သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီမုိကေရစီအေရး ေတာင္းဆုိဆႏၵျုပသူေတြကုိ ထုိင္းရဲထပ္ဖမ္း


လူ႔အခြင့္အေရးေရွ႕ေန Anon Numpa ဖမ္းဆီးခံရ

(Zawgyi/Unicode)

ထိုင္းနိုင္ငံထဲ ဒီမိုကေရစီအေရး ေတာင္းဆို ဆႏၵျပေနသူေတြထဲက လူသိမ်ားတဲ့ ဆႏၵၿပ ေခါင္းေဆာင္ေတာ္ေတာ္မ်ားမ်ားကို ထိုင္း ရဲတပ္ဖြဲ႕က ၾကာသပေတးေန႔က ထပ္မံ ဖမ္းဆီးလိုက္ပါတယ္။ ထိုင္းရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တဲ့ ထင္ရွားတဲ့ လူငယ္ေခါင္းေဆာင္ ၁၁ ဦးထဲ နာမည္ေက်ာ္ Rap အဆိုေတာ္ ၂ ဦးလည္း ပါဝင္ပါတယ္။ ေနာက္ထပ္ တက္ႂကြလႈပ္ရွားသူ ၄ဦးကို ဖမ္းဆီးဖို႔ ဝရမ္းထုတ္ထား တယ္လို႔လည္း ထိုင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။

အခု ဖမ္းဆီးခံခဲ့ရသူေတြက ဇူလိုင္လ ၁၈ ရက္ေန႔က ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့တာျဖစ္ေၾကာင္း အတိုက္အခံ Pheu Thai ပါတီ အမတ္ Karoon Hosakulက ေျပာပါတယ္။ သူတို႔ကို နိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ အပါအဝင္ စြဲခ်က္ ၈ ခုနဲ႔ တရားစြဲဆိုလိုက္ ၿပီးတဲ့ ေနာက္ အာမခံနဲ႔ ျပန္လႊတ္ေပးလိုက္တယ္လို႔လည္း ေျပာပါတယ္။ အာဏာရွင္စနစ္ ဆန္႔က်င္တဲ့ Rap အဖြဲ႕့ လို႔ နာမည္ေပးထားတဲ့ Rap Against Dictatorship (RAD)အဖြဲ႕က rap အဆိုေတာ္ Dechatorn Bamrungmuang နဲ႔ Thanayut Na Ayutthaya တို႔က ဇူလိုင္လ ၁၈ ရက္ေန႔ ဆႏၵျပပြဲေတြမွာ ပါဝင္ၿပီး စင္ေပၚတက္ ေဖ်ာ္ေျဖခဲ့ၾကတာပါ။

အဲဒီ RAD အဖြဲ႕ရဲ့ စစ္တပ္ ဖိႏွိပ္မႈကို ဆန္႔က်င္ ေရးဖြဲ႕ထားတဲ့ “ငါတို႔တိုင္းျပည္ ဘာမ်ား ရသလဲ” “What My Country's Got?” သီခ်င္းကို ၿပီးခဲ့တဲ့ႏွစ္ ေရြးေကာက္ပြဲ မတိုင္ခင္ ျဖန္႔ခ်ိၿပီးကတည္းက ၾကည့္ရႈနားေထာင္သူေပါင္း ၈၇ သန္း ရွိခဲ့ပါတယ္။

မႏွစ္က က်င္းပခဲ့တဲ့ ထိုင္းနိုင္ငံေရြးေကာက္ပြဲမွာ ၂၀၁၄ ခုႏွစ္က အာဏာသိမ္းစစ္တပ္အႀကီးအကဲ Prayut Chan-O-Cha က ပဲ အနိုင္ရရွိခဲ့ တာျဖစ္ပါတယ္။

ဒါေပမဲ့ ၂၀၁၇ ခုႏွစ္မွာ စစ္တပ္ ေက်ာေထာက္ေနာက္ခံေရးဆြဲတဲ့ အေျခခံ ဥပေဒေၾကာင့္သာ သူ ဒီလို အနိုင္ရခဲ့တာလို႔ ဆႏၵျပသူေတြက ေျပာပါတယ္။

ဒါေၾကာင့္ ဆႏၵျပသူေတြက ပါလီမန္ကို ဖ်က္သိမ္းေရးနဲ႔ အေျခခံ ဥပေဒ ျပန္လည္ေရးဆြဲေရးကို ေတာင္းဆိုေနတာ ျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ ေႏွာင္းပိုင္းကလည္း ထိုင္းရဲေတြက ထင္ရွားတဲ့ လူ႔အခြင့္အေရးေရွ႕ေန Anon Numpa ကို ေနာက္တစ္ႀကိမ္ ဖမ္းဆီးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒြုပသူတွေကို ထိုင်းရဲထပ်ဖမ်း

(Unicode)

ထိုင်းနိုင်ငံထဲ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြနေသူတွေထဲက လူသိများတဲ့ ဆန္ဒပြ ခေါင်းဆောင်တော်တော်များများကို ထိုင်း ရဲတပ်ဖွဲ့က ကြာသပတေးနေ့က ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ ထင်ရှားတဲ့ လူငယ်ခေါင်းဆောင် ၁၁ ဦးထဲ နာမည်ကျော် Rap အဆိုတော် ၂ ဦးလည်း ပါဝင်ပါတယ်။ နောက်ထပ် တက်ကြွလှုပ်ရှားသူ ၄ဦးကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ထား တယ်လို့လည်း ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အခု ဖမ်းဆီးခံခဲ့ရသူတွေက ဇူလိုင်လ ၁၈ ရက်နေ့က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာဖြစ်ကြောင်း အတိုက်အခံ Pheu Thai ပါတီ အမတ် Karoon Hosakulက ပြောပါတယ်။ သူတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် စွဲချက် ၈ ခုနဲ့ တရားစွဲဆိုလိုက် ပြီးတဲ့ နောက် အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ပြောပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်တဲ့ Rap အဖွဲ့ လို့ နာမည်ပေးထားတဲ့ Rap Against Dictatorship (RAD)အဖွဲ့က rap အဆိုတော် Dechatorn Bamrungmuang နဲ့ Thanayut Na Ayutthaya တို့က ဇူလိုင်လ ၁၈ ရက်နေ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ပြီး စင်ပေါ်တက် ဖျော်ဖြေခဲ့ကြတာပါ။

အဲဒီ RAD အဖွဲ့ရဲ့ စစ်တပ် ဖိနှိပ်မှုကို ဆန့်ကျင် ရေးဖွဲ့ထားတဲ့ “ငါတို့တိုင်းပြည် ဘာများ ရသလဲ” “What My Country's Got?” သီချင်းကို ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ မတိုင်ခင် ဖြန့်ချိပြီးကတည်းက ကြည့်ရှုနားထောင်သူပေါင်း ၈၇ သန်း ရှိခဲ့ပါတယ်။

မနှစ်က ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းစစ်တပ်အကြီးအကဲ Prayut Chan-O-Cha က ပဲ အနိုင်ရရှိခဲ့ တာဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာ စစ်တပ် ကျောထောက်နောက်ခံရေးဆွဲတဲ့ အခြေခံ ဥပဒေကြောင့်သာ သူ ဒီလို အနိုင်ရခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဒါကြောင့် ဆန္ဒပြသူတွေက ပါလီမန်ကို ဖျက်သိမ်းရေးနဲ့ အခြေခံ ဥပဒေ ပြန်လည်ရေးဆွဲရေးကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းကလည်း ထိုင်းရဲတွေက ထင်ရှားတဲ့ လူ့အခွင့်အရေးရှေ့နေ Anon Numpa ကို နောက်တစ်ကြိမ် ဖမ်းဆီးခဲ့ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG