သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ကိုဗစ်ကူးစက်သူ ၇၈၂၇ ဦးနဲ့ သေဆုံးသူ ၁၃၃ ဦး ထိ တိုးလာ


မှတ်တမ်းဓါတ်ပုံ- ၂၀၂၀ မေလ ၁၇ ရက်နေ့တုန်းက ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ်
မှတ်တမ်းဓါတ်ပုံ- ၂၀၂၀ မေလ ၁၇ ရက်နေ့တုန်းက ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ်

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြု လူနာသစ် ၅၃၅ ဦး ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကြေညာခဲ့တာကြောင့် ကူးစက်သူ စုစုပေါင်း ၇,၈၂၇ ဦးရှိသွားပြီ ဖြစ်ပါတယ်။ ဓါတ်ခွဲနမူနာ စုစု ပေါင်း ၃,၇၇၀ခု စစ်ဆေးခဲ့တဲ့ အထဲ က အခု လို လူနာသစ် ၅၃၀ ကျော်ကို ထပ်မံ တွေ့ရှိခဲ့တာပါ။

သေဆုံးသူ ၃ ယောက်လည်း ထပ်တိုးခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ မနက် ၈နာရီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ သေဆုံးသူတွေဟာ အသက် ၆၀ နဲ့ ၇၀ ကျော်အရွယ်တွေ ဖြစ်ကြပြီး ၃ ဦးစလုံး ရန်ကုန်က ဆေးရုံကြီးတွေမှာ ကုသမှု ခံယူခဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ COVID 19 ကြောင့် သေဆုံးသူ ၁၃၃ ယောက်ရှိပြီ ဖြစ်ပါတယ်။ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ရောဂါကူးစက်ခံရကြောင်းအတည်ပြုထားခဲ့သူလူနာ ၇၉၀၀ နီးပါးထဲက ဆေးရုံက ဆင်းခွင့်ရ သူ ၂,၁၀၀ နီးပါးရှိပါတယ်။

COVID-19 ကူးစက်မှုနှုန်း အများဆုံးဖြစ်တဲ့ ရန်ကုန်မြို့မှာတော့ နေအိမ်မှာ နေထိုင်ရေး Stay at Home အမိန့်ကို ထုတ်ပြန် ထားဆဲဖြစ်ပါ။ ဒါကြောင့် ရန်ကုန်တိုင်းထဲက ပြည်သူ (၇)သန်း ဝန်းကျင်ရဲ့ နေ့စဉ် စားသောက်ရေး ပြေလည်အောင် စားနပ်ရိက္ခာကို အချိုး ကျ ခွဲတမ်းစနစ် Ration နဲ့ ဖြန့်ဝေနိုင်ဖို့အစိုးရက ပြင်ဆင်နေပါတယ်။ စက်တင်ဘာလ ၂၀ရက်နေ့ကမှ ထုတ်ပြန်ခဲ့တဲ့ Stay at Home အမိန့်ရဲ့ ထိရောက်မှုက အနည်းဆုံး (၂)ပတ်အကြာမှ သိသာတဲ့ ရလဒ် ထွက်ပေါ်လာမှာ ဖြစ်တယ်လို့လည်း ကျန်းမာရေး ဝန်ကြီး ဌာန က သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............

(Unicode)




XS
SM
MD
LG