သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီမုိကေရစီအသြင္ကူးေျပာင္းမႈ ကူညီဖုိ႔ ကုလကုိ ျမန္မာေတာင္းဆုိ


၇၅ ႏွစ္သက္တမ္းျပည္႔ ကုလသမဂၢအေထြေထြညီလာခံမွာ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး၀န္ႀကီး ဦးေက်ာ္တင္က ဗီြဒီယိုကေန မိန္႔ခြန္းေျပာၾကား (ဓါတ္ပံု -MOFA)

(Zawgyi/Unicode)

ပဋိပကၡ ေတြနဲ႔ ဆက္ႏြယ္ၿပီး ထြက္ေပၚလာတဲ့ ျပင္ပစိန္ေခၚမႈေတြေၾကာင့္ ျမန္မာအစိုးရရဲ႕ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး ႀကိဳးပမ္းအားထုတ္မႈေတြကို ပိုမိုရွဳပ္ေထြးခက္ခဲေစတယ္လို႔ ျမန္မာ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ရြက္ေရး၀န္ႀကီးက ကုလသမဂၢမွာ ေျပာၾကားခဲ့ပါတယ္။

နယူးေရာက္ ကုလသမဂၢဌာနခ်ဳပ္မွာ ျပဳလုပ္ေနတဲ့ ႏွစ္ပတ္လည္ အေထြေထြညီလာခံမွာ တနလၤာေန႔က ၀န္ႀကီး ဦးေက်ာ္တင္က ဗီြဒီယိုကေန မိန္႔ခြန္း ေျပာၾကားရာမွာ ကုလသမဂၢအေနနနဲ႔ ျမန္မာကို္ ဖိအားေပးမယ့္အစား အကာအကြယ္ေပးဖို႔နဲ႔ စိန္ေခၚမႈေတြေက်ာ္လႊားႏိုင္ေရး အကူအညီေပးသင့္ေၾကာင္း တိုက္တြန္းသြားပါတယ္။

မအင္ၾကင္းႏိုင္က အျပည့္အစံုကို ဆက္လက္တင္ျပမွာပါ။

COVID-19 ကပ္ေရာဂါေၾကာင့္ အကန္႔အသတ္ေတြနဲ႔ က်င္းပေနတဲ့ ၇၅ ႏွစ္သက္တမ္းျပည္႔ ကုလသမဂၢအေထြေထြညီလာခံမွာ ျမန္မာႏိုင္ငံအေနနဲ႔ တနလၤာေန႔ စက္တင္ဘာလ ၂၂ ရက္ေန႔က ေျပာၾကားခြင့္ရခဲ့တာပါ။ ျမန္မာအစိုးရကိုယ္စား အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး၀န္ႀကီး ဦးေက်ာ္တင္က ဗီြဒီယိုကေန မိန္႔ခြန္းေျပာၾကားရာမွာ ျမန္မာႏိုင္ငံရဲ႕ပဋိပကၡနဲ႔ ဆက္ႏြယ္ၿပီး ျပင္ပက လာတဲ့ ဖိအားေပး စိန္ေခၚမႈေတြေၾကာင့္ သူတို႔ရဲ႕ဒီမိုကေရစီအသြင္ကူးေျပာင္းေရး ႀကိဳးပမ္းအားထုတ္မႈေတြကို ခက္ခဲေစတယ္လို႔ အခုလို ေထာက္ျပေျပာဆိုသြားပါတယ္။

”ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ရန္ အတြက္ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကို ဦး တည္ေဆာင္႐ြက္ေနတဲ့ ျမန္မာႏိုင္ငံအေနနဲ႔ ရႈပ္ေထြးခက္ခဲတဲ့ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး ကိုႀကဳံေတြ႕ေနရပါတယ္။ ဒါအျပင္ ပဋိပကၡ ျပႆနာေတြနဲ႔ ဆက္ႏြယ္ၿပီး ထြက္ေပၚလာတဲ့ ျပင္ပစိန္ေခၚမႈေတြ ျမင့္တက္လာတာေၾကာင့္လည္း ႀကိဳးပမ္းအားထုတ္မႈေတြကို ပိုမို ရႈပ္ေထြးေစပါတယ္။”

ႏိုင္ငံတကာအသိုင္းအဝိုင္း၏အျပဳသေဘာေဆာင္ေသာ ပူးေပါင္းပါ၀င္မႈကသာ ရႈပ္ေထြးသိမ့္ေမြ႔တဲ့ သေဘာသဘာ၀ရွိေနတဲ့ အခက္အခဲေတြ ေျဖရွင္းႏိုင္မွာျဖစ္တယ္လို႔ ျမန္မာအစိုးရက ယံုၾကည္ထားေၾကာင္းလည္း ၀န္ႀကီး ဦးေက်ာ္တင္က ေျပာသြားပါတယ္။

"ကုလသမဂၢဟာ ျမန္မာႏိုင္ငံလို ဖံြၿဖိဳးဆဲႏိုင္ငံေတြအတြက္ ေမွ်ာ္လင့္ခ်က္ မီးရွႈးတေဆာင္ ျဖစ္သင့္ပါတယ္။ ဒါေၾကာင့္ အဖဲြ႕၀င္ႏိုင္ငံေတြရဲ႕လိုအပ္ခ်က္ေတြကို ဦးစားေပးျဖည့္စည္းေပးႏိုင္ဖို႔ ကုလသမဂၢကို ျပန္လည္အားျဖည့္ဖို႔ လိုအပ္ေနပါတယ္။ ကုလသမဂၢအေနနဲ႔ ျမန္မာႏိုင္ငံလို ႏိုင္ငံငယ္ေတြကို ကာကြယ္ဖို႔နဲ႕ သူတို႔ရဲ႕ စိန္ေခၚမႈေတြကို ေက်ာ္လႊားဖို႔ အဟန္႕အတားမျဖစ္ေစပဲ ကူညီေပးတယ္ဆိုတာကိုပဲ က်ေနာ္တို႔ ျမင္လိုပါတယ္။"

လက္ရွိျမန္မာအစိုးရဟာ ကုလသမဂၢအျမင့္ဆံုး တရားရံုးျဖစ္တဲ့ ICJ မွာ ရိုဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုန္းသတ္ျဖတ္မႈ စြပ္စြဲခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံရဲ႕တရားစဲြဆိုခ်က္ကို ရင္ဆိုင္ေနရတာပါ။ အခုလို ကုသမဂၢအေထြေထြညီလာခံမွာ ၀န္ႀကီးဦးေက်ာ္တင္ေျပာၾကားခဲ့တဲ့ မိန္႔ခြန္းနဲ႔ ပတ္သက္လို႔ ျမန္မာလူ႔အခြင့္အေရးအဖဲြ႔တခုျဖစ္တဲ့ ေရွ႕ေျပးအသံ ဘုတ္အဖဲြ႕ဥကၠဌ ေဒၚခင္ဥမၼာ က သူ႔ရဲ႕အျမင္ကို အခုလို ဗီြအိုေအကိုေျပာပါတယ္။

“ျမန္မာအစိုးရအေနနဲ႕က ႏိုင္ငံတကာရဲ႕ အကူအညီေတြက်ရင္ေတာ့ ကိုယ့္ႏိုင္ငံအတြက္ ကိုယ္လိုတဲ့ဥစၥာကုိေတာ့ ယူမယ္၊ ေပးၾကပါေပါ့။ ဒါေပမယ့္ တကယ္တမ္းကိုယ့္ဘက္ကေနၿပီးေတာ့မွ ကုလသမဂၢရဲ႕ အ၀န္းအ၀ိုင္း၊ အားလံုးနဲ႔ အတူတူ ပူးေပါင္းေဆာင္ရြက္မႈေပါ့၊ အဲလိုမ်ိဳး ကိစၥမ်ိဳးက်မွာေတာ့ ကိုယ္ကေနၿပီးေတာ့မွ တာ၀န္ယူမႈ ၊ တာ၀န္ခံမႈေတြဆိုတာ ရွိရမွာပဲေလ။ ဆိုေတာ့ တကယ္လည္း ကုလသမဂၢအဖြဲ႔၀င္ႏိုင္ငံေတြမွာက ကိုယ္ေတြ လက္မွတ္ေတြထိုးထားတာေတြရွိတယ္၊ ကတိက၀တ္ေတြ ျပဳထားတာေတြရွိတယ္။ စာခ်ဳပ္စာတန္းေတြ သေဘာတူထားတာေတြရွိတယ္။ ဆိုေတာ့ လိုခ်င္တာေတြေတာ့ေပး၊ ဒါေပမယ့္ တာ၀န္ယူဖို႔ ၊ တာ၀န္ခံဖို႔ေတြကိုေတာ့ လာမေျပာနဲ႔ ဆိုတာမ်ိဳး။ သံတမန္နညး္အရ ဘယ္လိုပဲ စကားလံုးသံုးသံုးေပါ့ေနာ္ အဲလိုအဓိပၸါယ္ေရာက္တာမ်ိဳးကေတာ့ က်မတို႔က ထင္တယ္ တိုင္းျပည္က တကယ္ျဖစ္ေနတဲ့ ျပႆနာေတြကို တကမာၻလံုးက ျမင္ေနရတဲ့အခ်ိန္မွာ အခုလို အစိုးရ တာ၀န္ရွိသူတေယာက္က ထပ္ၿပီးေတာ့ ဒီလို မသိခ်င္ေယာင္ေဆာင္ၿပီးေျပာတာက ပိုေတာင္မွ သိကၡာက်ေစတယ္လို႔ က်မ ျမင္တယ္ရွင့္။”

ဒါ့အျပင္ ကုလသမဂၢအဖဲြ႔၀င္ ျမန္မာႏိုင္ငံအေနနဲ႔ ICJ တရားရံုးရဲ႕ ဆံုးျဖတ္ခ်က္ေတြကို လိုက္နာ အေကာင္အထည္ေဖၚတာမ်ဳိးမရွိတာ၊ IIMM လို ကုလသမဂၢ ယႏၱရားအဖဲြ႔ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ျငင္းပယ္ေနမယ္ဆိုရင္ ဒီႏွစ္ ကုလသမဂၢ႐ဲ႕ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္ေတြဟာ ပိုၿပီး ျပင္းထန္ ဖိအားေပးလာဖို႔ရွိတယ္လို႔ ျမင္ေၾကာင္း ေဒၚခင္ဥမၼာက ေျပာပါတယ္။

“ဒီ ICJ ဆိုတာက ကုလသမဂၢရဲ႕ တရား၀င္ ခံုရံုးျဖစ္တဲ့အတြက္ေၾကာင့္ ကုလသမဂၢ အဖြဲ႔၀င္ႏိုင္ငံေတြက သူ႔ရဲ႕ တရားရံုးကေန ဆံုးျဖတ္လိုက္တဲ့ ကိစၥကို ျမန္မာအစိုးရဟာ တာ၀န္ယူၿပီးေတာ့ ေျဖရွင္းဖို႔အတြက္ကို သူတို႔က ဒီဆံုးျဖတ္ခ်က္ အေကာင္အထည္ေဖာ္ဖို႔အတြက္ကို သူတို႔က လုပ္ၾကရမွာပဲ။ ဆိုေတာ့ အဲဒီတာ၀န္ျဖစ္တဲ့ ကိစၥအေပၚမွာ မူတည္ၿပီးေတာ့ အခု ဒီအေထြေထြညီလာခံမွာ ပံုမွန္ ႏွစ္စဥ္ ျမန္မာျပည္အတြက္ ဆံုးျဖတ္ခ်က္ခ်ေနတဲ့ဟာေတြ ဒီႏွစ္ဆံုးျဖတ္ခ်က္က ICJ နဲ႔ ပတ္သက္လို႔ ပိုၿပီးေတာ့မွ ျမန္မာ အစိုးရ လိုက္နာေဆာင္ရြက္ဖို႔ ကိစၥေတြကို ပိုၿပီးေတာ့မွ ေျပာလာၾကလိမ့္မယ္ ၊ ပါလာလိမ့္မယ္လို႔ က်မျမင္တယ္။”

၁၉၄၈ ခုႏွစ္လြတ္လပ္ေရးရၿပီးမၾကာမီမွာ ျမန္မာႏိုင္ငံဟာ ကုလသမဂၢရဲ႕ ၅၈ ႏိုင္ငံေျမာက္ အဖဲြ႔၀င္ျဖစ္လာခဲ့ၿပီး လူမ်ဳိးတုန္းသတ္ျဖတ္မႈ ကာကြယ္ တားဆီးေရး စာခ်ဳပ္အပါအ၀င္ ကုလသမဂၢရဲ႕ ပဋိညာဥ္စာတမ္းေတြမွာ ပါ၀င္ လက္မွတ္ေရးထိုးထားပါတယ္။ ဒါအျပင္ ကုလသမဂၢရဲ႕ တတိယေျမာက္ အတြင္းေရးမွဴးခ်ဳပ္အျဖစ္ ျမန္မာႏိုင္ငံသား ဦးသန္႔က တာ၀န္ထမ္းေဆာင္ခဲ့ၿပီး စစ္ေအးတိုက္ပဲြကာလ ျပင္းထန္လွတဲ့ အက်ပ္အတည္းေတြကို ဖယ္ရွားၿပီး ကမၻာ့ၿငိမ္းခ်မ္းေရးအတြက္ ဦးေဆာင္ႏိုင္ခဲ့သူျဖစ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................

ဒီမိုကရေစီအသွင်ကူးပြောင်းမှု ကူညီဖို့ ကုလကို မြန်မာတောင်းဆို

(Unicode)

ပဋိပက္ခ တွေနဲ့ ဆက်နွယ်ပြီး ထွက်ပေါ်လာတဲ့ ပြင်ပစိန်ခေါ်မှုတွေကြောင့် မြန်မာအစိုးရရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းအားထုတ်မှုတွေကို ပိုမိုရှုပ်ထွေးခက်ခဲစေတယ်လို့ မြန်မာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက ကုလသမဂ္ဂမှာ ပြောကြားခဲ့ပါတယ်။

နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်နေတဲ့ နှစ်ပတ်လည် အထွေထွေညီလာခံမှာ တနင်္လာနေ့က ဝန်ကြီး ဦးကျော်တင်က ဗွီဒီယိုကနေ မိန့်ခွန်း ပြောကြားရာမှာ ကုလသမဂ္ဂအနေနနဲ့ မြန်မာကို ဖိအားပေးမယ့်အစား အကာအကွယ်ပေးဖို့နဲ့ စိန်ခေါ်မှုတွေကျော်လွှားနိုင်ရေး အကူအညီပေးသင့်ကြောင်း တိုက်တွန်းသွားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

COVID-19 ကပ်ရောဂါကြောင့် အကန့်အသတ်တွေနဲ့ ကျင်းပနေတဲ့ ၇၅ နှစ်သက်တမ်းပြည့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံအနေနဲ့ တနင်္လာနေ့ စက်တင်ဘာလ ၂၂ ရက်နေ့က ပြောကြားခွင့်ရခဲ့တာပါ။ မြန်မာအစိုးရကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ဗွီဒီယိုကနေ မိန့်ခွန်းပြောကြားရာမှာ မြန်မာနိုင်ငံရဲ့ပဋိပက္ခနဲ့ ဆက်နွယ်ပြီး ပြင်ပက လာတဲ့ ဖိအားပေး စိန်ခေါ်မှုတွေကြောင့် သူတို့ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းအားထုတ်မှုတွေကို ခက်ခဲစေတယ်လို့ အခုလို ထောက်ပြပြောဆိုသွားပါတယ်။

”ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် အတွက် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦး တည်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ရှုပ်ထွေးခက်ခဲတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကိုကြုံတွေ့နေရပါတယ်။ ဒါအပြင် ပဋိပက္ခ ပြဿနာတွေနဲ့ ဆက်နွယ်ပြီး ထွက်ပေါ်လာတဲ့ ပြင်ပစိန်ခေါ်မှုတွေ မြင့်တက်လာတာကြောင့်လည်း ကြိုးပမ်းအားထုတ်မှုတွေကို ပိုမို ရှုပ်ထွေးစေပါတယ်။”

နိုင်ငံတကာအသိုင်းအဝိုင်း၏အပြုသဘောဆောင်သော ပူးပေါင်းပါဝင်မှုကသာ ရှုပ်ထွေးသိမ့်မွေ့တဲ့ သဘောသဘာဝရှိနေတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ မြန်မာအစိုးရက ယုံကြည်ထားကြောင်းလည်း ဝန်ကြီး ဦးကျော်တင်က ပြောသွားပါတယ်။

"ကုလသမဂ္ဂဟာ မြန်မာနိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံတွေအတွက် မျှော်လင့်ချက် မီးရှှုးတဆောင် ဖြစ်သင့်ပါတယ်။ ဒါကြောင့် အဖွဲ့ဝင်နိုင်ငံတွေရဲ့လိုအပ်ချက်တွေကို ဦးစားပေးဖြည့်စည်းပေးနိုင်ဖို့ ကုလသမဂ္ဂကို ပြန်လည်အားဖြည့်ဖို့ လိုအပ်နေပါတယ်။ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံလို နိုင်ငံငယ်တွေကို ကာကွယ်ဖို့နဲ့ သူတို့ရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ အဟန့်အတားမဖြစ်စေပဲ ကူညီပေးတယ်ဆိုတာကိုပဲ ကျနော်တို့ မြင်လိုပါတယ်။"

လက်ရှိမြန်မာအစိုးရဟာ ကုလသမဂ္ဂအမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံရဲ့တရားစွဲဆိုချက်ကို ရင်ဆိုင်နေရတာပါ။ အခုလို ကုသမဂ္ဂအထွေထွေညီလာခံမှာ ဝန်ကြီးဦးကျော်တင်ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သက်လို့ မြန်မာလူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ ရှေ့ပြေးအသံ ဘုတ်အဖွဲ့ဥက္ကဌ ဒေါ်ခင်ဥမ္မာ က သူ့ရဲ့အမြင်ကို အခုလို ဗွီအိုအေကိုပြောပါတယ်။

“မြန်မာအစိုးရအနေနဲ့က နိုင်ငံတကာရဲ့ အကူအညီတွေကျရင်တော့ ကိုယ့်နိုင်ငံအတွက် ကိုယ်လိုတဲ့ဥစ္စာကိုတော့ ယူမယ်၊ ပေးကြပါပေါ့။ ဒါပေမယ့် တကယ်တမ်းကိုယ့်ဘက်ကနေပြီးတော့မှ ကုလသမဂ္ဂရဲ့ အဝန်းအဝိုင်း၊ အားလုံးနဲ့ အတူတူ ပူးပေါင်းဆောင်ရွက်မှုပေါ့၊ အဲလိုမျိုး ကိစ္စမျိုးကျမှာတော့ ကိုယ်ကနေပြီးတော့မှ တာဝန်ယူမှု ၊ တာဝန်ခံမှုတွေဆိုတာ ရှိရမှာပဲလေ။ ဆိုတော့ တကယ်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာက ကိုယ်တွေ လက်မှတ်တွေထိုးထားတာတွေရှိတယ်၊ ကတိကဝတ်တွေ ပြုထားတာတွေရှိတယ်။ စာချုပ်စာတန်းတွေ သဘောတူထားတာတွေရှိတယ်။ ဆိုတော့ လိုချင်တာတွေတော့ပေး၊ ဒါပေမယ့် တာဝန်ယူဖို့ ၊ တာဝန်ခံဖို့တွေကိုတော့ လာမပြောနဲ့ ဆိုတာမျိုး။ သံတမန်နည်းအရ ဘယ်လိုပဲ စကားလုံးသုံးသုံးပေါ့နော် အဲလိုအဓိပ္ပါယ်ရောက်တာမျိုးကတော့ ကျမတို့က ထင်တယ် တိုင်းပြည်က တကယ်ဖြစ်နေတဲ့ ပြဿနာတွေကို တကမ္ဘာလုံးက မြင်နေရတဲ့အချိန်မှာ အခုလို အစိုးရ တာဝန်ရှိသူတယောက်က ထပ်ပြီးတော့ ဒီလို မသိချင်ယောင်ဆောင်ပြီးပြောတာက ပိုတောင်မှ သိက္ခာကျစေတယ်လို့ ကျမ မြင်တယ်ရှင့်။”

ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင် မြန်မာနိုင်ငံအနေနဲ့ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာ အကောင်အထည်ဖေါ်တာမျိုးမရှိတာ၊ IIMM လို ကုလသမဂ္ဂ ယန္တရားအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းပယ်နေမယ်ဆိုရင် ဒီနှစ် ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေဟာ ပိုပြီး ပြင်းထန် ဖိအားပေးလာဖို့ရှိတယ်လို့ မြင်ကြောင်း ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

“ဒီ ICJ ဆိုတာက ကုလသမဂ္ဂရဲ့ တရားဝင် ခုံရုံးဖြစ်တဲ့အတွက်ကြောင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက သူ့ရဲ့ တရားရုံးကနေ ဆုံးဖြတ်လိုက်တဲ့ ကိစ္စကို မြန်မာအစိုးရဟာ တာဝန်ယူပြီးတော့ ဖြေရှင်းဖို့အတွက်ကို သူတို့က ဒီဆုံးဖြတ်ချက် အကောင်အထည်ဖော်ဖို့အတွက်ကို သူတို့က လုပ်ကြရမှာပဲ။ ဆိုတော့ အဲဒီတာဝန်ဖြစ်တဲ့ ကိစ္စအပေါ်မှာ မူတည်ပြီးတော့ အခု ဒီအထွေထွေညီလာခံမှာ ပုံမှန် နှစ်စဉ် မြန်မာပြည်အတွက် ဆုံးဖြတ်ချက်ချနေတဲ့ဟာတွေ ဒီနှစ်ဆုံးဖြတ်ချက်က ICJ နဲ့ ပတ်သက်လို့ ပိုပြီးတော့မှ မြန်မာ အစိုးရ လိုက်နာဆောင်ရွက်ဖို့ ကိစ္စတွေကို ပိုပြီးတော့မှ ပြောလာကြလိမ့်မယ် ၊ ပါလာလိမ့်မယ်လို့ ကျမမြင်တယ်။”

၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးမကြာမီမှာ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ၅၈ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ် တားဆီးရေး စာချုပ်အပါအဝင် ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းတွေမှာ ပါဝင် လက်မှတ်ရေးထိုးထားပါတယ်။ ဒါအပြင် ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ်အဖြစ် မြန်မာနိုင်ငံသား ဦးသန့်က တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အေးတိုက်ပွဲကာလ ပြင်းထန်လှတဲ့ အကျပ်အတည်းတွေကို ဖယ်ရှားပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးဆောင်နိုင်ခဲ့သူဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG