သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကုိဗစ္ကူးသူ ၇ ေထာင္နီးပါးနဲ႔ ေသဆုံးသူ ၁၁၆ ဦးရွိ


(Zawgyi/Unicode)
ျမန္မာနိုင္ငံမွာ COVID-19 အတည္ျပဳ လူနာသစ္ ၂၁၆ ဦး ထပ္မံေတြ႕ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ေၾကညာခဲ့တာေၾကာင့္ ကူးစက္သူ စုစုေပါင္း ၆,၉၅၉ ဦးရွိသြားၿပီ ျဖစ္ပါတယ္။ ဓါတ္ခြဲနမူနာ စုစု ေပါင္း ၅,၅၈၂ ခု စစ္ေဆးခဲ့တဲ့အထဲက အခု လို လူနာသစ္ ၂၀၀ ေက်ာ္ကို ထပ္မံ ေတြ႕ရွိခဲ့တာပါ။

ေသဆုံးသူတစ္ေယာက္လည္း ထပ္တိုးခဲ့တယ္လို႔ က်န္းမာေရး ဝန္ႀကီးဌာနရဲ့ စက္တင္ဘာလ ၂၃ ရက္ေန႔ မနက္ ၈နာရီမွာ ထုတ္ျပန္ထားပါတယ္။ ေသဆုံးသူဟာ အသက္ ၄၃ ႏွစ္အရြယ္ အမ်ိဳးသမီးျဖစ္ၿပီး ေဖာင္ႀကီးက COVID-19 ကုသေရးဌာန ကုသမႈခံယူခဲ့သူျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာ နိုင္ငံ မွာ COVID 19 ေၾကာင့္ ေသဆုံးသူ ၁၁၆ ေယာက္ရွိၿပီ ျဖစ္ပါတယ္။ ေရာဂါကူးစက္ခံရေၾကာင္းအတည္ျပဳထားခဲ့သူလူနာ ၇၀၀၀ နီးပါးထဲက ေဆး႐ုံက ဆင္းခြင့္ရသူ ၁,၉၅၁ ေယာက္ရွိတယ္ လို႔ က်န္းမာေရးဌာနက ေျပာပါတယ္။

COVID-19 ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္ေနတဲ့ ရန္ကုန္ၿမိဳ႕မွာေတာ့ ေနအိမ္မွာ ေနထိုင္ေရး Stay at Home အမိန႔္ကို ထုတ္ျပန္ထားပါတယ္။ စက္တင္ဘာလ ၂၀ ရက္ေန႔ကမွ ထုတ္ျပန္ခဲ့တဲ့ အဲဒီ အမိန္႔ရဲ့ ထိေရာက္မႈက အနည္းဆုံး (၂)ပတ္ၾကာမွ သိသာတဲ့ ရလဒ္ ထြက္ေပၚလာမွာ ျဖစ္တယ္လို႔လည္း က်န္းမာေရး ဝန္ႀကီးဌာနက သတိေပးထားပါတယ္။

................

မြန်မာကိုဗစ်ကူးသူ ၇ ထောင်နီးပါးနဲ့ သေဆုံးသူ ၁၁၆ ဦးရှိ

(Unicode)
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြု လူနာသစ် ၂၁၆ ဦး ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကြေညာခဲ့တာကြောင့် ကူးစက်သူ စုစုပေါင်း ၆,၉၅၉ ဦးရှိသွားပြီ ဖြစ်ပါတယ်။ ဓါတ်ခွဲနမူနာ စုစု ပေါင်း ၅,၅၈၂ ခု စစ်ဆေးခဲ့တဲ့အထဲက အခု လို လူနာသစ် ၂၀၀ ကျော်ကို ထပ်မံ တွေ့ရှိခဲ့တာပါ။

သေဆုံးသူတစ်ယောက်လည်း ထပ်တိုးခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၈နာရီမှာ ထုတ်ပြန်ထားပါတယ်။ သေဆုံးသူဟာ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ဖောင်ကြီးက COVID-19 ကုသရေးဌာန ကုသမှုခံယူခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ နိုင်ငံ မှာ COVID 19 ကြောင့် သေဆုံးသူ ၁၁၆ ယောက်ရှိပြီ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရကြောင်းအတည်ပြုထားခဲ့သူလူနာ ၇၀၀၀ နီးပါးထဲက ဆေးရုံက ဆင်းခွင့်ရသူ ၁,၉၅၁ ယောက်ရှိတယ် လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

COVID-19 ကူးစက်မှုနှုန်း အများဆုံးဖြစ်နေတဲ့ ရန်ကုန်မြို့မှာတော့ နေအိမ်မှာ နေထိုင်ရေး Stay at Home အမိန့်ကို ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့ကမှ ထုတ်ပြန်ခဲ့တဲ့ အဲဒီ အမိန့်ရဲ့ ထိရောက်မှုက အနည်းဆုံး (၂)ပတ်ကြာမှ သိသာတဲ့ ရလဒ် ထွက်ပေါ်လာမှာ ဖြစ်တယ်လို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။

XS
SM
MD
LG