[Zawgyi/Unicode]
ရန္ကုန္တိုင္းက စက္႐ုံေတြကို မနက္ျဖန္ကစၿပီး သီတင္း ၂ ပတ္ၾကာ ပိတ္ထားမယ္ဖို႔ အစိုးရက စီစဥ္ထားေပမဲ့ လုပ္ငန္းေတြ ရပ္နားထားခ်ိန္မွာ အလုပ္သမားေတြရဲ႕ လစာကို ဘယ္လိုေပးမလဲဆိုတဲ့ ညႇိႏႈိင္းမႈေတြ အေျဖမထြက္ေသးတဲ့အေၾကာင္း ေျပာျပမွာပါ။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္ကေျပာျပေပးပါမယ္။
၁၄ရက္ တာကာလ အလုပ္မဆင္းပဲေနရမဲ့ အလုပ္သမားေတြ အေျခခံလုပ္ခလစာႏႈန္းတားနဲ႔ ရင္သင့္တယ္လို႔ အလုပ္သမားသမဂၢေတြက အစိုးရနဲ႔ အလုပ္ရွင္ေတြနဲ႔ သုံးပြင့္ဆိုင္ အြန္လိုင္းအစည္းအေဝးမွာ တင္ျပခဲ့တာပါ။ အစိုးရဘက္ကေတာ့ သူတို႔အေနနဲ႔ လူမႈဖူလုံေၾကးထဲက ၄၀ ရာခိုင္ႏႈန္းအတြက္ တာဝန္ယူႏိုင္တဲ့အပိုင္းကို အလုပ္ရွင္နဲ႔ အလုပ္သမားေတြကို တင္ျပထားတယ္လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္က ဗြီအိုေအကို ေျပာပါတယ္။
“ဒါေတာ့ အလုပ္ရွင္နဲ႔ ရန္ကုန္တိုင္းအစိုးရ ဆက္ညႇိေနတယ္လို႔ သိရတယ္၊ ဒီဘက္က တို႔ sector ကေတာ့ လူမႈဖူလုံေၾကး ၄၀ ရာခိုင္ႏႈန္း အက်ဳံးဝင္တဲ့ အလုပ္သမားေတြအတြက္ေတာ့ ေပးဖို႔ဆိုတာကေတာ့တို႔လည္း တင္ျပ၊ ေဆာင္႐ြက္ထားတာေပါ့ကြာ။ အလုပ္ရွင္ကေတာ့ သူတို႔အခ်င္းခ်င္း ညႇိႏႈိင္းဦးမယ္ ထင္ပါတယ္။ အလုပ္ရွင္ေတြကို ေမတၱာရပ္ခံထားတာေပါ့၊ ဒီအခ်ိန္မွာေတာ့ နည္းနည္းေလး၊ ဒါ သူတို႔မွာလည္း အခက္အခဲေတြရွိတာေပါ့ ဘယ္လိုလဲေတာ့ မေျပာတတ္ေပါ့ တို႔ကလည္း။ အလုပ္ရွင္က no work, no pay (လုပ္ငန္းခြင္မဝင္ရင္ လစာမေပးရ) ေတြလည္း ရွိတာပဲ။”
အလုပ္ရွင္အမ်ားစုကေတာ့ ကုန္ေခ်ာအမွာေတြ ရွိေနလို႔ စက္႐ုံ ၂ ပတ္ ပိတ္ထားရတဲ့အေပၚသေဘာမတူၾကပါဘူးလို႔ ဆိုပါတယ္။ အလုပ္ရွင္ေတြကလည္း လူမႈဖူလုံေၾကးထည့္ဝင္ေငြရဲ႕ ၆၀ ရာခိုင္ႏႈန္းကို အစိုးရက ေပးသင့္တယ္လို႔ ေထာက္ျပေနတာလည္း ရွိပါတယ္။ အလုပ္သမားသမဂၢေတြနဲ႔ အစိုးရ၊ အလုပ္ရွင္ စက္တင္ဘာ ၁၁ ရက္မွာပဲ အြန္လိုင္းအစည္းအေဝးမွာ ေနာက္ဆုံးေတြ႕ဆုံထားၾကတာပါ။ ဒီေနာက္ပိုင္း အလုပ္႐ုံေတြပိတ္ၿပီး လုပ္ခလစာညႇိႏႈိင္းေရး အစိုးရဘက္က ေဆြးေႏြးဖို႔ထပ္ကမ္းလွမ္းလာတာမ်ိဳး မရွိေသးေသးေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က ေဒၚခိုင္ဇာေအာင္က ဗြီအိုေအကို ေျပာပါတယ္။
“လူမႈဖူလုံေရးကေန တခ်ိဳ႕သုံးဖို႔ရယ္ ၿပီးေတာ့ EU funding ေပါ့ေနာ္။ အီးယူရန္ပုံေငြကေန သုံးဖို႔၊ အလုပ္ရွင္ကလည္း တခ်ိဳ႕ကို ပံ့ပိုးဖို႔ဆိုတာေတြ က်မတို႔ တင္ျပတာရွိပါတယ္။ ၂၁ ရက္ကေတာ့ က်မတို႔ကို (အစိုးရက) အစည္းအေဝးရွိတယ္ဆိုၿပီး ဖိတ္ပါတယ္။ သို႔ေသာ္ဒါကို နာရီဝက္အတြင္းပဲ ျပန္ၿပီးေတာ့ cancel ျဖစ္သြားတယ္ဆိုၿပီး အေၾကာင္းျပန္လာပါတယ္၊ ဒါေၾကာင့္မို႔ က်မတို႔မွာ ေဆြးေႏြးထားတာ မရွိပါဘူး၊ အဲဒီေတာ့ အစိုးရအေပၚမွာပဲ မူတည္တယ္ရွင့္။ အခုေတာ့ အလုပ္ရွင္ေတြနဲ႔ ေဆြးေႏြးတာေတာ့ က်မတို႔ေတြ႕တယ္၊ သမဂၢနဲ႔ေတာ့ ျပန္ခ်ိန္းတာ မရွိေသးပါဘူး။”
ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕နယ္က စက္႐ုံအလုပ္သမားေတြလည္း ကိုဗစ္ေရာဂါကူးစက္ခံရလို႔ ရန္ကုန္တိုင္းလိုပဲ စက္႐ုံေတြ ပိတ္သင့္လားဆိုတာ တိုင္းအစိုးရက ဒီေန႔ အစည္းအေဝးလုပ္ခဲ့တာပါ။
အလုပ္သမားေရး လႈပ္ရွားမႈ အဖြဲ႕အစည္းေတြကေတာ့ အလုပ္သမားေတြ လူမႈဖူလုံေရးအတြက္ အစိုးရက ေရရွည္အစီအစဥ္ေတြကို စဥ္းစားဖို႔ လိုအပ္ေနၿပီလို႔လည္း သတိေပးေနၾကပါတယ္။ လတ္တေလာမွာေတာ့ ဥေရာပသမဂၢ EU ကေတာ့ ကိုဗစ္ကပ္ေရာဂါကာလ ထိခိုက္သြားတဲ့ ျမန္မာ အထည္ခ်ဳပ္လုပ္သား ၉၀၀,၀၀၀ အတြက္ အေရးေပၚရန္ပုံေငြ ယူ႐ို ၅,၀၀၀,၀၀၀ (က်ပ္ေငြ ၇.၉ ဘီလီယံ) ေထာက္ပံ့ထားၿပီး ေနာက္ထပ္ ယူ႐ို ၅,၀၀၀,၀၀၀ ေပးဖို႔လည္း ကတိျပဳထားပါတယ္။
[Unicode Version]
ကိုဗစ်ကန့်သတ်မိန့်ကာလအတွင်း လုပ်သားလစာကိစ္စ ညှိနှိုင်းနေဆဲ
ရန်ကုန်တိုင်းက စက်ရုံတွေကို မနက်ဖြန်ကစပြီး သီတင်း ၂ ပတ်ကြာ ပိတ်ထားမယ်ဖို့ အစိုးရက စီစဉ်ထားပေမဲ့ လုပ်ငန်းတွေ ရပ်နားထားချိန်မှာ အလုပ်သမားတွေရဲ့ လစာကို ဘယ်လိုပေးမလဲဆိုတဲ့ ညှိနှိုင်းမှုတွေ အဖြေမထွက်သေးတဲ့အကြောင်း ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်ကပြောပြပေးပါမယ်။
၁၄ရက် တာကာလ အလုပ်မဆင်းပဲနေရမဲ့ အလုပ်သမားတွေ အခြေခံလုပ်ခလစာနှုန်းတားနဲ့ ရင်သင့်တယ်လို့ အလုပ်သမားသမဂ္ဂတွေက အစိုးရနဲ့ အလုပ်ရှင်တွေနဲ့ သုံးပွင့်ဆိုင် အွန်လိုင်းအစည်းအဝေးမှာ တင်ပြခဲ့တာပါ။ အစိုးရဘက်ကတော့ သူတို့အနေနဲ့ လူမှုဖူလုံကြေးထဲက ၄၀ ရာခိုင်နှုန်းအတွက် တာဝန်ယူနိုင်တဲ့အပိုင်းကို အလုပ်ရှင်နဲ့ အလုပ်သမားတွေကို တင်ပြထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဗွီအိုအေကို ပြောပါတယ်။
“ဒါတော့ အလုပ်ရှင်နဲ့ ရန်ကုန်တိုင်းအစိုးရ ဆက်ညှိနေတယ်လို့ သိရတယ်၊ ဒီဘက်က တို့ sector ကတော့ လူမှုဖူလုံကြေး ၄၀ ရာခိုင်နှုန်း အကျုံးဝင်တဲ့ အလုပ်သမားတွေအတွက်တော့ ပေးဖို့ဆိုတာကတော့တို့လည်း တင်ပြ၊ ဆောင်ရွက်ထားတာပေါ့ကွာ။ အလုပ်ရှင်ကတော့ သူတို့အချင်းချင်း ညှိနှိုင်းဦးမယ် ထင်ပါတယ်။ အလုပ်ရှင်တွေကို မေတ္တာရပ်ခံထားတာပေါ့၊ ဒီအချိန်မှာတော့ နည်းနည်းလေး၊ ဒါ သူတို့မှာလည်း အခက်အခဲတွေရှိတာပေါ့ ဘယ်လိုလဲတော့ မပြောတတ်ပေါ့ တို့ကလည်း။ အလုပ်ရှင်က no work, no pay (လုပ်ငန်းခွင်မဝင်ရင် လစာမပေးရ) တွေလည်း ရှိတာပဲ။”
အလုပ်ရှင်အများစုကတော့ ကုန်ချောအမှာတွေ ရှိနေလို့ စက်ရုံ ၂ ပတ် ပိတ်ထားရတဲ့အပေါ်သဘောမတူကြပါဘူးလို့ ဆိုပါတယ်။ အလုပ်ရှင်တွေကလည်း လူမှုဖူလုံကြေးထည့်ဝင်ငွေရဲ့ ၆၀ ရာခိုင်နှုန်းကို အစိုးရက ပေးသင့်တယ်လို့ ထောက်ပြနေတာလည်း ရှိပါတယ်။ အလုပ်သမားသမဂ္ဂတွေနဲ့ အစိုးရ၊ အလုပ်ရှင် စက်တင်ဘာ ၁၁ ရက်မှာပဲ အွန်လိုင်းအစည်းအဝေးမှာ နောက်ဆုံးတွေ့ဆုံထားကြတာပါ။ ဒီနောက်ပိုင်း အလုပ်ရုံတွေပိတ်ပြီး လုပ်ခလစာညှိနှိုင်းရေး အစိုးရဘက်က ဆွေးနွေးဖို့ထပ်ကမ်းလှမ်းလာတာမျိုး မရှိသေးသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဒေါ်ခိုင်ဇာအောင်က ဗွီအိုအေကို ပြောပါတယ်။
“လူမှုဖူလုံရေးကနေ တချို့သုံးဖို့ရယ် ပြီးတော့ EU funding ပေါ့နော်။ အီးယူရန်ပုံငွေကနေ သုံးဖို့၊ အလုပ်ရှင်ကလည်း တချို့ကို ပံ့ပိုးဖို့ဆိုတာတွေ ကျမတို့ တင်ပြတာရှိပါတယ်။ ၂၁ ရက်ကတော့ ကျမတို့ကို (အစိုးရက) အစည်းအဝေးရှိတယ်ဆိုပြီး ဖိတ်ပါတယ်။ သို့သော်ဒါကို နာရီဝက်အတွင်းပဲ ပြန်ပြီးတော့ cancel ဖြစ်သွားတယ်ဆိုပြီး အကြောင်းပြန်လာပါတယ်၊ ဒါကြောင့်မို့ ကျမတို့မှာ ဆွေးနွေးထားတာ မရှိပါဘူး၊ အဲဒီတော့ အစိုးရအပေါ်မှာပဲ မူတည်တယ်ရှင့်။ အခုတော့ အလုပ်ရှင်တွေနဲ့ ဆွေးနွေးတာတော့ ကျမတို့တွေ့တယ်၊ သမဂ္ဂနဲ့တော့ ပြန်ချိန်းတာ မရှိသေးပါဘူး။”
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က စက်ရုံအလုပ်သမားတွေလည်း ကိုဗစ်ရောဂါကူးစက်ခံရလို့ ရန်ကုန်တိုင်းလိုပဲ စက်ရုံတွေ ပိတ်သင့်လားဆိုတာ တိုင်းအစိုးရက ဒီနေ့ အစည်းအဝေးလုပ်ခဲ့တာပါ။
အလုပ်သမားရေး လှုပ်ရှားမှု အဖွဲ့အစည်းတွေကတော့ အလုပ်သမားတွေ လူမှုဖူလုံရေးအတွက် အစိုးရက ရေရှည်အစီအစဉ်တွေကို စဉ်းစားဖို့ လိုအပ်နေပြီလို့လည်း သတိပေးနေကြပါတယ်။ လတ်တလောမှာတော့ ဥရောပသမဂ္ဂ EU ကတော့ ကိုဗစ်ကပ်ရောဂါကာလ ထိခိုက်သွားတဲ့ မြန်မာ အထည်ချုပ်လုပ်သား ၉၀၀,၀၀၀ အတွက် အရေးပေါ်ရန်ပုံငွေ ယူရို ၅,၀၀၀,၀၀၀ (ကျပ်ငွေ ၇.၉ ဘီလီယံ) ထောက်ပံ့ထားပြီး နောက်ထပ် ယူရို ၅,၀၀၀,၀၀၀ ပေးဖို့လည်း ကတိပြုထားပါတယ်။