သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အကန္႔အသတ္နဲ႔ ကုလအေထြေထြညီလာခံစတင္


၇၅ ႏွစ္ျပည့္အခမ္းအနား ကုလသမဂၢအေထြေထြညီလာခံကို တက္ေရာက္လာတဲ့ ကိုယ္စားလွယ္မ်ား။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻ့ကုလသမဂၢရဲ႕ ၇၅ႏွစ္ျပည့္သမိုင္းတေလွ်ာက္ ပထမဆံုးအႀကိမ္အျဖစ္နဲ႔ ကုလ အဖဲြ႕၀င္ ၁၉၃ႏိုင္ငံက ႏိုင္ငံေခါင္းေဆာင္ေတြဟာ ကိုဗစ္ကပ္ေရာဂါအေျခအေနေၾကာင့္ လူကိုယ္တိုင္မဟုတ္ဘဲ ႐ုပ္သံ႐ိုက္ကူးၿပီးသား ဗြီဒီယိုကတဆင့္ ႏွစ္ပတ္လည္ ကုလသမဂၢအေထြေထြညီလာခံအဖြင့္မိန္႔ခြန္းေတြကို ေျပာဆိုေနၾကပါၿပီ။ အခု အဂၤါေန႔ ေျပာမယ့္ အထဲမွာေတာ့ ကုလသမဂၢအိ္မ္ရွင္ႏိုင္ငံျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စု သမၼတ Donald Trump၊ သူၿပီးရင္ေတာ့ ဘရားဇီးသမၼတ Jair Bolsonara တို႔အျပင္ အျခား ထင္ရွားတဲ့ ကမာၻေခါင္းေဆာင္ေတြျဖစ္ၾကတဲ့ တူရကီသမၼတ Recep Tayyip Erodogan၊ တ႐ုတ္သမၼတ Xi Jinping၊ ႐ုရွားသမၼတ Vladimir Putin နဲ႔ ျပင္သစ္သမၼတ Emmanuel Macron တို႔လည္း ေျပာဆိုၾကဖို႔ရွိပါတယ္။

ကုလမသဂၢ အေထြေထြညီလာခံ က်င္းပရာခန္းမအတြင္းမွာေတာ့ ကပ္ေဘးကာလ အကန္႔အသတ္ေတြအတိုင္း - အဖဲြ႕၀င္ႏိုင္ငံေတြေတြက ကိုယ္စားလွယ္တဦးစီ၊ ဥေရာပသမဂၢကိုယ္စားလွယ္ ဗာတီကန္ကိုယ္စားလွယ္၊ ကုလအဖဲြ႕၀င္မဟုတ္တဲ့ ပါလက္စတိုင္းကိုယ္စားလွယ္တို႔ပဲ ႏွာေခါင္းစည္းေတြ တပ္ၿပီး ဗြီဒီယိုမိန္႔ခြန္းေတြကို တတ္ေရာက္နားေထာင္ၾကပါတယ္။ ညီလာခံ က်င္းပရာခန္းမ တေလွ်ာက္မွာေတာ့ လက္သန္႔စင္ဖို႔ ေနရာေတြ လုပ္ထားေပးၿပီး ကိုယ္စားလွယ္ေတြအေနနဲ႔ ႏွာေခါင္းစည္းေတြ တပ္ထားရမွာျဖစ္ပါတယ္။ ဒါေပမယ့္ အပူခ်ိန္ေတာ့ တိုင္းစရာမလိုပါဘူး။

အခုလို ကမာၻကပ္ေဘး က်ေရာက္ေနတဲ့အခ်ိန္မွာပဲ မေန႔ တနလာၤေန႔ကေတာ့ ကုလသမဂၢ တည္ေထာင္မႈ ၇၅ ႏွစ္ျပည့္အခမ္းအနား တရပ္လုပ္ခဲ့ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘးေၾကာင့္ လက္ရွိအထိဆိုရင္ ကမာၻလူဦးေရ ၁,၀၀၀,၀၀၀ နီးပါး ေသဆံုးခဲ့ၿပီး၊ ေရာဂါပိုးေတြ႕ရွိသူဟာလည္း တကမာၻလံုး ၃၁ သန္းေက်ာ္သြားပါၿပီ။

ကုလသမဂၢဌာနခ်ဳပ္
ကုလသမဂၢဌာနခ်ဳပ္

COVID 19 ကပ္ေရာဂါႀကီးဟာ ကမာၻႀကီးကို အႀကီးအက်ယ္ထိခိုက္အားနည္းသြားေစၿပီး၊ ဒီအတြက္ အားလံုး အတူတကြေျဖရွင္းသြားမွ ရမယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က မေန႔က ကုလ ၇၅ႏွစ္ျပည့္အခမ္းအနားမွာေျပာပါတယ္။

ဒုတိယကမာၻစစ္အၿပီး ေနာက္ထပ္ စစ္ႀကီးတခုျဖစ္လာမွာကို ကာကြယ္တားဆီးဖို႔ ကမာၻေခါင္းေဆာင္ေတြ အားထုတ္ရာကေန ၁၉၄၅ ခုႏွစ္မွာ ကုလသမဂၢ ေပၚေပါက္လာတာပါ။ အမ်ားက စိုးရိမ္ေနၾကတဲ့ တတိယကမာၻစစ္ကို ေရွာင္ႏိုင္ခဲ့ပါၿပီလို႔ အတြင္းေရးမႉးခ်ဳပ္က ေျပာပါတယ္။ ေခတ္သစ္ကမာၻသမိုင္းမွာ အင္အားႀကီးႏိုင္ငံေတြအၾကား စစ္ေရးအရ ထိပ္တိုက္ျဖစ္မႈေတြမရွိဘဲ ႏွစ္ေပါင္းမ်ားစြာေနႏိုင္ခဲ့ပါၿပီ။ ဒါဟာ က်ေနာ္တို႔ အဖြဲ႕ဝင္ႏိုင္ငံေတြ ဂုဏ္ယူႏိုင္ၾကတဲ့ အႀကီးမားဆုံးေအာင္ျမင္မႈႀကီးျဖစ္သလို ဒါကို ဆက္ၿပီး ထိန္းသြားရပါလိမ့္မယ္လို႔ ကုလ အတြင္းေရးမႈးခ်ဳပ္က ေျပာပါတယ္။ မေန႔က မိန႔္ခြန္းထဲမွာေတာ့ ကုလသမဂၢက အျခားေဆာင္႐ြက္ႏိုင္ခဲ့တဲ့ ဆင္းရဲမႈနဲ႔ ငတ္မြတ္မႈေလွ်ာ့ခ်ေရး ကပ္ေဘးနဲ႔ ပဋိပကၡေတြအတြင္းက သန္းနဲ႔ခ်ီတဲ့ ကမာၻျပည္သူေတြကို အကူအညီအေထာက္အပံ့ ေပးႏိုင္တာေတြနဲ႔ ေရာဂါဆိုးေတြကို တိုက္ဖ်က္ႏိုင္တာေတြလည္း ပါဝင္ပါတယ္။

ကိုဗစ္အကန္႔အသတ္နဲ႔ ကုလအေထြေထြညီလာခံစတင္
please wait

No media source currently available

0:00 0:01:43 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်အကန့်အသတ်နဲ့ ကုလအထွေထွေညီလာခံစတင်

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ၇၅နှစ်ပြည့်သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ်နဲ့ ကုလ အဖွဲ့ဝင် ၁၉၃နိုင်ငံက နိုင်ငံခေါင်းဆောင်တွေဟာ ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် လူကိုယ်တိုင်မဟုတ်ဘဲ ရုပ်သံရိုက်ကူးပြီးသား ဗွီဒီယိုကတဆင့် နှစ်ပတ်လည် ကုလသမဂ္ဂအထွေထွေညီလာခံအဖွင့်မိန့်ခွန်းတွေကို ပြောဆိုနေကြပါပြီ။ အခု အင်္ဂါနေ့ ပြောမယ့် အထဲမှာတော့ ကုလသမဂ္ဂအိမ်ရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု သမ္မတ Donald Trump၊ သူပြီးရင်တော့ ဘရားဇီးသမ္မတ Jair Bolsonara တို့အပြင် အခြား ထင်ရှားတဲ့ ကမ္ဘာခေါင်းဆောင်တွေဖြစ်ကြတဲ့ တူရကီသမ္မတ Recep Tayyip Erodogan၊ တရုတ်သမ္မတ Xi Jinping၊ ရုရှားသမ္မတ Vladimir Putin နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့လည်း ပြောဆိုကြဖို့ရှိပါတယ်။

ကုလမသဂ္ဂ အထွေထွေညီလာခံ ကျင်းပရာခန်းမအတွင်းမှာတော့ ကပ်ဘေးကာလ အကန့်အသတ်တွေအတိုင်း - အဖွဲ့ဝင်နိုင်ငံတွေတွေက ကိုယ်စားလှယ်တဦးစီ၊ ဥရောပသမဂ္ဂကိုယ်စားလှယ် ဗာတီကန်ကိုယ်စားလှယ်၊ ကုလအဖွဲ့ဝင်မဟုတ်တဲ့ ပါလက်စတိုင်းကိုယ်စားလှယ်တို့ပဲ နှာခေါင်းစည်းတွေ တပ်ပြီး ဗွီဒီယိုမိန့်ခွန်းတွေကို တတ်ရောက်နားထောင်ကြပါတယ်။ ညီလာခံ ကျင်းပရာခန်းမ တလျှောက်မှာတော့ လက်သန့်စင်ဖို့ နေရာတွေ လုပ်ထားပေးပြီး ကိုယ်စားလှယ်တွေအနေနဲ့ နှာခေါင်းစည်းတွေ တပ်ထားရမှာဖြစ်ပါတယ်။ ဒါပေမယ့် အပူချိန်တော့ တိုင်းစရာမလိုပါဘူး။

အခုလို ကမ္ဘာကပ်ဘေး ကျရောက်နေတဲ့အချိန်မှာပဲ မနေ့ တနလာၤနေ့ကတော့ ကုလသမဂ္ဂ တည်ထောင်မှု ၇၅ နှစ်ပြည့်အခမ်းအနား တရပ်လုပ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် လက်ရှိအထိဆိုရင် ကမ္ဘာလူဦးရေ ၁,၀၀၀,၀၀၀ နီးပါး သေဆုံးခဲ့ပြီး၊ ရောဂါပိုးတွေ့ရှိသူဟာလည်း တကမ္ဘာလုံး ၃၁ သန်းကျော်သွားပါပြီ။

COVID 19 ကပ်ရောဂါကြီးဟာ ကမ္ဘာကြီးကို အကြီးအကျယ်ထိခိုက်အားနည်းသွားစေပြီး၊ ဒီအတွက် အားလုံး အတူတကွဖြေရှင်းသွားမှ ရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မနေ့က ကုလ ၇၅နှစ်ပြည့်အခမ်းအနားမှာပြောပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး နောက်ထပ် စစ်ကြီးတခုဖြစ်လာမှာကို ကာကွယ်တားဆီးဖို့ ကမ္ဘာခေါင်းဆောင်တွေ အားထုတ်ရာကနေ ၁၉၄၅ ခုနှစ်မှာ ကုလသမဂ္ဂ ပေါ်ပေါက်လာတာပါ။ အများက စိုးရိမ်နေကြတဲ့ တတိယကမ္ဘာစစ်ကို ရှောင်နိုင်ခဲ့ပါပြီလို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ခေတ်သစ်ကမ္ဘာသမိုင်းမှာ အင်အားကြီးနိုင်ငံတွေအကြား စစ်ရေးအရ ထိပ်တိုက်ဖြစ်မှုတွေမရှိဘဲ နှစ်ပေါင်းများစွာနေနိုင်ခဲ့ပါပြီ။ ဒါဟာ ကျနော်တို့ အဖွဲ့ဝင်နိုင်ငံတွေ ဂုဏ်ယူနိုင်ကြတဲ့ အကြီးမားဆုံးအောင်မြင်မှုကြီးဖြစ်သလို ဒါကို ဆက်ပြီး ထိန်းသွားရပါလိမ့်မယ်လို့ ကုလ အတွင်းရေးမှုးချုပ်က ပြောပါတယ်။ မနေ့က မိန့်ခွန်းထဲမှာတော့ ကုလသမဂ္ဂက အခြားဆောင်ရွက်နိုင်ခဲ့တဲ့ ဆင်းရဲမှုနဲ့ ငတ်မွတ်မှုလျှော့ချရေး ကပ်ဘေးနဲ့ ပဋိပက္ခတွေအတွင်းက သန်းနဲ့ချီတဲ့ ကမ္ဘာပြည်သူတွေကို အကူအညီအထောက်အပံ့ ပေးနိုင်တာတွေနဲ့ ရောဂါဆိုးတွေကို တိုက်ဖျက်နိုင်တာတွေလည်း ပါဝင်ပါတယ်။

XS
SM
MD
LG