သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီညီလာခံမှာ ဝန်ကြီး Pompeo မိန့်ခွန်းပြောတဲ့အပေါ် အခြေအတင်ဖြစ်နေ


Republican ပါတီညီလာခံမှာ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ကြိုတင်ရိုက်ကူးထားတဲ့ မိန့်ခွန်းကို ထုတ်လွှင့်ပြသတဲ့ မြင်ကွင်း။ (သြဂုတ် ၂၅၊ ၂၀၂၀)
Republican ပါတီညီလာခံမှာ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ကြိုတင်ရိုက်ကူးထားတဲ့ မိန့်ခွန်းကို ထုတ်လွှင့်ပြသတဲ့ မြင်ကွင်း။ (သြဂုတ် ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

ရီပတ်ဘလီကန်ပါတီညီလာခံမှာ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အစ္စရေးနိုင်ငံ Jerusalem မြို့မှာ ကြိုတင်ရိုက်ကူးထားတဲ့ မိန့်ခွန်းကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ အစိုးရဝန်ထမ်းဖြစ်တဲ့ နိုင်ငံရဲ့ ထိပ်တန်းသံတမန်တယောက်က ခုလိုပါတီစွဲထောက်ခံမိန့်ခွန်းပြောတာမျိုး အရင်က မရှိဘူးတာကြောင့် ဒါဟာ ဥပဒေနဲ့ ညီရဲ့လားဆိုတာ စုံစမ်းဖို့ ဒီမိုကရက် တွေ တောင်းဆိုနေကြပါတယ်။

အခုသီတင်းပါတ်ထဲ့ အရှေ့အလည်ပိုင်းကို တာဝန်နဲ့ခရီးထွက်နေတဲ့ ဝန်ကြီး Pompeo က Jerusalem မြို့ကို ပထမဆုံးသွားရောက်ခဲ့တာပါ။ သူ့ရဲ့မိန့်ခွန်းအတွင်း Trump အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ချီးကျူး ပြောကြားခဲ့ပါတယ်။ အမေရိကန်သံရုံးကို Tel Aviv မြို့တော်ကနေ Jerusalem မြို့ကို ပြောင်းရွှေ့ခဲ့တဲ့ကိစ္စ၊ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ညှိုနှိုင်းခဲ့တဲ့ကိစ္စ၊ IS စစ်သွေးကြွအဖွဲ့ကို နှိမ်နှင်းနိုင်ဖို့ ကြိုးပမ်းမှုနဲ့ သူ့အဆို တရုတ်ရဲ့ ခေါင်းပုံဖြတ် အမြတ်ကြီးစား ရန်လိုမှုတွေအပေါ် ကိုင်တွယ်ခဲ့တာတွေကို နိုင်ငံခြားရေးဝန်ကြီးက အမွှမ်းတင်ပြောကြားခဲ့ပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးတယောက်က ပါတီညီလာခံမှာ ခုလို မိန့်ခွန်းပြောကြားတာ အရင်ဘယ်တုန်းမှ မရှိခဲ့သလို ထူးခြားနေပြီး ဥပဒေချိုးဖောက်ရာရောက်နေပုံရတယ်လို့ ဒီမိုကရက်ပါတီအမတ်တွေက ပြောကြားပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံခြားရေး ဒုဝန်ကြီး Stephen Biegun အနေနဲ့ ဒီကိစ္စကို စက်တင်ဘာ ၁ ရက်မတိုင်ခင် တုံ့ပြန်ဖို့နဲ့၊ နိုင်ငံခြားရေးဌာနကနေ ရှင်းပြဖို့ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ စည်းကမ်းထိန်းသိမ်းရေးနဲ့ စုံစမ်း စစ်ဆေးရေး ဆပ်ကော်မတီ ဥက္ကဋ္ဌအမတ် Joaquin Castro က စာရေးသား တောင်းဆိုထားပါတယ်။

ဝန်ကြီး Pompeo ကတော့ ဒီနေ့အစောပိုင်းက ဘာရိန်းနိုင်ငံ Manama မြို့တော်မှာ အိမ်ရှေ့မင်းသား Salman bin Hamad Al Khalifa အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပင်လယ်ကွေ့ဒေသနိုင်ငံတွေ စည်းလုံးကြဖို့ အရေးကြီးတဲ့အကြောင်း နဲ့ ဒေသတွင်းအီရန်ရဲ့လွှမ်းမိုးလာမှုအပေါ် တန်ပြန်ဆောင်ရွက်ကြရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး Pompeo ကပြောပါတယ်။ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းကျရင်တော့ သူဟာ အာရပ်စော်ဘွားများပြည်ထောင်စု UAE ရဲ့မြို့တော် Abu Dhabi ကိုသွားမှာဖြစ်ပြီး အစ္စရေးလ်နဲ့ UAE ကြား ရထားတဲ့ ဆက်ဆံရေး သဘောတူညီမှုအကြောင်း ဆွေးနွေးဖို့ရှိတယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ပါတီညီလာခံမှာ ဝန်ကြီး Pompeo မိန့်ခွန်းပြောတဲ့အပေါ် အခြေအတင်ဖြစ်နေ
please wait

No media source currently available

0:00 0:02:02 0:00
တိုက်ရိုက် လင့်ခ်
ပါတီညီလာခံမှာ Mike Pompeo မိန့်ခွန်းပြောဆိုမှု အငြင်းပွားဖွယ်ဖြစ်
please wait

No media source currently available

0:00 0:04:21 0:00

[Unicode Version]






XS
SM
MD
LG