သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘန္ေကာက္ၿမိဳ႕ေတာ္မွာ ထုိင္းအစုိးရဆန္႔က်င္ ဆႏၵျပ


ဘန္ေကာက္ၿမိဳ႕ ဒီမုိကေရစီ ေက်ာက္တုိင္အနီး စုေဝးေနသည့္ ထုိင္းအစုိးရဆန္႔က်င္ ဆႏၵျပေနသူမ်ား။ (ၾသဂုတ္ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ ဒီကေန႔ လူ ၁,၀၀၀ ေက်ာ္ေလာက္ စုေ၀းၿပီး အစုိးရကုိ ဆန္႔က်င္ ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပတဲ့သူေတြက အစိုးရ ႏုတ္ထြက္ေပးဖုိ႔၊ ဖဲြ႔စည္းပုံအေျခခံဥပေဒကို ျပင္ဖို႔၊ အတုိက္အခံ ႏုိင္ငံေရးသမားေတြကို ၿခိမ္းေျခာက္ ေႏွာင့္ယွက္ေနတာေတြကို ရပ္တန္႔ဖို႔ ေတာင္းဆုိခဲ့ၾကပါတယ္။

ထုိင္းႏုိင္ငံမွာ အေျပာင္းအလဲေတြ ေဖာ္ေဆာင္ဖို႔အတြက္ ၿပီးခဲ့တဲ့လကစၿပီး ေက်ာင္းသားေတြက ေန႔စဥ္လိုလို ဆႏၵျပ ေတာင္းဆုိေနၾကတာျဖစ္ၿပီး ဒီေန႔ဆႏၵျပပဲြက အဲဒီထက္ကို ေက်ာ္လြန္ၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ ေထာက္ခံတယ္ ဆုိတာကို ျပသသြားမွာျဖစ္တယ္လို႔ ဆႏၵျပတဲ့သူေတြက ေျပာပါတယ္။

အဖဲြ႔ေပါင္းစံု၊ အသက္အရြယ္ေပါင္းစုံက ဒီမွာ လာေရာက္စုေ၀းေနၾကတာ ျဖစ္တယ္လို႔ အသက္ ၂၉ ႏွစ္အရြယ္ ဘဲြ႔လြန္ေက်ာင္းသားတဦးက ေျပာပါတယ္။

ဆႏၵျပတဲ့သူေတြကေတာ့ အာဏာရွင္စနစ္ က်ဆုံးပါေစ၊ ဒီမုိကေရစီစနစ္ အဓြန္႔ရွည္ပါေစ စတဲ့ ေႂကြးေၾကာ္သံေတြကို ေအာ္ဟစ္ ေတာင္းဆုိခဲ့ၾကပါတယ္။

ဒါ့အျပင္ ဆႏၵျပတဲ့သူေတြက ၀န္ႀကီးခ်ဳပ္ Prayuth Chan-o-cha ကိုလည္း ရာထူးကေန ႏုတ္ထြက္ေပးဖို႔ ေတာင္းဆုိခဲ့ၾကၿပီး တခ်ိဳ႕ေက်ာင္းသားေတြကေတာ့ ၾသဇာႀကီးမားတဲ့ ဘုရင္စနစ္ကို ထိန္းခ်ဳပ္ဖို႔လည္း ေတာင္းဆုိခဲ့ပါတယ္။

ဆႏၵျပတဲ့သူေတြဟာ ဘန္ေကာက္ၿမိဳ႕က ဒီမုိကေရစီ အထိမ္းအမွတ္ ေက်ာက္တုိင္ေရွ႕မွာ စုေ၀းခဲ့ၾကၿပီး ဒါဟာ ၂၀၁၄ ခုႏွစ္က ၀န္ႀကီးခ်ဳပ္ Prayuth အာဏာသိမ္းၿပီးတဲ့ေနာက္ အႀကီးမားဆုံး ဆႏၵျပပဲြေတြထဲက တခုျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ဘန်ကောက်မြို့တော်မှာ ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဒီကနေ့ လူ ၁,၀၀၀ ကျော်လောက် စုဝေးပြီး အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့သူတွေက အစိုးရ နုတ်ထွက်ပေးဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့၊ အတိုက်အခံ နိုင်ငံရေးသမားတွေကို ခြိမ်းခြောက် နှောင့်ယှက်နေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ အပြောင်းအလဲတွေ ဖော်ဆောင်ဖို့အတွက် ပြီးခဲ့တဲ့လကစပြီး ကျောင်းသားတွေက နေ့စဉ်လိုလို ဆန္ဒပြ တောင်းဆိုနေကြတာဖြစ်ပြီး ဒီနေ့ဆန္ဒပြပွဲက အဲဒီထက်ကို ကျော်လွန်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံတယ် ဆိုတာကို ပြသသွားမှာဖြစ်တယ်လို့ ဆန္ဒပြတဲ့သူတွေက ပြောပါတယ်။

အဖွဲ့ပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံက ဒီမှာ လာရောက်စုဝေးနေကြတာ ဖြစ်တယ်လို့ အသက် ၂၉ နှစ်အရွယ် ဘွဲ့လွန်ကျောင်းသားတဦးက ပြောပါတယ်။

ဆန္ဒပြတဲ့သူတွေကတော့ အာဏာရှင်စနစ် ကျဆုံးပါစေ၊ ဒီမိုကရေစီစနစ် အဓွန့်ရှည်ပါစေ စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ဆန္ဒပြတဲ့သူတွေက ဝန်ကြီးချုပ် Prayuth Chan-o-cha ကိုလည်း ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပြီး တချို့ကျောင်းသားတွေကတော့ သြဇာကြီးမားတဲ့ ဘုရင်စနစ်ကို ထိန်းချုပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ ဘန်ကောက်မြို့က ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်ရှေ့မှာ စုဝေးခဲ့ကြပြီး ဒါဟာ ၂၀၁၄ ခုနှစ်က ဝန်ကြီးချုပ် Prayuth အာဏာသိမ်းပြီးတဲ့နောက် အကြီးမားဆုံး ဆန္ဒပြပွဲတွေထဲက တခုဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG