သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်အထောက်အကူပစ္စည်းတွေ မြန်မာကို ထိုင်းနဲ့ တူရကီလှူ


စက်တင်ဘာ ၂၄ ရက်နေ့က ရန်ကုန်ကွာရန်တင်းစင်တာ တခုရှိ ကျန်းမာရေးဝန်ထမ်းတဦးကို တွေ့ရစဉ်
စက်တင်ဘာ ၂၄ ရက်နေ့က ရန်ကုန်ကွာရန်တင်းစင်တာ တခုရှိ ကျန်းမာရေးဝန်ထမ်းတဦးကို တွေ့ရစဉ်

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ တိကျ မြန်ဆန်တဲ့ ကိုဗစ်ရောဂါ စစ်ဆေးရေးတွေပြုလုပ်နိုင်ဖို့ အတွက် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာန တို့က ပူးပေါင်းပြီး ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေထောက်ပံ့ ကူညီပေးသွားဖို့ စီစဉ်နေတယ်လို့ ထိုင်း ကူးစက်ရောဂါ ဌာနအကြီးအကဲ Sophon Iamsirithavorn က ပြောပါတယ်။ ထိုင်းဆေးဘက် ကျွမ်းကျင်ပညာရှင်တွေကိုစေလွှတ်ဖို့ကိုတော့မြန်မာ နိုင်ငံရဲ့ မေတ္တာရပ်ခံချက်ပေါ်မူတည်ပြီး လုပ်ဆောင် သွားမယ်လို့လည်း သူက ပြောပါတယ်။

ဗီယက်နမ်လိုပဲ မြန်မာနိုင်ငံဟာ လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကိုထိန်းချုပ်နိုင်မယ်လို့ ထိုင်းက ယုံကြည်တယ်လို့လည်းထိုင်းကူးစက်ရောဂါဆိုင်ရာဌာနအကြီးအကဲ ပြောပါတယ်။ ဗီယက်နမ်မှာ တလလောက်အတွင်း ရောဂါထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး အခုမြန်မာနိုင်ငံ မြို့တွေမှာအသွားအလာတွေကန့်သတ် ထား ပြီးဖြစ် လို့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၃၅၁၆ ယောက်ရှိပြီး ၃၃၅၃ ယောက်ကပြန်လည် ကျန်းမာလာခဲ့သလို သေဆုံးသူက ၅၉ ယောက်ရှိပါတယ် ။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံ COVID 19 တိုက်ဖျက်ရေးလုပ်ငန်းတွေ မှာ ပါဝင်ကူညီတဲ့အနေနဲ့ ရခိုင်ပြည်နယ်တွင်း ဒုက္ခသည် မိသားစုတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေကို တူရကီ ပူးပေါင်းဆောင်ရွက်ရေး ကော်ပရေးရှင်း အေဂျင်စီ (TIKA) က ကြာသပတေးနေ့က ပေးပို့ခဲ့ပါတယ်။ (TIKA) က ရခိုင်ပြည်နယ်တွင်း လူဦးရေထူထပ်တဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေသူ မိသားစု ၃၀၀၀ လောက်အတွက် သန့်ရှင်းရေး အထောက်အကူပြု ပစ္စည်းတွေကို ဒေသတွင်း COVID-19 တုန့်ပြန်ဆောင်ရွက်ရေး ကော်မတီကနေ တဆင့် ပေးပို့ခဲ့တာလို့လည်း အစ္စတန်ဘူလ်ခြေစိုက် Daily Sabah သတင်းဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)




XS
SM
MD
LG