြကေတာ့ အဆင္ေျပတာေပါ့။ အားလုံးက ဝမ္းသာတယ္ ႀကိဳဆိုၾကတယ္ေပါ့။ ၂ လစာကို ေအာက္တိုဘာ ၁ ရက္ေန႔ ထုတ္ေပးမယ္ေျပာတယ္။ လူမႈဖူလုံေရးေတာ့ ရွိတယ္။ ဒါေပမဲ့ က်ေနာ္တို႔ ပညာေရးဝန္ႀကီးဌာန မပါဘူး။ ပိုက္ဆံရွာတဲ့ ဌာနမဟုတ္ဘဲ ပိုက္ဆံျဖဳန္းတဲ့ ဌာနျဖစ္ေနေတာ့ က်ေနာ္တို႔ကို လူမႈဖူလုံေၾကးမေပးဘူး။ အဲ့တာကို က်ေနာ္တို႔က ဆရာမ်ားသမဂၢကလည္း ရဖို႔ႀကိဳးစားေနတယ္၊ ဒါေပမယ့္ ခုခ်ိန္ထိေတာ့ မရေသးဘူး။”

ဒါေပမဲ့လည္း ေခ်းေငြအျဖစ္ ႀကိဳတင္လစာ ထုတ္ေပးတာထက္ လူမႈဖူလုံေရးအျဖစ္ ေထာက္ပံ့တာမ်ဳိးကုိ ေမွ်ာ္လင့္ေနသူေတြလည္း ရွိပါတယ္။

ျမန္မာ့မီးရထားဌာန အလုပ္သမားအဖြဲ႕အစည္းက ဦးဝင္းၫႊန္႔ကေတာ့ လူမႈဖူလုံေၾကးထည့္၀င္ေနရတဲ့ ႏိုင္ငံဝန္ထမ္းေတြအတြက္ ခံစားခြင့္ရွိသင့္တယ္လို႔ ေျပာပါတယ္။

“ျဖစ္သင့္တာကေတာ့ လူမႈဖူလုံေရးက လုပ္ေပးရမယ့္ဟာကို လူမႈဖူလုံေရးက က်ေနာ္တို႔ဘက္ကို မလွည့္ႏိုင္ဘူး။ အခု လူမႈဖူလုံေရးမွာ က်န္တဲ့ Former ေတြက လစာမရတဲ့သူေတြကို ဦးစားေပးေနရတယ္ေပါ့ေႏွာ္။ က်ေနာ္တို႔ ဝန္ထမ္းေတြက်ေတာ့ လူမႈဖူလုံေၾကးထည့္ဝင္ထားေပမယ့္ ဘာမွလုပ္မေပးႏိုင္ဘူးျဖစ္ေနတယ္။ ႏိုင္ငံေတာ္အေနနဲ႔က လူမႈဖူလုံေရးဌာနအေနနဲ႔ ႏိုင္ငံေတာ္အေနနဲ႔ဆိုတာက လူမႈဖူလုံေရးဌာနက အစိုရလက္ေအာက္မွာရွိတာမို႔လို႔၊ အဲ့ေတာ့ အဲ့ဒီဌာန အေနနဲ႔ကေတာ့ က်ေနာ္တို႔ အစိုးရဝန္ထမ္းေတြကိုလည္း ၾကည့္သင့္တယ္ေပါ့ေလ။ အဲ့ဒါနဲ႔ ပတ္သက္လို႔ေတာ့ ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားက ေျပာၾကတယ္။ ဒါေပမဲ့ ဝန္ထမ္းေတြျဖစ္ေနတဲ့အတြက္ လစာေပထားတဲ့အတြက္ အစိုးရကေပးတဲ့ ၂ လစာနဲ႔ ပတ္သက္လို႔ေတာ့ အစိုးရကိုေတာ့ ဘာမွ Complain သိပ္မရွိဘူးဗ်။”

ႏိုင္ငံဝန္ထမ္းေတြက လူမႈဖူလုံေၾကးထည့္ဝင္ထားေပမယ့္ လစာပုံမွန္ရေနတာေၾကာင့္ လတ္တေလာ အေျခအေနမွာ ေထာက္ပံ့ေၾကးေပးဖုိ႔ အစီအစဥ္မရွိေသးဘူးလို႔ အလုပ္သမားလူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္က ေျပာပါတယ္။

“ထည့္ေတာ့ထည့္တာေပါ့။ သူတို႔မွာလည္း တခ်ိဳ႕၊ ဒါေပမဲ့ ႏိုင္ငံဝန္ထမ္းေတြေတာ္ေတာ္မ်ားမ်ားကေတာ့ ဘာပဲေျပာေျပာ လစာရေနတာေလေနာ္။ ႏိုင္ငံေတာ္က ေပးတဲ့လစာရေနတာျဖစ္တဲ့အတြက္ ဒါကလည္းေျပာရရင္ေတာ့ ဘယ္လိုစဥ္းစားမလဲေတာ့ မေျပာတတ္ဘူးေပါ့ေနာ္။”

ကိုဗစ္ကာလအတြင္း ႏိုင္ငံဝန္ထမ္းေပါင္း ၁,၀၀၀,၀၀၀ ေက်ာ္အတြက္ အတိုးမဲ့ ၂ လစာ ႀကိဳတင္ထုတ္ေခ်းဖို႔ က်ပ္ဘီလီယံ ၅၅၀ ေက်ာ္ လ်ာထားထားတယ္လို႔ သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌးက ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

၀န်ထမ်းများ ကိုဗစ်ချေးငွေထက် အထောက်အပံ့ ပိုမျှော်လင့်

ကိုဗစ်ကပ်ရောဂါ အကြပ်အတည်းကာလအတွင်း နိုင်ငံဝန်ထမ်းတွေအတွက် ၂ လစာ ချေးငွေထုတ်ပေးဖို့ အစိုးရက ပြင်ဆင်နေပေမဲ့ ချေးငွေထက် အထောက်အပံ့ရဖို့ မျှော်လင့်သူတွေ ရှိနေတဲ့အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ရောဂါ ကြုံနေရချိန်မှာ အစိုးရဝန်ထမ်းတွေ အခက်အခဲ ပြေလည်စေဖို့ ရည်ရွယ်ပြီး အစိုးရက အောက်တိုဘာလ ၁ ရက်နေ့ကစပြီး လစာ ၂ လစာ ကြိုတင်ထုတ်ပေးဖို့ စီစဉ်နေပါတယ်။ ကြိုတင်လစာတွေကိုတော့ အတိုးမဲ့ချေးငွေအဖြစ် ဆိုင်းငံ့ကာလ ၆ လနဲ့ ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ထားပါတယ်။

မော်လမြိုင်တက္ကသိုလ် ရူပဗေဒဌာန ကထိက ဒေါက်တာထွန်းထွန်းနိုင်က အကြပ်အတည်းကာလ ချေးငွေထုတ်ပေးမယ့် အစီအစဉ်ကို ကြိုဆိုတယ်လို့ ပြောပါတယ်။

“ဒါမျိုးက နာဂစ်တုန်းကလည်း ချေးခဲ့ဖူးတယ်။ နာဂစ်တုန်းကတော့ ၃ လစာ ချေးတာ၊ ခုက ဝန်ထမ်းတွေအကုန်လုံးဆိုတော့ ၂ လစာချေးတာပေါ့။ ဥပဒေမှာတော့ အဲ့လိုချေးမယ်ဆိုရင် ၃ လအထိ ချေးလို့ရတယ်။ အခုက ဝန်ထမ်းတွေကတော့ အဆင်ပြေတာပေါ့။ အားလုံးက ဝမ်းသာတယ် ကြိုဆိုကြတယ်ပေါ့။ ၂ လစာကို အောက်တိုဘာ ၁ ရက်နေ့ ထုတ်ပေးမယ်ပြောတယ်။ လူမှုဖူလုံရေးတော့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ပညာရေးဝန်ကြီးဌာန မပါဘူး။ ပိုက်ဆံရှာတဲ့ ဌာနမဟုတ်ဘဲ ပိုက်ဆံဖြုန်းတဲ့ ဌာနဖြစ်နေတော့ ကျနော်တို့ကို လူမှုဖူလုံကြေးမပေးဘူး။ အဲ့တာကို ကျနော်တို့က ဆရာများသမဂ္ဂကလည်း ရဖို့ကြိုးစားနေတယ်၊ ဒါပေမယ့် ခုချိန်ထိတော့ မရသေးဘူး။”

ဒါပေမဲ့လည်း ချေးငွေအဖြစ် ကြိုတင်လစာ ထုတ်ပေးတာထက် လူမှုဖူလုံရေးအဖြစ် ထောက်ပံ့တာမျိုးကို မျှော်လင့်နေသူတွေလည်း ရှိပါတယ်။

မြန်မာ့မီးရထားဌာန အလုပ်သမားအဖွဲ့အစည်းက ဦးဝင်းညွှန့်ကတော့ လူမှုဖူလုံကြေးထည့်ဝင်နေရတဲ့ နိုင်ငံဝန်ထမ်းတွေအတွက် ခံစားခွင့်ရှိသင့်တယ်လို့ ပြောပါတယ်။

“ဖြစ်သင့်တာကတော့ လူမှုဖူလုံရေးက လုပ်ပေးရမယ့်ဟာကို လူမှုဖူလုံရေးက ကျနော်တို့ဘက်ကို မလှည့်နိုင်ဘူး။ အခု လူမှုဖူလုံရေးမှာ ကျန်တဲ့ Former တွေက လစာမရတဲ့သူတွေကို ဦးစားပေးနေရတယ်ပေါ့နှော်။ ကျနော်တို့ ဝန်ထမ်းတွေကျတော့ လူမှုဖူလုံကြေးထည့်ဝင်ထားပေမယ့် ဘာမှလုပ်မပေးနိုင်ဘူးဖြစ်နေတယ်။ နိုင်ငံတော်အနေနဲ့က လူမှုဖူလုံရေးဌာနအနေနဲ့ နိုင်ငံတော်အနေနဲ့ဆိုတာက လူမှုဖူလုံရေးဌာနက အစိုရလက်အောက်မှာရှိတာမို့လို့၊ အဲ့တော့ အဲ့ဒီဌာန အနေနဲ့ကတော့ ကျနော်တို့ အစိုးရဝန်ထမ်းတွေကိုလည်း ကြည့်သင့်တယ်ပေါ့လေ။ အဲ့ဒါနဲ့ ပတ်သက်လို့တော့ ဝန်ထမ်းတော်တော်များများက ပြောကြတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေဖြစ်နေတဲ့အတွက် လစာပေထားတဲ့အတွက် အစိုးရကပေးတဲ့ ၂ လစာနဲ့ ပတ်သက်လို့တော့ အစိုးရကိုတော့ ဘာမှ Complain သိပ်မရှိဘူးဗျ။”

နိုင်ငံဝန်ထမ်းတွေက လူမှုဖူလုံကြေးထည့်ဝင်ထားပေမယ့် လစာပုံမှန်ရနေတာကြောင့် လတ်တလော အခြေအနေမှာ ထောက်ပံ့ကြေးပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

“ထည့်တော့ထည့်တာပေါ့။ သူတို့မှာလည်း တချို့၊ ဒါပေမဲ့ နိုင်ငံဝန်ထမ်းတွေတော်တော်များများကတော့ ဘာပဲပြောပြော လစာရနေတာလေနော်။ နိုင်ငံတော်က ပေးတဲ့လစာရနေတာဖြစ်တဲ့အတွက် ဒါကလည်းပြောရရင်တော့ ဘယ်လိုစဉ်းစားမလဲတော့ မပြောတတ်ဘူးပေါ့နော်။”

ကိုဗစ်ကာလအတွင်း နိုင်ငံဝန်ထမ်းပေါင်း ၁,၀၀၀,၀၀၀ ကျော်အတွက် အတိုးမဲ့ ၂ လစာ ကြိုတင်ထုတ်ချေးဖို့ ကျပ်ဘီလီယံ ၅၅၀ ကျော် လျာထားထားတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG