သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထွေထွေညီလာခံကို သမ္မတ Trump တက်မည်မဟုတ်


သမ္မတ Trump
သမ္မတ Trump

(Zawgyi/Unicode)

လာမယ့် သီတင်းပတ်ထဲ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်မှာ မဟုတ်ဘူးလို့ သမ္မတ အိမ်ဖြူတော် ဝန်ထမ်း အရာရှိချုပ် Mark Meadows က ပြောပါတယ်။

သမ္မတထရမ့် မဲဆွယ်အဖွဲ့ရဲ့ Wisconsin က လူထုစုဝေးပွဲကို အသွား Air Force One လေယာဉ်ပေါ်မှာ ကြာသပတေးနေ့က သတင်းထောက်တွေကို Meadows က ပြောကြားခဲ့တာပါ။

နှစ်စဉ်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကို ကမ္ဘာတလွှားက ခေါင်းဆောင်တွေ တက်ရောက် စုဝေးလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ဒီညီလာခံကနေ COVID-19 ကူးစက်မှုတွေ ဖြစ်လာမှာ စိုးရိမ်နေကြတဲ့ အတွက် လူကိုယ်တိုင် တက်ရောက်မယ့် အစည်းဝေး ပျက်မယ့် သဘော ဖြစ်နေပါတယ်။

နိုင်ငံ့ခေါင်းဆောင် အများအပြားက ကွန်ပြူတာအွန်လိုင်းကနေ တက်ရောက်ဖို့ အတွက် ကြိုတင် အသံသွင်းထားတဲ့ မိန့်ခွန်းတွေ ပေးပို့နေကြတာပါ။ သမ္မတ ထရမ့်ကတော့ ဒီနှစ်ပတ်လည် အထွေထွေ ညီလာခံအတွက် မိန့်ခွန်းပဲ ပေးပို့မလား ကွန်ပြူတာ အွန်လိုင်းကနေ ညီလာခံ တက်ဖို့ လုပ်မလား ဆိုတာ အခုထိ သဲသဲကွဲကွဲမသိရ သေးပါဘူး။

ကမ္ဘာ့စက်မှုအထွန်းကားဆုံး နိုင်ငံကြီး တွေရဲ့ G-7 အစည်းအဝေး အတွက် သူကမကထ လုပ်ကျင်းပချင်တယ်လို့ သမ္မတထရမ့်က ပြောခဲ့တာပါ။ ဒါပေမယ့်လည်း ဒီအစည်းဝေးကလာ်ဒ ကိုရိုနာဗိုင်းရ့ပ်စ် ကြောင့် ပျက်မယ့် သဘောဖြစ်နေတာပါ။ သူ့အနေနဲ့ G-7 အစည်းအဝေးကို အမေရိက ရွေးကောက်ပွဲပြီးစီးချိန် နိုဝင်ဘာလထဲမှာ လက်ခံကျင်းပ ပေး ချင်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............

(Unicode)






XS
SM
MD
LG