သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းေရာက္ျမန္မာအလုပ္သမားေတြ လုပ္ခအျပည့္ရေရး ဥပေဒေၾကာင္းအရ ေတာင္းဆုိ


မွတ္တမ္းဓါတ္ပံု- ၂၀၁၆ ေမလတုန္းက အထည္ခ်ဳပ္စက္ တြင္အလုပ္လုပ္ေနေသာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမ တဦး

(Zawgyi/Unicode)

ျမန္မာေရႊ.ေျပာင္း စက္ရံုလုပ္သားေတြအေနနဲ႔ ထိုင္းနိုင္ငံမွာ လုပ္ခေလ်ာ့ရတာေတြ႔ရွိအၿပီးမွာ၊ ဥပေဒေၾကာင္းအရ တိုက္ပြဲ ဝင္ေနျပန္ပါၿပီ။

ရုိက္တာသတင္းဌာန (Thomson Reuters Foundation) ရဲ့ ေလ့လာစံုစမ္းမူထဲမွာ မဲေဆာက္က စက္ရံုလုပ္သာေတြအေနနဲ႔ ခုလို ေလ်ာ့ရခဲ့တာကိုေတြ႔ရွိအၿပီး၊ အစိုးရက ဒီစက္ရံုေတြကို ဝင္ဖမ္းၿပီး၊ လုပ္သားေတြကိုေပးဖို႔အမိန္႔ခ်ခဲ့ရာမွာ၊ ကုမၸဏီတစ္ခုက ျမန္မာလုပ္သား ၂၆ ဦးအတြက္ မေပးေသးတာေၾကာင့္ ခုလိုတိုက္ပြဲျပန္ဝင္ၾကတာပါ။

ဒီ ၂၀၁၉ ခုႏွစ္စက္တင္ဘာေတြ႔ရွိခ်က္အရ ဒါဇင္နဲ႔ခ်ီတဲ့ မဲေဆာက္က အထည္ခ်ဳပ္စက္ရံုေတြမွာ ခုလို အနိမ္႔ဆံုးသတ္မွတ္ထားတဲ့ ေန႔စဥ္ပံုမွန္ဝင္ေငြ ဘတ္ ၃၁၀ ထက္ေလ်ာ့ရခဲ့တဲ့ အစီရင္ခံစာထြက္ၿပီးေနာက္၊ ထိုင္းအစိုးက ဘတ္ေငြ ၃.၄၈ သန္း အေလွ်ာ္ေပးဖို႔အမိန္႔ခ်ခံခဲ့ရတဲ့ ဒီ Kanlayanee Ruengrit စက္ရံုအေနနဲ႔ ခုလိုမေပးေသးတာပါ။

ျမန္မာလုပ္သား ၆၀၀ အတြက္ ထိုင္းဘတ္ ၁၈ သန္းေပးဖို႔ အမိန္႔ခ်ခံခဲ့ရတဲ့ အျခားစက္ရံု Cortina Eiger က၊ ဒီေလ်ာ္ေၾကးေပးခဲ့ခ်ိန္မွာ အခု မေပးေသးတဲ့ စက္ရံုပိုင္ရွင္အမ်ိဳးသမီး Kalayanee က၊ စက္ရံုပိတ္ခံခဲ့ရအၿပီးမွာ၊ ေလ်ာ္ေၾကးပမာဏေလးပံုတစ္ပံုျဖစ္တဲ့ ၈ သိန္းပဲ ေပးဖို႔တတ္ႏို္င္တယ္လို႔ ၿပီးခဲ့တဲလကေျပာၿပီး ျငင္းဆန္ထားပါတယ္။

တကယ္ေတာ့ ဒီ Lalayanee စက္ရံုအေနနဲ႔ အဓိက ႏိုင္ငံျခားပစၥည္း တံဆိပ္အမ်ိဳးအစားပစၥည္းေတြထုတ္ေပးေနရာမွာ Universal Studios အမ်ိဳးအစားကေန Disney နဲ႔ Starbucks၊ ေနာက္ ၿဗိတိန္ရဲ့ အႀကီးဆံုး စူပါမားကက္ Tesco အထိ ပါေနၿပီး သူတို႔အေနနဲ႔ ဒီလုပ္သားအခြင့္အေရးရဖို႔ ထိုင္းက ေဒသခံကုိယ္စားလွယ္ေတြ၊ လူမူအဖြဲ႔အစည္းေတြနဲ႔ ေပါင္းကူေနတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ထိုင်းရောက်မြန်မာအလုပ်သမားတွေ လုပ်ခအပြည့်ရရေး ဥပဒေကြောင်းအရ တောင်းဆို

(Unicode)

မြန်မာရွေ.ပြောင်း စက်ရုံလုပ်သားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ လုပ်ခလျော့ရတာတွေ့ရှိအပြီးမှာ၊ ဥပဒေကြောင်းအရ တိုက်ပွဲ ဝင်နေပြန်ပါပြီ။

ရိုက်တာသတင်းဌာန (Thomson Reuters Foundation) ရဲ့ လေ့လာစုံစမ်းမူထဲမှာ မဲဆောက်က စက်ရုံလုပ်သာတွေအနေနဲ့ ခုလို လျော့ရခဲ့တာကိုတွေ့ရှိအပြီး၊ အစိုးရက ဒီစက်ရုံတွေကို ဝင်ဖမ်းပြီး၊ လုပ်သားတွေကိုပေးဖို့အမိန့်ချခဲ့ရာမှာ၊ ကုမ္ပဏီတစ်ခုက မြန်မာလုပ်သား ၂၆ ဦးအတွက် မပေးသေးတာကြောင့် ခုလိုတိုက်ပွဲပြန်ဝင်ကြတာပါ။

ဒီ ၂၀၁၉ ခုနှစ်စက်တင်ဘာတွေ့ရှိချက်အရ ဒါဇင်နဲ့ချီတဲ့ မဲဆောက်က အထည်ချုပ်စက်ရုံတွေမှာ ခုလို အနိမ့်ဆုံးသတ်မှတ်ထားတဲ့ နေ့စဉ်ပုံမှန်ဝင်ငွေ ဘတ် ၃၁၀ ထက်လျော့ရခဲ့တဲ့ အစီရင်ခံစာထွက်ပြီးနောက်၊ ထိုင်းအစိုးက ဘတ်ငွေ ၃.၄၈ သန်း အလျှော်ပေးဖို့အမိန့်ချခံခဲ့ရတဲ့ ဒီ Kanlayanee Ruengrit စက်ရုံအနေနဲ့ ခုလိုမပေးသေးတာပါ။

မြန်မာလုပ်သား ၆၀၀ အတွက် ထိုင်းဘတ် ၁၈ သန်းပေးဖို့ အမိန့်ချခံခဲ့ရတဲ့ အခြားစက်ရုံ Cortina Eiger က၊ ဒီလျော်ကြေးပေးခဲ့ချိန်မှာ အခု မပေးသေးတဲ့ စက်ရုံပိုင်ရှင်အမျိုးသမီး Kalayanee က၊ စက်ရုံပိတ်ခံခဲ့ရအပြီးမှာ၊ လျော်ကြေးပမာဏလေးပုံတစ်ပုံဖြစ်တဲ့ ၈ သိန်းပဲ ပေးဖို့တတ်နိုင်တယ်လို့ ပြီးခဲ့တဲလကပြောပြီး ငြင်းဆန်ထားပါတယ်။

တကယ်တော့ ဒီ Lalayanee စက်ရုံအနေနဲ့ အဓိက နိုင်ငံခြားပစ္စည်း တံဆိပ်အမျိုးအစားပစ္စည်းတွေထုတ်ပေးနေရာမှာ Universal Studios အမျိုးအစားကနေ Disney နဲ့ Starbucks၊ နောက် ဗြိတိန်ရဲ့ အကြီးဆုံး စူပါမားကက် Tesco အထိ ပါနေပြီး သူတို့အနေနဲ့ ဒီလုပ်သားအခွင့်အရေးရဖို့ ထိုင်းက ဒေသခံကိုယ်စားလှယ်တွေ၊ လူမူအဖွဲ့အစည်းတွေနဲ့ ပေါင်းကူနေတယ်လို့ ဆိုပါတယ် ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG