သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ ၁၅၀၊ ကူးစက္သူ ၈,၃၀၀ ေက်ာ္ၿပီ


အင္းစိန္ၿမိဳ႕နယ္က ေဆးခန္းတခုမွာ အမ်ဳိးသမီးတဦးကို COVID-19 စစ္ေဆးဖို႔ Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ ၃ ဦး ထပ္တိုးတယ္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အမွတ္ ၂ တပ္မေတာ္ေဆး႐ံု၊ ကုတင္ ၅၀၀ မွာ ကုသမႈခံယူခဲ့ၾကတဲ့ အသက္ ၇၄ ႏွစ္အရြယ္ အမ်ဳိးသား လူနာအမွတ္ ၅၇၅၅ နဲ႔ အသက္ ၃၉ ႏွစ္အရြယ္ အမ်ဳိးသား လူနာအမွတ္ ၅၇၅၀၊ ေဖာင္ႀကီး COVID-19 ကုသေရးဌာနမွာ ကုသမႈခံယူခဲ့တဲ့ အသက္ ၆၁ ႏွစ္အရြယ္ အမ်ဳိးသမီး လူနာအမွတ္ ၅၉၇၂ တို႔ ကြယ္လြန္သြားတာပါ။ သူတို႔သံုးဦးစလံုးဟာ ဒီကေန႔တရက္တည္းမွာပဲ ကြယ္လြန္ခဲ့ၾကတာ ျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ စက္တင္ဘာ ၂၄ ရက္ ည ၈နာရီထုတ္ျပန္ခ်က္။ (ဓာတ္ပုံ - MOHS)
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ စက္တင္ဘာ ၂၄ ရက္ ည ၈နာရီထုတ္ျပန္ခ်က္။ (ဓာတ္ပုံ - MOHS)

ေရာဂါကူးစက္သူကလည္း ေနာက္ထပ္ ၅၁၇ ဦး ထပ္တိုးတာေၾကာင့္ စုစုေပါင္း ၈,၃၄၄ ဦးရွိၿပီ ျဖစ္ပါတယ္။

ဒီကေန႔မနက္ ၈ နာရီကေန ည ၈ နာရီအတြင္း စစ္ေဆးၿပီးစီးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၂,၄၂၆ ခုထဲမွာ အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္သူေတြ ေတြ႔ခဲ့ရတာပါ။

ေဆး႐ံုအသီးသီးကေန ဆင္းခြင့္ရသူ အေရအတြက္ ၂၉၆ ဦး ထပ္တိုးတာေၾကာင့္ ေဆး႐ံုကဆင္းသြားသူေပါင္း ၂,၃၈၁ ဦးရွိပါၿပီ။

ကိုဗစ္ေရာဂါပိုး ကူးစက္သူအေရအတြက္ ေန႔စဥ္လို တိုးလာေနတာနဲ႔အမွ် ေဒသအသီးသီးမွာ ပိတ္ပင္ကန္႔သတ္ခ်က္ေတြ ခ်မွတ္ထားၿပီး လူထုအေနနဲ႔ ကိုဗစ္ေရာဂါ ကာကြယ္ေရးဆိုင္ရာ က်န္းမာေရးဌာနရဲ႕ လမ္းၫႊန္ခ်က္ေတြနဲ႔အညီ လိုက္နာေနထိုင္ၿပီးေတာ့ ေရာဂါပိုးအႏၲရာယ္ကေန ကာကြယ္ၾကဖို႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြက ႏိႈးေဆာ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

မြန်မာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၅၀၊ ကူးစက်သူ ၈,၃၀၀ ကျော်ပြီ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၃ ဦး ထပ်တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမှတ် ၂ တပ်မတော်ဆေးရုံ၊ ကုတင် ၅၀၀ မှာ ကုသမှုခံယူခဲ့ကြတဲ့ အသက် ၇၄ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၅၇၅၅ နဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၅၇၅၀၊ ဖောင်ကြီး COVID-19 ကုသရေးဌာနမှာ ကုသမှုခံယူခဲ့တဲ့ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၅၉၇၂ တို့ ကွယ်လွန်သွားတာပါ။ သူတို့သုံးဦးစလုံးဟာ ဒီကနေ့တရက်တည်းမှာပဲ ကွယ်လွန်ခဲ့ကြတာ ဖြစ်ပါတယ်။

ရောဂါကူးစက်သူကလည်း နောက်ထပ် ၅၁၇ ဦး ထပ်တိုးတာကြောင့် စုစုပေါင်း ၈,၃၄၄ ဦးရှိပြီ ဖြစ်ပါတယ်။

ဒီကနေ့မနက် ၈ နာရီကနေ ည ၈ နာရီအတွင်း စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၄၂၆ ခုထဲမှာ အခုလို နောက်ထပ် ရောဂါပိုးကူးစက်သူတွေ တွေ့ခဲ့ရတာပါ။

ဆေးရုံအသီးသီးကနေ ဆင်းခွင့်ရသူ အရေအတွက် ၂၉၆ ဦး ထပ်တိုးတာကြောင့် ဆေးရုံကဆင်းသွားသူပေါင်း ၂,၃၈၁ ဦးရှိပါပြီ။

ကိုဗစ်ရောဂါပိုး ကူးစက်သူအရေအတွက် နေ့စဉ်လို တိုးလာနေတာနဲ့အမျှ ဒေသအသီးသီးမှာ ပိတ်ပင်ကန့်သတ်ချက်တွေ ချမှတ်ထားပြီး လူထုအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာနေထိုင်ပြီးတော့ ရောဂါပိုးအန္တရာယ်ကနေ ကာကွယ်ကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက နှိုးဆော်ထားပါတယ်။

XS
SM
MD
LG