သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေသဆံုးမႈ အေရွ႕ေတာင္အာရွမွာ ျမန္မာ တတိယအမ်ားဆုံးျဖစ္လာ


စက္တင္ဘာ ၂၄ ရက္ေန႔က ရန္ကုန္ကြာရန္တင္းစင္တာ တခုရွိ က်န္းမာေရး၀န္ထမ္းတဦးကို ေတြ႔ရစဥ္

(Zawgyi/Unicode)

စက္တင္ဘာလ ၂၄ ရက္ေန႔က ျမန္မာနိုင္ငံ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက COVID-19 ကူးစက္မႈ သတင္းကို ၃ ႀကိမ္ခြဲ ထုတ္ျပန္ ေၾကညာခဲ့ရာမွာCOVID-19ေၾကာင့္ ေသဆုံးသူေနာက္ထပ္ အေယာက္ ၂၀ တိုးလာခဲ့ပါတယ္။ ဒါေၾကာင့္ COVID-19 ေၾကာင့္ ေသဆုံးေၾကာင္း အတည္ျပဳသူ အေရအတြက္ ၁၅၀ ရွိသြားၿပီျဖစ္လို႔ ျမန္မာနိုင္ငံဟာ အေရွ႕ေတာင္ အာရွေဒသအတြင္း မေလးရွားနိုင္ငံကို ေက်ာ္ၿပီး COVID-19ေၾကာင့္ ေသဆုံးသူ တတိယ အမ်ားဆုံးရွိတဲ့ နိုင္ငံ ျဖစ္လာခဲ့ပါတယ္။

အေရွ႕ေတာင္ အာရွ ေဒသမွာ အင္ဒိုနီးရွားမွာက COVID-19 ေၾကာင့္ ေသဆုံးသူ ၁ ေသာင္းေက်ာ္၊ ဖိလစ္ပိုင္မွာ ၅၀၀၀ ေက်ာ္ ရွိၿပီး မေလးရွားမွာက ၁၃၃ ေယာက္ ရွိတယ္လို႔ စက္တင္ဘာလ ၂၄ ရက္ေန႔စြဲနဲ႔ Johns Hopkins တကၠသိုလ္က ထုတ္ျပန္ထား ပါတယ္။

ဒါအျပင္ တစ္ရက္တည္း ထုတ္ျပန္ခ်က္အရ ကူးစက္ခံရသူ အေရအတြက္လည္း ေထာင္ေက်ာ္သြားခဲ့ပါတယ္။

စက္တင္ဘာလ ၂၃ ရက္ ည ၈ နာရီက ၂၄ ရက္ေန႔ ည ၈ နာရီအထိ ၂၄ နာရီအတြင္း ဓါတ္ခြဲ နမူနာ စုစုေပါင္း ၈၃၀၀ နီးပါးကို စစ္ေဆး ခဲ့တယ္လို႔လည္း က်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီ စစ္ေဆးမႈ ရလဒ္ေတြကို ၂ သုတ္ခြဲ ထုတ္ျပန္ခ်က္အရ ေရာဂါ ကူးစက္ခံရသူ အသစ္ ၁၃၈၆ ေယာက္ရွိခဲ့ ပါတယ္။ ဒါေၾကာင့္ ကူးစက္သူ စုစုေပါင္း ၈၃၄၄ ဦးရွိၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ဒါဟာ လူဦးေရ ပိုမ်ားတဲ့ အိမ္နီးခ်င္းထိုင္းနိုင္ငံက ကူးစက္မႈ ၃၅၁၆ ခုထက္ ကူးစက္မႈ ၂ ဆေက်ာ္ ပိုမ်ားေနတာ ျဖစ္ပါတယ္။ ေရာဂါ အျဖစ္အမ်ားဆုံး ဗဟိုခ်က္ျဖစ္လာတဲ့ ရန္ကုန္ၿမိဳ႕မွာ အသြားအလာ Lockdownခ်မွတ္ထားသလို တစ္နိုင္ငံလုံး ျပည္တြင္း ေလေၾကာင္း ခရီးစဥ္ေတြလည္းရပ္ဆိုင္းထားခဲ့ပါတယ္။

အခုလို COVID-19ထိန္းခ်ဳပ္ ကာကြယ္ေရး ေဆာင္ရြက္ခ်က္ရဲ့ ရလဒ္ကို လာမယ့္ ၂ ပတ္အတြင္း ေတြ႕ျမင္ရမွာ ျဖစ္ေၾကာင္းနဲ႔ လူထု အေနနဲ႔COVID-19 စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာဖို႔လိုအပ္ေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာနက ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

(Unicode)

စက်တင်ဘာလ ၂၄ ရက်နေ့က မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက COVID-19 ကူးစက်မှု သတင်းကို ၃ ကြိမ်ခွဲ ထုတ်ပြန် ကြေညာခဲ့ရာမှာCOVID-19ကြောင့် သေဆုံးသူနောက်ထပ် အယောက် ၂၀ တိုးလာခဲ့ပါတယ်။ ဒါကြောင့်COVID-19 ကြောင့် သေဆုံးကြောင်း အတည်ပြုသူ အရေအတွက် ၁၅၀ ရှိသွားပြီဖြစ်လို့ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှဒေသအတွင်း မလေးရှားနိုင်ငံကို ကျော်ပြီး COVID-19ကြောင့် သေဆုံးသူ တတိယ အများဆုံးရှိတဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

အရှေ့တောင် အာရှ ဒေသမှာ အင်ဒိုနီးရှားမှာက COVID-19 ကြောင့် သေဆုံးသူ ၁ သောင်းကျော်၊ ဖိလစ်ပိုင်မှာ ၅၀၀၀ ကျော် ရှိပြီး မလေးရှားမှာက ၁၃၃ ယောက် ရှိတယ်လို့ စက်တင်ဘာလ ၂၄ ရက်နေ့စွဲနဲ့ Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ထား ပါတယ်။

ဒါအပြင် တစ်ရက်တည်း ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ အရေအတွက်လည်း ထောင်ကျော်သွားခဲ့ပါတယ်။

စက်တင်ဘာလ ၂၃ ရက် ည ၈ နာရီက ၂၄ ရက်နေ့ ည ၈ နာရီအထိ ၂၄ နာရီအတွင်း ဓါတ်ခွဲ နမူနာ စုစုပေါင်း ၈၃၀၀ နီးပါးကို စစ်ဆေး ခဲ့တယ်လို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ စစ်ဆေးမှု ရလဒ်တွေကို ၂ သုတ်ခွဲ ထုတ်ပြန်ချက်အရ ရောဂါ ကူးစက်ခံရသူ အသစ် ၁၃၈၆ ယောက်ရှိခဲ့ ပါတယ်။ ဒါကြောင့် ကူးစက်သူ စုစုပေါင်း ၈၃၄၄ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါဟာ လူဦးရေ ပိုများတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံက ကူးစက်မှု ၃၅၁၆ ခုထက် ကူးစက်မှု ၂ ဆကျော် ပိုများနေတာ ဖြစ်ပါတယ်။ ရောဂါ အဖြစ်အများဆုံး ဗဟိုချက်ဖြစ်လာတဲ့ ရန်ကုန်မြို့မှာ အသွားအလာLockdownချမှတ်ထားသလို တစ်နိုင်ငံလုံး ပြည်တွင်း လေကြောင်း ခရီးစဉ်တွေလည်းရပ်ဆိုင်းထားခဲ့ပါတယ်။

အခုလို COVID-19ထိန်းချုပ် ကာကွယ်ရေး ဆောင်ရွက်ချက်ရဲ့ ရလဒ်ကို လာမယ့် ၂ ပတ်အတွင်း တွေ့မြင်ရမှာ ဖြစ်ကြောင်းနဲ့ လူထု အနေနဲ့COVID-19 စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

XS
SM
MD
LG