သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကပ္ေဘးၾကားက ၇၅ ႏွစ္ျပည့္ ကုလသမဂၢ အေထြေထြညီလာခံ စတင္


(Zawgyi/Unicode)

ကမာၻတလႊား COVID-19 ကပ္ေရာဂါဒဏ္ခံေနရသလို ႀကီးမားတဲ့ စိန္ေခၚမႈေတြနဲ႔ပါ ရင္ဆိုင္ေနရတာေၾကာင့္ ႏိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္မႈေတြ ခိုင္မာေအာင္လုပ္ေဆာင္ဖို႔ အေရးတႀကီး လိုအပ္ေနတယ္လို႔ စက္တင္ဘာလမွာ က်ေရာက္တဲ့ ကုလသမဂၢတည္ေထာင္မႈ ၇၅ ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားမွာ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ Antonio Guterres က ေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ ဒီကေန႔ ကမာၻႀကီးမွာ ဘက္ေပါင္းစံုက စိန္ေခၚမႈေတြနဲ႔ ျပည့္ ေနေပမယ့္ အေျဖမရႏိုင္ပဲ ျဖစ္ေနေၾကာင္းနဲ႔ ဒီ COVID-19 ကပ္ေရာဂါကေန ကမာၻႀကီး ဘယ္ေလာက္ ထိခိုက္လြယ္ေနတယ္ ဆိုတာကို ျပေနၿပီး ဒီေရာဂါနဲ႔ ပတ္သက္ရင္ အားလံုး အတူလက္တြဲ လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္း လည္း ေျပာပါတယ္။

Johns Hopkins တကၠသိုလ္က ေကာက္ယူတဲ့ စစ္တမ္းအရ ကိုရိုနာဗုိင္းရပ္စ္အကူးစက္ခံရသူဟာ ကမာၻတလႊားမွာ လူေပါင္း ၃၁ သန္းေက်ာ္ေနၿပီျဖစ္ၿပီး ေသဆံုးရသူ ေပါင္းက တသန္းနီးပါး (၉ ၆၀ ၀၀၀) ရွိေနတာပါ။

ကုလသမဂၢ ၇၅ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အခမ္းအနား က်င္းပတဲ့ တနလၤာေန႔မွာပဲ ကမာၻ႔ေခါင္းေဆာင္ေတြ ႏွစ္စဥ္ေတြ႔ဆံုၾကတဲ့ ကုလသမဂၢ အေထြေထြညီလာခံကိုပါ စတင္ခဲ့တာပါ။ ဒီႏွစ္မွာေတာ့ COVID-19 ကပ္ေရာဂါေၾကာင့္ အရင္လို လူကိုယ္တိုင္ ညီလာခံ တက္ေရာက္တာ မ်ိဳးမဟုတ္ပဲ အမ်ားစုက အြန္လိုင္းကေနပဲ တက္ေရာက္ ၾကတာျဖစ္ပါတယ္။

က်ယ္ေျပာတဲ့ ညီလာခံခန္းမႀကီးထဲမွာ လူခ်င္းခပ္ခြါခြါ ေနႏိုင္ဖို႔အတြက္ ဒီညီလာခံကို ႏိုင္ငံ တႏိုင္ငံကေန တေယာက္ တက္ေရာက္ၾကမွာ ျဖစ္ၿပီး ႏိုင္ငံအႀကီးအကဲေတြ ဝန္ႀကီးခ်ဳပ္ေတြကေတာ့ သူတို႔ႏိုင္ငံေတြကေန ဗြီဒီယုိ သတင္းစကားေတြ ပါးရင္း အေဝးကပဲ တက္ေရာက္ဖုိ႔ ရိွပါတယ္။

ဒုတိယကမာၻစစ္ႀကီးအၿပီးမွာ ေနာက္ထပ္ ႀကီးမားတဲ့ပဋိပကၡျဖစ္ပြါးမႈေတြ မျဖစ္ေအာင္ ကာကြယ္ဖုိ႔ ၁၉၄၅ ခုႏွစ္မွာ ကုလသမဂၢကို တည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။

လူအမ်ား စိုးရိမ္ေၾကာက္လန္႔တဲ့ တတိယကမာၻစစ္ မျဖစ္ေအာင္ ေရွာင္ရွားႏိုင္ခဲ့ေၾကာင္းနဲ႔ အင္အားႀကီးႏိုင္ငံေတြၾကား စစ္ေရးပဋိပကၡ မျဖစ္ေအာင္ ႏွစ္ေပါင္းမ်ားစြာ လုပ္ေဆာင္ႏိုင္ခဲ့တာဟာ ႀကီးမားတဲ့ ေအာင္ျမင္မႈတရပ္ အျဖစ္ ဂုဏ္ယူရမွာ ျဖစ္သလို ဒီလို လုပ္ေဆာင္တာကို တာရွည္ထိန္းထားရမွာ ျဖစ္ေၾကာင္းလည္း ကုလအတြင္းေရးမႈးခ်ဳပ္ က ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

COVID-19 ကပ်ဘေးရောဂါကြားက ၇၅ နှစ်ပြည့် ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်

(Unicode)

ကမ္ဘာတလွှား COVID-19 ကပ်ရောဂါဒဏ်ခံနေရသလို ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ပါ ရင်ဆိုင်နေရတာကြောင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ ခိုင်မာအောင်လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ စက်တင်ဘာလမှာ ကျရောက်တဲ့ ကုလသမဂ္ဂတည်ထောင်မှု ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဒီကနေ့ ကမ္ဘာကြီးမှာ ဘက်ပေါင်းစုံက စိန်ခေါ်မှုတွေနဲ့ ပြည့် နေပေမယ့် အဖြေမရနိုင်ပဲ ဖြစ်နေကြောင်းနဲ့ ဒီ COVID-19 ကပ်ရောဂါကနေ ကမ္ဘာကြီး ဘယ်လောက် ထိခိုက်လွယ်နေတယ် ဆိုတာကို ပြနေပြီး ဒီရောဂါနဲ့ ပတ်သက်ရင် အားလုံး အတူလက်တွဲ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း လည်း ပြောပါတယ်။

Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းအရ ကိုရိုနာဗိုင်းရပ်စ်အကူးစက်ခံရသူဟာ ကမ္ဘာတလွှားမှာ လူပေါင်း ၃၁ သန်းကျော်နေပြီဖြစ်ပြီး သေဆုံးရသူ ပေါင်းက တသန်းနီးပါး (၉ ၆၀ ၀၀၀) ရှိနေတာပါ။

ကုလသမဂ္ဂ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပတဲ့ တနင်္လာနေ့မှာပဲ ကမ္ဘာ့ခေါင်းဆောင်တွေ နှစ်စဉ်တွေ့ဆုံကြတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကိုပါ စတင်ခဲ့တာပါ။ ဒီနှစ်မှာတော့ COVID-19 ကပ်ရောဂါကြောင့် အရင်လို လူကိုယ်တိုင် ညီလာခံ တက်ရောက်တာ မျိုးမဟုတ်ပဲ အများစုက အွန်လိုင်းကနေပဲ တက်ရောက် ကြတာဖြစ်ပါတယ်။

ကျယ်ပြောတဲ့ ညီလာခံခန်းမကြီးထဲမှာ လူချင်းခပ်ခွါခွါ နေနိုင်ဖို့အတွက် ဒီညီလာခံကို နိုင်ငံ တနိုင်ငံကနေ တယောက် တက်ရောက်ကြမှာ ဖြစ်ပြီး နိုင်ငံအကြီးအကဲတွေ ဝန်ကြီးချုပ်တွေကတော့ သူတို့နိုင်ငံတွေကနေ ဗွီဒီယို သတင်းစကားတွေ ပါးရင်း အဝေးကပဲ တက်ရောက်ဖို့ ရှိပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ နောက်ထပ် ကြီးမားတဲ့ပဋိပက္ခဖြစ်ပွါးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ ၁၉၄၅ ခုနှစ်မှာ ကုလသမဂ္ဂကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

လူအများ စိုးရိမ်ကြောက်လန့်တဲ့ တတိယကမ္ဘာစစ် မဖြစ်အောင် ရှောင်ရှားနိုင်ခဲ့ကြောင်းနဲ့ အင်အားကြီးနိုင်ငံတွေကြား စစ်ရေးပဋိပက္ခ မဖြစ်အောင် နှစ်ပေါင်းများစွာ လုပ်ဆောင်နိုင်ခဲ့တာဟာ ကြီးမားတဲ့ အောင်မြင်မှုတရပ် အဖြစ် ဂုဏ်ယူရမှာ ဖြစ်သလို ဒီလို လုပ်ဆောင်တာကို တာရှည်ထိန်းထားရမှာ ဖြစ်ကြောင်းလည်း ကုလအတွင်းရေးမှုးချုပ် က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG