သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘုရင္စနစ္ျပဳျပင္ေရး ေတာင္းဆိုခ်က္ေတြ ရပ္တန္႔ဖို႔ ထိုင္းတကၠသိုလ္ေတြ ဖိအားေပးခံရ


ထုိင္း ဒီမုိကေရစီေရးစ လႈပ္ရွားသူေတြရဲ႕ ဘန္ေကာက္ၿမိဳ႕ ဒီမုိကေရစီေက်ာက္တုိင္အနီး ျပဳလုပ္ခဲ့တဲ့ ဆႏၵျပပြဲ။ (ၾသဂုတ္ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံမွာ တကၠသိုလ္ေက်ာင္းသူ ေက်ာင္းသားေတြ အေနနဲ႔ ဘုရင္စနစ္ ျပဳျပင္ေျပာင္းလဲေရး ေတာင္းဆိုေနတာကို တားျမစ္ေပးဖို႔ ထိုင္းအာဏာပိုင္ေတြက တကၠသိုလ္ အႀကီးအကဲေတြကို ဖိအားေပးလိုက္ပါတယ္။

ထိုင္းအစိုးရအေနနဲ႔ တကၠသိုလ္ပါေမာကၡခ်ဳပ္ေတြကို ဆင့္ေခၚစာပို႔လိုက္ၿပီး ခုလို ေက်ာင္းသားေတြ ဆက္ေတာင္းဆိုေနရင္ အၾကမ္းဖက္မႈေတြ ျဖစ္လာႏုိင္တယ္လို႔ သတိေပးထားေၾကာင္း ထိုင္းအထက္လႊတ္ေတာ္အမတ္ တဦးက တနဂၤေႏြေန႔က ထုတ္ေျပာလိုက္ပါတယ္။

ဘန္ေကာက္နဲ႔ အျခားေဒသေတြမွာ စက္တင္ဘာ ၁၉ ရက္ေန႔ ဆႏၵျပၾကဖို႔ ျပင္ထားတာ မတိုင္ခင္ တကၠသိုလ္ တာဝန္ရွိ အႀကီးအကဲေတြအေနနဲ႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြဆီကို လာေတြ႔ဖို႔ ဆင့္ေခၚစာ ပို႔ထားေၾကာင္း ထိုင္းအထက္လႊတ္ေတာ္အမတ္ Somchai Sawangkam က ေျပာပါတယ္။ အဲဒီလႊတ္ေတာ္အမတ္ Somchai ကို စစ္တပ္က ခန္႔ထားတာ ျဖစ္ပါတယ္။

တကၠသိုလ္ပါေမာကၡခ်ဳပ္ေတြ ေက်ာင္းသားေတြနဲ႔ နားလည္မႈယူၿပီး ဘုရင္စနစ္ေျပာင္းလဲေရး ေတာင္းဆိုတာကို ရပ္တန္႔သြားေအာင္ လုပ္ေပးသင့္တယ္လို႔ Somchai က စြပ္စဲြေျပာဆိုခဲ့ပါတယ္။

ထိုင္းႏိုင္ငံမွာ ဇူလိုင္လလယ္ကစၿပီး အာဏာသိမ္း စစ္ေခါင္းေဆာင္ေဟာင္း လက္ရွိဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha ႏုတ္ထြက္ေပးဖို႔နဲ႔ ဖြဲ႔စည္းပံုသစ္နဲ႔ ေရြးေကာက္ပြဲသစ္ ေဖာ္ေဆာင္ေပးဖို႔ ေတာင္းဆိုလာခဲ့တာပါ။

တခ်ိန္တည္းမွာ တခ်ိဳ႕ေက်ာင္းသားအဖြဲ႔ေတြကလည္း အရင္ မေျပာရဲ မဆိုရဲ ေၾကာက္ခဲ့ရတဲ့ ဘုရင္ ဗာဂ်ီယာေလာင္ကြန္ရဲ႕ အာဏာတခ်ိဳ႕ကို ေလွ်ာ့ခ်ဖို႔ ေတာင္းဆိုခ်က္ ၁၀ ခ်က္ကို ထူထူးျခားျခား စတင္ ေတာင္းဆိုလာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ဘုရင်စနစ်ပြုပြင်ရေး တောင်းဆိုချက်တွေ ရပ်တန့်ဖို့ ထိုင်းတက္ကသိုလ်တွေ ဖိအားပေးခံရ

ထိုင်းနိုင်ငံမှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုနေတာကို တားမြစ်ပေးဖို့ ထိုင်းအာဏာပိုင်တွေက တက္ကသိုလ် အကြီးအကဲတွေကို ဖိအားပေးလိုက်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ တက္ကသိုလ်ပါမောက္ခချုပ်တွေကို ဆင့်ခေါ်စာပို့လိုက်ပြီး ခုလို ကျောင်းသားတွေ ဆက်တောင်းဆိုနေရင် အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားကြောင်း ထိုင်းအထက်လွှတ်တော်အမတ် တဦးက တနင်္ဂနွေနေ့က ထုတ်ပြောလိုက်ပါတယ်။

ဘန်ကောက်နဲ့ အခြားဒေသတွေမှာ စက်တင်ဘာ ၁၉ ရက်နေ့ ဆန္ဒပြကြဖို့ ပြင်ထားတာ မတိုင်ခင် တက္ကသိုလ် တာဝန်ရှိ အကြီးအကဲတွေအနေနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဆီကို လာတွေ့ဖို့ ဆင့်ခေါ်စာ ပို့ထားကြောင်း ထိုင်းအထက်လွှတ်တော်အမတ် Somchai Sawangkam က ပြောပါတယ်။ အဲဒီလွှတ်တော်အမတ် Somchai ကို စစ်တပ်က ခန့်ထားတာ ဖြစ်ပါတယ်။

တက္ကသိုလ်ပါမောက္ခချုပ်တွေ ကျောင်းသားတွေနဲ့ နားလည်မှုယူပြီး ဘုရင်စနစ်ပြောင်းလဲရေး တောင်းဆိုတာကို ရပ်တန့်သွားအောင် လုပ်ပေးသင့်တယ်လို့ Somchai က စွပ်စွဲပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ဇူလိုင်လလယ်ကစပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း လက်ရှိဝန်ကြီးချုပ် Prayuth Chan-ocha နုတ်ထွက်ပေးဖို့နဲ့ ဖွဲ့စည်းပုံသစ်နဲ့ ရွေးကောက်ပွဲသစ် ဖော်ဆောင်ပေးဖို့ တောင်းဆိုလာခဲ့တာပါ။

တချိန်တည်းမှာ တချို့ကျောင်းသားအဖွဲ့တွေကလည်း အရင် မပြောရဲ မဆိုရဲ ကြောက်ခဲ့ရတဲ့ ဘုရင် ဗာဂျီယာလောင်ကွန်ရဲ့ အာဏာတချို့ကို လျှော့ချဖို့ တောင်းဆိုချက် ၁၀ ချက်ကို ထူထူးခြားခြား စတင် တောင်းဆိုလာပါတယ်။

XS
SM
MD
LG