သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စိန္ရတု တိုင္ေတာ႔မယ္႔ ကုလသမဂၢ ဘာေတြလုပ္ႏိုင္ခဲ႔ၿပီလဲ


(Zawgyi/Unicode)

ကမၻာ့ ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရးျပသနာေတြကို ထိန္းသိမ္းႏိုင္ဖို႔ ကုလသမဂၢအဖြဲ႔ႀကီးက ႀကဳိးပမ္းေနခ်ိန္မွာပဲ၊ ကုလသမဂၢတည္ေထာင္ျခင္း (၇၅) ႏွစ္ျပည့္ အထိမ္းမွတ္ပြဲေတြ က်င္းပဖို႔ကုိလည္း ျပင္ဆင္ေနပါတယ္။

ကုလသမဂၢရဲ႕ ဥေရာပဌာနခ်ဳပ္႐ုံးရွိရာ ဂ်နီဗာကေန Lisa Schlein ေပးပုိ႔တဲ့ သတင္းကို ကိုဥာဏ္ဝင္းေအာင္ တင္ျပမွာပါ။

ဒုတိယကမၻာစစ္အၿပီးမွာ ဒီလိုစိတ္မခ်မ္းေျမ့ဖြယ္ ပဋိပကၡမ်ဳိး ထပ္မျဖစ္ရေအာင္ ဆိုတဲ့ရည္ရြယ္ခ်က္နဲ႔ ၁၉၄၅ ေအာက္တိုဘာ ၂၄ ရက္ေန႔မွာ ကုလသမဂၢအဖြဲ႔ႀကီးကို တည္ေထာင္ခဲ့တာပါ။ ဟုိအရင္ရွိခဲ့တဲ့ League of Nations ေခၚ ႏိုင္ငံေပါင္းခ်ဳပ္အသင္းႀကီးဟာ ကမၻာ့ၿငိမ္းခ်မ္း လုံၿခဳံေရးကို မထိန္းသိမ္းႏိုင္ခဲ့တာေၾကာင့္ United Nations ေခၚ ကုလသမဂၢအဖြဲ႔သစ္က ဒါကိုေအာင္ျမင္ေအာင္ လုပ္ႏိုင္လိမ့္မယ္လို႔ ကုလသမဂၢ စဖြဲ႔ခ်ိန္မွာပါခဲ့တဲ့ အဖြဲ႔ဝင္ ၅၁ ႏိုင္ငံက ေမွ်ာ္လင့္ခဲ့ၾကပါတယ္။

ရခိုင္အေရး ASEAN ပူးေပါင္းေဆာင္ရြက္မႈ ကုလအတြင္းေရးမွဴးခ်ဳပ္ ႀကိဳဆိုတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

(၇၅)ႏွစ္ျပည့္ ကုလသမဂၢတည္ေထာင္ျခင္း အထိမ္းမွတ္ပြဲက်င္းပႏိုင္ေရး ျပင္ဆင္ဖို႔အတြက္ ကုလသမဂၢ လက္ေထာက္ အတြင္းေရးမႉးခ်ဳပ္ Fabrizio Hoschschild ကို အထူးအႀကံေပးအျဖစ္ တာဝန္ေပးထားပါတယ္။ ကုလသမဂၢသက္တမ္း ၇၅ ႏွစ္ရွိလာေပမယ့္ ရည္ရြယ္ခ်က္ေတြ ခုထိ အထမေျမာက္ေသးဘူးလို႔ သူကဝန္ခံေျပာဆိုၿပီး၊ ပဋိပကၡေတြ ပုိတုိးလာသလို၊ ပုိၿပီးလည္း ျပင္းထန္လာေပမယ့္ တခ်ဳိ႕ေသာ မဟာအင္အားႀကီးႏိုင္ငံေတြက ဒါကို လ်စ္လ်ဴရႈထားတယ္လို႔ သူကေဝဖန္ပါတယ္။

“ေလာေလာဆယ္မွာ ပဋိပကၡနဲ႔ဆိုင္တဲ့ ကုလသမဂၢ ဆုံးျဖတ္ခ်က္ေတြ၊ လုံၿခဳံေရးေကာင္စီရဲ႕ဆုံးျဖတ္ခ်က္ေတြကိုၾကည့္ရင္ ေပးထားတဲ့ ကတိကို အေကာင္ထည္ေဖၚႏိုင္ခဲ့တာမ်ဳိး မရွိဘူးဆိုတာရွင္းပါတယ္။ ဆီးရီးယားစစ္ေၾကာင့္ လူေထာင္ေသာင္းခ်ီ ေသဆုံးခဲ့ရတာက စိတ္ထိခိုက္ဖြယ္ရာ သာဓကပဲ ျဖစ္မွာပါ။

ဒီလုိ ဆုံးရႈံးမႈေတြ၊ ေရွ႕မတိုးႏိုင္မႈေတြ ရွိခဲ့ေပမဲ့ လြန္ခဲ့တဲ့ ၇၅ ႏွစ္အတြင္း ကမၻာတလႊားမွာ လူမႈေရး၊ စီးပြားေရးနဲ႔ လူ႔အခြင့္အေရးကိစၥေတြမွာ သိသာတဲ့ ေအာင္ျမင္မႈေတြရေအာင္ လုပ္ခဲ့ရမွာ ျဖစ္တယ္လို႔ Hoschschild က ေျပာပါတယ္။

“အကယ္၍ က်န္းမာေရးကိစၥ ေတြးၾကည့္မယ္ဆိုရင္ ကုလသမဂၢ တည္ေထာင္ခ်ိန္တုန္းက ပွ်မ္းမွ် လူ႔သက္တမ္းကို အႏွစ္(၅၀)ဝန္းက်င္ ႐ွိမယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကၿပီး၊ ဒီကေန႔ကာလမွာ ၇၅ ႏွစ္ဝန္းက်င္ ျဖစ္လာတာေၾကာင့္ လူေတြ အသက္ ၂၅ ႏွစ္ပိုေနရတဲ့ သေဘာျဖစ္ပါတယ္။ ဆင္းရဲမြဲ ေတမႈ ပေပ်ာက္ေရးအေၾကာင္း ေတြးမယ္ဆုိရင္ေတာ့ ကုလသမဂၢ စထူးေထာင္ခ်ိန္မွာ ကမၻာ့ဆင္းရဲမႈက ၅၀%ေလာက္မွာ ရွိခဲ့ရာက အခုဆိုရင္ ၁၀% က်ဆင္းသြားပါတယ္။”

လာမယ့္ ေအာက္တိုဘာ ၂၄ -ကုလသမဂၢ ၇၅ႏွစ္ျပည့္အခ်ိန္မွာ အထူးအစီအစဥ္ေတြ က်င္းပဖုိ႔ျပင္ဆင္ထားပါတယ္။ အဲဒီထဲမွာ လာမယ့္ မတ္လကုန္ နယူးေယာက္မွာ ႀကီးမားတဲ့လူငယ္ညီလာခံတခု က်င္းပဖို႔ရွိၿပီး၊ ၁၉၄၅ တုန္းက ဆန္ဖရန္စစၥကိုမွာ ကုလသမဂၢ ပဋိဥာဥ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့ အထိမ္းအမွတ္ေန႔ျဖစ္တဲ့ ဂၽြန္လ ၂၆ မွာပဲ အထိမ္းမွတ္ပြဲ က်င္းပဖုိ့ရွိပါတယ္။

စက္တင္ဘာ ၂၁ ရက္ေန႔က်ရင္ ကုလသမဂၢအေထြေထြညီလာခံက်င္းပခ်ိန္နဲ႔လည္း တိုက္ဆုိင္ေနတာမို႔ ကမၻာ့ေခါင္းေဆာင္ေတြ နယူးေယာက္ ၿမဳိ့မွာ လာေရာက္စုေဝးၾကမွာပါ။ တႏွစ္တာအတြင္း ကမၻာ့ႏိုင္ငံေတြၾကား ပူးေပါင္းေဆာင္ရြက္မႈေတြအေပၚ ျပန္လည္သုံးသပ္ ေဆြးေႏြး အႀကံျပဳ ၾကမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........................

စိန်ရတု တိုင်တော့မယ့် ကုလသမဂ္ဂ ဘာတွေလုပ်နိုင်ခဲ့ပြီလဲ

(Unicode)

ကမ္ဘာ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးပြသနာတွေကို ထိန်းသိမ်းနိုင်ဖို့ ကုလသမဂ္ဂအဖွဲ့ကြီးက ကြိုးပမ်းနေချိန်မှာပဲ၊ ကုလသမဂ္ဂတည်ထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းမှတ်ပွဲတွေ ကျင်းပဖို့ကိုလည်း ပြင်ဆင်နေပါတယ်။ ကုလသမဂ္ဂရဲ့ ဥရောပဌာနချုပ်ရုံးရှိရာ ဂျနီဗာကနေ Lisa Schlein ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။

ဒုတိယကမ္ဘာစစ်အပြီးမှာ ဒီလိုစိတ်မချမ်းမြေ့ဖွယ် ပဋိပက္ခမျိုး ထပ်မဖြစ်ရအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ၁၉၄၅ အောက်တိုဘာ ၂၄ ရက်နေ့မှာ ကုလသမဂ္ဂအဖွဲ့ကြီးကို တည်ထောင်ခဲ့တာပါ။ ဟိုအရင်ရှိခဲ့တဲ့ League of Nations ခေါ် နိုင်ငံပေါင်းချုပ်အသင်းကြီးဟာ ကမ္ဘာ့ငြိမ်းချမ်း လုံခြုံရေးကို မထိန်းသိမ်းနိုင်ခဲ့တာကြောင့် United Nations ခေါ် ကုလသမဂ္ဂအဖွဲ့သစ်က ဒါကိုအောင်မြင်အောင် လုပ်နိုင်လိမ့်မယ်လို့ ကုလသမဂ္ဂ စဖွဲ့ချိန်မှာပါခဲ့တဲ့ အဖွဲ့ဝင် ၅၁ နိုင်ငံက မျှော်လင့်ခဲ့ကြပါတယ်။

ရခိုင်အရေး ASEAN ပူးပေါင်းဆောင်ရွက်မှု ကုလအတွင်းရေးမှူးချုပ် ကြိုဆိုတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

(၇၅)နှစ်ပြည့် ကုလသမဂ္ဂတည်ထောင်ခြင်း အထိမ်းမှတ်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဖို့အတွက် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Fabrizio Hoschschild ကို အထူးအကြံပေးအဖြစ် တာဝန်ပေးထားပါတယ်။ ကုလသမဂ္ဂသက်တမ်း ၇၅ နှစ်ရှိလာပေမယ့် ရည်ရွယ်ချက်တွေ ခုထိ အထမမြောက်သေးဘူးလို့ သူကဝန်ခံပြောဆိုပြီး၊ ပဋိပက္ခတွေ ပိုတိုးလာသလို၊ ပိုပြီးလည်း ပြင်းထန်လာပေမယ့် တချို့သော မဟာအင်အားကြီးနိုင်ငံတွေက ဒါကို လျစ်လျူရှုထားတယ်လို့ သူကဝေဖန်ပါတယ်။

“လောလောဆယ်မှာ ပဋိပက္ခနဲ့ဆိုင်တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေ၊ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကိုကြည့်ရင် ပေးထားတဲ့ ကတိကို အကောင်ထည်ဖေါ်နိုင်ခဲ့တာမျိုး မရှိဘူးဆိုတာရှင်းပါတယ်။ ဆီးရီးယားစစ်ကြောင့် လူထောင်သောင်းချီ သေဆုံးခဲ့ရတာက စိတ်ထိခိုက်ဖွယ်ရာ သာဓကပဲ ဖြစ်မှာပါ။

ဒီလို ဆုံးရှုံးမှုတွေ၊ ရှေ့မတိုးနိုင်မှုတွေ ရှိခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၇၅ နှစ်အတွင်း ကမ္ဘာတလွှားမှာ လူမှုရေး၊ စီးပွားရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ သိသာတဲ့ အောင်မြင်မှုတွေရအောင် လုပ်ခဲ့ရမှာ ဖြစ်တယ်လို့ Hoschschild က ပြောပါတယ်။

“အကယ်၍ ကျန်းမာရေးကိစ္စ တွေးကြည့်မယ်ဆိုရင် ကုလသမဂ္ဂ တည်ထောင်ချိန်တုန်းက ပျှမ်းမျှ လူ့သက်တမ်းကို အနှစ်(၅၀)ဝန်းကျင် ရှိမယ်လို့ မျှော်လင့်ခဲ့ကြပြီး၊ ဒီကနေ့ကာလမှာ ၇၅ နှစ်ဝန်းကျင် ဖြစ်လာတာကြောင့် လူတွေ အသက် ၂၅ နှစ်ပိုနေရတဲ့ သဘောဖြစ်ပါတယ်။ ဆင်းရဲမွဲ တေမှု ပပျောက်ရေးအကြောင်း တွေးမယ်ဆိုရင်တော့ ကုလသမဂ္ဂ စထူးထောင်ချိန်မှာ ကမ္ဘာ့ဆင်းရဲမှုက ၅၀%လောက်မှာ ရှိခဲ့ရာက အခုဆိုရင် ၁၀% ကျဆင်းသွားပါတယ်။”

လာမယ့် အောက်တိုဘာ ၂၄ -ကုလသမဂ္ဂ ၇၅နှစ်ပြည့်အချိန်မှာ အထူးအစီအစဉ်တွေ ကျင်းပဖို့ပြင်ဆင်ထားပါတယ်။ အဲဒီထဲမှာ လာမယ့် မတ်လကုန် နယူးယောက်မှာ ကြီးမားတဲ့လူငယ်ညီလာခံတခု ကျင်းပဖို့ရှိပြီး၊ ၁၉၄၅ တုန်းက ဆန်ဖရန်စစ္စကိုမှာ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ် ချုပ်ဆိုခဲ့တဲ့ အထိမ်းအမှတ်နေ့ဖြစ်တဲ့ ဂျွန်လ ၂၆ မှာပဲ အထိမ်းမှတ်ပွဲ ကျင်းပဖို့ရှိပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ကျရင် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပချိန်နဲ့လည်း တိုက်ဆိုင်နေတာမို့ ကမ္ဘာ့ခေါင်းဆောင်တွေ နယူးယောက် မြို့မှာ လာရောက်စုဝေးကြမှာပါ။ တနှစ်တာအတွင်း ကမ္ဘာ့နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် ပြန်လည်သုံးသပ် ဆွေးနွေး အကြံပြု ကြမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG