သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း Samut Songkhram ခ႐ိုင္ ငါးေစ်း ျမန္မာငါးမ်ားေရာင္းခ်ခြင့္ယာယီပိတ္မည္


Mae Klong ေစ်း။

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ တုိးလာေနတဲ့ ျမန္မာႏုိင္ငံက တင္ပုိ႔တဲ့ ပင္လယ္စာေတြကုိ ထိုင္းႏိုင္ငံ Samut Songkhram ခရိုင္က ငါးေစ်းမွာ ေရာင္းခ်ခြင့္ တားျမစ္ဖုိ႔ ေၾကညာလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

Samut Songkhram ခ႐ုိင္က Mae Klong ငါးေစ်းမွာ ျမန္မာႏိုင္ငံကတင္သြင္းတဲ့ ပင္လယ္ထြက္ကုန္ေတြကုိ လာမယ့္ ဗုဒၶဟူးေန႔က စေရာင္းခ်ခြင့္ ယာယီပိတ္ထားဖုိ႔ ေဒသခံအာဏာပုိင္ေတြ ေၾကညာလုိက္တာပါ။ ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြနဲ႔ ေသဆုံးသူေတြပါ တုိးလာေနခ်ိန္မွာပဲ ေရာဂါကူးစက္ျပန္႔ပြားမယ့္ အႏၱရာယ္ကုိ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ျမန္မာႏုိင္ငံက ပင္လယ္စာေတြ ေရာင္းခ်ခြင့္ ပိတ္ထားဖုိ႔ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ဆုံးျဖတ္ခဲ့တာ ျဖစ္ေၾကာင္းလည္း Mae Klong ေစ်းလုပ္ငန္းရွင္မ်ား အစည္းအရံုး ဥကၠ႒ နိုင္စြန္ဖုန္း စမု ဆိုပကို Mr. Somporn Samut Sopakul ကေျပာပါတယ္။

လတ္တေလာ ျမန္မာႏိုင္ငံက ေရထြက္ကုန္ေတြကို တင္းသြင္းေရာင္းခ်တာေတြကုိ တားျမစ္ထားဖုိ႔နဲ႔ ကုန္ပစၥည္း သယ္ယူပို႔ေဆာင္ရာမွာ အသံုးျပဳတဲ့ ျခင္းေတာင္းနဲ႔ အေအးခန္းသံုး ငါးထည့္ ေသတၱာေတြကုိ ေစ်းအျပင္ဘက္ ယူေဆာင္တာ၊ ငွားရမ္းတာေတြ မလုပ္ဖုိ႔လည္း တားျမစ္ထားပါတယ္။ ျမန္မာႏုိင္ငံမွာ ေရာဂါထိန္းခ်ဳပ္ႏုိင္တဲ့ အေျခအေနအထိ ကန္႔သတ္ထားမွာ ျဖစ္တယ္လုိ႔လည္း ေစ်းတာ၀န္ရွိသူေတြက ေျပာပါတယ္။ ျမန္မာႏုိင္ငံသား အလုပ္သမား အမ်ားအျပား အလုပ္လုပ္ကုိင္ေနတဲ့ Mae Klong ေစ်းမွာ ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္လုိက္ၿပီးေနာက္ အေျခအေနနဲ႔ ပတ္သက္လုိ႔ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ယက္ ဥကၠ႒ ဦးေအာင္ေက်ာ္ကေတာ့ အခုလိုေျပာျပပါတယ္။

"ကုန္ပစၥည္းကားေတြကို ရက္အကန္႔အသတ္မရွိ ယာယီရပ္ဆုိင္းထားတယ္လို႔ ၾကားတယ္ ကပ္ေရာဂါေတြရွိတဲ့အတြက္ ပစၥည္းေတြ သယ္ေဆာင္လာတဲ့ကားေတြကို အကန္႔အသတ္နဲ႔ ရပ္ဆုိင္းလိုက္တယ္။ ျမန္မာျပည္တြင္းမွာလည္း ဒုတိယလိႈင္း ကိုဗစ္ျဖစ္ေနေတာ့ လူပုဂိၢဳလ္ကေနေရာ၊ အစားအေသာက္ကေရာ ကပ္ပါလာမွာေၾကာင့္ ဟန္႔တားလိုက္တဲ့သေဘာျဖစ္မွာပါ ႏွစ္ႏို္င္ငံစီးပြားေရး ကုန္သြယ္ေရး ထိခိုက္မယ္ဆိုတာေတာ့ သူတုိ႔လည္း သိပါတယ္။ သုိ႔ေပမဲ့ ေရာဂါအႏၱရာယ္စုိးရိမ္လို႔ ျဖစ္တာပါ။ အဲဒီေစ်းမွာ ငါးနဲ႔ ပုဇြန္နဲ႔ ေရထြက္ပစၥည္းကုိ အဓိကေရာင္းတာပါ။"

ဒီေစ်းႀကီးအတြင္းမွာ ျမန္မာျပည္ကလာတဲ့ ပင္လယ္စာေတြသာမက ျမန္မာအလုပ္သမားေတြလည္း အမ်ားအျပား အလုပ္လုပ္ကုိင္ေနတာပါ။ ဒီအတြက္ လုပ္သားေလ်ာ့ခ်တာေတြ အလုပ္ျပဳတ္တာေတြလည္း ထပ္ျပီးႀကံဳရႏိုင္တယ္လို႔ ျမန္မာအလုပ္သမားေရး ေဆာင္ရြက္ေနသူေတြက ခန္႔မွန္းေနၾကပါတယ္။ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၅၉ ေယာက္နဲ႔ ကူးစက္သူ ၃,၅၀၀ ေက်ာ္ ရွိခဲ့တဲ့ ထုိင္းႏုိင္ငံမွာ ေရာဂါကူးစက္မႈေတြ ေလ်ာ့က်လာတာနဲ႔အမွ် ကန္႔သတ္ခ်က္ေတြ ျပန္လည္ေလွ်ာ့ေပါ့ေပးေနခ်ိန္မွာပဲ အိမ္နီးခ်င္း ျမန္မာႏုိင္ငံမွာ တေက်ာ့ျပန္ကူးစက္မႈေတြ ေပၚေပါက္လာရာက ကန္႔သတ္ခ်က္ေတြ ျပန္လည္ထုတ္ျပန္ခဲ့တာပါ။ ျမန္မာႏုိင္ငံနဲ႔ နယ္စပ္ေဒသေတြမွာလည္း ထုိင္းအာဏာပုိင္ေတြက လုံၿခံဳေရးေတြ တုိးျမွင့္ခ်ထားသလုိ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္သူေတြကုိလည္း ဖမ္းဆီးအေရးယူေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်း Samut Songkhram ခရိုင် ငါးဈေး မြန်မာငါးများရောင်းချခွင့်ယာယီပိတ်မည်

ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံက တင်ပို့တဲ့ ပင်လယ်စာတွေကို ထိုင်းနိုင်ငံ Samut Songkhram ခရိုင်က ငါးဈေးမှာ ရောင်းချခွင့် တားမြစ်ဖို့ ကြေညာလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

Samut Songkhram ခရိုင်က Mae Klong ငါးဈေးမှာ မြန်မာနိုင်ငံကတင်သွင်းတဲ့ ပင်လယ်ထွက်ကုန်တွေကို လာမယ့် ဗုဒ္ဓဟူးနေ့က စရောင်းချခွင့် ယာယီပိတ်ထားဖို့ ဒေသခံအာဏာပိုင်တွေ ကြေညာလိုက်တာပါ။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေနဲ့ သေဆုံးသူတွေပါ တိုးလာနေချိန်မှာပဲ ရောဂါကူးစက်ပြန့်ပွားမယ့် အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ မြန်မာနိုင်ငံက ပင်လယ်စာတွေ ရောင်းချခွင့် ပိတ်ထားဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း Mae Klong ဈေးလုပ်ငန်းရှင်များ အစည်းအရုံး ဥက္ကဋ္ဌ နိုင်စွန်ဖုန်း စမု ဆိုပကို Mr. Somporn Samut Sopakul ကပြောပါတယ်။

လတ်တလော မြန်မာနိုင်ငံက ရေထွက်ကုန်တွေကို တင်းသွင်းရောင်းချတာတွေကို တားမြစ်ထားဖို့နဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရာမှာ အသုံးပြုတဲ့ ခြင်းတောင်းနဲ့ အအေးခန်းသုံး ငါးထည့် သေတ္တာတွေကို ဈေးအပြင်ဘက် ယူဆောင်တာ၊ ငှားရမ်းတာတွေ မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။ မြန်မာနိုင်ငံမှာ ရောဂါထိန်းချုပ်နိုင်တဲ့ အခြေအနေအထိ ကန့်သတ်ထားမှာ ဖြစ်တယ်လို့လည်း ဈေးတာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံသား အလုပ်သမား အများအပြား အလုပ်လုပ်ကိုင်နေတဲ့ Mae Klong ဈေးမှာ ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်ပြီးနောက် အခြေအနေနဲ့ ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် ဥက္ကဋ္ဌ ဦးအောင်ကျော်ကတော့ အခုလိုပြောပြပါတယ်။

"ကုန်ပစ္စည်းကားတွေကို ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားတယ်လို့ ကြားတယ် ကပ်ရောဂါတွေရှိတဲ့အတွက် ပစ္စည်းတွေ သယ်ဆောင်လာတဲ့ကားတွေကို အကန့်အသတ်နဲ့ ရပ်ဆိုင်းလိုက်တယ်။ မြန်မာပြည်တွင်းမှာလည်း ဒုတိယလှိုင်း ကိုဗစ်ဖြစ်နေတော့ လူပုဂ္ဂိုလ်ကနေရော၊ အစားအသောက်ကရော ကပ်ပါလာမှာကြောင့် ဟန့်တားလိုက်တဲ့သဘောဖြစ်မှာပါ နှစ်နိုင်ငံစီးပွားရေး ကုန်သွယ်ရေး ထိခိုက်မယ်ဆိုတာတော့ သူတို့လည်း သိပါတယ်။ သို့ပေမဲ့ ရောဂါအန္တရာယ်စိုးရိမ်လို့ ဖြစ်တာပါ။ အဲဒီဈေးမှာ ငါးနဲ့ ပုဇွန်နဲ့ ရေထွက်ပစ္စည်းကို အဓိကရောင်းတာပါ။"

ဒီဈေးကြီးအတွင်းမှာ မြန်မာပြည်ကလာတဲ့ ပင်လယ်စာတွေသာမက မြန်မာအလုပ်သမားတွေလည်း အများအပြား အလုပ်လုပ်ကိုင်နေတာပါ။ ဒီအတွက် လုပ်သားလျော့ချတာတွေ အလုပ်ပြုတ်တာတွေလည်း ထပ်ပြီးကြုံရနိုင်တယ်လို့ မြန်မာအလုပ်သမားရေး ဆောင်ရွက်နေသူတွေက ခန့်မှန်းနေကြပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ကူးစက်သူ ၃,၅၀၀ ကျော် ရှိခဲ့တဲ့ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်မှုတွေ လျော့ကျလာတာနဲ့အမျှ ကန့်သတ်ချက်တွေ ပြန်လည်လျှော့ပေါ့ပေးနေချိန်မှာပဲ အိမ်နီးချင်း မြန်မာနိုင်ငံမှာ တကျော့ပြန်ကူးစက်မှုတွေ ပေါ်ပေါက်လာရာက ကန့်သတ်ချက်တွေ ပြန်လည်ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာလည်း ထိုင်းအာဏာပိုင်တွေက လုံခြုံရေးတွေ တိုးမြှင့်ချထားသလို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေကိုလည်း ဖမ်းဆီးအရေးယူနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG