သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းျမန္မာနယ္စပ္ကန္႔သတ္ခ်က္ေတြေၾကာင့္ ကုန္သြယ္ေရးထိခိုက္


ျမန္မာဘက္ကိုပုိမယ့္ထုိင္းကုန္စည္မ်ားလည္းမဲဆိုင္ဘက္မွာ ပိတ္မိေနတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတဲ့ ျမန္မာႏုိင္ငံနဲ႔ အိမ္နီးခ်င္း ထုိင္းႏုိင္ငံၾကား ေရာဂါျပန္႔ပြားမယ့္ အႏၱရာယ္ကုိ ထိန္းခ်ဳပ္တဲ့အေနနဲ႔ ကန္႔သတ္မႈေတြ တုိးျမွင့္လာတာေၾကာင့္ နယ္စပ္ကုန္သြယ္ေရးမွာ ထိခုိက္မႈေတြ ႀကံဳေနရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

အိမ္နီးခ်င္း ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါျဖစ္ပြားမႈေတြ တုိးလာေနတာေၾကာင့္ ထုိင္းႏုိင္ငံေျမာက္ပုိင္း မဲဆုိင္နဲ႔ ရွမ္းျပည္နယ္ တာခ်ီလိတ္ၾကား ဆက္သြယ္ထားတဲ့ ခ်စ္ႀကည္ေရးတံတား အမွတ္ ၂ ကေန ျဖတ္သန္းေနတဲ့ ျမန္မာကုန္တင္ကား အေရအတြက္ကုိ ေျခာက္ စီးသာ ျဖတ္သန္းခြင့္ျပဳဖုိ႔ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ကန္႔သတ္လုိက္တာပါ။ အရင္က ကန္႔သတ္ခ်က္မရွိဘဲ ၀င္ထြက္ခြင့္ေပးထားေပမဲ့ အခုအခါ ထုိင္းႏုိင္ငံဘက္က သိသိသာသာ ေလွ်ာ့ခ်လုိက္ၿပီးေနာက္မွာေတ့ ျမန္မာဘက္ကလည္း အလားတူ ထုိင္းဘက္က ကုန္တင္ကား ေျခာက္ စီးသာ ၀င္ခြင့္ျပဳဖုိ႔ ျပန္လည္ကန္႔သတ္လုိက္ပါတယ္။

အျပန္အလွန္ ကန္႔သတ္ခ်က္ေတြေၾကာင့္ ကုန္သြယ္ေရးမွာ ထိခုိက္လာေနတဲ့ အေျခအေနနဲ႔ ပတ္သက္လုိ႔ မေန႔တုန္းက ထုိင္းႏုိင္ငံ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး အစည္းအေ၀းမွာ ေဆြးေႏြးခဲ့ၾကပါတယ္။

လတ္တေလာ ထိုင္းျမန္မာနယ္စပ္ေတြမွာ လုပ္ေဆာင္ေနတဲ့ ထိုင္းအစိုးရဲ႕ ကန္႔သတ္တားဆီးမွုေတြဟာ ျမန္မာနိုင္ငံအတြင္းမွာ ပိုးဆိုးလာေနတဲ့ ကိုဗစ္ေရာဂါပိုး ထိုင္းဘက္ကိုျပန္ ့ပြားကူးဆက္လာမွာကို ကာကြယ္တဲ့အေနနဲ ့ လုပ္ေဆာင္ေနတာျဖစ္တယ္ အေျခအေနပိုဆိုးမလာရေအာင္ ထိုင္းက ႀကိဳတင္ကာကြယ္ေနတာျဖစ္ျပီး နွစ္နိုင္ငံ နားလည္မႈ လြဲမွားမႈေတြေျပလည္နိုင္ဖို႔ ၾကိဳးစားလုပ္ေဆာင္ေနေၾကာင္း ထုိင္းႏုိင္ငံ ခ်င္း႐ုိင္ခ႐ုိင္ ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး Mr. Krit Petch Petchaburanin က ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

ျမန္မာဘက္ကလာတဲ့ ကားေမာင္းသူကို ထိုင္းဘက္ကုိ ျဖတ္ေမာင္းခြင့္မေပးေတာ့ဘဲ ထိုင္းဘက္ကကားေမာင္းသူနဲ ့ လူခ်င္းလဲျပီး ထိုင္းဘက္ကို ၀င္ရေတာ့မယ့္ ထိုင္းနယ္စပ္အာဏာပိုင္ေတြရဲ႕ ကန္႔သတ္ခ်က္ေၾကာင့္ ထိုင္းနိုင္ငံကေန တာခ်ီလိတ္ ၀င္မယ့္ ကုန္စည္နဲ႔ စြမ္းအင္သံုးဆီတင္ကားေတြ အစီး ၆၀၀ ေက်ာ္ မဲဆိုင္ဘက္မွာ ပိတ္ေနတာပါ။

အခုလို ထိုင္းဘက္က ကန္႔သတ္မႈေတြ ပိုမ်ားလာလို႔ တာခ်ီလိတ္အာဏာပ္ိုင္ေတြကလည္း ထိုင္းဘက္က၀င္လာတဲ့ ထိုင္းနိုင္ငံသားနဲ႔ ကုန္စည္ေတြကို တားဆီးပိတ္ပင္တာေတြျဖစ္ခဲ့ျပီးတဲ့ေနာက္ ျမန္မာဘက္ကလည္း ထိုင္းကုန္စည္ ျဖတ္သန္းမႈေတြကို ပိတ္ပင္ထားတဲ့အတြက္ နယ္စပ္ကုန္သြယ္ေရး တေန႔ ဘတ္သန္းေပါင္း ၁၀၀ ေက်ာ္ ဆံုးရံႈးနစ္နာမႈေတြ ရွိေနေၾကာင္း ထိုင္းနယ္စပ္ကုန္သည္ေတြက ဆိုပါတယ္။

ဒီကိစၥကို အျမန္ဆံုးေျပလည္ေအာင္ေျဖရွင္းေပးဖို ့သက္ဆိုင္ရာအာဏာပိုင္ေတြကို ေတာင္းဆိုေနေၾကာင္း ထုိင္းသတင္းေတြမွာ ေဖာ္ျပေနတာပါ။

ျမန္မာႏို္င္ငံမွာ စက္တင္ဘာလဆန္းက စျပီး ကုိဗစ္၁၉ ကပ္ေရာဂါျဖစ္ပြားမႈႏႈန္း ျမင့္မားလာတဲ့အတြက္ ထုိင္းဘက္ကလည္း စိုးရိမ္မႈေတြျဖစ္ျပီး နယ္စပ္မွာ သံဆူးႀကိဳးေတြ ကာရံတာ လူ၀င္လူထြက္ေတြကို ဖမ္းဆီးတာေတြ ျမန္မာဘက္ကလာတဲ့ ေရထြက္ပစၥည္းတင္တဲ့ကားေတြကုိ ပိတ္ပင္လိုက္တာေတြလည္းရွိေနပါတယ္။ အခုအခါမွာေတာ့ ထုိင္းေျမာက္ပုိင္းမွာ ႏွစ္ဘက္တင္းမာတဲ့ အေျခအေနထိျဖစ္သြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းမြန်မာနယ်စပ်ကန့်သတ်ချက်တွေကြောင့် ကုန်သွယ်ရေးထိခိုက်

ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကြား ရောဂါပြန့်ပွားမယ့် အန္တရာယ်ကို ထိန်းချုပ်တဲ့အနေနဲ့ ကန့်သတ်မှုတွေ တိုးမြှင့်လာတာကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ ထိခိုက်မှုတွေ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံမှာ ကပ်ရောဂါဖြစ်ပွားမှုတွေ တိုးလာနေတာကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆိုင်နဲ့ ရှမ်းပြည်နယ် တာချီလိတ်ကြား ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ ဖြတ်သန်းနေတဲ့ မြန်မာကုန်တင်ကား အရေအတွက်ကို ခြောက် စီးသာ ဖြတ်သန်းခွင့်ပြုဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကန့်သတ်လိုက်တာပါ။ အရင်က ကန့်သတ်ချက်မရှိဘဲ ဝင်ထွက်ခွင့်ပေးထားပေမဲ့ အခုအခါ ထိုင်းနိုင်ငံဘက်က သိသိသာသာ လျှော့ချလိုက်ပြီးနောက်မှာတေ့ မြန်မာဘက်ကလည်း အလားတူ ထိုင်းဘက်က ကုန်တင်ကား ခြောက် စီးသာ ဝင်ခွင့်ပြုဖို့ ပြန်လည်ကန့်သတ်လိုက်ပါတယ်။

အပြန်အလှန် ကန့်သတ်ချက်တွေကြောင့် ကုန်သွယ်ရေးမှာ ထိခိုက်လာနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မနေ့တုန်းက ထိုင်းနိုင်ငံ ကပ်ရောဂါ ထိန်းချုပ်ရေး အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

လတ်တလော ထိုင်းမြန်မာနယ်စပ်တွေမှာ လုပ်ဆောင်နေတဲ့ ထိုင်းအစိုးရဲ့ ကန့်သတ်တားဆီးမှုတွေဟာ မြန်မာနိုင်ငံအတွင်းမှာ ပိုးဆိုးလာနေတဲ့ ကိုဗစ်ရောဂါပိုး ထိုင်းဘက်ကိုပြန့်ပွားကူးဆက်လာမှာကို ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်နေတာဖြစ်တယ် အခြေအနေပိုဆိုးမလာရအောင် ထိုင်းက ကြိုတင်ကာကွယ်နေတာဖြစ်ပြီး နှစ်နိုင်ငံ နားလည်မှု လွဲမှားမှုတွေပြေလည်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေကြောင်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး Mr. Krit Petch Petchaburanin က ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

မြန်မာဘက်ကလာတဲ့ ကားမောင်းသူကို ထိုင်းဘက်ကို ဖြတ်မောင်းခွင့်မပေးတော့ဘဲ ထိုင်းဘက်ကကားမောင်းသူနဲ့ လူချင်းလဲပြီး ထိုင်းဘက်ကို ဝင်ရတော့မယ့် ထိုင်းနယ်စပ်အာဏာပိုင်တွေရဲ့ ကန့်သတ်ချက်ကြောင့် ထိုင်းနိုင်ငံကနေ တာချီလိတ် ဝင်မယ့် ကုန်စည်နဲ့ စွမ်းအင်သုံးဆီတင်ကားတွေ အစီး ၆၀၀ ကျော် မဲဆိုင်ဘက်မှာ ပိတ်နေတာပါ။

အခုလို ထိုင်းဘက်က ကန့်သတ်မှုတွေ ပိုများလာလို့ တာချီလိတ်အာဏာပိုင်တွေကလည်း ထိုင်းဘက်ကဝင်လာတဲ့ ထိုင်းနိုင်ငံသားနဲ့ ကုန်စည်တွေကို တားဆီးပိတ်ပင်တာတွေဖြစ်ခဲ့ပြီးတဲ့နောက် မြန်မာဘက်ကလည်း ထိုင်းကုန်စည် ဖြတ်သန်းမှုတွေကို ပိတ်ပင်ထားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေး တနေ့ ဘတ်သန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံးနစ်နာမှုတွေ ရှိနေကြောင်း ထိုင်းနယ်စပ်ကုန်သည်တွေက ဆိုပါတယ်။

ဒီကိစ္စကို အမြန်ဆုံးပြေလည်အောင်ဖြေရှင်းပေးဖို့သက်ဆိုင်ရာအာဏာပိုင်တွေကို တောင်းဆိုနေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြနေတာပါ။

မြန်မာနိုင်ငံမှာ စက်တင်ဘာလဆန်းက စပြီး ကိုဗစ်၁၉ ကပ်ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာတဲ့အတွက် ထိုင်းဘက်ကလည်း စိုးရိမ်မှုတွေဖြစ်ပြီး နယ်စပ်မှာ သံဆူးကြိုးတွေ ကာရံတာ လူဝင်လူထွက်တွေကို ဖမ်းဆီးတာတွေ မြန်မာဘက်ကလာတဲ့ ရေထွက်ပစ္စည်းတင်တဲ့ကားတွေကို ပိတ်ပင်လိုက်တာတွေလည်းရှိနေပါတယ်။ အခုအခါမှာတော့ ထိုင်းမြောက်ပိုင်းမှာ နှစ်ဘက်တင်းမာတဲ့ အခြေအနေထိဖြစ်သွားခဲ့ပါတယ်။

XS
SM
MD
LG