သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္း-ျမန္မာနယ္စပ္ ဘုရားသုံးဆူေဒသ နယ္စပ္ဂိတ္ ၁၄ ရက္ ပိတ္


ကမ္ခ်ဘူရီခရိုင္က ေနျမန္မာဘက္ပို့မယ့္ကုန္စည္ကားမ်ားပိတ္မိေနပံု

(Zawgyi/Unicode)

ထိုင္းျမန္မာနယ္စပ္ မွာ ကိုဗစ္-၁၉ ေရာဂါ ပိုး ကူးစက္လာမယ့္အေရး စိုးရိမ္မွုေတြျမင့္တက္လာေနတာေၾကာင့္ ထိုင္းျမန္မာနယ္စပ္ ျဖစ္တဲ့ ကမ္ခ်နဘူရီ နယ္စပ္ ၊ ဘုရားသံုးဆူေဒသမွာ စီးပြားေရးလုပ္ငန္းနဲ ့ ကုန္တင္သြင္းမွု ေတြကုိ ၁၄ရက္ ရပ္ဆိုင္းလိုက္ျပီး နယ္စပ္တေလ်ာက္ လမ္းေတြကိုလည္း ပိတ္လိုက္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ကမ္ခ်နဘူရီခရိုင္ Sangkhlaburi ျမိဳ့နယ္စပ္၊ စစ္ေဆးေရးဂိတ္ အပါအ၀င္ ဘုရားသံုးဆူနယ္စပ္ လမ္းတေလ်ွာက္က လူ၀င္လူထြက္ လမ္းေတြ လူနာေတြသြားလာေနတဲ့ေနရာေတြအျပင္ ကုန္စည္ပုိ႔ေဆာင္ေနတဲ့လမ္းေတြကို ေအာက္တိုဘာ ၅ ရက္အထိ ပိတ္ပင္လိုက္ေၾကာင္း စက္တင္ဘာလ ၂၂ရက္ေန႔မွာ ကန္ခ်ဘူရီခရိုင္အာဏာပိုင္ေတြက ထုတ္ျပန္လိုက္ပါတယ္။

COVID-19 ပ်ံ႕ႏွံ႔မႈေတြရွိေနတဲ့ ျမန္မာႏိုင္ငံ အနီးအနားရွိၿမိဳ႕ေတြကုိ တားဆီး ပိတ္ပင္တဲ့ အမိန႔္ကုိ ခရိုင္အုပ္ခ်ဳပ္ေရးမႉး Jirakiat Phumsawatက လက္မွတ္ထိုးထုတ္ျပန္ခဲ့ပါတယ္။

ကန္ခ်နဘူရီခရိုင္နဲ႕ တဖက္ ျမန္မာႏိုင္ငံ၊ ဘုရားသံုးဆူၿမိဳ႕နဲ႔ ၅ ကီလိုမီတာအကြာမွာရွိတဲ့ ေက်း႐ြာတစ္႐ြာတြင္ ေနထိုင္ေနတဲ့ အသက္ ၁၇ ႏွစ္အ႐ြယ္လူငယ္ ဦးမွာ COVID-19 ေရာဂါပိုးေတြ႕ရွိေၾကာင္း ျမန္မာႏိုင္ငံက သတင္းထုတ္ျပန္ခ်က္အရ ထုိင္းဘက္က စိုးရိမ္ူေတြျဖစ္လာခဲ့ေၾကာင္း ထုိင္းသတင္းေတြမွာ ေဖာ္ျပေနတာပါ။

ခရိုင္ေရာဂါထိန္းခ်ဳပ္ေရးေကာ္မတီဥကၠဌ လည္းျဖစ္ ခရိုင္အုပ္ခ်ဳပ္ေရးမႉး လည္းျဖစ္တဲ့ Jirakiat Phumsawat က ထုိင္းျမန္မာနယ္စပ္ကုိ သြားေရာက္စစ္ေဆးခဲ့ခ်ိန္မွာအခုလိုေျပာသြားပါတယ္။

“ျမန္မာႏိုင္ငံထဲက စိုးရိမ္စရာေကာင္းေနတဲ့ ကုိဗစ္ျပန့္ပြားမူဟာအခုဆိုရင္ နယ္စပ္ေဒသကုိေရာက္လာျပီ ။ ဒီအေျခအေနကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ့ ေရာဂါထိန္းခ်ဳပ္ေရးအရ ထုတ္ျပန္ရတာျဖစ္ပါတယ္ က်ေနာ္တို႔ ႏွစ္ႏိုင္ငံနယ္စပ္ျခင္း ထိစပ္တဲ့ေနရာ အားလံုးမွာ က်ေနာ္တို႕ ေပါ့ေပါ့ဆဆေနလို႕ မရပါဘူး။ က်ေနာ္တို႕ထုတ္ျပန္သလိုျပည္သူေတြကလည္း တိတိက်က်လိုက္နာဖို႔လိုပါတယ္” လို႕ ထုိင္းဘာသာနဲ႕ ေျပာဆုိသြားတာပါ။

စက္တင္ဘာလ ၂၂ရက္ေန႔က ကမ္ခ်နဘူရီအုပ္ခ်ဳပ္ေရးမွဴးရဲ႕ ထုတ္ျပန္ခ်က္အရ ဘုရားသံုးဆူၿမိဳ႕ ့ကကုိဗစ္ေစာင့္ၾကည့္ေရးစင္တာဟာထိုင္းႏိုင္ငံလူေနရပ္ကြက္နဲ ့ အလြန္နီးကပ္ေနတာရယ္ အခုရက္ပိုင္းမွာ ျမန္မာနိုင္ငံတ၀ွမ္း ေရာဂါကူးစက္မူေတြက ရာဂဏန္းအထက္ ျမင့္တက္လာေနတာေၾကာင့္ အဆိုးဆံုးျဖစ္လာမယ့္အေျခအေနေတြကို ေဒသအာဏာပိုင္ေတြကၾကိဳတင္ ကာကြယ္ေရးလုပ္ေဆာင္တဲ့အေနနဲ ့ ထုတ္ျပန္တာျဖစ္တယ္လို့ ဆုိပါတယ္။ ဒီလုိ တားျမစ္ပိတ္ပင္ခ်က္အရဘုရားသံုးဆူ နယ္စပ္ ထိုင္းဘက္ျခမ္းမွာ ဖြင့္ထားတဲ့ စီးပြားေရးလုပ္ငန္းမ်ား ၊ ေစ်းဆိုင္မ်ား၊ခရီးသြား လုပ္ငန္း မ်ား အားလံုး ပိတ္ထားရမွာ ျဖစ္ပါတယ္။

ဒါအျပင္ နယ္စပ္ေက်းရြာေတြကက်န္းမာေရးဌာနကိုအေၾကာင္းမၾကားပဲ လူနာမ်ားကို သယ္ေဆာင္လာတာ ေျပာင္းေရႊ႕လာတာေတြ ျမန္မာနိုင္ငံသားေတြကုိ လက္ခံေဆးကုသေပးတာေတြကိုပါ မလုပ္ရဘူးလို့ ထုတ္ျပန္ထားပါတယ္။

ထုတ္ျပန္တဲ့ ဥပေဒကို ခ်ိဳးေဖါက္တဲ့ သူေတြကုိေတာ့ တစ္ႏွစ္ထက္ မပိုတဲ့ ေထာင္ဒဏ္သို့မဟုတ္ဘတ္ တသိန္း ထက္မပိုေသာ ေငြဒဏ္က်ခံရမွာ ျဖစ္ျပီးျပည္သူ႔စီမံခန႔္ခြဲမႈဆိုင္ရာအေရးေပၚအမိန႔္ B.E. 2558 ပုဒ္မ ၁၈ အရအျပစ္ေပးခံရမွာျဖစ္တယ္လို့လည္းဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသ နယ်စပ်ဂိတ် ၁၄ ရက် ပိတ်

(Unicode)

ထိုင်းမြန်မာနယ်စပ် မှာ ကိုဗစ်-၁၉ ရောဂါ ပိုး ကူးစက်လာမယ့်အရေး စိုးရိမ်မှုတွေမြင့်တက်လာနေတာကြောင့် ထိုင်းမြန်မာနယ်စပ် ဖြစ်တဲ့ ကမ်ချနဘူရီ နယ်စပ် ၊ ဘုရားသုံးဆူဒေသမှာ စီးပွားရေးလုပ်ငန်းနဲ့ ကုန်တင်သွင်းမှု တွေကို ၁၄ရက် ရပ်ဆိုင်းလိုက်ပြီး နယ်စပ်တလျောက် လမ်းတွေကိုလည်း ပိတ်လိုက်ပါတယ်။ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ကမ်ချနဘူရီခရိုင် Sangkhlaburi မြို့နယ်စပ်စစ်ဆေးရေးဂိတ် အပါအဝင် ဘုရားသုံးဆူနယ်စပ် လမ်းတလျှောက်က လူဝင်လူထွက် လမ်းတွေ လူနာတွေသွားလာနေတဲ့နေရာတွေအပြင် ကုန်စည်ပို့ဆောင်နေတဲ့လမ်းတွေကို အောက်တိုဘာ ၅ ရက်အထိ ပိတ်ပင်လိုက်ကြောင်း စက်တင်ဘာလ ၂၂ရက်နေ့မှာ ကန်ချဘူရီခရိုင်အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။

COVID-19 ပျံ့နှံ့မှုတွေရှိနေတဲ့ မြန်မာနိုင်ငံ အနီးအနားရှိမြို့တွေကို တားဆီး ပိတ်ပင်တဲ့ အမိန့်ကို ခရိုင်အုပ်ချုပ်ရေးမှူး Jirakiat Phumsawatက လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါတယ်။

ကန်ချနဘူရီခရိုင်နဲ့ တဖက် မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့နဲ့ ၅ ကီလိုမီတာအကွာမှာရှိတဲ့ ကျေးရွာတစ်ရွာတွင် နေထိုင်နေတဲ့ အသက် ၁၇ နှစ်အရွယ်လူငယ် ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိကြောင်း မြန်မာနိုင်ငံက သတင်းထုတ်ပြန်ချက်အရ ထိုင်းဘက်က စိုးရိမ်ူတွေဖြစ်လာခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြနေတာပါ။

ခရိုင်ရောဂါထိန်းချုပ်ရေးကော်မတီဥက္ကဌ လည်းဖြစ် ခရိုင်အုပ်ချုပ်ရေးမှူး လည်းဖြစ်တဲ့ Jirakiat Phumsawat က ထိုင်းမြန်မာနယ်စပ်ကို သွားရောက်စစ်ဆေးခဲ့ချိန်မှာအခုလိုပြောသွားပါတယ်။

“မြန်မာနိုင်ငံထဲက စိုးရိမ်စရာကောင်းနေတဲ့ ကိုဗစ်ပြန့်ပွားမူဟာအခုဆိုရင် နယ်စပ်ဒေသကိုရောက်လာပြီ ။ ဒီအခြေအနေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရောဂါထိန်းချုပ်ရေးအရ ထုတ်ပြန်ရတာဖြစ်ပါတယ် ကျနော်တို့ နှစ်နိုင်ငံနယ်စပ်ခြင်း ထိစပ်တဲ့နေရာ အားလုံးမှာ ကျနော်တို့ ပေါ့ပေါ့ဆဆနေလို့ မရပါဘူး။ ကျနော်တို့ထုတ်ပြန်သလိုပြည်သူတွေကလည်း တိတိကျကျလိုက်နာဖို့လိုပါတယ်” လို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

စက်တင်ဘာလ ၂၂ရက်နေ့က ကမ်ချနဘူရီအုပ်ချုပ်ရေးမှူးရဲ့ ထုတ်ပြန်ချက်အရ ဘုရားသုံးဆူမြို့ကကိုဗစ်စောင့်ကြည့်ရေးစင်တာဟာထိုင်းနိုင်ငံလူနေရပ်ကွက်နဲ့ အလွန်နီးကပ်နေတာရယ် အခုရက်ပိုင်းမှာ မြန်မာနိုင်ငံတဝှမ်း ရောဂါကူးစက်မူတွေက ရာဂဏန်းအထက် မြင့်တက်လာနေတာကြောင့် အဆိုးဆုံးဖြစ်လာမယ့်အခြေအနေတွေကို ဒေသအာဏာပိုင်တွေကကြိုတင် ကာကွယ်ရေးလုပ်ဆောင်တဲ့အနေနဲ့ ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို တားမြစ်ပိတ်ပင်ချက်အရဘုရားသုံးဆူ နယ်စပ် ထိုင်းဘက်ခြမ်းမှာ ဖွင့်ထားတဲ့ စီးပွားရေးလုပ်ငန်းများ ၊ ဈေးဆိုင်များ၊ခရီးသွား လုပ်ငန်း များ အားလုံး ပိတ်ထားရမှာ ဖြစ်ပါတယ်။

ဒါအပြင် နယ်စပ်ကျေးရွာတွေကကျန်းမာရေးဌာနကိုအကြောင်းမကြားပဲ လူနာများကို သယ်ဆောင်လာတာ ပြောင်းရွှေ့လာတာတွေ မြန်မာနိုင်ငံသားတွေကို လက်ခံဆေးကုသပေးတာတွေကိုပါ မလုပ်ရဘူးလို့ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်တဲ့ ဥပဒေကို ချိုးဖေါက်တဲ့ သူတွေကိုတော့ တစ်နှစ်ထက် မပိုတဲ့ ထောင်ဒဏ်သို့မဟုတ်ဘတ် တသိန်း ထက်မပိုသော ငွေဒဏ်ကျခံရမှာ ဖြစ်ပြီးပြည်သူ့စီမံခန့်ခွဲမှုဆိုင်ရာအရေးပေါ်အမိန့် B.E. 2558 ပုဒ်မ ၁၈ အရအပြစ်ပေးခံရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

XS
SM
MD
LG