သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္မွာကေလးငယ္ေတြ ေသဆုံးမႈတုိးလာတဲ့အေပၚ ကုလ လူ႔အခြင့္အေရးကုိယ္စားလွယ္ရႈတ္ခ်


ျမန္မာႏို္င္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္သစ္ Thomas Andrews 

(Zawgyi/Unicode)

ျမန္မာႏို္င္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္သစ္ Thomas Andrews က ရခုိင္ျပည္နယ္မွာ အျပစ္မဲ့ ကေလးငယ္ေတြ ေသဆုံးရမႈနဲ႔ ေသဆုံးသူ လူဦးေရတိုးလာေနတာကုိ ႐ႈတ္ခ်လိုက္ၿပီး အဲဒီေဒသ ေက်းရြာေတြမွာ အျမန္ဆုံး အပစ္အခတ္ရပ္စဲၾကဖို႔ အဂၤါေန႔က ေတာင္းဆုိလိုက္ပါတယ္။

ရခုိင္ေဒသတုိက္ပဲြအတြင္း ပစ္ခတ္မႈၾကားမွာ ကေလးငယ္ေတြနဲ႔ အျခားအရပ္သားျပည္သူေတြ ေျမစာပင္ျဖစ္ေနရတာကို သူက ေထာက္ျပခဲ့ၿပီး ကုလအတြင္းေရးမႉးခ်ဳပ္ရဲ႕ တိုက္တြန္းခ်က္အတိုင္း ႏွစ္ဖက္ အပစ္ခတ္ရပ္စဲေရးကို အျမန္ဆုံး အေလးထားလုပ္ၾကဖို႔ သူက ေတာင္းဆိုေနတာပါ။ လြန္ခဲ့တဲ့ ၂ ပတ္က ေျမပုံၿမဳိ႕မွာ အေျမာက္က်ည္ ထိမွန္ၿပီး ၅ ႏွစ္သားအရြယ္ ကေလး ၂ ဦးေသဆုံးသြားသလို၊ အျခားတဦး ဒဏ္ရာရသ ြားတာကို Andrews က ေထာက္ျပ ေျပာဆိုပါတယ္။

မၾကာေသးခင္က လူ႔အခြင့္အေရးေကာင္စီကို တင္သ ြင္းတဲ့ ျမန္မာအစိုးရ အစီရင္ခံစာမွာ တဖက္ႏိုင္ငံထြက္သြားတဲ့ ဒုကၡသည္ေတြ ျပန္လည္ လက္ခံေရးဟာ ဦးစားေပးလုပ္ငန္းစဥ္ျဖစ္တယ္လို႔ ေျပာဆုိတဲ့အေပၚ Mr. Andrews က ျပန္လည္ေမးခြန္းထုတ္ခဲ့ၿပီး ရခိုင္ေျမာက္ပိုင္းေဒသမွာ စစ္တပ္အေျခစိုက္စခန္းေတြ တိုးခ်ဲ႕တည္ေဆာက္လာတာက ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြမွာ ခုိလႈံေနသူေတြ ျပန္လာေရးအတြက္ ဘယ္လိုတရားမွ်တမႈ ရွိႏိုင္မလဲဆိုတာေတြကို ေထာက္ျပခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံဟာ ေရြးေကာက္ပဲြကာလအတြင္း ကိုဗစ္ကူးစက္မႈအႏၱရာယ္ကုိ ကိုင္တြယ္ေျဖရွင္ေနရတာကလည္း ႀကီးမားတဲ့ စိန္ေခၚမႈကုိ ရင္ဆိုင္ေနရတာ ျဖစ္ေၾကာင္း ေျပာဆိုပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံကို ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္လို႔ ႀကီးမားတဲ့ က်န္းမာေရးဆိုင္ရာ အကူအညီေတြ ေပးၾကဖို႔ Andrews က တိုက္တြန္းလိုက္ပါတယ္။

ေရြးေကာက္ပဲြဝင္တဲ့ ကိုယ္စားလွယ္ေလာင္းေတြ မဲဆြယ္ရာမွာ ကိုဗစ္ေၾကာင့္ ႀကီးမားတဲ့ အခက္ခဲ အဟန္႔တားေတြ ႀကဳံေနရေၾကာင္း သူက ေထာက္ျပပါတယ္။ ကိုဗစ္ကို ထိ္န္းခ်ဳပ္ႏို္င္ဖို႔ အစိုးရက ထုတ္ျပန္ ခ်မွတ္တဲ့ ကန္႔သတ္တားျမစ္ခ်က္ေတြဟာ ရွင္းရွင္းလင္းလင္း မရွိတာေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြရဲ႕ လြတ္လပ္စ ြာ ထုတ္ေဖၚေျပာဆိုခြင့္ ထိခိုက္ေနရတဲ့ အေပၚ စုိးရိမ္မိေၾကာင္းလည္း Mr. Andrews က ေဝဖန္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ရခိုင်မှာကလေးငယ်တွေ သေဆုံးမှုတိုးလာတဲ့အပေါ် ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်ရှုတ်ချ
(Unicode)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် Thomas Andrews က ရခိုင်ပြည်နယ်မှာ အပြစ်မဲ့ ကလေးငယ်တွေ သေဆုံးရမှုနဲ့ သေဆုံးသူ လူဦးရေတိုးလာနေတာကို ရှုတ်ချလိုက်ပြီး အဲဒီဒေသ ကျေးရွာတွေမှာ အမြန်ဆုံး အပစ်အခတ်ရပ်စဲကြဖို့ အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။

ရခိုင်ဒေသတိုက်ပွဲအတွင်း ပစ်ခတ်မှုကြားမှာ ကလေးငယ်တွေနဲ့ အခြားအရပ်သားပြည်သူတွေ မြေစာပင်ဖြစ်နေရတာကို သူက ထောက်ပြခဲ့ပြီး ကုလအတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်အတိုင်း နှစ်ဖက် အပစ်ခတ်ရပ်စဲရေးကို အမြန်ဆုံး အလေးထားလုပ်ကြဖို့ သူက တောင်းဆိုနေတာပါ။ လွန်ခဲ့တဲ့ ၂ ပတ်က မြေပုံမြို့မှာ အမြောက်ကျည် ထိမှန်ပြီး ၅ နှစ်သားအရွယ် ကလေး ၂ ဦးသေဆုံးသွားသလို၊ အခြားတဦး ဒဏ်ရာရသ ွားတာကို Andrews က ထောက်ပြ ပြောဆိုပါတယ်။

မကြာသေးခင်က လူ့အခွင့်အရေးကောင်စီကို တင်သ ွင်းတဲ့ မြန်မာအစိုးရ အစီရင်ခံစာမှာ တဖက်နိုင်ငံထွက်သွားတဲ့ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေးဟာ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်တယ်လို့ ပြောဆိုတဲ့အပေါ် Mr. Andrews က ပြန်လည်မေးခွန်းထုတ်ခဲ့ပြီး ရခိုင်မြောက်ပိုင်းဒေသမှာ စစ်တပ်အခြေစိုက်စခန်းတွေ တိုးချဲ့တည်ဆောက်လာတာက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတွေ ပြန်လာရေးအတွက် ဘယ်လိုတရားမျှတမှု ရှိနိုင်မလဲဆိုတာတွေကို ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲကာလအတွင်း ကိုဗစ်ကူးစက်မှုအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်နေရတာကလည်း ကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရတာ ဖြစ်ကြောင်း ပြောဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ ကြီးမားတဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ ပေးကြဖို့ Andrews က တိုက်တွန်းလိုက်ပါတယ်။

ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ရာမှာ ကိုဗစ်ကြောင့် ကြီးမားတဲ့ အခက်ခဲ အဟန့်တားတွေ ကြုံနေရကြောင်း သူက ထောက်ပြပါတယ်။ ကိုဗစ်ကို ထိန်းချုပ်နိုင်ဖို့ အစိုးရက ထုတ်ပြန် ချမှတ်တဲ့ ကန့်သတ်တားမြစ်ချက်တွေဟာ ရှင်းရှင်းလင်းလင်း မရှိတာကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ လွတ်လပ်စ ွာ ထုတ်ဖေါ်ပြောဆိုခွင့် ထိခိုက်နေရတဲ့ အပေါ် စိုးရိမ်မိကြောင်းလည်း Mr. Andrews က ဝေဖန်လိုက်ပါတယ်။

XS
SM
MD
LG