သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-ပိုလန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်


ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo (ဝဲ) နဲ့ ပိုလန်ကာကွယ်ရေးဝန်ကြီး Mariusz Blaszczak. (သြဂုတ် ၁၅၊ ၂၀၂၀)
ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo (ဝဲ) နဲ့ ပိုလန်ကာကွယ်ရေးဝန်ကြီး Mariusz Blaszczak. (သြဂုတ် ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်နဲ့ ပိုလန်တို့ဟာ မကြာသေးခင်ကမှ ညှိနှိုင်းခဲ့တဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ EDCA သဘောတူညီချက်ကို စနေနေ့က ဝါဆောမြို့မှာ လက်မှတ်ရေးထိုးကြပါတယ်။

ဥရောပခရီးစဉ် သွားရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ပိုလန်သမ္မတ Andrzej Duda နဲ့ တွေ့ဆုံအပြီးမှာ ကာကွယ်ရေးဝန်ကြီး Mariusz Blaszczak နဲ့ အခုလို သဘောတူလက်မှတ် ရေးထိုးခဲ့တာပါ။

ဒီသဘောတူညီချက်ကနေ ၂ နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မှာ ဖြစ်သလို ပိုလန်မှာ အမေရိကန်တပ်တွေ တိုးမြှင့်ချထားတာဟာ NATO ရဲ့ စစ်တားဆီးရေးကို ပိုမိုခိုင်မာစေမှာ ဖြစ်သလို ဥရောပဒေသ လုံခြုံရေး တိုးမြင့်လာစေမယ့်အပြင် ဒီမိုကရစီ၊ လွတ်လပ်မှုနဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအတွက်လည်း အထောက်အကူ ပေးမှာဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ဒီသဘောတူညီချက်ဟာ ရှိပြီးသား တပ်ချထားရေးဆိုင်ရာ NATO သဘောတူညီချက်အပြင် ပိုလန်မှာ အမေရိကန်တပ်တွေကို နောက်ထပ် စစ်ရေးဆိုင်ရာ ဖြည့်တင်းမှုတွေ လုပ်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

ပိုလန်မှာ လောလောဆယ် အမေရိကန်တပ်သား ၄,၅၀၀ ချထားရာကနေ နောက်ထပ် ၁,၀၀၀ ထပ်တိုးပြီး ချထားဖို့ ၂ နိုင်ငံ သဘောတူကြောင်း မနှစ်ကပဲ ကြေညာခဲ့တာပါ။

အမေရိကန်တပ်သား ၁၂,၀၀၀ လောက်ကို ဂျာမနီကနေ ပြန်ရုပ်သိမ်းပြီး ဒီအထဲက ၅,၆၀၀ လောက်ကို ပိုလန် အပါအဝင် တခြား ဥရောပနိုင်ငံတွေမှာ ချထားခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြီးခဲ့တဲ့ ဇူလိုင်လမှာပဲ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)








XS
SM
MD
LG