သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကုလေဆြးေႏြးမႈအေပၚ အျမင္တခ်ိဳ႕


၇၄ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ျမန္မာ့အေရး အထူးသျဖင့္ ရခိုင္ေျမာက္ပိုင္းက ေနရပ္စြန္႔ခြာ ထြက္သြားသူေတြအေရးနဲ႔ ပတ္သက္လို႔ အိမ္နီးခ်င္းႏိုင္ငံ ေခါင္းေဆာင္ေတြက အႀကံျပဳေဆြးေႏြးတာ၊ ေဝဖန္ ျပစ္တင္တာေတြ ရွိခဲ့ပါတယ္။ ျမန္မာအစိုးရ ကုိယ္စားလွယ္အဖြဲ႔ ေခါင္းေဆာင္ကေတာ့ ဒီေနရပ္စြန္႔ခြာသူေတြ ျပန္လက္ခံေရးကို ဦးစားေပးလုပ္ေနေၾကာင္း ရွင္းလင္းေျပာခဲ့တာပါ။ ဒီညီလာခံအတြင္း ျမန္မာ့အေရး ေဆြးေႏြးမႈေတြနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာေရာက္ ျမန္မာ့အေရး သုံးသပ္သူေတြရဲ႕ အျမင္ကို ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

စက္တင္ဘာ ၂၄ ကေန ၃၀ ရက္ေန႔ထိ နယူးေယာက္ၿမဳိ႕ ကုလသမဂၢ ဌာနခ်ဳပ္မွာ က်င္းပေနတဲ့ ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ျမန္မာ့အေရး အထူးသျဖင့္ ရခိုင္ေျမာက္ပိုင္းက ေနရပ္စြန္႔ခြာ ထြက္သြားသူေတြနဲ႔ ပတ္သက္လို႔ ျမန္မာအစိုးရက ဦးစားေပး လုပ္ေဆာင္ေနေၾကာင္း ႏို္င္ငံေတာ္အတုိင္ပင္ခံ႐ုံးဝန္ႀကီး ဦးေက်ာ္တင့္ေဆြက စက္တင္ဘာ ၂၈ ရက္ ကုလသမဂၢမိန္႔ခြန္းမွာ ထည့္သြင္း ေျပာၾကားသြားပါတယ္။

“က်ေနာ္တုိ႔ရဲ႕ လက္ရွိ ဦးစားေပးလုပ္ငန္းက ေနရပ္စြန္႔ခြာသြားသူေတြကို စိစစ္ၿပီး ျပန္လည္လက္ခံေရးနဲ႔ ျပန္လည္ေရာက္ရွိလာသူေတြအတြက္ ေကာင္းမြန္တဲ့ ပတ္ဝန္းက်င္ ဖန္တီးေပးေရး လုပ္ေဆာင္ေနတယ္” လုိ႔ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ ေျပာသြားတာပါ။

ႏုိင္ငံသားဥပေဒနဲ႔ ကိုက္ညီသူေတြကို နိုင္ငံသားစိစစ္ေရးကတ္ျပားေတြ ထုတ္ေပးမွာျဖစ္သလို က်န္တဲ့သူေတြကိုေတာ့ အေမရိကန္ႏုိင္ငံက “Green Card” နဲ႔ ဆင္တူတဲ့ NVC ကတ္ျပားေတြ ထုတ္ေပးမွာျဖစ္တယ္လို႔ ဦးေက်ာ္တင့္ေဆြက ေျပာသြားပါတယ္။

ညီလာခံအတြင္း အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ Sheikh Hasina က ႐ုိဟင္ဂ်ာေတြ ဌာေနျပန္ပို႔ေရးမွာ ေရရွည္ေျဖရွင္းဖို႔ အခ်က္ ၄ ခ်က္ပါတဲ့ အဆိုျပဳခ်က္ကုိ ေျပာသြားပါတယ္။ အဲဒီထဲမွာ ႐ုိဟင္ဂ်ာေတြ ျမန္မာအသိုင္းအဝုိင္းၾကား ေရရွည္ အတူယွဥ္တြဲေနႏုိင္ေရးအတြက္ ျမန္မာအစိုးရက ႏိုင္ငံေရးဆႏၵရွိတယ္ဆိုတာ အခုိင္အမာ ျပသဖုိ႔လုိေၾကာင္း၊ ႐ုိဟင္ဂ်ာေတြၾကား ယံုၾကည္မႈ တည္ေဆာက္ေပးဖို႔အတြက္ ခြဲျခားဆက္ဆံမႈ မလုပ္ဖို႔နဲ႔ ခြဲျခားတဲ့ ဥပေဒေတြ ဖ်က္သိမ္းေပးေရး အပါအဝင္ ရခိုင္ေျမာက္ပိုင္းေဒသကို ႐ုိဟင္ဂ်ာ ကိုယ္စားလွယ္ေတြ သြားေရာက္ၾကည့္႐ႈ စစ္ေဆးခြင့္ေပးဖို႔ စတဲ့အခ်က္ေတြ ပါဝင္တာပါ။

အလားတူ အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi ကလည္း အေထြေထြညီလာခံ ေဘးထြက္အစည္းေဝးအျဖစ္ စက္တင္ဘာ ၂၇ မွာက်င္းပတဲ့ ႐ုိဟင္ဂ်ာအေရးဆုိင္ရာ ေဆြးေႏြးပြဲမွာ ၾသဂုတ္လက ဒုတိယအႀကိမ္ ႐ုိဟင္ဂ်ာေတြ ေနရပ္ျပန္ေရး ႀကိဳးပမ္းမႈ မေအာင္မျမင္ ျဖစ္ခဲ့ရတာကိုၾကည့္ရင္ ဒုကၡသည္ေတြရဲ႕ ယံုၾကည္မႈ ေလ်ာ့ပါးေနတာ ေတြ႔ရေၾကာင္း ေထာက္ျပပါတယ္။ မေလးရွားဝန္ႀကီးခ်ဳပ္ ေဒါက္တာ မဟာသီယာမုိဟာမက္ကလည္း ျမန္မာအစိုးရဟာ ျပည္တြင္းထဲ ေနသူေတြကို ရက္ရက္စက္စက္ ေမာင္းထုတ္ေနတယ္လို႔ ျပစ္တင္သြားပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္းယီကေတာ့ ႐ိုဟင္ဂ်ာေတြ ဌာေနျပန္ေရးအတြက္ လက္ေတြ႔က်တဲ့ အကူအညီေတြ ေပးဖို႔ ေတာင္းဆိုသြားပါတယ္။

တကယ္ေတာ့ ျမန္မာအစိုးရရဲ႕ ႀကဳိတင္ျပင္ဆင္မႈ အားနည္းတာ၊ ေရရွည္အာမခံခ်က္ေတြ မျမင္ရေသးတာေၾကာင့္ ဘဂၤလားေဒ့ရွ္ နယ္စပ္စခန္းေတြက ႐ုိဟင္ဂ်ာဒုကၡသည္ေတြ အခုအခ်ိန္ထိ ျမန္မာႏုိင္ငံဘက္ ျပန္မလာၾကေသးတာ ျဖစ္တယ္လို႔ လက္ရွိ အေမရိကန္မွာေနထိုင္တဲ့ ဦးသိန္းစိန္အစိုးရလက္ထက္ ဘူးသီးေတာင္မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးေရႊေမာင္က ေျပာပါတယ္။

“႐ိုဟင္ဂ်ာေတြ ျပန္မလာဘူးဆုိတာေတာ့ ယုံၾကည္မႈ မရွိေသးလုိ႔ ျဖစ္ပါတယ္။ ယုံၾကည္မႈ ရွိေလာက္ေအာင္ ျမန္မာအစုိးရဘက္ကေန ဘာမွျပင္ဆင္ထားတာ မရွိဘူး။ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္မွာ မီး႐ႈိ႕ခံလုိက္ရတဲ့ ရြာေပါင္း ၃ ရြာကုိလည္း ျပန္လည္ တည္ေဆာက္ထားတာ မရွိဘူး။ ဒါေၾကာင့္မုိ႔ သူတို႔က ျပန္လာရင္ လုံၿခဳံမႈမရွိဘူး၊ မေသခ်ာဘူးဆုိတာကုိ ထင္ေနၾကတာ။

“ေနာက္တခ်က္က ျမန္မာျပည္က ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ ေျပာသြားတဲ့အထဲမွာ NVC နဲ႔ Green Card ကိစၥေပါ့၊ အဲဒီ NVC ဆိုတာက အရင္ White Card ကို အေရာင္ေျပာင္း၊ နာမည္ေျပာင္းထားတာ။ ႏုိင္ငံသားအခြင့္အေရး မေပးခ်င္လို႔ ဒါ လွည့္ဖ်ားမႈလုိ႔ပဲ ႐ုိဟင္ဂ်ာ တမ်ဳိးသားလုံးက ခံယူထားတယ္။ Green Card နဲ႔ ကြာတာက Green Card သည္ အေမရိကန္မွာ အေျခခ်တဲ့လူေတြ၊ ႏုိင္ငံျခားသားေတြကို ေပးတာ။ အခြင့္အေရး အျပည့္အဝရွိတယ္။ သြားေရး၊ လာေရး၊ က်န္းမာေရး၊ ပညာေရး၊ အလုပ္လုပ္ကိုင္ခြင့္ အဲဒီ Green Card မွာ လူမ်ဳိး ဘာသာေတြ မပါဘူး။ NVC မွာက်ေတာ့ လူမ်ဳိးလည္းပါတယ္၊ ဘာသာလည္းပါတယ္၊ သြားေရး လာေရးလည္း ကန္႔သတ္ထားတယ္။ ေနာက္ ႏုိင္ငံသားမဟုတ္ဘူး ဆုိတာကိုလည္း ေရးထားတယ္။ ဘယ္အခ်ိန္ ဘယ္ရက္မွာ ႏုိင္ငံသားေပးမယ္ ဆုိတာလည္း တိတိက်က် မပါတဲ့အတြက္ NVC နဲ႔ Green Card ဆိုတာ ေတာ္ေတာ္ကြာပါတယ္။”

ျမန္မာအစိုးရေတာ့ ႐ုိဟင္ဂ်ာဆိုတာကို အသိအမွတ္ျပဳထားျခင္း မရွိပါဘူး။ ရခုိင္ေျမာက္ပိုင္းအေရးနဲ႔ ပတ္သက္လာရင္ ျမန္မာ့တပ္မေတာ္နဲ႔ အစိုးရအေပၚ ႏိုင္ငံတကာဖိအား တိုးေပးေနၿပီး ပိတ္ဆို႔အေရးယူႏိုင္ဖို႔ကိုလည္း ႀကဳိးပမ္းလာေနတာ ရွိပါတယ္။ ဒီလို ဖိအားေပးေတာင္းဆိုမႈေတြဟာ မွ်တမႈမရွိဘူးလို႔ အေမရိကန္ျပည္ေထာင္စုက ျမန္မာ့အေရးသုံးသပ္သူ ေဒါက္တာတင့္ေဆြက ျမင္ပါတယ္။

“ကုလသမဂၢညီလာခံမွာ ျမန္မာႏုိင္ငံအေၾကာင္း ေျပာသမွ် ေခါင္းေဆာင္ေတြက ဗုဒၶဘာသာမဟုတ္တဲ့၊ ကုိးကြယ္မႈကိုလုပ္တဲ့ လူမ်ဳိးစုတခုအေရး တခုတည္းကုိပဲ ေဇာင္းေပးၿပီး အကုန္လုံးက ေျပာသြားၾကတာဟာ တရားမွ်တမႈ မရွိဘူးလို႔ က်ေနာ္ သုံးသပ္ပါတယ္။ ျမန္မာႏုိင္ငံအစုိးရက လုပ္ခ်င္စိတ္မရွိဘူး၊ လာေစခ်င္စိတ္ မရွိဘူးဆုိတဲ့ စြပ္စြဲခ်က္ကေတာ့ မမွန္ကန္ဘူးေပါ့။ ႏုိင္ငံတကာမွာ အထူးသျဖင့္ေတာ့ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina ေျပာဆုိသြားတာေတြဟာ ျမန္မာႏုိင္ငံႀကီး တခုလုံးကို မ်က္စိမွိတ္၊ နားပိတ္ၿပီးေတာ့ သူ႔အေရးတခုတည္းကုိ လုပ္သြားျခင္းဟာ လြတ္လပ္တဲ့ အခ်ဳပ္အျခာအာဏာပိုင္ ႏုိင္ငံတခုအေနနဲ႔က်ေတာ့ ဒီေလာက္ႀကီး လုိက္ေလ်ာေပးလိုက္ဖို႔ က်ေနာ္ မျမင္ဘူး။ ႏုိင္ငံတကာဖိအားဟာ ကုလသမဂၢမွာ မွ်တမႈမရွိဘူး၊ သတ္မွတ္ ခုခံတာေတြကုိ က်ေနာ္ကေတာ့ သေဘာတူပါတယ္ခင္ဗ်။”

ဘဂၤလားေဒ့ရွ္ နယ္စပ္စခန္းထဲက ဒုကၡသည္တခ်ဳိ႕ ေနရပ္ျပန္လာၾကခ်င္ေပမယ့္လည္း ဟန႔္တားခံရတာေတြ ရွိေနသလို ဒီလို ဒုကၡသည္ေတြကို အျမတ္ထုတ္ဖို႔ ဖ်က္လိုဖ်က္ဆီးလုပ္ရပ္ေတြ ရွိေနတယ္လို႔လည္း ဝန္ႀကီး ဦးေက်ာ္တင့္ေဆြက သူ႔ရဲ႕ ကုလမိန္႔ခြန္းမွာ ေထာက္ျပၿပီး ျပန္လာလိုသူေတြအတြက္ ဘဂၤလားေဒ့ရွ္က ကူညီေဆာင္ရြက္ဖို႔ လိုေၾကာင္းလည္း တုိက္တြန္းလိုက္ပါတယ္။

႐ုိဟင္ဂ်ာေတြအတြက္ ျမန္မာႏုိင္ငံတြင္း Safe Zone တည္ေထာင္ေပးဖို႔နဲ႔ ရခုိင္ေျမာက္ပိုင္း ပဋိပကၡမွာ တာဝန္ရွိသူေတြကို အေရးယူႏိုင္ေရး ICC ကုိ ကနဦး စုံစမ္းစစ္ေဆးမႈ လုပ္ခြင့္ေပးဖို႔ ေတာင္းဆုိမႈေတြနဲ႔အတူ ဖိအားေပးမႈေတြကို လက္မခံဘူးလို႔ ျမန္မာအစိုးရ ကိုယ္စားလွယ္က ေျပာခဲ့တာျဖစ္ပါတယ္။

----------------------------------

(Unicode)

မြန်မာ့အရေး ကုလဆွေးနွေးမှုအပေါ် အမြင်တချို့

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေး အထူးသဖြင့် ရခိုင်မြောက်ပိုင်းက နေရပ်စွန့်ခွာ ထွက်သွားသူတွေအရေးနဲ့ ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံ ခေါင်းဆောင်တွေက အကြံပြုဆွေးနွေးတာ၊ ဝေဖန် ပြစ်တင်တာတွေ ရှိခဲ့ပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ကတော့ ဒီနေရပ်စွန့်ခွာသူတွေ ပြန်လက်ခံရေးကို ဦးစားပေးလုပ်နေကြောင်း ရှင်းလင်းပြောခဲ့တာပါ။ ဒီညီလာခံအတွင်း မြန်မာ့အရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရောက် မြန်မာ့အရေး သုံးသပ်သူတွေရဲ့ အမြင်ကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

စက်တင်ဘာ ၂၄ ကနေ ၃၀ ရက်နေ့ထိ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေး အထူးသဖြင့် ရခိုင်မြောက်ပိုင်းက နေရပ်စွန့်ခွာ ထွက်သွားသူတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ဦးစားပေး လုပ်ဆောင်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာ ၂၈ ရက် ကုလသမဂ္ဂမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

“ကျနော်တို့ရဲ့ လက်ရှိ ဦးစားပေးလုပ်ငန်းက နေရပ်စွန့်ခွာသွားသူတွေကို စိစစ်ပြီး ပြန်လည်လက်ခံရေးနဲ့ ပြန်လည်ရောက်ရှိလာသူတွေအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဖန်တီးပေးရေး လုပ်ဆောင်နေတယ်” လို့ ဝန်ကြီး ဦးကျော်တင့်ဆွေ ပြောသွားတာပါ။

နိုင်ငံသားဥပဒေနဲ့ ကိုက်ညီသူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ထုတ်ပေးမှာဖြစ်သလို ကျန်တဲ့သူတွေကိုတော့ အမေရိကန်နိုင်ငံက “Green Card” နဲ့ ဆင်တူတဲ့ NVC ကတ်ပြားတွေ ထုတ်ပေးမှာဖြစ်တယ်လို့ ဦးကျော်တင့်ဆွေက ပြောသွားပါတယ်။

ညီလာခံအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina က ရိုဟင်ဂျာတွေ ဌာနေပြန်ပို့ရေးမှာ ရေရှည်ဖြေရှင်းဖို့ အချက် ၄ ချက်ပါတဲ့ အဆိုပြုချက်ကို ပြောသွားပါတယ်။ အဲဒီထဲမှာ ရိုဟင်ဂျာတွေ မြန်မာအသိုင်းအဝိုင်းကြား ရေရှည် အတူယှဉ်တွဲနေနိုင်ရေးအတွက် မြန်မာအစိုးရက နိုင်ငံရေးဆန္ဒရှိတယ်ဆိုတာ အခိုင်အမာ ပြသဖို့လိုကြောင်း၊ ရိုဟင်ဂျာတွေကြား ယုံကြည်မှု တည်ဆောက်ပေးဖို့အတွက် ခွဲခြားဆက်ဆံမှု မလုပ်ဖို့နဲ့ ခွဲခြားတဲ့ ဥပဒေတွေ ဖျက်သိမ်းပေးရေး အပါအဝင် ရခိုင်မြောက်ပိုင်းဒေသကို ရိုဟင်ဂျာ ကိုယ်စားလှယ်တွေ သွားရောက်ကြည့်ရှု စစ်ဆေးခွင့်ပေးဖို့ စတဲ့အချက်တွေ ပါဝင်တာပါ။

အလားတူ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်း အထွေထွေညီလာခံ ဘေးထွက်အစည်းဝေးအဖြစ် စက်တင်ဘာ ၂၇ မှာကျင်းပတဲ့ ရိုဟင်ဂျာအရေးဆိုင်ရာ ဆွေးနွေးပွဲမှာ သြဂုတ်လက ဒုတိယအကြိမ် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ခဲ့ရတာကိုကြည့်ရင် ဒုက္ခသည်တွေရဲ့ ယုံကြည်မှု လျော့ပါးနေတာ တွေ့ရကြောင်း ထောက်ပြပါတယ်။ မလေးရှားဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာမိုဟာမက်ကလည်း မြန်မာအစိုးရဟာ ပြည်တွင်းထဲ နေသူတွေကို ရက်ရက်စက်စက် မောင်းထုတ်နေတယ်လို့ ပြစ်တင်သွားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်းယီကတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် လက်တွေ့ကျတဲ့ အကူအညီတွေ ပေးဖို့ တောင်းဆိုသွားပါတယ်။

တကယ်တော့ မြန်မာအစိုးရရဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းတာ၊ ရေရှည်အာမခံချက်တွေ မမြင်ရသေးတာကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေ အခုအချိန်ထိ မြန်မာနိုင်ငံဘက် ပြန်မလာကြသေးတာ ဖြစ်တယ်လို့ လက်ရှိ အမေရိကန်မှာနေထိုင်တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ဘူးသီးတောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်က ပြောပါတယ်။

“ရိုဟင်ဂျာတွေ ပြန်မလာဘူးဆိုတာတော့ ယုံကြည်မှု မရှိသေးလို့ ဖြစ်ပါတယ်။ ယုံကြည်မှု ရှိလောက်အောင် မြန်မာအစိုးရဘက်ကနေ ဘာမှပြင်ဆင်ထားတာ မရှိဘူး။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မှာ မီးရှို့ခံလိုက်ရတဲ့ ရွာပေါင်း ၃ ရွာကိုလည်း ပြန်လည် တည်ဆောက်ထားတာ မရှိဘူး။ ဒါကြောင့်မို့ သူတို့က ပြန်လာရင် လုံခြုံမှုမရှိဘူး၊ မသေချာဘူးဆိုတာကို ထင်နေကြတာ။

“နောက်တချက်က မြန်မာပြည်က ဝန်ကြီး ဦးကျော်တင့်ဆွေ ပြောသွားတဲ့အထဲမှာ NVC နဲ့ Green Card ကိစ္စပေါ့၊ အဲဒီ NVC ဆိုတာက အရင် White Card ကို အရောင်ပြောင်း၊ နာမည်ပြောင်းထားတာ။ နိုင်ငံသားအခွင့်အရေး မပေးချင်လို့ ဒါ လှည့်ဖျားမှုလို့ပဲ ရိုဟင်ဂျာ တမျိုးသားလုံးက ခံယူထားတယ်။ Green Card နဲ့ ကွာတာက Green Card သည် အမေရိကန်မှာ အခြေချတဲ့လူတွေ၊ နိုင်ငံခြားသားတွေကို ပေးတာ။ အခွင့်အရေး အပြည့်အဝရှိတယ်။ သွားရေး၊ လာရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်လုပ်ကိုင်ခွင့် အဲဒီ Green Card မှာ လူမျိုး ဘာသာတွေ မပါဘူး။ NVC မှာကျတော့ လူမျိုးလည်းပါတယ်၊ ဘာသာလည်းပါတယ်၊ သွားရေး လာရေးလည်း ကန့်သတ်ထားတယ်။ နောက် နိုင်ငံသားမဟုတ်ဘူး ဆိုတာကိုလည်း ရေးထားတယ်။ ဘယ်အချိန် ဘယ်ရက်မှာ နိုင်ငံသားပေးမယ် ဆိုတာလည်း တိတိကျကျ မပါတဲ့အတွက် NVC နဲ့ Green Card ဆိုတာ တော်တော်ကွာပါတယ်။”

မြန်မာအစိုးရတော့ ရိုဟင်ဂျာဆိုတာကို အသိအမှတ်ပြုထားခြင်း မရှိပါဘူး။ ရခိုင်မြောက်ပိုင်းအရေးနဲ့ ပတ်သက်လာရင် မြန်မာ့တပ်မတော်နဲ့ အစိုးရအပေါ် နိုင်ငံတကာဖိအား တိုးပေးနေပြီး ပိတ်ဆို့အရေးယူနိုင်ဖို့ကိုလည်း ကြိုးပမ်းလာနေတာ ရှိပါတယ်။ ဒီလို ဖိအားပေးတောင်းဆိုမှုတွေဟာ မျှတမှုမရှိဘူးလို့ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေက မြင်ပါတယ်။

“ကုလသမဂ္ဂညီလာခံမှာ မြန်မာနိုင်ငံအကြောင်း ပြောသမျှ ခေါင်းဆောင်တွေက ဗုဒ္ဓဘာသာမဟုတ်တဲ့၊ ကိုးကွယ်မှုကိုလုပ်တဲ့ လူမျိုးစုတခုအရေး တခုတည်းကိုပဲ ဇောင်းပေးပြီး အကုန်လုံးက ပြောသွားကြတာဟာ တရားမျှတမှု မရှိဘူးလို့ ကျနော် သုံးသပ်ပါတယ်။ မြန်မာနိုင်ငံအစိုးရက လုပ်ချင်စိတ်မရှိဘူး၊ လာစေချင်စိတ် မရှိဘူးဆိုတဲ့ စွပ်စွဲချက်ကတော့ မမှန်ကန်ဘူးပေါ့။ နိုင်ငံတကာမှာ အထူးသဖြင့်တော့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ပြောဆိုသွားတာတွေဟာ မြန်မာနိုင်ငံကြီး တခုလုံးကို မျက်စိမှိတ်၊ နားပိတ်ပြီးတော့ သူ့အရေးတခုတည်းကို လုပ်သွားခြင်းဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုအနေနဲ့ကျတော့ ဒီလောက်ကြီး လိုက်လျောပေးလိုက်ဖို့ ကျနော် မမြင်ဘူး။ နိုင်ငံတကာဖိအားဟာ ကုလသမဂ္ဂမှာ မျှတမှုမရှိဘူး၊ သတ်မှတ် ခုခံတာတွေကို ကျနော်ကတော့ သဘောတူပါတယ်ခင်ဗျ။”

ဘင်္ဂလားဒေ့ရှ် နယ်စပ်စခန်းထဲက ဒုက္ခသည်တချို့ နေရပ်ပြန်လာကြချင်ပေမယ့်လည်း ဟန့်တားခံရတာတွေ ရှိနေသလို ဒီလို ဒုက္ခသည်တွေကို အမြတ်ထုတ်ဖို့ ဖျက်လိုဖျက်ဆီးလုပ်ရပ်တွေ ရှိနေတယ်လို့လည်း ဝန်ကြီး ဦးကျော်တင့်ဆွေက သူ့ရဲ့ ကုလမိန့်ခွန်းမှာ ထောက်ပြပြီး ပြန်လာလိုသူတွေအတွက် ဘင်္ဂလားဒေ့ရှ်က ကူညီဆောင်ရွက်ဖို့ လိုကြောင်းလည်း တိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာတွေအတွက် မြန်မာနိုင်ငံတွင်း Safe Zone တည်ထောင်ပေးဖို့နဲ့ ရခိုင်မြောက်ပိုင်း ပဋိပက္ခမှာ တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး ICC ကို ကနဦး စုံစမ်းစစ်ဆေးမှု လုပ်ခွင့်ပေးဖို့ တောင်းဆိုမှုတွေနဲ့အတူ ဖိအားပေးမှုတွေကို လက်မခံဘူးလို့ မြန်မာအစိုးရ ကိုယ်စားလှယ်က ပြောခဲ့တာဖြစ်ပါတယ်။

ျမန္မာ့အေရး ကုလေဆြးေႏြးမႈအေပၚ အျမင္တခ်ိဳ႕
please wait

No media source currently available

0:00 0:05:35 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG