သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ကုိ ကုလ အေရးယူဖုိ႔ Donald Trump တုိက္တြန္း


သမၼတ ထရမ့္ရဲ့ ကုလသမဂၢႏွစ္ပတ္လည္ညီလာခံ မိန္႔ခြန္း

(Zawgyi/Unicode)

တ႐ုတ္နိုင္ငံရဲ့ လုပ္ရပ္ေတြ အေပၚ တ႐ုတ္တို႔ တာဝန္ယူလာေစေရး ကုလသမဂၢအဖြဲ႕ႀကီးအေနနဲ႔ အေရးယူ ေဆာင္ရြက္ေပးဖို႔ လိုတယ္ လို႔ အေမရိကန္ သမၼတေဒၚနယ္ထရမ့္က အဂၤါေန႔က ကုလသမဂၢႏွစ္ပတ္လည္ညီလာခံ မိန္႔ခြန္းေျပာၾကားရာမွာ ထည့္သြင္း ေျပာၾကားလိုက္ပါတယ္။

“ဗိုင္းရပ္စ္စတင္ကူးစက္ခ်ိန္ ျပည္တြင္းခရီးသြားလာမႈေတြကိုပိတ္ပင္ထားခ်ိန္မွာပဲတ႐ုတ္နိုင္ငံ ဟာ သူ႔နိုင္ငံထဲက ထြက္ခြာတဲ့ေလယာဥ္ ေတြကိုခြင့္ျပဳခဲ့ၿပီး ကမၻာႀကီးတစ္ခုလုံးကို ေရာဂါကူးစက္ေစခဲ့ေၾကာင္း၊ တ႐ုတ္နိုင္ငံသားေတြကို တ႐ုတ္ အစိုးရက အိမ္ေတြမွာပဲ ေနခိုင္း ထားခ်ိန္မွာ အေမရိကန္အစိုးရက အေမရိကန္နိုင္ငံထဲ တ႐ုတ္ေလယာဥ္ေတြကို အဝင္မခံတာကို တ႐ုတ္တို႔က အျပစ္တင္ခဲ့ေၾကာင္း၊​ တ႐ုတ္အစိုးရနဲ႔ ကမၻာ့က်န္းမာေရးအဖြဲ႕ WHO တို႔ေပါင္းၿပီး ဗိုင္းရပ္စ္ဟာ လူလူခ်င္း မကူးစက္ဘူးဆိုၿပီး ေၾကညာ ခဲ့ေၾကာင္း၊ ဒါေၾကာင့္ ကုလသမဂၢ အေနနဲ႔ တ႐ုတ္တို႔ လုပ္ရပ္ေတြ တာဝန္ယူလာေစေရး အေရးယူ ေဆာင္ရြက္ေပးရမွာ ျဖစ္ ေၾကာင္း” သမၼတ ထရမ့္ က ႀကိဳတင္ အသံဖမ္းထားတဲ့ မိန္႔ခြန္းမွာ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

သမၼတ ထရမ့္ရဲ့ မိန္႔ခြန္းဟာ အေမရိကန္ သမၼတ တစ္ေယာက္အေနနဲ႔ ကုလသမဂၢ စင္ျမင့္မွာ တ႐ုတ္နိုင္ငံကို ထူးထူးကဲကဲ ေဝဖန္တဲ့ မိန္႔ခြန္း ျဖစ္ပါတယ္။ ဗိုင္းရပ္စ္ ျပန္႕ပြားတာ တ႐ုတ္ေၾကာင့္ဆိုၿပီး တ႐ုတ္နိုင္ငံကို နာမည္တပ္ ေခၚဆိုတာနဲ႔ ဗိုင္းရပ္စ္ကို တ႐ုတ္ ဗိုင္းရပ္စ္လို႔ ေခၚဆို တာက ဗိုင္းရပ္စ္ကိစၥ တ႐ုတ္တို႔ တာဝန္ယူလာေစေရး ကမၻာ့ ေထာက္ခံမႈ ရရွိေအာင္ သမၼတ ထရမ့္ဟာ ႀကိဳးစားေနတာလို႔Hofstra တကၠသိုလ္ ဥပေဒ ပါေမာကၡ Julian Ku က VoA ကို ေျပာပါတယ္။

တ႐ုတ္ သမၼတ Xi Jinping ကေတာ့ ကပ္ေရာဂါကို နိုင္ငံေရးအတြက္ အသုံးခ်ဖို႔ ႀကိဳးပမ္းေနတာေတြကို ပယ္ခ်သင့္ေၾကာင္းနဲ႔ ဗိုင္းရပ္စ္ကို တုန္႔ျပန္ တိုက္ဖ်က္ေရး နိုင္ငံတကာက ႀကိဳးပမ္းမႈကို WHO အဖြဲ႕က ဦးေဆာင္သင့္ေၾကာင္း ကုလႏွစ္ပတ္လည္ မိန္႔ခြန္းမွာ ထည့္သြင္း ေျပာၾကားခဲ့ ပါတယ္။

နယူးေယာက္ၿမိဳ႕မွာ က်င္းပတဲ့ ကုလသမဂၢ ႏွစ္ပတ္လည္ ညီလာခံကို ပုံမွန္ ကမၻာ့ေခါင္းေဆာင္ေတြ တက္ေရာက္ေလ့ရွိေပမယ့္ ဒီႏွစ္မွာေတာ့ ကပ္ေရာဂါေၾကာင့္ ကိုယ္တိုင္ တက္ေရာက္ မိန္႔ခြန္း ေျပာၾကားနိုင္ၾကျခင္း မရွိဘဲ ဗီြဒီယိုကတဆင့္သာ ေျပာၾကားနိုင္တာ ျဖစ္ပါတယ္။

သမၼတ ထရမ့္က သူ႔ရဲ့ မိန္႔ခြန္းမွာ အေမရိကန္တို႔ ၾကားဝင္ ေဆာင္ရြက္ေပးတာေၾကာင့္ အစၥေရးလ္နဲ႔ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု UAE တို႔ သံတမန္ ဆက္ဆံေရး ထူေထာင္မႈနဲ႔ ဆာဘီးယားနဲ႔ Kosovo တို႔ စီးပြားေရး ပူးေပါင္းေဆာင္ရြက္ေရး စာခ်ဳပ္ လက္မွတ္ေရးထိုးနိုင္မႈေတြကို ထည့္သြင္း ေျပာၾကားသြားသလို အာဖဂန္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ တိုးတက္မႈ နဲ႔ အီရန္အေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈ ျပန္လည္ ခ်ထားတဲ့ ကိစၥေတြ ကိုလည္း ေျပာၾကားခဲ့ပါတယ္။

တရုတ္ကုိ ကုလ အေရးယူဖုိ႔ Donald Trump တုိက္တြန္း
please wait

No media source currently available

0:00 0:01:26 0:00
တိုက္႐ိုက္ လင့္ခ္


............

တရုတ်ကို ကုလ အရေးယူဖို့ Donald Trump တိုက်တွန်း
(Unicode)

တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေ အပေါ် တရုတ်တို့ တာဝန်ယူလာစေရေး ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ လိုတယ် လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အင်္ဂါနေ့က ကုလသမဂ္ဂနှစ်ပတ်လည်ညီလာခံ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောကြားလိုက်ပါတယ်။

“ဗိုင်းရပ်စ်စတင်ကူးစက်ချိန် ပြည်တွင်းခရီးသွားလာမှုတွေကိုပိတ်ပင်ထားချိန်မှာပဲတရုတ်နိုင်ငံ ဟာ သူ့နိုင်ငံထဲက ထွက်ခွာတဲ့လေယာဉ် တွေကိုခွင့်ပြုခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံးကို ရောဂါကူးစက်စေခဲ့ကြောင်း၊ တရုတ်နိုင်ငံသားတွေကို တရုတ် အစိုးရက အိမ်တွေမှာပဲ နေခိုင်း ထားချိန်မှာ အမေရိကန်အစိုးရက အမေရိကန်နိုင်ငံထဲ တရုတ်လေယာဉ်တွေကို အဝင်မခံတာကို တရုတ်တို့က အပြစ်တင်ခဲ့ကြောင်း၊ တရုတ်အစိုးရနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ပေါင်းပြီး ဗိုင်းရပ်စ်ဟာ လူလူချင်း မကူးစက်ဘူးဆိုပြီး ကြေညာ ခဲ့ကြောင်း၊ ဒါကြောင့် ကုလသမဂ္ဂ အနေနဲ့ တရုတ်တို့ လုပ်ရပ်တွေ တာဝန်ယူလာစေရေး အရေးယူ ဆောင်ရွက်ပေးရမှာ ဖြစ် ကြောင်း” သမ္မတ ထရမ့် က ကြိုတင် အသံဖမ်းထားတဲ့ မိန့်ခွန်းမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ရဲ့ မိန့်ခွန်းဟာ အမေရိကန် သမ္မတ တစ်ယောက်အနေနဲ့ ကုလသမဂ္ဂ စင်မြင့်မှာ တရုတ်နိုင်ငံကို ထူးထူးကဲကဲ ဝေဖန်တဲ့ မိန့်ခွန်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ် ပြန့်ပွားတာ တရုတ်ကြောင့်ဆိုပြီး တရုတ်နိုင်ငံကို နာမည်တပ် ခေါ်ဆိုတာနဲ့ ဗိုင်းရပ်စ်ကို တရုတ် ဗိုင်းရပ်စ်လို့ ခေါ်ဆို တာက ဗိုင်းရပ်စ်ကိစ္စ တရုတ်တို့ တာဝန်ယူလာစေရေး ကမ္ဘာ့ ထောက်ခံမှု ရရှိအောင် သမ္မတ ထရမ့်ဟာ ကြိုးစားနေတာလို့Hofstra တက္ကသိုလ် ဥပဒေ ပါမောက္ခ Julian Ku က VoA ကို ပြောပါတယ်။

တရုတ် သမ္မတ Xi Jinping ကတော့ ကပ်ရောဂါကို နိုင်ငံရေးအတွက် အသုံးချဖို့ ကြိုးပမ်းနေတာတွေကို ပယ်ချသင့်ကြောင်းနဲ့ ဗိုင်းရပ်စ်ကို တုန့်ပြန် တိုက်ဖျက်ရေး နိုင်ငံတကာက ကြိုးပမ်းမှုကို WHO အဖွဲ့က ဦးဆောင်သင့်ကြောင်း ကုလနှစ်ပတ်လည် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ ပါတယ်။

နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ နှစ်ပတ်လည် ညီလာခံကို ပုံမှန် ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကပ်ရောဂါကြောင့် ကိုယ်တိုင် တက်ရောက် မိန့်ခွန်း ပြောကြားနိုင်ကြခြင်း မရှိဘဲ ဗွီဒီယိုကတဆင့်သာ ပြောကြားနိုင်တာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်က သူ့ရဲ့ မိန့်ခွန်းမှာ အမေရိကန်တို့ ကြားဝင် ဆောင်ရွက်ပေးတာကြောင့် အစ္စရေးလ်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE တို့ သံတမန် ဆက်ဆံရေး ထူထောင်မှုနဲ့ ဆာဘီးယားနဲ့ Kosovo တို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စာချုပ် လက်မှတ်ရေးထိုးနိုင်မှုတွေကို ထည့်သွင်း ပြောကြားသွားသလို အာဖဂန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တိုးတက်မှု နဲ့ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ပြန်လည် ချထားတဲ့ ကိစ္စတွေ ကိုလည်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG