(Zawgyi / Unicode)
ထိုင္းႏုိင္ငံမွာ ဘုရင္ Maha Vajiralongkorn ကို ပြင့္လင္းစြာ စိန္ေခၚတဲ့အေနနဲ႔ တနဂၤေႏြေန႔က ေထာင္ခ်ီတဲ့ ဆန္႔က်င္ဆႏၵျပသူေတြဟာ ဘန္ေကာက္ၿမဳိ႕မွာ ခ်ီတက္ခဲ့ၾကၿပီး ဘုရင္ရဲ႕ လုပ္ပိုင္ခြင့္အာဏာ ေလွ်ာ့ခ်ေရး အပါအဝင္ ဒီမုိကေရစီ ျပဳျပင္ေျပာင္းလဲေရးကို ေတာင္းဆိုခဲ့ၾကပါတယ္။
ထိုင္းႏိုင္ငံမွာ ဘုရင္စနစ္ကို ေဝဖန္ျပစ္တင္ေျပာဆိုရင္ အေရးယူခံရမယ္ဆိုတဲ့ ဥပေဒရွိေပမယ့္ ထိုင္းဘုရင္စနစ္နဲ႔ စစ္တပ္ႀကီးစုိးခ်ယ္လွယ္ေနတဲ့ လူ႔အဖဲြ႔အစည္းကို ေျပာင္းလဲပစ္ဖို႔ဆိုတဲ့ ေတာင္းဆိုဆႏၵျပမႈေတြ ဒီ ၂ လတာ ကာလအတြင္း ပုိႀကီးထြားလာပါတယ္။ ခုလို ဆႏၵျပ ေတာင္းဆုိမႈေတြနဲ႔ ပတ္သက္လို႔ ထိုင္းဘုရင့္နန္းေတာ္က တစုံတရာ တုံ႔ျပန္တာမ်ဳိး မရွိေသးပါဘူး။ ထိုင္းဘုရင္ကလည္း ထိုင္းမွာမရွိဘဲ ဥေရာပမွာသာ အေနမ်ားေနတာပါ။
ဆႏၵျပသူေတြကိုေတာ့ လက္နက္မပါတဲ့ ရာေပါင္းမ်ားစြာေသာ ရဲေတြက အကာအရံေတြနဲ႔ ဟန္႔တားခဲ့ပါတယ္။ ဆႏၵျပ ေခါင္းေဆာင္ေတြက ဘုရင့္နန္းေတာ္ကို ေပးပို႔တဲ့ သူတို႔ေတာင္းဆိုခ်က္ပါ စာတေစာင္ကို ရဲလက္ထဲ ေပးအပ္ခဲ့ၿပီး အခုလို သာမန္အရပ္သားေတြက နန္းေတာ္ကို စာေရးသား ေပးပုိ႔ႏိုင္တာက ေအာင္ျမင္မႈျဖစ္တယ္လို႔ ေျပာပါတယ္။
စာထဲမွာေတာ့ ဘုရင္စနစ္ ျပဳျပင္ေျပာင္းလဲဖို႔နဲ႔ စစ္ဗိုလ္ခ်ဳပ္ေဟာင္း တျဖစ္လဲ ဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha ႏုတ္ထြက္ေပးေရး၊ ေရြးေကာက္ပဲြအသစ္ က်င္းပေပးေရးနဲ႔ ဖဲြ႔စည္းပုံအသစ္ ေရးဆဲြေပးေရးေတြ ပါဝင္ပါတယ္။
ေနာက္တႀကိမ္ ဆႏၵျပပဲြကို ေအာက္တိုဘာလ ၁၄ ရက္ေန႔မွာ ထပ္လုပ္မယ္လို႔ ေၾကညာလိုက္ၿပီး ျပဳျပင္ေျပာင္းလဲေရးအတြက္ ထိုိင္းတႏို္င္လုံး ျပည္သူေတြ အလုပ္ရပ္နားၿပီး အဲဒီေန႔မွာ သူတို႔နဲ႔အတူ ပူးေပါင္းဆႏၵျပဖို႔ ဖိတ္ေခၚထားပါတယ္။
ထုိင္းႏိုင္ငံမွာ ဘုရင္ကိုေပးထားတဲ့ လုပ္ပိုင္ခြင့္ေတြရွိၿပီး Siam Commercial Bank ထိုင္းစီးပြားေရးဘဏ္မွာ ဘုရင့္ဘ႑ာထိန္းအဖဲြ႔ရဲ႕ ပိုင္ဆိုင္မႈ ၂၃ ရာခုိင္ႏႈန္း ရွိတာေၾကာင့္ အဲဒီဘဏ္မွာ ေငြအပ္ႏွံထားသူေတြ ျပန္ထုတ္ၾကဖုိ႔နဲ႔ ႐ုုပ္ရွင္႐ုံေတြမွာ ထိုင္းဘုရင့္သီခ်င္းလာတဲ့အခါ မတ္တပ္ရပ္ ဦးညႊတ္တာကို ဆက္မလုပ္ၾကဖို႔ ဆႏၵျပသူေတြက ထုိင္းျပည္သူေတြကို တုိက္တြန္းထားပါတယ္။
----------------
(Unicode)
ဘုရင်စနစ် စိန်ခေါ်နေတဲ့ ထိုင်းလူထုဆန္ဒပြပွဲများ
ထိုင်းနိုင်ငံမှာ ဘုရင် Maha Vajiralongkorn ကို ပွင့်လင်းစွာ စိန်ခေါ်တဲ့အနေနဲ့ တနင်္ဂနွေနေ့က ထောင်ချီတဲ့ ဆန့်ကျင်ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့မှာ ချီတက်ခဲ့ကြပြီး ဘုရင်ရဲ့ လုပ်ပိုင်ခွင့်အာဏာ လျှော့ချရေး အပါအဝင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို ဝေဖန်ပြစ်တင်ပြောဆိုရင် အရေးယူခံရမယ်ဆိုတဲ့ ဥပဒေရှိပေမယ့် ထိုင်းဘုရင်စနစ်နဲ့ စစ်တပ်ကြီးစိုးချယ်လှယ်နေတဲ့ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ဖို့ဆိုတဲ့ တောင်းဆိုဆန္ဒပြမှုတွေ ဒီ ၂ လတာ ကာလအတွင်း ပိုကြီးထွားလာပါတယ်။ ခုလို ဆန္ဒပြ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ ထိုင်းဘုရင့်နန်းတော်က တစုံတရာ တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ ထိုင်းဘုရင်ကလည်း ထိုင်းမှာမရှိဘဲ ဥရောပမှာသာ အနေများနေတာပါ။
ဆန္ဒပြသူတွေကိုတော့ လက်နက်မပါတဲ့ ရာပေါင်းများစွာသော ရဲတွေက အကာအရံတွေနဲ့ ဟန့်တားခဲ့ပါတယ်။ ဆန္ဒပြ ခေါင်းဆောင်တွေက ဘုရင့်နန်းတော်ကို ပေးပို့တဲ့ သူတို့တောင်းဆိုချက်ပါ စာတစောင်ကို ရဲလက်ထဲ ပေးအပ်ခဲ့ပြီး အခုလို သာမန်အရပ်သားတွေက နန်းတော်ကို စာရေးသား ပေးပို့နိုင်တာက အောင်မြင်မှုဖြစ်တယ်လို့ ပြောပါတယ်။
စာထဲမှာတော့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့နဲ့ စစ်ဗိုလ်ချုပ်ဟောင်း တဖြစ်လဲ ဝန်ကြီးချုပ် Prayuth Chan-ocha နုတ်ထွက်ပေးရေး၊ ရွေးကောက်ပွဲအသစ် ကျင်းပပေးရေးနဲ့ ဖွဲ့စည်းပုံအသစ် ရေးဆွဲပေးရေးတွေ ပါဝင်ပါတယ်။
နောက်တကြိမ် ဆန္ဒပြပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ထပ်လုပ်မယ်လို့ ကြေညာလိုက်ပြီး ပြုပြင်ပြောင်းလဲရေးအတွက် ထိုင်းတနိုင်လုံး ပြည်သူတွေ အလုပ်ရပ်နားပြီး အဲဒီနေ့မှာ သူတို့နဲ့အတူ ပူးပေါင်းဆန္ဒပြဖို့ ဖိတ်ခေါ်ထားပါတယ်။
ထိုင်းနိုင်ငံမှာ ဘုရင်ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်တွေရှိပြီး Siam Commercial Bank ထိုင်းစီးပွားရေးဘဏ်မှာ ဘုရင့်ဘဏ္ဍာထိန်းအဖွဲ့ရဲ့ ပိုင်ဆိုင်မှု ၂၃ ရာခိုင်နှုန်း ရှိတာကြောင့် အဲဒီဘဏ်မှာ ငွေအပ်နှံထားသူတွေ ပြန်ထုတ်ကြဖို့နဲ့ ရုပ်ရှင်ရုံတွေမှာ ထိုင်းဘုရင့်သီချင်းလာတဲ့အခါ မတ်တပ်ရပ် ဦးညွှတ်တာကို ဆက်မလုပ်ကြဖို့ ဆန္ဒပြသူတွေက ထိုင်းပြည်သူတွေကို တိုက်တွန်းထားပါတယ်။