သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံဆုိင္ရာ ကန္ သံအမတ္သစ္အတြက္ အထက္လႊတ္ေတာ္ ၾကားနာပြဲျပဳလုပ္


 ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီးအျဖစ္ အဆိုျပဳ တင္သြင္းခဲ့တဲ့ Thomas Laszlo Vajda ( foreign.senate.gov hearings )

(Zawgyi/Unicode)

ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီးအျဖစ္ သမၼတေဒၚနယ္ထရမ့္ အဆိုျပဳ တင္သြင္းခဲ့တဲ့ Thomas Laszlo Vajda ကို အေမရိကန္ အထက္လႊတ္ေတာ္ ႏိုင္ငံျခားဆက္ဆံေရးေကာ္မတီမွာ ဗုဒၶဟူးေန႔ မနက္က အြန္လိုင္းကေနတဆင့္ ၾကားနာပြဲျပဳလုပ္ခဲ့ပါတယ္။

သူဟာ ျမန္မာႏုိင္ငံဆိုင္ရာ သံအမတ္ႀကီး Scot Marciel ေနရာမွာ တာ၀န္ယူရမွာျဖစ္ပါတယ္။ Mr. Vajda ဟာ အေမရိကန္ရဲ႕မူဝါဒနဲ႔ ေတာင္အာရွ၊ အာရွတိုက္အလယ္ပိုင္းႏိုင္ငံေတြနဲ႔ ဆက္ဆံေရးဆိုင္ရာ အႀကီးတန္းအရာရွိအျဖစ္ တာဝန္ထမ္းေဆာင္ေနသူ ျဖစ္ပါတယ္။

ျပဳျပင္ေျပာင္းလဲေရးတခ်ဳိ႕ကုိ ျမန္မာႏုိင္ငံ အရပ္သားအစုိးရအေနနဲ႔ ေအာင္ေအာင္ျမင္ျမင္ ေဆာင္ရြက္ႏုိင္ေပမယ့္လည္း ၾကန္႔ၾကာေနတာေတြရွိသလုိ တခ်ဳိ႕ေနရာေတြမွာ ရပ္တန္႔ေနတာေတြ ရွိေနတဲ့အေၾကာင္း အြန္လုိင္း ၾကားနာပြဲမွာ သူက ေျပာဆုိခဲ့ပါတယ္။

သူအပါအ၀င္ ႏုိင္ငံ (၅) ခုမွာ သံအမတ္ႀကီးအျဖစ္ တာ၀န္ထမ္းေဆာင္ဖုိ႔ အဆုိျပဳခံထားရသူ ၅ ဦးကုိ ခန္႔ထားေရး ဗုဒၶဟူးေန႔က ျပဳလုပ္တဲ့ ၾကားနာပြဲမွာ Thomas Vajda က ျမန္မာျပည္သူေတြ ရသင့္တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ ၾကြယ္၀ ခ်မ္းသာမႈအတြက္ ျမန္မာျပည္သူေတြနဲ႔ လက္တြဲ ေဆာင္ရြက္ဖုိ႔ အေမရိကန္ျပည္ေထာင္စုရဲ႕ ကုိယ္စား တာ၀န္ယူခြင့္ေပးေရး အဓိကထား ေျပာဆုိခဲ့ပါတယ္။

Mr.Vajda ဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း အိႏိၵယ၊ ဘဂၤလားေဒ့ရွ္၊နီေပါ၊ သိရိလကၤာ၊ ဘူလ္တန္နဲ႔ေမာ္လ္ဒိုက္ႏိုင္ငံဆိုင္ရာ ဒုလက္ေထာက္၀န္ႀကီးအျဖစ္ ေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ တာဝန္ ထမ္းေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ရန္ကုန္ သံရုံးမွာလည္း လက္ေထာက္အႀကီးအကဲအျဖစ္ တာဝန္ယူခဲ့ဖူးပါတယ္။

Thomas L Vajda ဟာ ၂၀၁၄ ခုႏွစ္ကေန ၂၀၁၇ ခုနွစ္အထိ အိႏိၵယႏုိင္ငံ မြမ္ဘုိင္းၿမိဳ႕မွာ အေမရိကန္ေကာင္စစ္၀န္ခ်ဳပ္ မျဖစ္ခင္ ျမန္မာႏုိင္ငံဆို္င္ရာ သံ႐ံုး ဒုတိယ အၾကီးအကဲအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့တာပါ။ ဒါေၾကာင့္လည္း ေတာင္အာရွႏိုင္ငံေတြနဲ႔ ပတ္သက္လို႔ ေကာင္းေကာင္း သိထားတဲ့သူတဦးကို ျမန္မာႏိုင္ငံအတြက္ ပထမဦးဆံုး သံအမတ္အျဖစ္ ခန္႔အပ္တာမ်ဳိး ျဖစ္လာဖြယ္ရွိတယ္လို႔ ႏိုင္ငံေရး အကဲခတ္ေတြက သံုးသပ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

မြန်မာနိုင်ငံဆိုင်ရာ ကန် သံအမတ်သစ်အတွက် အထက်လွှတ်တော် ကြားနာပွဲပြုလုပ်

(Unicode)

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် သမ္မတဒေါ်နယ်ထရမ့် အဆိုပြု တင်သွင်းခဲ့တဲ့ Thomas Laszlo Vajda ကို အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ ဗုဒ္ဓဟူးနေ့ မနက်က အွန်လိုင်းကနေတဆင့် ကြားနာပွဲပြုလုပ်ခဲ့ပါတယ်။

သူဟာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Scot Marciel နေရာမှာ တာဝန်ယူရမှာဖြစ်ပါတယ်။ Mr. Vajda ဟာ အမေရိကန်ရဲ့မူဝါဒနဲ့ တောင်အာရှ၊ အာရှတိုက်အလယ်ပိုင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးဆိုင်ရာ အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးတချို့ကို မြန်မာနိုင်ငံ အရပ်သားအစိုးရအနေနဲ့ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပေမယ့်လည်း ကြန့်ကြာနေတာတွေရှိသလို တချို့နေရာတွေမှာ ရပ်တန့်နေတာတွေ ရှိနေတဲ့အကြောင်း အွန်လိုင်း ကြားနာပွဲမှာ သူက ပြောဆိုခဲ့ပါတယ်။

သူအပါအဝင် နိုင်ငံ (၅) ခုမှာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ အဆိုပြုခံထားရသူ ၅ ဦးကို ခန့်ထားရေး ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ကြားနာပွဲမှာ Thomas Vajda က မြန်မာပြည်သူတွေ ရသင့်တဲ့ ငြိမ်းချမ်းရေးနဲ့ ကြွယ်၀ ချမ်းသာမှုအတွက် မြန်မာပြည်သူတွေနဲ့ လက်တွဲ ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ကိုယ်စား တာဝန်ယူခွင့်ပေးရေး အဓိကထား ပြောဆိုခဲ့ပါတယ်။

Mr.Vajda ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊နီပေါ၊ သိရိလင်္ကာ၊ ဘူလ်တန်နဲ့မော်လ်ဒိုက်နိုင်ငံဆိုင်ရာ ဒုလက်ထောက်ဝန်ကြီးအဖြစ် မေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရန်ကုန် သံရုံးမှာလည်း လက်ထောက်အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

Thomas L Vajda ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ အမေရိကန်ကောင်စစ်ဝန်ချုပ် မဖြစ်ခင် မြန်မာနိုင်ငံဆိုင်ရာ သံရုံး ဒုတိယ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဒါကြောင့်လည်း တောင်အာရှနိုင်ငံတွေနဲ့ ပတ်သက်လို့ ကောင်းကောင်း သိထားတဲ့သူတဦးကို မြန်မာနိုင်ငံအတွက် ပထမဦးဆုံး သံအမတ်အဖြစ် ခန့်အပ်တာမျိုး ဖြစ်လာဖွယ်ရှိတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG