သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရး ထိုင္း လူထုဆႏၵျပပဲြ အရွိန္ျမင့္လာ


ထုိင္းအစိုးရ ႏုတ္ထြက္ေပးေရး ၿမိဳ႕ေတာ္ဘန္ေကာက္မွာ ေတာင္းဆုိဆႏၵျပေနသူမ်ား။ (စက္တင္ဘာ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

ထုိင္းႏိုင္ငံ ဘန္ေကာက္ၿမဳိ႕မွာ ေထာင္ခ်ီတဲ့ ဆႏၵျပသူေတြက ရဲတပ္ဖဲြ႔ရဲ႕ သတိေပးခ်က္ကို အာခံၿပီး သမိုင္းဝင္ Sanam Luang ရင္ျပင္ကုိ သိမ္းပိုက္ရင္း စေနေန႔က ဆႏၵျပခဲ့ၾကပါတယ္။ ဒါဟာ ထိုင္းမွာ ေရြးေကာက္ပဲြအသစ္ က်င္းပေပးဖို႔နဲ႔ ဘုရင္စနစ္ ျပဳျပင္ေျပာင္းလဲဖို႔ဆိုတဲ့ ထိုင္းေက်ာင္းသားေတြ ဦးေဆာင္တဲ့ လႈပ္ရွားမႈကို ေထာက္ခံ ဆႏၵျပၾကတာ ျဖစ္ပါတယ္။

ႏုိင္ငံေရးလႈပ္ရွားသူေတြလည္း ပူးေပါင္းပါဝင္တဲ့ စေနေန႔ ဆႏၵျပပဲြကို လူ ၅၀,၀၀၀ ေလာက္ တက္ေရာက္တယ္လို႔ ခန္႔မွန္းထားၿပီး ဘန္ေကာက္ၿမဳိ႕ သမိုင္းဝင္ရင္ျပင္မွာ ၂ ရက္ဆက္တိုက္ ဆႏၵျပပြဲေတြ လုပ္သြားမွာပါ။ တနဂၤေႏြ ဒီကေန႔မွာေတာ့ ခ်ီတက္ဆႏၵျပပဲြႀကီးလုပ္ဖုိ႔ စီစဥ္ထားပါတယ္။ ဆႏၵျပေခါင္းေဆာင္တဦးကေတာ့ ဒီေန႔ေရာက္ရွိလာတဲ့ လူေတြဟာ ဒီမုိကေရစီ ရရွိေရးကို ၿငိမ္းခ်မ္းစြာ ေတာင္းဆုိေနၾကျခင္းသာ ျဖစ္တယ္လုိ႔ ေျပာသြားပါတယ္။

ထိုင္းႏိုင္ငံမွာ လူႀကဳိက္မ်ားတဲ့ Future Forward Party ကုိ တရား႐ုံးတ႐ုံးက ဖ်က္သိမ္းလိုက္ၿပီး ပါတီေခါင္းေဆာင္ေတြကိုလည္း ႏိုင္ငံေရးလုပ္ပိုင္ခြင့္ ပိတ္ပင္လိုက္တဲ့ ေဖေဖာ္ဝါရီလကစၿပီး ႏိုင္ငံအႏွံ႔ တကၠသိုလ္ေတြက ေက်ာင္းသားေတြဟာ ဒီလုိဆႏၵျပပြဲေတြကို စတင္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဆယ္စုႏွစ္နဲ႔ခ်ီ ႏိုင္ငံေရးဆႏၵျပပြဲေတြ အဓိကလုပ္ေလ့ရွိတဲ့ ဒီ Sanam Luang ရင္ျပင္ႀကီးမွာ အေစာပုိင္းေရာက္လာသူေတြက သူ႔အုပ္စုနဲ႔သူ ကိုယ့္အစုအဖဲြ႔ အလံေတြေထာင္ၿပီး ေနရာယူခဲ့ၾကတာပါ။ အဲဒီထဲမွာ LGBTQ လိင္ကဲြျပားသူ အစုအဖဲြ႔၊ စစ္အာဏာရွင္ေတြကို ဆန္႔က်င္တဲ့ ထုိင္းရွပ္နီအုပ္စုေတြလည္း ပါဝင္ပါတယ္။

ညအခ်ိန္ထိ ျပဳလုပ္ခဲ့တဲ့ ဒီဆႏၵျပပဲြအတြက္ ရဲတပ္ဖဲြ႔ဝင္အင္အား ၈,၀၀၀ ေလာက္ခ်ထားၿပီး လမ္းေဘးစားေသာက္ဆိုင္နဲ႔ လက္ေဆာင္ပစၥည္း အေရာင္းဆိုင္ေတြနဲ႔ စည္ကားေနပါတယ္။

ထိုင္းႏုိင္ငံမွာ ဘုရင္စနစ္ကုိ ေစာ္ကားေဝဖန္ရင္ ေထာင္ဒဏ္ ၃ ႏွစ္ကေန ၁၅ ႏွစ္ထိ က်ခံရမယ့္ ဥပေဒ ျပ႒ာန္းခ်က္လည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ထိုင်း လူထုဆန္ဒပြပွဲ အရှိန်မြင့်လာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထောင်ချီတဲ့ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ရဲ့ သတိပေးချက်ကို အာခံပြီး သမိုင်းဝင် Sanam Luang ရင်ပြင်ကို သိမ်းပိုက်ရင်း စနေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ထိုင်းမှာ ရွေးကောက်ပွဲအသစ် ကျင်းပပေးဖို့နဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့ ထိုင်းကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုကို ထောက်ခံ ဆန္ဒပြကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးလှုပ်ရှားသူတွေလည်း ပူးပေါင်းပါဝင်တဲ့ စနေနေ့ ဆန္ဒပြပွဲကို လူ ၅၀,၀၀၀ လောက် တက်ရောက်တယ်လို့ ခန့်မှန်းထားပြီး ဘန်ကောက်မြို့ သမိုင်းဝင်ရင်ပြင်မှာ ၂ ရက်ဆက်တိုက် ဆန္ဒပြပွဲတွေ လုပ်သွားမှာပါ။ တနင်္ဂနွေ ဒီကနေ့မှာတော့ ချီတက်ဆန္ဒပြပွဲကြီးလုပ်ဖို့ စီစဉ်ထားပါတယ်။ ဆန္ဒပြခေါင်းဆောင်တဦးကတော့ ဒီနေ့ရောက်ရှိလာတဲ့ လူတွေဟာ ဒီမိုကရေစီ ရရှိရေးကို ငြိမ်းချမ်းစွာ တောင်းဆိုနေကြခြင်းသာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ လူကြိုက်များတဲ့ Future Forward Party ကို တရားရုံးတရုံးက ဖျက်သိမ်းလိုက်ပြီး ပါတီခေါင်းဆောင်တွေကိုလည်း နိုင်ငံရေးလုပ်ပိုင်ခွင့် ပိတ်ပင်လိုက်တဲ့ ဖေဖော်ဝါရီလကစပြီး နိုင်ငံအနှံ့ တက္ကသိုလ်တွေက ကျောင်းသားတွေဟာ ဒီလိုဆန္ဒပြပွဲတွေကို စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆယ်စုနှစ်နဲ့ချီ နိုင်ငံရေးဆန္ဒပြပွဲတွေ အဓိကလုပ်လေ့ရှိတဲ့ ဒီ Sanam Luang ရင်ပြင်ကြီးမှာ အစောပိုင်းရောက်လာသူတွေက သူ့အုပ်စုနဲ့သူ ကိုယ့်အစုအဖွဲ့ အလံတွေထောင်ပြီး နေရာယူခဲ့ကြတာပါ။ အဲဒီထဲမှာ LGBTQ လိင်ကွဲပြားသူ အစုအဖွဲ့၊ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ထိုင်းရှပ်နီအုပ်စုတွေလည်း ပါဝင်ပါတယ်။

ညအချိန်ထိ ပြုလုပ်ခဲ့တဲ့ ဒီဆန္ဒပြပွဲအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၈,၀၀၀ လောက်ချထားပြီး လမ်းဘေးစားသောက်ဆိုင်နဲ့ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေနဲ့ စည်ကားနေပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို စော်ကားဝေဖန်ရင် ထောင်ဒဏ် ၃ နှစ်ကနေ ၁၅ နှစ်ထိ ကျခံရမယ့် ဥပဒေ ပြဋ္ဌာန်းချက်လည်း ရှိပါတယ်။

XS
SM
MD
LG