သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္မွာ ကိုဗစ္ကာလ အေရးေပၚအကူအညီေပးဖို႔ စာရင္းေကာက္ယူ


အိမ္တိုင္ယာေရာက္ က်န္းမာေရးစစ္ေဆးေပးဖို႔ ေစာင့္ဆိုင္းေနၾကတဲ့ လူတခ်ိဳ႕ကို ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္တခုမွာ ေတြ႔ရ။ (ေမ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ အိမ္မွာပဲ ေနၾကဖုိ႔ အမိန္႔ထုတ္ထားတဲ့ ရန္ကုန္တုိင္းအတြင္း လုိအပ္လာရင္ အကူအညီ အေထာက္အပံ့ေတြ ေပးႏုိင္ေအာင္ အာဏာပုိင္ေတြ စတင္စာရင္းေကာက္ယူေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

ကပ္ေရာဂါ ကူးစက္မႈေတြ အမ်ားဆုံး ႀကံဳေနရတဲ့ ရန္ကုန္တိုင္းအတြင္း အိမ္မွာပဲေနၾကဖို႔ အမိန္႔္ထုတ္ျပန္ထားတာေၾကာင့္ အေရးေပၚလုိအပ္ခ်က္ေတြ ရွိလာခဲ့ရင္ ကူညီႏုိင္ေအာင္ ၿမိဳ႕နယ္၊ ရပ္ကြက္အလိုက္ စာရင္းေကာက္ယူတဲ့ အစီအစဥ္ေတြ စတင္ေနတာပါ။

လႈိင္သာယာၿမိဳ႕နယ္ အေနာက္ပိုင္းမွာ ဆုိရင္လည္း လူဦးေရ ၄၂၀,၀၀၀ ေက်ာ္ကို စာရင္းေကာက္ယူၿပီး တိုင္းအစိုးရဆီကို ေပးပို႔ထားၿပီးျဖစ္တယ္လို႔ လႈိင္သာယာၿမိဳ႕နယ္ အေနာက္ပိုင္းအုပ္ခ်ဳပ္ေရးမွဴး ဦးေနမင္းထြန္းက ေျပာပါတယ္။

“Stay at Home ကာလမွာ လိုအပ္လို႔ရွိရင္ ေထာက္ပံ့ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ထားတာကေတာ့ ဒါၿပီးသြားပါၿပီေပါ့။ ပို႔ၿပီးသြားပါၿပီ စာရင္းက။ ေထာက္ပံ့ေၾကးေပးတာက အရင္လက္လုပ္လက္စား အေျခခံလူတန္းစားေပါ့ေလ၊ ပုံမွန္ဝင္ေငြ မရွိတဲ့သူေတြကို က်ေနာ္တို႔႔ ႏိုင္ငံေတာ္ကေန ေထာက္ပံ့ေပးထားတာ စုစုေပါင္းဆိုရင္ဒါ ၄ ႀကိမ္ရွိခဲ့ၿပီေပါ့။ အခုေကာက္တဲ့ ဥစၥာကလည္း အကယ္၍ လိုအပ္လို႔ရွိရင္ ေဆာင္႐ြက္ရန္ဆိုၿပီးေတာ့ ရွိသမွ်လူဦးေရစာရင္းေကာက္လိုက္တာပါ။ အဲ့ဒီႏွစ္ခု မတူဘူးဆိုတာေလး ေျပာခ်င္ပါတယ္။”

အိမ္မွာပဲေနဖုိ႔ အမိန္႔ထုတ္ထားတဲ့အခ်ိန္မွာ အကူအညီ လုိအပ္တဲ့သူေတြကုိ ေထာက္ပံ့ေပးဖို႔အတြက္ စာရင္းေကာက္ယူရာမွာေတာ့ စနစ္တက်ျဖစ္ေအာင္ စီစဥ္ေနတယ္လုိ႔လည္း သဃၤန္းကြၽန္းၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးက ေျပာပါတယ္။

“အခုဘယ္လိုလုပ္လဲဆိုေတာ့ သန္းေခါင္စာရင္းရွိတာကေတာ့ လူဝင္မႈႀကီးၾကပ္ေရး႐ုံးမွာ သန္းေခါင္စာရင္း ေပါင္းဘယ္ေလာက္၊ လူဦးေရဘယ္ေလာက္ ဆိုတဲ့ စာရင္းက ရွိၿပီးသားပဲ။ ဒါေပမယ့္ အခုလိုက္ ေကာက္ေနတယ္ဆိုတာက ဒီသန္းေခါင္စာရင္းလည္း မရွိ၊ ေ႐ႊ႕ေျပာင္းေပါ့ဗ်ာ။ ေနထိုင္ၾကတဲ့သူေတြ ရွိတယ္။ ဟိုတုန္းက ေ႐ြးေကာက္ပြဲနီးေတာ့မွ ထုတ္ေပးထားတဲ့ ယာယီသန္းေခါင္စာရင္းနဲ႔ ေနတဲ့သူေတြလည္းရွိတယ္။ ဒါေတြကို လိုက္ၿပီးေတာ့ စိစစ္ေကာက္ခံေနတာျဖစ္ပါတယ္။ အခုဟာကေတာ့ အထက္က ေငြပဲေပးမလား၊ စားနပ္ရိကၡာေပးမလားဆိုတာေတာ့ က်ေနာ္တို႔ အတိအက်မသိေသးဘူး။ ဒါေပမဲ့ အရင္အေခါက္မွာေတာ့ ရသူရ၊ မရသူမရဆိုတဲ့ ျပႆနာေလးေတြ ရွိခဲ့ပါတယ္။ ဒီတစ္ခါေတာ့ အားလုံးအတိုင္းအတာနဲ႔ ႏိုင္ငံေတာ္အစိုးရက ေပးမယ္ဆိုေတာ့ ျပႆနာေလးေတြကေတာ့ အရင္ေလာက္မရွိႏိုင္ေတာ့ဘူးလို႔ က်ေနာ္ထင္တယ္။”

သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌးကေတာ့ ရန္ကုန္တိုင္းေဒသႀကီးအတြင္း အိမ္မွာေနဖုိ႔ အမိန္႔ထုတ္ထားခ်ိန္မွာ လုိအပ္ရင္ အေထာက္အပံ့ေတြ ေပးႏုိင္ေအာင္ ႀကိဳတင္ျပင္ဆင္ထားတာျဖစ္ေၾကာင္း အြန္လုိင္းကေန ေျပာဆုိထားပါတယ္။ ေရာဂါျပန္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ အဆက္အသြယ္ေတြ ျဖတ္ေတာက္ထားရတဲ့ ေနာက္ဆုံးအေျခအေန ေရာက္လာရင္ အခက္အခဲမရွိေအာင္ ႀကိဳတင္ျပင္ဆင္ထားတာလုိ႔လည္း သတင္းေထာက္ေတြကုိ ေျပာဆုိထားပါတယ္။ ရန္ကုန္တုိင္းအတြင္း ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈ ျမင့္မားလာတဲ့အတြက္ ကူးစက္မႈေတြကို ကာကြယ္ဖို႔ စက္တင္ဘာလ ၂၄ ရက္ေန႔ကေန ေအာက္တိုဘာလ ၇ ရက္ေန႔အထိ ေနအိမ္မွာပဲ ေနၾကဖို႔ အမိန္႔ထုတ္ျပန္ထားၿပီး၊ မျဖစ္မေနလုပ္ငန္းတခ်ဳိ႕မွာ လုပ္ကုိင္ေနသူေတြကုိသာ သြားလာခြင့္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်မှာ ကိုဗစ်ကာလ အရေးပေါ်အကူအညီပေးဖို့ စာရင်းကောက်ယူ

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ အိမ်မှာပဲ နေကြဖို့ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်း လိုအပ်လာရင် အကူအညီ အထောက်အပံ့တွေ ပေးနိုင်အောင် အာဏာပိုင်တွေ စတင်စာရင်းကောက်ယူနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း အိမ်မှာပဲနေကြဖို့ အမိန့်ထုတ်ပြန်ထားတာကြောင့် အရေးပေါ်လိုအပ်ချက်တွေ ရှိလာခဲ့ရင် ကူညီနိုင်အောင် မြို့နယ်၊ ရပ်ကွက်အလိုက် စာရင်းကောက်ယူတဲ့ အစီအစဉ်တွေ စတင်နေတာပါ။

လှိုင်သာယာမြို့နယ် အနောက်ပိုင်းမှာ ဆိုရင်လည်း လူဦးရေ ၄၂၀,၀၀၀ ကျော်ကို စာရင်းကောက်ယူပြီး တိုင်းအစိုးရဆီကို ပေးပို့ထားပြီးဖြစ်တယ်လို့ လှိုင်သာယာမြို့နယ် အနောက်ပိုင်းအုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ပြောပါတယ်။

“Stay at Home ကာလမှာ လိုအပ်လို့ရှိရင် ထောက်ပံ့ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာကတော့ ဒါပြီးသွားပါပြီပေါ့။ ပို့ပြီးသွားပါပြီ စာရင်းက။ ထောက်ပံ့ကြေးပေးတာက အရင်လက်လုပ်လက်စား အခြေခံလူတန်းစားပေါ့လေ၊ ပုံမှန်ဝင်ငွေ မရှိတဲ့သူတွေကို ကျနော်တို့ နိုင်ငံတော်ကနေ ထောက်ပံ့ပေးထားတာ စုစုပေါင်းဆိုရင်ဒါ ၄ ကြိမ်ရှိခဲ့ပြီပေါ့။ အခုကောက်တဲ့ ဥစ္စာကလည်း အကယ်၍ လိုအပ်လို့ရှိရင် ဆောင်ရွက်ရန်ဆိုပြီးတော့ ရှိသမျှလူဦးရေစာရင်းကောက်လိုက်တာပါ။ အဲ့ဒီနှစ်ခု မတူဘူးဆိုတာလေး ပြောချင်ပါတယ်။”

အိမ်မှာပဲနေဖို့ အမိန့်ထုတ်ထားတဲ့အချိန်မှာ အကူအညီ လိုအပ်တဲ့သူတွေကို ထောက်ပံ့ပေးဖို့အတွက် စာရင်းကောက်ယူရာမှာတော့ စနစ်တကျဖြစ်အောင် စီစဉ်နေတယ်လို့လည်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။

“အခုဘယ်လိုလုပ်လဲဆိုတော့ သန်းခေါင်စာရင်းရှိတာကတော့ လူဝင်မှုကြီးကြပ်ရေးရုံးမှာ သန်းခေါင်စာရင်း ပေါင်းဘယ်လောက်၊ လူဦးရေဘယ်လောက် ဆိုတဲ့ စာရင်းက ရှိပြီးသားပဲ။ ဒါပေမယ့် အခုလိုက် ကောက်နေတယ်ဆိုတာက ဒီသန်းခေါင်စာရင်းလည်း မရှိ၊ ရွှေ့ပြောင်းပေါ့ဗျာ။ နေထိုင်ကြတဲ့သူတွေ ရှိတယ်။ ဟိုတုန်းက ရွေးကောက်ပွဲနီးတော့မှ ထုတ်ပေးထားတဲ့ ယာယီသန်းခေါင်စာရင်းနဲ့ နေတဲ့သူတွေလည်းရှိတယ်။ ဒါတွေကို လိုက်ပြီးတော့ စိစစ်ကောက်ခံနေတာဖြစ်ပါတယ်။ အခုဟာကတော့ အထက်က ငွေပဲပေးမလား၊ စားနပ်ရိက္ခာပေးမလားဆိုတာတော့ ကျနော်တို့ အတိအကျမသိသေးဘူး။ ဒါပေမဲ့ အရင်အခေါက်မှာတော့ ရသူရ၊ မရသူမရဆိုတဲ့ ပြဿနာလေးတွေ ရှိခဲ့ပါတယ်။ ဒီတစ်ခါတော့ အားလုံးအတိုင်းအတာနဲ့ နိုင်ငံတော်အစိုးရက ပေးမယ်ဆိုတော့ ပြဿနာလေးတွေကတော့ အရင်လောက်မရှိနိုင်တော့ဘူးလို့ ကျနော်ထင်တယ်။”

သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်မှာနေဖို့ အမိန့်ထုတ်ထားချိန်မှာ လိုအပ်ရင် အထောက်အပံ့တွေ ပေးနိုင်အောင် ကြိုတင်ပြင်ဆင်ထားတာဖြစ်ကြောင်း အွန်လိုင်းကနေ ပြောဆိုထားပါတယ်။ ရောဂါပြန်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ အဆက်အသွယ်တွေ ဖြတ်တောက်ထားရတဲ့ နောက်ဆုံးအခြေအနေ ရောက်လာရင် အခက်အခဲမရှိအောင် ကြိုတင်ပြင်ဆင်ထားတာလို့လည်း သတင်းထောက်တွေကို ပြောဆိုထားပါတယ်။ ရန်ကုန်တိုင်းအတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်မားလာတဲ့အတွက် ကူးစက်မှုတွေကို ကာကွယ်ဖို့ စက်တင်ဘာလ ၂၄ ရက်နေ့ကနေ အောက်တိုဘာလ ၇ ရက်နေ့အထိ နေအိမ်မှာပဲ နေကြဖို့ အမိန့်ထုတ်ပြန်ထားပြီး၊ မဖြစ်မနေလုပ်ငန်းတချို့မှာ လုပ်ကိုင်နေသူတွေကိုသာ သွားလာခွင့်ပြုထားပါတယ်။

XS
SM
MD
LG