သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပလပ္စတစ္ ညစ္ညမ္းမႈေလွ်ာ့ခ်ေရး ကုလအစီအစဥ္စတင္


ကုလသမဂၢရဲ႕ ပလပ္စတစ္ေလွ်ာ့ခ်ေရး အစီအစဥ္ United Nations Environmental Programme

(Zawgyi/Unicode)

ျမန္မာႏိုင္ငံဟာ ပလပ္စတစ္ အလြန္အကြၽံသုံးစြဲတဲ့ ႏိုင္ငံေတြထဲမွာ တခု အပါအဝင္ ျဖစ္လာၿပီး ဒါကို အသိပညာေပးႏိုင္ဖို႔ ကုလသမဂၢရဲ႕ အစီအစဥ္ တခုျဖစ္တဲ့ United Nations Environmental Programme က စီစဥ္ေဆာင္႐ြက္ေနၿပီျဖစ္ပါတယ္။ ဒီအစီအစဥ္မွာ ပလပ္စတစ္ရဲ့ ဆုိးက်ိဳးေတြကို ထင္ရွား ေပၚလြင္ေစတဲ့ပံုေတြနဲ႔ ပညာေပး ျပသမႈ ေတြလည္း ပါဝင္ပါတယ္။ ပလပ္စတစ္ ပစၥည္း သံုးစြဲမႈ ေလွ်ာ့ ခ်ေရးမွာ လက္ေတြ႔ ပါဝင္ ေဆာင္ရြက္ေနတဲ့ Novotel ဟိုတယ္မွာ က်င္းပျပဳလုပ္တဲ့ ကုလသမဂၢရဲ့ အစီအစဥ္ မိတ္္ဆက္ပြဲကို သြားေရာက္ သတင္းယူခဲ့တဲ့ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

ကုလသမဂၢ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အစီအစဥ္ UNEP က ပလပ္စတစ္ကင္းစင္ေရး ေျဖရွင္းနည္းဆိုတဲ့ ေခါင္းစဥ္နဲ႔ အစီအစဥ္တခုကို ဒီဇင္ဘာ ၉ ရက္က ရန္ကုန္ၿမိဳ႕မွာ မိတ္ဆက္သြားပါတယ္။ ဒီေျဖရွင္းနည္းမွာ အသိပညာေပး ဓာတ္ပုံေတြ ျပသတဲ့ အစီအစဥ္ေတြလည္းပါၿပီး လူထုအေနနဲ႔ ဓာတ္ပုံေတြကေနတဆင့္ ပလပ္စတစ္ေတြရဲ႕ ဆိုး႐ြားအက်ိဳးဆက္ေတြကို ေလ့လာႏိုင္မယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံဟာ ပလပ္စတစ္ညစ္ညမ္းမႈ တိုက္ဖ်က္ေရးအတြက္ တျခားႏိုင္ငံေတြနဲ႔ အတူ လက္တြဲၿပီး ပူးေပါင္းလုပ္ေဆာင္သင့္တယ္လို႔ ဒီေန႔ တက္ေရာက္လာတဲ့ ကုလသမဂၢ သဘာဝပတ္ဝန္းက်င္အစီအစဥ္ UNEP ရဲ႕ ဂ်ပန္ႏိုင္ငံဆိုင္ရာ ဒါ႐ိုက္တာ Jun Miyauchi က အခုလိုေျပာပါတယ္။

“ျမန္မာတႏိုင္ငံတည္းက ဒီ (ပလပ္စတစ္) ကိစၥကို ေျဖရွင္းဖို႔ မလြယ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီျပႆနာက ျမန္မာႏိုင္ငံရဲ႕ ျပႆနာ မဟုတ္ပါဘူး။ အဲဒါေၾကာင့္ တကမာၻလုံး အားလုံးတူတူ ႀကိဳးစားၾကရမွာပါ။”

ဒီေန႔ ႏိုဗိုတယ္ဟိုတယ္မွာ လုပ္တဲ့ UNEP ရဲ႕ ပလပ္စတစ္ညစ္ညမ္းမႈ အသိပညာေပး အစီအစဥ္ မိတ္ဆက္ပြဲမွာ ဓာတ္ပုံတခ်ိဳ႕ ျပသထားပါတယ္။ Novotel ဟိုတယ္ဟာ ပလပ္စတစ္ပစၥည္း ေလွ်ာ့ခ်သုံးစြဲေရးမွာ ဦးေဆာင္ပါဝင္လာတဲ့ ဟိုတယ္ တခုျဖစ္တဲ့ အတြက္ လည္း ဂုဏ္ျပဳခ်ီးက်ဴးခဲ့ပါတယ္။

၂၀၁၉ ရဲ႕ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ေဆာင္ပုဒ္က ပလပ္စတစ္ညစ္ညမ္းမႈ တိုက္ဖ်က္ေရးဆိုတဲ့အတိုင္း တကမာၻလုံးမွာ ပလပ္စတစ္ေလ်ာ့ခ်ေရးနဲ႔ ပတ္သက္လို႔ အေျဖရွာခဲ့ၾကပါတယ္။ ရန္ကုန္ တၿမိဳ႕လုံးရဲ႕ စြန႔္ပစ္အမႈိက္က တရက္ကို တန္ခ်ိန္ ၂၃၀၀ ေက်ာ္ ရွိေနၿပီး ဒီအထဲမွာ ပလပ္စတစ္အမႈိက္က တန္ခ်ိန္ ၄၀၀ ေလာက္ရွိေနတာပါ။ ျမန္မာႏိုင္ငံက ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဥပေဒကို ၂၀၁၂ မွာျပ႒ာန္းခဲ့ေပမဲ့ တကယ္တမ္း လူထုရဲ႕ လိုက္နာမႈကေတာ့ အားနည္းေနတယ္လို႔ သုေသသနစစ္တမ္းေတြက ေဖာ္ျပၾကပါတယ္။

ဒီပြဲကိုတက္ေရာက္လာတဲ့ သုေတသနႏွင့္ သဘာဝပတ္ဝန္းက်င္ အဖြဲ႕အစည္း Research Institute for Huminity and Nature က ပါေမာကၡ Masayuki Sakakibara ကေတာ့ ပလပ္စတစ္ကိစၥမွာ လူထုရဲ႕ အျမင္ကို ျပဳျပင္ေျပာင္းလဲဖို႔က ပိုၿပီး အဓိကက်တယ္လို႔ ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ျပည္သူေတြက သူတို႔ရဲ႕ စိတ္ကိုေျပာင္းလဲပစ္ဖို႔ အေရးႀကီးပါတယ္။ ဥပမာေျပာရရင္ က်ေနာ္တို႔ တေလွ်ာက္လုံး ပလပ္စတစ္သုံးလာတယ္၊ က်ေနာ္တို႔ ဒါေတြကို ျပန္လည္အသုံးျပဳႏိုင္ပါတယ္။ ဒါမွမဟုတ္ ပလပ္စတစ္အိတ္ေတြကို ေလွ်ာ့ခ်သုံးႏိုင္ပါတယ္။ ဂ်ပန္မွာဆိုရင္ ေစ်းဝယ္စင္တာေတြက တခါသုံး အိတ္ေတြအတြက္ ပိုက္ဆံယူပါတယ္။ အဲဒီေတာ့ လူေတြက ပစၥည္းထည့္ဖို႔ Eco Beg လို႔ေခၚတဲ့ ( ျပန္သုံးလို႔ရတဲ့) အိတ္ေတြယူသြားၾကပါတယ္။ ဒီလိုမ်ိဳး အလားတူနည္းေတြနဲ႔ ဒီျပႆနာကို ေျဖရွင္းႏိုင္ပါတယ္။”

ကမာၻတဝန္းလုံးက ထုတ္လုပ္လိုက္တဲ့ ပလပ္စတစ္ပစၥည္းေတြထဲမွာ ျပန္လည္အသံုးျပဳမႈက ၁၀ ရာခိုင္ႏႈန္းေလာက္ပဲ ရွိေနတာ ျဖစ္ၿပီး က်န္အားလံုးဟာ စြန္႔ပစ္ အမႈိက္ေတြျဖစ္ကုန္တာပါ။ ဒီအထဲမွာ ျမန္မာႏိုင္ငံက လြန္ခဲ့တဲ့ ငါးႏွစ္တာကာလနဲ႔ ႏႈိင္းယွဥ္ရင္ ပလပ္စတစ္စြန႔္ပစ္မႈ ပမာဏကလည္း သုံးဆေလာက္ပိုမ်ားလာတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပလပ်စတစ် ညစ်ညမ်းမှုလျှော့ချရေး ကုလအစီအစဉ်စတင်

မြန်မာနိုင်ငံဟာ ပလပ်စတစ် အလွန်အကျွံသုံးစွဲတဲ့ နိုင်ငံတွေထဲမှာ တခု အပါအဝင် ဖြစ်လာပြီး ဒါကို အသိပညာပေးနိုင်ဖို့ ကုလသမဂ္ဂရဲ့ အစီအစဉ် တခုဖြစ်တဲ့ United Nations Environmental Programme က စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပလပ်စတစ်ရဲ့ ဆိုးကျိုးတွေကို ထင်ရှား ပေါ်လွင်စေတဲ့ပုံတွေနဲ့ ပညာပေး ပြသမှု တွေလည်း ပါဝင်ပါတယ်။ ပလပ်စတစ် ပစ္စည်း သုံးစွဲမှု လျှော့ ချရေးမှာ လက်တွေ့ ပါဝင် ဆောင်ရွက်နေတဲ့ Novotel ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ ကုလသမဂ္ဂရဲ့ အစီအစဉ် မိတ်ဆက်ပွဲကို သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် UNEP က ပလပ်စတစ်ကင်းစင်ရေး ဖြေရှင်းနည်းဆိုတဲ့ ခေါင်းစဉ်နဲ့ အစီအစဉ်တခုကို ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့မှာ မိတ်ဆက်သွားပါတယ်။ ဒီဖြေရှင်းနည်းမှာ အသိပညာပေး ဓာတ်ပုံတွေ ပြသတဲ့ အစီအစဉ်တွေလည်းပါပြီး လူထုအနေနဲ့ ဓာတ်ပုံတွေကနေတဆင့် ပလပ်စတစ်တွေရဲ့ ဆိုးရွားအကျိုးဆက်တွေကို လေ့လာနိုင်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ပလပ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် တခြားနိုင်ငံတွေနဲ့ အတူ လက်တွဲပြီး ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့ ဒီနေ့ တက်ရောက်လာတဲ့ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် UNEP ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ဒါရိုက်တာ Jun Miyauchi က အခုလိုပြောပါတယ်။

“မြန်မာတနိုင်ငံတည်းက ဒီ (ပလပ်စတစ်) ကိစ္စကို ဖြေရှင်းဖို့ မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီပြဿနာက မြန်မာနိုင်ငံရဲ့ ပြဿနာ မဟုတ်ပါဘူး။ အဲဒါကြောင့် တကမ္ဘာလုံး အားလုံးတူတူ ကြိုးစားကြရမှာပါ။”

ဒီနေ့ နိုဗိုတယ်ဟိုတယ်မှာ လုပ်တဲ့ UNEP ရဲ့ ပလပ်စတစ်ညစ်ညမ်းမှု အသိပညာပေး အစီအစဉ် မိတ်ဆက်ပွဲမှာ ဓာတ်ပုံတချို့ ပြသထားပါတယ်။ Novotel ဟိုတယ်ဟာ ပလပ်စတစ်ပစ္စည်း လျှော့ချသုံးစွဲရေးမှာ ဦးဆောင်ပါဝင်လာတဲ့ ဟိုတယ် တခုဖြစ်တဲ့ အတွက် လည်း ဂုဏ်ပြုချီးကျူးခဲ့ပါတယ်။

၂၀၁၉ ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ပုဒ်က ပလပ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးဆိုတဲ့အတိုင်း တကမ္ဘာလုံးမှာ ပလပ်စတစ်လျော့ချရေးနဲ့ ပတ်သက်လို့ အဖြေရှာခဲ့ကြပါတယ်။ ရန်ကုန် တမြို့လုံးရဲ့ စွန့်ပစ်အမှိုက်က တရက်ကို တန်ချိန် ၂၃၀၀ ကျော် ရှိနေပြီး ဒီအထဲမှာ ပလပ်စတစ်အမှိုက်က တန်ချိန် ၄၀၀ လောက်ရှိနေတာပါ။ မြန်မာနိုင်ငံက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေကို ၂၀၁၂ မှာပြဋ္ဌာန်းခဲ့ပေမဲ့ တကယ်တမ်း လူထုရဲ့ လိုက်နာမှုကတော့ အားနည်းနေတယ်လို့ သုသေသနစစ်တမ်းတွေက ဖော်ပြကြပါတယ်။

ဒီပွဲကိုတက်ရောက်လာတဲ့ သုတေသနနှင့် သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်း Research Institute for Huminity and Nature က ပါမောက္ခ Masayuki Sakakibara ကတော့ ပလပ်စတစ်ကိစ္စမှာ လူထုရဲ့ အမြင်ကို ပြုပြင်ပြောင်းလဲဖို့က ပိုပြီး အဓိကကျတယ်လို့ ဗွီအိုအေကို အခုလိုပြောပါတယ်။
“ပြည်သူတွေက သူတို့ရဲ့ စိတ်ကိုပြောင်းလဲပစ်ဖို့ အရေးကြီးပါတယ်။ ဥပမာပြောရရင် ကျနော်တို့ တလျှောက်လုံး ပလပ်စတစ်သုံးလာတယ်၊ ကျနော်တို့ ဒါတွေကို ပြန်လည်အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် ပလပ်စတစ်အိတ်တွေကို လျှော့ချသုံးနိုင်ပါတယ်။ ဂျပန်မှာဆိုရင် ဈေးဝယ်စင်တာတွေက တခါသုံး အိတ်တွေအတွက် ပိုက်ဆံယူပါတယ်။ အဲဒီတော့ လူတွေက ပစ္စည်းထည့်ဖို့ Eco Beg လို့ခေါ်တဲ့ ( ပြန်သုံးလို့ရတဲ့) အိတ်တွေယူသွားကြပါတယ်။ ဒီလိုမျိုး အလားတူနည်းတွေနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။”

ကမ္ဘာတဝန်းလုံးက ထုတ်လုပ်လိုက်တဲ့ ပလပ်စတစ်ပစ္စည်းတွေထဲမှာ ပြန်လည်အသုံးပြုမှုက ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိနေတာ ဖြစ်ပြီး ကျန်အားလုံးဟာ စွန့်ပစ် အမှိုက်တွေဖြစ်ကုန်တာပါ။ ဒီအထဲမှာ မြန်မာနိုင်ငံက လွန်ခဲ့တဲ့ ငါးနှစ်တာကာလနဲ့ နှိုင်းယှဉ်ရင် ပလပ်စတစ်စွန့်ပစ်မှု ပမာဏကလည်း သုံးဆလောက်ပိုများလာတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG