သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူ႔အခြင့္အေရး ျမန္မာ့ဂုဏ္သိကၡာ ျပန္ျမႇင့္တင္ဖို႔


ျမန္မာ့အေရးေလ့လာသူ ဦးေမာင္ေမာင္စိုး၊ သတင္းစာဆရာ ဦးစည္သူေအာင္ျမင္တို႔နဲ႔ ေဒၚခင္မ်ိဳးသက္
လူ႔အခြင့္အေရးနဲ႔ ျမန္မာ့ဂုဏ္သိကၡာ
please wait

No media source currently available

0:00 0:10:43 0:00
တိုက္႐ိုက္ လင့္ခ္

ရခိုင်ဒေသ လူ့အခွင့်အရေးပြဿနာကြောင့် နိုင်ငံတကာမှာ မြန်မာနာမည်ပျက်နေတာတွေကို ဖြေဖျောက်နိုင်ဖို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားသလဲဆိုတဲ့ နိုင်ငံရေးစကားဝိုင်းကို မြန်မာ့အရေးလေ့လာသူ ဦးမောင်မောင်စိုး၊ သတင်းစာဆရာ ဦးစည်သူအောင်မြင်တို့နဲ့ ဒေါ်ခင်မျိုးသက် ဆွေးနွေးတင်ဆက်ထားပါတယ်။

မေး ။ ။ ပုံရိပ်ကျဆင်းနေတာနဲ့ ပတ်သက်ပြီးတော့ ဆရာဦးမောင်မောင်စိုးရဲ့ အမြင်ကို ပထမဦးဆုံး သိပါရစေ။

ဖြေ ။ ။ ဘင်္ဂလီပြဿနာကို ICJ မှာ ဆုံးဖြတ်တဲ့အခါမှာ ကျနော်တို့တိုင်းပြည်နဲ့ ပတ်သက်ပြီးတော့ ပုံရိပ်ဆိုးဆိုးဝါးဝါး ကျဆင်းနေတယ်ဆိုတဲ့ အမြင်ကလည်း ကျနော်တို့ဘက်က အားနည်းချက်တွေ ရှိနေလို့လည်း ဖြစ်ပါတယ်။ ပထမအချက်က ဘာလဲဆိုတော့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာ။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ကိစ္စက တော်တော်လေး အရေးကြီးပါတယ်။ အခု ICJ မှာ ဂမ်ဘီယာက တင်ပြတာ ဂမ်ဘီယာက အချက်အလက်တွေ တင်ပြတာ မဟုတ်ဘူး။ ကုလသမဂ္ဂက အချက်အလက် ရှာဖွေရေး mission ရဲ့ အချက်အလက်တွေပါ။ အဲဒါ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာရယ်။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး mission ရဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်အချက်တွေက မှားယွင်းတယ်၊ ဘယ်အချက်တွေက မှန်တယ်။ ဘယ်အချက်က မှားယွင်းတယ်ဆိုတဲ့ တုံ့ပြန်မှု အားနည်းတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့က ဒါနဲ့ပတ်သက်ပြီး အချက်လက်ကျကျ တုံ့ပြန်နိုင်စွမ်း မရှိဘူး။ အစိုးရအနေနဲ့။ ဒီအတွက်ကြောင့် ဘင်္ဂလီပြဿနာနဲ့ ပတ်သက်ပြီး ပုံရိပ်ကျဆင်းတဲ့ အကြောင်းတချက် ဖြစ်တယ်။

ဒုတိယအချက်ကို ပြောမယ်ဆိုရင် ပြဿနာ ဖြစ်ပွားစဉ်ကာလမှာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ အရမ်းထိန်းချုပ်ထားတယ်။ သတင်းလွတ်လွတ်လပ်လပ် ယူခွင့်မရှိခဲ့ဘူး။ ယူခွင့်မရှိတဲ့အခါမှာ တဘက်သတ် သတင်းတွေနဲ့ပဲ ကျနော်တို့က နိုင်ငံတကာမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားခဲ့ပြီး နိုင်ငံပုံရိပ်ကို ကျဆင်းစေခဲ့တယ်။ အဲဒီအတွက် ကျနော်တို့အနေနဲ့ ဒီပြဿနာကို ဖြေရှင်းမယ်ဆိုလို့ရှိရင် ပုံရိပ်ကျဆင်းနေတဲ့ ပြဿနာကို အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်မယ်လို့ ကျနော် ထင်ပါတယ်။

မေး ။ ။ သံအမတ်ကြီး Scot Marciel က ပြောသွားပါတယ်။ နိုင်ငံတကာ ပုံရိပ်တွေ ဒီလိုမျိုး ကျဆင်းတဲ့သဘော။ ICJ မှာ ပြဿနာတွေနဲ့ နောက်ဆက်တွဲ ရင်ဆိုင်နေရတာဟာ သတင်းမီဒီယာတွေကို ဒီနယ်မြေတွေ၊ အခင်းဖြစ်ပွားတဲ့ နယ်မြေတွေကို ပေးမသွားတာကြောင့်လို့ ပြောပါတယ်။ ဆိုတော့ ဒီဟာမျိုး အများကလည်း ဒီလိုမြင်ပါတယ်။ ဆရာဦးမောင်မောင်စိုး ပြောသလိုပဲ ပုံရိပ်ဆိုးဝါးတဲ့ ပြဿနာက ဒါတွေက အကြောင်းရင်းလို့ ပြောပါတယ်။ သတင်းစာဆရာတယောက်အနေနဲ့ ဦးစည်သူအောင်မြင့် က ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ အရင်ခံအကြောင်းတရားကတော့ ပုံရိပ်ကောင်းဖို့ဆိုရင် လုပ်ရပ်တွေကို ကောင်းဖို့တော့လိုတယ်။ မူစလင်အသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီးတော့ တလျှောက်လုံး ပြဿနာတွေ ရှိလာခဲ့တယ်။ ရှိလာခဲ့တဲ့အခါကြတော့ အဲဒီအခါမှာ အာဏာပိုင်တွေက ဘယ်လိုကိုင်တွယ်သလဲပေါ့။ အဲဒီဟာကို တခါပြန်ကြည့်လိုက်ရင်လဲ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရက ၂၀၁၆ ခုနှစ် တက်လာတဲ့အချိန်အထိ အဲဒီဒေသမှာ သူတို့အနေနဲ့ ဘာမှကိုင်တွယ်စရာ အကြောင်းသိပ်မရှိခဲ့ဘူး။ အဓိက ကိုင်တွယ်နေတာကတော့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ဖြစ်တယ်။ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုတဲ့နေရာမှာ အုပ်ချုပ်ရေးပိုင်းကလဲ တကယ်တော့ တပ်မတော်က ကိုင်တွယ်ထားတယ်။ သူတို့တွေရဲ့ ကိုင်တွယ်ပုံပေါ် မူတည်ပြီးတော့ ပုံရိပ်ဆိုးခြင်းကောင်းခြင်းဆိုတဲ့ဟာက ဒါဖြစ်တာ။

ဒါ ပထမ အရေးကြီးဆုံးအချက် ဖြစ်တယ်။ အဲဒီတော့ ဒီမှာပုံရိပ်က ကောင်းကောင်းမွန်မွန် ကိုင်တွယ်ထားတာ မရှိဘူးဆိုရင်တော့ ပုံရိပ်အပြင်မှာ ကောင်းမှာမဟုတ်ဘူး။ တစ်အချက်ကတော့။ နှစ်အချက်ကတော့ ချဲ့ကားမှုတွေ ရှိလာရင် ပိုဆိုးမှာပဲ။ အဲဒီတော့ ကျနော်သုံးသပ်လို့ ရသလောက်ဆိုရင်တော့ အဲဒီလို ကိုင်တွယ်မှုတွေက အမှားအယွင်းတွေ။ တချို့ဟာတွေဆိုရင် ဘယ်လိုမှ ငြင်းလို့မရတာ။ ဥပမာ အကြမ်းဖက်မှုကို ပြန်နှိမ်နင်းတယ်။ တပ်ကနှိမ်နင်းတဲ့အခါမှာ တပ်ကထုတ်ပြန်တဲ့ စာရင်းဇယားတွေကို ကြည့်လိုက်တဲ့အခါကြတော့ (၅) ရက်အတွင်းမှာ လူ (၃၇၀) လောက် သေဆုံးတယ်လို့ စာရင်းထုတ်ပြန်ထားတယ်။ နည်းတဲ့အရေအတွက် မဟုတ်ဘူး။ အဲဒီတော့ (၅) ရက်ကို (၃၇၀) ကျော် ဆိုတဲ့အခါကြတော့ အများကြီးသေတယ်။ တစ်ရက်ကို လူ (၇၀) (၈၀) လောက် သေနေတယ်ဆိုတဲ့သဘော ဖြစ်နေတယ်။ အဲဒါတွေလဲ တွေ့တယ်။

ပြီးတော့မှ ရွာတွေမီးလောင်းတဲ့ကိစ္စ။ ဒါလဲ ဖုံလို့ဖိလို့ရတဲ့ ကိစ္စတွေ မဟုတ်ဘူး။ အဲဒါတွေက တကယ့် အခြေခံပြဿနာတွေ။ အဲဒီပုံရိပ်တွေ မကောင်းဘဲနဲ့ ပုံရိပ်အကောင်းကို သွားမျှော်လင့်နေလို့ မရဘူး။
ဒုတိယတချက်ကတော့ Story တွေ .. ပိုပြီးတော့ ချဲ့ကားပြောဆိုမှုတွေ။ ကျနော်က အဲဒီနောက်ပိုင်းမှာ (၃) ကြိမ်လောက် ရောက်သွားတယ်။ ရောက်သွားတော့ အဲဒီကဒေသခံ မူစလင်တွေနဲ့ တွေ့တာတွေရှိတယ်။ ရှိတဲ့အခါကြတော့ အခု ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ရောက်မသွားခင်၊ အဲဒီအချိန်လောက်ကတည်းက ချဲ့ကားပြောဆိုမှုတွေ ကျနော်တို့ သတင်းထောက်တွေကို ပြောဆိုမှုတွေကို တွေ့ခဲ့တယ်။ ဒီနှစ်ခုလည်း ရှိတယ်။ ရှိတော့ အဲဒါတွေကို ခြုံငုံပြီးတော့ ပြောမယ်ဆိုလို့ရှိရင် အခုန ကိုမောင်မောင်စိုး ပြောတာလည်း မှန်တယ်။ သတင်းရယူခွင့်တွေ အကုန်လုံး ဖွင့်ပေးဖို့လိုသလိုမျိုး။ အရေးကြီးတာကတော့ ပုံရိပ်ကောင်းဖို့ ကိုင်တွယ်တာ ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖို့လိုတယ်။ လူ့အခွင့်အရေး စံချိန်စံညွှန်တွေနဲ့ သေချာတတ်နိုင်သလောက် စောင့်ထိန်းဖို့လိုတယ်။ ပြီးတဲ့အခါကြတော့ ကိုယ်က ကောင်းကောင်းမွန်မွန် ကိုင်တွယ်ပြီဆိုရင်တော့ သတင်းထောက်တွေ ဝင်ခွင့်ပေးတာတွေ၊ အခုနလို သတင်းစီဆင်းမှုတွေကို ပေးပြီးတော့ လုပ်ပေးလိုက်မယ်ဆိုရင် အခုနတုန်းကပြောသလို ပုံရိပ်ဆိုးတာတော့ မဖြစ်နိုင်တော့ဘူး။ အဲဒီနည်းနဲ့ပဲ ပြန်လုပ်လို့ရမယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒါနဲ့ပတ်သက်ပြီးတော့ ဆရာဦးမောင်မောင်စိုး ပြောပြပေးပါ။ အခုနလဲ ဆရာပြောတော့ အချက်အလက် ရှာဖွေရေးအဖွဲ့တွေ ဒီဟာတွေမှာ ပုံရိပ်ဆိုးတွေက ရှိနေတဲ့ဟာ မြင်နေရတယ်။ ဒါတွေရဲ့ သက်ရောက်မှုနဲ့ ဒါတွေကို ပြေလည်အောင်လို့ ဘာတွေလုပ်သင့်သလဲဆိုတာကို ဆရာ နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ လောလောဆယ် ICJ မှာ လွှမ်းမိုးနေတာတော့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်းနဲ့ အခုန ဆရာမပြောတဲ့ လူ့အခွင့်အရေးကော်မရှင်တို့ရဲ့ အစီရင်ခံစာတွေက လွှမ်းမိုးနေတယ်။ အဲဒီတော့ ကျနော်တို့ တုံ့ပြန်နိုင်တာကတော့ မြန်မာပြည်အစိုးရ ဖွဲ့စည်းထားတဲ့ Independent Commission of Enquiry (ICOE) လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်။ ဒီကော်မရှင် အစီရင်ခံစာကို ဘယ်လောက်အထိ ဆောင်ရွက်နိုင်သလဲဆိုတာပါပဲ။ ဆိုတော့ လောလောဆယ်မှာ အရေးကြီးတာက ဒီဟာတွေနဲ့ အရေးယူဆောင်ရွက်မယ်ဆိုရင် တကယ်တမ်း တာဝန်ရှိတာ တပ်မတော်။ ကျနော်တို့ရဲ့ အခြေခံဥပဒေက တပ်မတော်မှာ တပ်မတော်သားတွေနဲ့ ပတ်သက်တဲ့ အရေးယူမှုအားလုံးကို တပ်မတော်ကပဲ ဆောင်ရွက်တယ်။ အရပ်သားအစိုးရက မဆောင်ရွက်နိုင်ဘူး။ လတ်တလောမှာတော့ တပ်မတော်အနေနဲ့ ဒီကိစ္စမှာ အရပ်သားအစိုးရရဲ့အောက်မှာ သူတို့ဆောင်ရွက်ပါမယ်လို့ ပြောထားတာ။

အဲဒီတော့ ကျနော်တို့က ဘယ်လောက်အထိ ပွင့်ပွင့်လင်းလင်း ဒီအရေးယူမှုတွေကို ဆောင်ရွက်နိုင်သလဲ။ ICOE အစီရင်ခံစာပါ အချက်အလက်တွေကို။ ဒါတွေကို ဘယ်လောက်ပွင့်လင်းမြင်သာစွာနဲ့ နိုင်ငံတကာကို ထုတ်ပြနိုင်မလဲ။ နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့အဆင့် အခြေအနေအထိ ကျနော်တို့ ဘယ်လောက်အထိ လုပ်ပေးနိုင်မလဲဆိုတာ။ အဲဒီတော့ လောလောဆယ်မှာတော့ ဒီဟာနဲ့ပဲ တုံ့ပြန်ရမှာပါ။ အဲဒီလိုတုံ့ပြန် ICOE အစီရင်ခံစာကို တုံ့ပြန်တဲ့အနေနဲ့ အကောင်အထည်ဖော်တဲ့နေရာမှာ အရေးကြီးဆုံးက တပ်မတော်ရဲ့ အခန်းကဏ္ဍ။ အဲဒီတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍက Inn Din ကိစ္စလို - ပွင့်လင်းမြင်သာမှု မရှိဘူး။ အရေးယူမှုတွေလည်း လျင်လျင်မြန်မြန် ပြန်လွှတ်တယ်ဆိုရင်တော့ နိုင်ငံတကာကတော့ ကျေလည်မှုရမှာ မဟုတ်ပါဘူး။

မေး ။ ။ ဆရာဦးစည်သူအောင်မြင်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်နိုင်မယ်လို့ မြင်ပါသလဲ။

ဖြေ ။ ။ အဓိကက အခုဟာက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အငြင်းပွားနေတဲ့အခါကြတော့ ကျနော်တို့ဆီမှာ ဒီပြဿနာဖြစ်တယ်။ ဖြစ်တဲ့အခါကြတော့ အားလုံးမှတ်မိလိမ့်အုံးမယ်။ တပ်မတော်ကလည်း သူ့စုံစမ်းရေးကော်မရှင်တွေ ဖွဲ့တာကလဲ တကြိမ်နှစ်ကြိမ်လောက် လုပ်ခဲ့တယ်။ နောက် ကျနော်မှတ်မိသလောက်ဆိုရင် ပြည်ထဲရေးဌာနကလည်း လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒါတွေနဲ့ ပတ်သက်ရင် နိုင်ငံတကာက အသိအမှတ်ပြုတာတွေ၊ အရေးတယူပြုတာတွေ မရှိဘူး။ ဒါပေမဲ့ အခု ICOE ကိုတော့ ကိုဖီအာနန် အစီရင်ခံစာလိုပဲ ဒီရက်ပိုင်းတွေမှာဆိုရင် ဥရောပသမဂ္ဂတို့ ဘာတို့က ကြေညာချက်တွေ ဘာတွေထုတ်တာတွေ ကျနော်တို့ တွေ့တယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ သူတို့အမြဲတမ်း စောင့်ကြည့်နေတယ်။ ဒါတွေကို ဒီထဲမှာတွေ့တဲ့ အချက်တွေကို။ ဥပမာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရာဇဝတ်မှု ကျူးလွန်မှုတွေဆိုရင်လဲ အရေးယူပါ၊ ဘာညာဆိုပြီး ပြောတာတွေရှိတော့ ပထမတဆင့်မှာတော့ ဒီအစီရင်ခံစာရဲ့ ထိရောက်မှုကတော့ ရှိသွားပြီ။ နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ။ ဒါပေမဲ့ အဲဒီဟာကို အခုနပြောသလိုပဲ တကယ်အကောင်အထည်ဖော်ပြဖို့ လိုတယ်။ အထူးသဖြင့် ဒီထဲမှာပါဝင်နေတာ တပ်မတော်လည်းပါတယ်။ နောက်ပြီးတော့ လက်နက်ကိုင်တဲ့ အခြားသောအဖွဲ့အစည်းတွေပါတယ်။ နောက်အရပ်သားတွေ ကျူးလွန်တဲ့လူတွေလည်း ရှိတယ်။

ဒါတွေကို ဘယ်လောက်အထိ လုပ်နိုင်မလဲပေါ့ - ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောပါတယ် အချိန်နည်းနည်းပေးပါဆိုတော့ အဲဒီလို တကယ်လို့ အချိန်ပေးလိုက်လို့ အခုနလို ဖြေရှင်းပြတာ ကောင်းတယ်ဆိုရင်တော့ နိုင်ငံတကာကလည်း လက်ခံလာမှာပေါ့။
ဒီအပြင်ကို အခုန ဟိုဟာက ပြီးမသွားဘူး။ ဒီနယ်မြေဟာ အခုအချိန်အထိကို ကျနော်တို့ကို ပေးမသွားသေးဘူး။ အဲဒီနေ့တုန်းကဆိုရင်လဲ ဘာပြောလဲဆိုတော့ အဆင်ပြေတဲ့အချိန် - လုံခြုံရေးအရ အာမခံချက် ရှိတဲ့အချိန်မှာ သွားလို့ရမယ်ဆိုတာ - အဲဒါ ဘယ်အချိန်မှန်လဲ မသိနိုင်ဘူး။ အဲဒီလိုမျိုး သတင်းဌာနတွေကို သွားခွင့်မရှိသေးသရွေ့။ ပြီးတော့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိသေးသရွေ့တော့ တဘက်ကရတဲ့ အသံနဲ့ပဲ သူတို့အသုံးပြုမယ်ဆိုတာကတော့ ကျနော်တို့ ဘယ်လိုမှ ငြင်းလို့မရဘူး။ ဒါကြောင့်မို့လို့ အခုန ICOE ကို သေချာအကောင်အထည်ဖော်ဖို့ လိုတယ်။ ပြီးတော့မှ အခုနလို ပွင့်လင်းမြင်သာမှုရှိအောင် အဲဒီနေရာကို သတင်းထောက်တွေ သွားခွင့်ပြုတာ။ အခုဆိုရင် နှစ်တွေလည်း ကြာခဲ့ပြီ။ အဲဒါတွေ လုပ်ပေးဖို့လည်း လိုတယ်။ နောက်တခုကတော့ ဘာပဲပြောပြော ကုလသမဂ္ဂအထဲမှာ ကိုယ်စိတ်ကျအဖွဲ့အစည်း။ မကြိုက်ဘူးဆိုလဲ မပူးပေါင်းနဲ့ပေါ့။ ကြိုက်တဲ့အဖွဲ့အစည်းဆိုရင်တော့ ပူးပေါင်းပါဝင်ဖို့တော့ လိုတယ်။

မေး ။ ။ နိုင်ငံတကာက အသိအမှတ်ပြုနိုင်တဲ့ credibility အဲဒီလို ရှိနိုင်တဲ့ အဖွဲ့အစည်းဆိုရင် ဆရာ ဘယ်လိုမြင်ပါသလဲ။ ဘယ်လိုမျိုးလူက ဘယ်လိုအဖွဲ့အစည်းမျိုးက ဝင်ပြီးတော့ ဒါမျိုးတွေကို ဦးစည်သူအောင်မြင့် ပြောသလို ကိုးကားစရာ အထောက်အထား ရအောင်လုပ်နိုင်တယ်လို့ ဒီနိုင်ငံရဲ့ အခြေအနေနဲ့ ဘယ်သူက လုပ်နိုင်မလဲ။

ဖြေ ။ ။ လောလောဆယ်ကတော့ နိုင်ငံတကာက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ်နဲ့တော့ ဆက်ဆံရေးကောင်းနေတယ်။ သူနဲ့ပဲ ချိတ်ဆက်ပြီးတော့ လုပ်လို့ အဆင်ပြေမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးကော်မရှင်နဲ့ဆို မြန်မာပြည်က အဆင်မပြေဘူး။ အဲဒီတော့ အဆင်ပြေတဲ့လူနဲ့ပဲ ချိတ်ဆက်ပြီးလုပ်ဖို့ လိုတယ်။

မေး ။ ။ နိုင်ငံတကာရဲ့ ပုံရိပ်နဲ့ ပတ်သက်ပြီးတော့ Narrative မကောင်းတဲ့ဥစ္စာကို ပြန်ပြီးကောင်းအောင် လုပ်ဖို့က မီဒီယာတွေမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဦစည်သူအောင်မြင့်အမြင်ကို သိပါရစေ။ ဘယ်လို မြင်ပါလဲ။

ဖြေ ။ ။ မီဒီယာဆိုတဲ့ဥစ္စာက ကျနော်တို့က ရိုးရိုးလေးပြောမယ်ဆိုရင် တကမ္ဘာလုံးရဲ့ အမှန်တရားပါပဲ - ဖြစ်နေတဲ့ဟာတစ်ခုကို မဖြစ်ဘူးဆိုတဲ့ဟာမျိုး လုံးဝဆန့်ကျင်ဘက်ကြီး ကျနော်တို့ လုပ်လို့ရမှာ မဟုတ်ဘူး။ တကယ့်ပုံရိပ်ကိုပဲ ကျနော်တို့က ပြန်ဖော်တာ။ မီဒီယာဆိုတဲ့ သဘောသဘာဝက။ ဒါပေမဲ့ အဲဒီအထဲမှာတော့ ရှိတာပေါ့။ မတူတဲ့ မီဒီယာတွေရဲ့ သဘောသဘာဝကြောင့်မို့ နောက်နိုင်ငံအနေနဲ့ ကွာခြားတဲ့ သဘောသဘာဝကြောင့်မို့ နည်းနည်းလေး ချဲ့ကားတာ။ နည်းနည်းလေး မမှန်မကန်လုပ်တာ။ ဒါတွေတော့ ရှိမှာပဲ။
ဒါပေမဲ ရေစီးကြောင်းကြီးကတော့ အဲဒီလို မဟုတ်ဘူး။ သူဖြစ်တဲ့ အဖြစ်အပျက်ကို ပြန်ပြီးတော့ ထင်ဟပ်အောင် ကြိုးစားကြတာကြီးပဲ။ အဲဒီတော့ အရေးကြီးတာက တကယ့် ဒီမှာကောင်းတဲ့ဟာတွေ လုပ်ထားတယ်ဆိုရင် အခုနပြောသလို မီဒီယာတွေလည်း ကောင်းတဲ့ဟာကို ပြန်ပြီးတော့ တင်ပြကြမှာပဲ။

အခုလောလောဆယ်က ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာက အဲဒီလိုမျိုး တင်ပြဖို့ နေနေသာသာ ကျနော်တို့ ဒီမှာ လွတ်လွတ်လပ်လပ်တောင် သွားခွင့်က ရမှမရခဲ့ဘဲ။ မရတဲ့အခါကြတော့ ဘယ်လိုလုပ် တင်ပြမလဲ။ အဲဒါတွေနဲ့ ပတ်သက်လို့ အစိုးရသော်လည်းကောင်း၊ ဘယ်သူကသော်လည်းကောင်း မီဒီယာကို အပြစ်တင်မယ်ဆိုရင် ကျနော်ထင်တယ် အဲဒါ မှားတယ်လို့ထင်တယ်။ အဲဒီဟာက တကမ္ဘာလုံးကိုလဲ အဲဒီလိုပဲ ဘယ်သူကိုမှ အပြစ်တင်စရာ အကြောင်းကိုမရှိဘူး။ အရေးကြီးတာက ကိုယ်ပုံရိပ်ကောင်းအောင်လုပ်ပြီး၊ ကိုယ်လုပ်ရပ်တွေကောင်းအောင်လုပ်ပြီးပြီဆိုရင် ဘယ်မီဒီယာမှ စိုးရိမ်စရာလဲ မလိုဘူး။ ကြည့်လို့ရတယ်၊ မြင်လို့ရတယ်၊ မေးမြန်းလို့ရတယ်။ ဒီလိုပဲ သွားရမယ်။ ဒါက ကမ္ဘာကြီးက သွားနေတဲ့ ရေစီးကြောင်းပဲလို မြင်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ အရေးကြီးတာကတော့ မြန်မာအစိုးရ ပြန်ကြားရေးဌာနက အဓိကလုပ်ရမယ်။ ပုံရိပ်ပြန်ကောင်းလာဖို့အတွက်။ အများကြီး ကျေးဇူးတင်ပါတယ်။


== ZawGyi ==


ရခိုင္ေဒသ လူ႔အခြင့္အေရးျပႆနာေၾကာင့္ ႏိုင္ငံတကာမွာ ျမန္မာနာမည္ပ်က္ေနတာေတြကို ေျဖေဖ်ာက္ႏိုင္ဖို႔ ဘယ္လို ကိုင္တြယ္ေျဖရွင္းသြားသလဲဆိုတဲ့ ႏိုင္ငံေရးစကားဝိုင္းကို ျမန္မာ့အေရးေလ့လာသူ ဦးေမာင္ေမာင္စိုး၊ သတင္းစာဆရာ ဦးစည္သူေအာင္ျမင္တို႔နဲ႔ ေဒၚခင္မ်ိဳးသက္ ေဆြးေႏြးတင္ဆက္ထားပါတယ္။

ေမး ။ ။ ပံုရိပ္က်ဆင္းေနတာနဲ႔ ပတ္သက္ၿပီးေတာ့ ဆရာဦးေမာင္ေမာင္စုိးရဲ ႔ အျမင္ကို ပထမဦးဆံုး သိပါရေစ။

ေျဖ ။ ။ ဘဂၤလီျပႆနာကို ICJ မွာ ဆံုးျဖတ္တဲ့အခါမွာ က်ေနာ္တို႔တိုင္းျပည္နဲ႔႔ ပတ္သက္ၿပီးေတာ့ ပံုရိပ္ဆိုးဆိုးဝါးဝါး က်ဆင္းေနတယ္ဆိုတဲ့ အျမင္ကလည္း က်ေနာ္တုိ႔ဘက္က အားနည္းခ်က္ေတြ ရိွေနလို႔လည္း ျဖစ္ပါတယ္။ ပထမအခ်က္က ဘာလဲဆိုေတာ့ ကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ မရိွတာ။ ကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ မရိွတဲ့ကိစၥက ေတာ္ေတာ္ေလး အေရးႀကီးပါတယ္။ အခု ICJ မွာ ဂမ္ဘီယာက တင္ျပတာ ဂမ္ဘီယာက အခ်က္အလက္ေတြ တင္ျပတာ မဟုတ္ဘူး။ ကုလသမဂၢက အခ်က္အလက္ ရွာေဖြေရး mission ရဲ ႔ အခ်က္အလက္ေတြပါ။ အဲဒါ ကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ မရိွတာရယ္။ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရး mission ရဲ ႔ အခ်က္အလက္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္အခ်က္ေတြက မွားယြင္းတယ္၊ ဘယ္္အခ်က္ေတြက မွန္တယ္။ ဘယ္အခ်က္က မွားယြင္းတယ္ဆိုတဲ့ တုံ႔ျပန္မႈ အားနည္းတယ္။ ႏုိင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ ျပန္ၾကားေရးဝန္ႀကီးဌာနတို႔က ဒါနဲ႔ပတ္သက္ၿပီး အခ်က္လက္က်က် တံု႔ျပန္ႏုိုင္စြမ္း မရိွဘူး။ အစိုးရအေနနဲ႔။ ဒီအတြက္ေၾကာင့္ ဘဂၤလီျပႆနာနဲ႔ ပတ္သက္ၿပီး ပံုရိပ္က်ဆင္းတဲ့ အေၾကာင္းတခ်က္ ျဖစ္တယ္။

ဒုတိယအခ်က္ကို ေျပာမယ္ဆိုရင္ ျပႆနာ ျဖစ္ပြားစဥ္ကာလမွာ သတင္းလြတ္လပ္ခြင့္နဲ႔ ပတ္သက္ၿပီးေတာ့ အရမ္းထိန္းခ်ဳပ္ထားတယ္။ သတင္းလြတ္လြတ္လပ္လပ္ ယူခြင့္မရိွခဲ့ဘူး။ ယူခြင့္မရိွတဲ့အခါမွာ တဘက္သတ္ သတင္းေတြနဲ႔ပဲ က်ေနာ္တို႔က ႏုိင္ငံတကာမီဒီယာေတြမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္သြားခဲ့ၿပီး ႏုိင္ငံပံုရိပ္ကို က်ဆင္းေစခဲ့တယ္။ အဲဒီအတြက္ က်ေနာ္တို႔အေနနဲ႔ ဒီျပႆနာကို ေျဖရွင္းမယ္ဆိုလုိ႔ရိွရင္ ပံုရိပ္က်ဆင္းေနတဲ့ ျပႆနာကို အစိုးရအေနနဲ႔ ကိုင္တြယ္ေျဖရွင္းဖို႔ လိုအပ္မယ္လို႔ က်ေနာ္ ထင္ပါတယ္။

ေမး ။ ။ သံအမတ္ႀကီး Scot Marciel က ေျပာသြားပါတယ္။ ႏုိင္ငံတကာ ပံုရိပ္ေတြ ဒီလိုမ်ဳိး က်ဆင္းတဲ့သေဘာ။ ICJ မွာ ျပႆနာေတြနဲ႔ ေနာက္ဆက္တြဲ ရင္ဆုိင္ေနရတာဟာ သတင္းမီဒီယာေတြကို ဒီနယ္ေျမေတြ၊ အခင္းျဖစ္ပြားတဲ့ နယ္ေျမေတြကို ေပးမသြားတာေၾကာင့္လို႔ ေျပာပါတယ္။ ဆိုေတာ့ ဒီဟာမ်ဳိး အမ်ားကလည္း ဒီလိုျမင္ပါတယ္။ ဆရာဦးေမာင္ေမာင္စိုး ေျပာသလိုပဲ ပံုရိပ္ဆိုးဝါးတဲ့ ျပႆနာက ဒါေတြက အေၾကာင္းရင္းလုိ႔ ေျပာပါတယ္။ သတင္းစာဆရာတေယာက္အေနနဲ႔ ဦးစည္သူေအာင္ျမင့္ က ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ အရင္ခံအေၾကာင္းတရားကေတာ့ ပံုရိပ္ေကာင္းဖို႔ဆုိရင္ လုပ္ရပ္ေတြကို ေကာင္းဖို႔ေတာ့လိုတယ္။ မူစလင္အသိုင္းအဝိုင္းနဲ႔ ပတ္သက္ၿပီးေတာ့ တေလွ်ာက္လံုး ျပႆနာေတြ ရိွလာခဲ့တယ္။ ရိွလာခဲ့တဲ့အခါၾကေတာ့ အဲဒီအခါမွာ အာဏာပိုင္ေတြက ဘယ္လိုကိုင္တြယ္သလဲေပါ့။ အဲဒီဟာကို တခါျပန္ၾကည့္လိုက္ရင္လဲ ျပည္သူလူထုက ေရြးေကာက္တင္ေျမွာက္လိုက္တဲ့ အစိုးရက ၂၀၁၆ ခုႏွစ္ တက္လာတဲ့အခ်ိန္အထိ အဲဒီေဒသမွာ သူတုိ႔အေနနဲ႔ ဘာမွကိုင္တြယ္စရာ အေၾကာင္းသိပ္မရိွခဲ့ဘူး။ အဓိက ကိုင္တြယ္ေနတာကေတာ့ လံုၿခံဳေရးနဲ႔ အုပ္ခ်ဳပ္ေရး ျဖစ္တယ္။ လံုၿခံဳေရးနဲ႔ အုပ္ခ်ဳပ္ေရးဆိုတဲ့ေနရာမွာ အုပ္ခ်ဳပ္ေရးပိုင္းကလဲ တကယ္ေတာ့ တပ္မေတာ္က ကိုင္တြယ္ထားတယ္။ သူတုိ႔ေတြရဲ ႔ ကိုင္တြယ္ပံုေပၚ မူတည္ၿပီးေတာ့ ပံုရိပ္ဆုိးျခင္းေကာင္းျခင္းဆိုတဲ့ဟာက ဒါျဖစ္တာ။

ဒါ ပထမ အေရးႀကီးဆံုးအခ်က္ ျဖစ္တယ္။ အဲဒီေတာ့ ဒီမွာပံုရိပ္က ေကာင္းေကာင္းမြန္မြန္ ကိုင္တြယ္ထားတာ မရိွဘူးဆိုရင္ေတာ့ ပံုရိပ္အျပင္မွာ ေကာင္းမွာမဟုတ္ဘူး။ တစ္အခ်က္ကေတာ့။ ႏွစ္အခ်က္ကေတာ့ ခ်ဲ ႔ကားမႈေတြ ရိွလာရင္ ပိုဆုိးမွာပဲ။ အဲဒီေတာ့ က်ေနာ္သံုးသပ္လို႔ ရသေလာက္ဆိုရင္ေတာ့ အဲဒီလို ကိုင္တြယ္မႈေတြက အမွားအယြင္းေတြ။ တခ်ဳိ ႔ဟာေတြဆိုရင္ ဘယ္လိုမွ ျငင္းလို႔မရတာ။ ဥပမာ အၾကမ္းဖက္မႈကို ျပန္ႏိွမ္နင္းတယ္။ တပ္ကႏိွမ္နင္းတဲ့အခါမွာ တပ္ကထုတ္ျပန္တဲ့ စာရင္းဇယားေတြကို ၾကည့္လိုက္တဲ့အခါၾကေတာ့ (၅) ရက္အတြင္းမွာ လူ (၃၇၀) ေလာက္ ေသဆံုးတယ္လို႔ စာရင္းထုတ္ျပန္ထားတယ္။ နည္းတဲ့အေရအတြက္ မဟုတ္ဘူး။ အဲဒီေတာ့ (၅) ရက္ကို (၃၇၀) ေက်ာ္ ဆုိတဲ့အခါၾကေတာ့ အမ်ားႀကီးေသတယ္။ တစ္ရက္ကို လူ (၇၀) (၈၀) ေလာက္ ေသေနတယ္ဆိုတဲ့သေဘာ ျဖစ္ေနတယ္။ အဲဒါေတြလဲ ေတြ႔တယ္။

ၿပီးေတာ့မွ ရြာေတြမီးေလာင္းတဲ့ကိစၥ။ ဒါလဲ ဖံုလို႔ဖိလုိ႔ရတဲ့ ကိစၥေတြ မဟုတ္ဘူး။ အဲဒါေတြက တကယ့္ အေျခခံျပႆနာေတြ။ အဲဒီပံုရိပ္ေတြ မေကာင္းဘဲနဲ႔ ပံုရိပ္အေကာင္းကို သြားေမွ်ာ္လင့္ေနလို႔ မရဘူး။
ဒုတိယတခ်က္ကေတာ့ Story ေတြ .. ပိုၿပီးေတာ့ ခ်ဲ ႔ကားေျပာဆိုမႈေတြ။ က်ေနာ္က အဲဒီေနာက္ပိုင္းမွာ (၃) ႀကိမ္ေလာက္ ေရာက္သြားတယ္။ ေရာက္သြားေတာ့ အဲဒီကေဒသခံ မူစလင္ေတြနဲ႔ ေတြ႔တာေတြရိွတယ္။ ရိွတဲ့အခါၾကေတာ့ အခု ဘဂၤလားေဒ့ရွ္နယ္စပ္ဘက္ကို ေရာက္မသြားခင္၊ အဲဒီအခ်ိန္ေလာက္ကတည္းက ခ်ဲ ႔ကားေျပာဆိုမႈေတြ က်ေနာ္တို႔ သတင္းေထာက္ေတြကို ေျပာဆိုိမႈေတြကို ေတြ႔ခဲ့တယ္။ ဒီႏွစ္ခုလည္း ရိွတယ္။ ရိွေတာ့ အဲဒါေတြကို ၿခံဳငံုၿပီးေတာ့ ေျပာမယ္ဆိုလို႔ရိွရင္ အခုန ကိုေမာင္ေမာင္စိုး ေျပာတာလည္း မွန္တယ္။ သတင္းရယူခြင့္ေတြ အကုန္လံုး ဖြင့္ေပးဖို႔လိုသလိုမ်ဳိး။ အေရးႀကီးတာကေတာ့ ပံုရိပ္ေကာင္းဖို႔ ကိုင္တြယ္တာ ေကာင္းေကာင္းမြန္မြန္ ကိုင္တြယ္ဖို႔လိုတယ္။ လူ႔အခြင့္အေရး စံခ်ိန္စံညႊန္ေတြနဲ႔ ေသခ်ာတတ္ႏုိင္သေလာက္ ေစာင့္ထိန္းဖို႔လိုတယ္။ ၿပီးတဲ့အခါၾကေတာ့ ကိုယ္က ေကာင္းေကာင္းမြန္မြန္ ကိုင္တြယ္ၿပီဆိုရင္ေတာ့ သတင္းေထာက္ေတြ ဝင္ခြင့္ေပးတာေတြ၊ အခုနလို သတင္းစီဆင္းမႈေတြကို ေပးၿပီးေတာ့ လုပ္ေပးလိုက္မယ္ဆိုရင္ အခုနတုန္းကေျပာသလို ပံုရိပ္ဆိုးတာေတာ့ မျဖစ္ႏုိင္ေတာ့ဘူး။ အဲဒီနည္းနဲ႔ပဲ ျပန္လုပ္လို႔ရမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ဆရာဦးေမာင္ေမာင္စိုး ေျပာျပေပးပါ။ အခုနလဲ ဆရာေျပာေတာ့ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ေတြ ဒီဟာေတြမွာ ပံုရိပ္ဆိုးေတြက ရိွေနတဲ့ဟာ ျမင္ေနရတယ္။ ဒါေတြရဲ ႔ သက္ေရာက္မႈနဲ႔ ဒါေတြကို ေျပလည္ေအာင္လို႔ ဘာေတြလုပ္သင့္သလဲဆုိတာကို ဆရာ နည္းနည္းေျပာျပေပးပါ။

ေျဖ ။ ။ ေလာေလာဆယ္ ICJ မွာ လႊမ္းမုိးေနတာေတာ့ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရး မစ္ရွင္းနဲ႔ အခုန ဆရာမေျပာတဲ့ လူ႔အခြင့္အေရးေကာ္မရွင္တို႔ရဲ ႔ အစီရင္ခံစာေတြက လႊမ္းမုိးေနတယ္။ အဲဒီေတာ့ က်ေနာ္တုိ႔ တံု႔ျပန္ႏုိင္တာကေတာ့ ျမန္မာျပည္အစိုးရ ဖြဲ႔စည္းထားတဲ့ Independent Commission of Enquiry (ICOE) လြတ္လပ္တဲ့ စံုစမ္းေရးေကာ္မရွင္။ ဒီေကာ္မရွင္ အစီရင္ခံစာကို ဘယ္ေလာက္အထိ ေဆာင္ရြက္ႏုိင္သလဲဆိုတာပါပဲ။ ဆိုေတာ့ ေလာေလာဆယ္မွာ အေရးႀကီးတာက ဒီဟာေတြနဲ႔ အေရးယူေဆာင္ရြက္မယ္ဆိုရင္ တကယ္တမ္း တာဝန္ရိွတာ တပ္မေတာ္။ က်ေနာ္တို႔ရဲ ႔ အေျခခံဥပေဒက တပ္မေတာ္မွာ တပ္မေတာ္သားေတြနဲ႔ ပတ္သက္တဲ့ အေရးယူမႈအားလံုးကို တပ္မေတာ္ကပဲ ေဆာင္ရြက္တယ္။ အရပ္သားအစိုးရက မေဆာင္ရြက္ႏုိင္ဘူး။ လတ္တေလာမွာေတာ့ တပ္မေတာ္အေနနဲ႔ ဒီကိစၥမွာ အရပ္သားအစိုးရရဲ ႔ေအာက္မွာ သူတုိ႔ေဆာင္ရြက္ပါမယ္လုိ႔ ေျပာထားတာ။

အဲဒီေတာ့ က်ေနာ္တုိ႔က ဘယ္ေလာက္အထိ ပြင့္ပြင့္လင္းလင္း ဒီအေရးယူမႈေတြကို ေဆာင္ရြက္ႏိုင္သလဲ။ ICOE အစီရင္ခံစာပါ အခ်က္အလက္ေတြကို။ ဒါေတြကို ဘယ္ေလာက္ပြင့္လင္းျမင္သာစြာနဲ႔ ႏိုင္ငံတကာကို ထုတ္ျပႏုိင္မလဲ။ ႏို္င္ငံတကာက လက္ခံႏုိင္ေလာက္တဲ့အဆင့္ အေျခအေနအထိ က်ေနာ္တို႔ ဘယ္ေလာက္အထိ လုပ္ေပးႏိုင္မလဲဆိုတာ။ အဲဒီေတာ့ ေလာေလာဆယ္မွာေတာ့ ဒီဟာနဲ႔ပဲ တံု႔ျပန္ရမွာပါ။ အဲဒီလိုတံု႔ျပန္ ICOE အစီရင္ခံစာကို တံု႔ျပန္တဲ့အေနနဲ႔ အေကာင္အထည္ေဖာ္တဲ့ေနရာမွာ အေရးႀကီးဆံုးက တပ္မေတာ္ရဲ ႔ အခန္းက႑။ အဲဒီေတာ့ တပ္မေတာ္ရဲ ႔ အခန္းက႑က Inn Din ကိစၥလို - ပြင့္လင္းျမင္သာမႈ မရိွဘူး။ အေရးယူမႈေတြလည္း လ်င္လ်င္ျမန္ျမန္ ျပန္လႊတ္တယ္ဆိုရင္ေတာ့ ႏုိင္ငံတကာကေတာ့ ေက်လည္မႈရမွာ မဟုတ္ပါဘူး။

ေမး ။ ။ ဆရာဦးစည္သူေအာင္ျမင္အေနနဲ႔ ဘယ္လိုျမင္ပါသလဲ။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ဘယ္လိုလုပ္ႏိုင္မယ္လို႔ ျမင္ပါသလဲ။

ေျဖ ။ ။ အဓိကက အခုဟာက ႏို္င္ငံတကာအသိုင္းအဝိုင္းနဲ႔ အျငင္းပြားေနတဲ့အခါၾကေတာ့ က်ေနာ္တို႔ဆီမွာ ဒီျပႆနာျဖစ္တယ္။ ျဖစ္တဲ့အခါၾကေတာ့ အားလံုးမွတ္မိလိမ့္အံုးမယ္။ တပ္မေတာ္ကလည္း သူ႔စံုစမ္းေရးေကာ္မရွင္ေတြ ဖြဲ႔တာကလဲ တႀကိမ္ႏွစ္ႀကိမ္ေလာက္ လုပ္ခဲ့တယ္။ ေနာက္ က်ေနာ္မွတ္မိသေလာက္ဆိုရင္ ျပည္ထဲေရးဌာနကလည္း လုပ္ခဲ့တယ္။ ဒါေပမဲ့ ဒါေတြနဲ႔ ပတ္သက္ရင္ ႏုိင္ငံတကာက အသိအမွတ္ျပဳတာေတြ၊ အေရးတယူျပဳတာေတြ မရိွဘူး။ ဒါေပမဲ့ အခု ICOE ကိုေတာ့ ကိုဖီအာနန္ အစီရင္ခံစာလိုပဲ ဒီရက္ပိုင္းေတြမွာဆိုရင္ ဥေရာပသမဂၢတို႔ ဘာတို႔က ေၾကညာခ်က္ေတြ ဘာေတြထုတ္တာေတြ က်ေနာ္တို႔ ေတြ႔တယ္။ ဒီအစီရင္ခံစာနဲ႔ ပတ္သက္လို႔ သူတုိ႔အၿမဲတမ္း ေစာင့္ၾကည့္ေနတယ္။ ဒါေတြကို ဒီထဲမွာေတြ႔တဲ့ အခ်က္ေတြကို။ ဥပမာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ၊ ရာဇဝတ္မႈ က်ဴးလြန္မႈေတြဆိုရင္လဲ အေရးယူပါ၊ ဘာညာဆိုၿပီး ေျပာတာေတြရိွေတာ့ ပထမတဆင့္မွာေတာ့ ဒီအစီရင္ခံစာရဲ ႔ ထိေရာက္မႈကေတာ့ ရိွသြားၿပီ။ ႏို္င္ငံတကာအသိုင္းအဝိုင္းထဲမွာ။ ဒါေပမဲ့ အဲဒီဟာကို အခုနေျပာသလိုပဲ တကယ္အေကာင္အထည္္ေဖာ္ျပဖုိ႔ လိုတယ္။ အထူးသျဖင့္ ဒီထဲမွာပါဝင္ေနတာ တပ္မေတာ္လည္းပါတယ္။ ေနာက္ၿပီးေတာ့ လက္နက္ကိုင္တဲ့ အျခားေသာအဖြဲ႔အစည္းေတြပါတယ္။ ေနာက္အရပ္သားေတြ က်ဴးလြန္တဲ့လူေတြလည္း ရိွတယ္။

ဒါေတြကို ဘယ္ေလာက္အထိ လုပ္ႏုိင္မလဲေပါ့ - ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ေျပာပါတယ္ အခ်ိန္နည္းနည္းေပးပါဆိုေတာ့ အဲဒီလို တကယ္လို႔ အခ်ိန္ေပးလိုက္လို႔ အခုနလို ေျဖရွင္းျပတာ ေကာင္းတယ္ဆိုရင္ေတာ့ ႏိုင္ငံတကာကလည္း လက္ခံလာမွာေပါ့။
ဒီအျပင္ကို အခုန ဟိုဟာက ၿပီးမသြားဘူး။ ဒီနယ္ေျမဟာ အခုအခ်ိန္အထိကို က်ေနာ္တုိ႔ကို ေပးမသြားေသးဘူး။ အဲဒီေန႔တုန္းကဆိုရင္လဲ ဘာေျပာလဲဆိုေတာ့ အဆင္ေျပတဲ့အခ်ိန္ - လံုၿခံဳေရးအရ အာမခံခ်က္ ရိွတဲ့အခ်ိန္မွာ သြားလို႔ရမယ္ဆိုတာ - အဲဒါ ဘယ္အခ်ိန္မွန္လဲ မသိႏုိင္ဘူး။ အဲဒီလိုမ်ဳိး သတင္းဌာနေတြကို သြားခြင့္မရိွေသးသေရြ ႔။ ၿပီးေတာ့ ႏုိင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ မရိွေသးသေရြ ႔ေတာ့ တဘက္ကရတဲ့ အသံနဲ႔ပဲ သူတို႔အသံုးျပဳမယ္ဆိုတာကေတာ့ က်ေနာ္တုိ႔ ဘယ္လိုမွ ျငင္းလို႔မရဘူး။ ဒါေၾကာင့္မို႔လို႔ အခုန ICOE ကို ေသခ်ာအေကာင္အထည္ေဖာ္ဖုိ႔ လိုတယ္။ ၿပီးေတာ့မွ အခုနလို ပြင့္လင္းျမင္သာမႈရိွေအာင္ အဲဒီေနရာကို သတင္းေထာက္ေတြ သြားခြင့္ျပဳတာ။ အခုဆိုရင္ ႏွစ္ေတြလည္း ၾကာခဲ့ၿပီ။ အဲဒါေတြ လုပ္ေပးဖို႔လည္း လုိတယ္။ ေနာက္တခုကေတာ့ ဘာပဲေျပာေျပာ ကုလသမဂၢအထဲမွာ ကိုယ္စိတ္က်အဖြဲ႔အစည္း။ မႀကိဳက္ဘူးဆိုလဲ မပူးေပါင္းနဲ႔ေပါ့။ ႀကိဳက္တဲ့အဖြဲ႔အစည္းဆိုရင္ေတာ့ ပူးေပါင္းပါဝင္ဖို႔ေတာ့ လိုတယ္။

ေမး ။ ။ ႏိုင္ငံတကာက အသိအမွတ္ျပဳႏိုင္တဲ့ credibility အဲဒီလို ရိွႏုိင္တဲ့ အဖြဲ႔အစည္းဆိုရင္ ဆရာ ဘယ္လိုျမင္ပါသလဲ။ ဘယ္လုိမ်ဳိးလူက ဘယ္လုိအဖြဲ႔အစည္းမ်ဳိးက ဝင္ၿပီးေတာ့ ဒါမ်ဳိးေတြကို ဦးစည္သူေအာင္ျမင့္ ေျပာသလို ကိုးကားစရာ အေထာက္အထား ရေအာင္လုပ္ႏိုင္တယ္လုိ႔ ဒီႏို္င္ငံရဲ ႔ အေျခအေနနဲ႔ ဘယ္သူက လုပ္ႏုိင္မလဲ။

ေျဖ ။ ။ ေလာေလာဆယ္ကေတာ့ ႏုိင္ငံတကာက ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးရဲ ႔ အထူးကိုယ္စားလွယ္နဲ႔ေတာ့ ဆက္ဆံေရးေကာင္းေနတယ္။ သူနဲ႔ပဲ ခ်ိတ္ဆက္ၿပီးေတာ့ လုပ္လို႔ အဆင္ေျပမယ္ထင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လူ႔အခြင့္အေရးေကာ္မရွင္နဲ႔ဆို ျမန္မာျပည္က အဆင္မေျပဘူး။ အဲဒီေတာ့ အဆင္ေျပတဲ့လူနဲ႔ပဲ ခ်ိတ္ဆက္ၿပီးလုပ္ဖို႔ လိုတယ္။

ေမး ။ ။ ႏုိင္ငံတကာရဲ ႔ ပံုရိပ္နဲ႔ ပတ္သက္ၿပီးေတာ့ Narrative မေကာင္းတဲ့ဥစၥာကို ျပန္ၿပီးေကာင္းေအာင္ လုပ္ဖို႔က မီဒီယာေတြမွာ တာဝန္ရိွတယ္လို႔ ေျပာပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ဦစည္သူေအာင္ျမင့္အျမင္ကို သိပါရေစ။ ဘယ္လို ျမင္ပါလဲ။

ေျဖ ။ ။ မီဒီယာဆိုတဲ့ဥစၥာက က်ေနာ္တုိ႔က ရိုးရိုးေလးေျပာမယ္ဆိုရင္ တကမာၻလံုးရဲ ႔ အမွန္တရားပါပဲ - ျဖစ္ေနတဲ့ဟာတစ္ခုကို မျဖစ္ဘူးဆိုတဲ့ဟာမ်ဳိး လံုးဝဆန္႔က်င္ဘက္ႀကီး က်ေနာ္တို႔ လုပ္လို႔ရမွာ မဟုတ္ဘူး။ တကယ့္ပံုရိပ္ကိုပဲ က်ေနာ္တို႔က ျပန္ေဖာ္တာ။ မီဒီယာဆိုတဲ့ သေဘာသဘာဝက။ ဒါေပမဲ့ အဲဒီအထဲမွာေတာ့ ရိွတာေပါ့။ မတူတဲ့ မီဒီယာေတြရဲ ႔ သေဘာသဘာဝေၾကာင့္မို႔ ေနာက္ႏုိင္ငံအေနနဲ႔ ကြာျခားတဲ့ သေဘာသဘာဝေၾကာင့္မို႔ နည္းနည္းေလး ခ်ဲ ႔ကားတာ။ နည္းနည္းေလး မမွန္မကန္လုပ္တာ။ ဒါေတြေတာ့ ရိွမွာပဲ။
ဒါေပမဲ ေရစီးေၾကာင္းႀကီးကေတာ့ အဲဒီလုိ မဟုတ္ဘူး။ သူျဖစ္တဲ့ အျဖစ္အပ်က္ကို ျပန္ၿပီးေတာ့ ထင္ဟပ္ေအာင္ ႀကိဳးစားၾကတာႀကီးပဲ။ အဲဒီေတာ့ အေရးႀကီးတာက တကယ့္ ဒီမွာေကာင္းတဲ့ဟာေတြ လုပ္ထားတယ္ဆိုရင္ အခုနေျပာသလို မီဒီယာေတြလည္း ေကာင္းတဲ့ဟာကို ျပန္ၿပီးေတာ့ တင္ျပၾကမွာပဲ။

အခုေလာေလာဆယ္က ရခိုင္ျပည္နယ္မွာ ျဖစ္ေနတဲ့ ျပႆနာက အဲဒီလိုမ်ဳိး တင္ျပဖို႔ ေနေနသာသာ က်ေနာ္တို႔ ဒီမွာ လြတ္လြတ္လပ္လပ္ေတာင္ သြားခြင့္က ရမွမရခဲ့ဘဲ။ မရတဲ့အခါၾကေတာ့ ဘယ္လိုလုပ္ တင္ျပမလဲ။ အဲဒါေတြနဲ႔ ပတ္သက္လို႔ အစိုးရေသာ္လည္းေကာင္း၊ ဘယ္သူကေသာ္လည္းေကာင္း မီဒီယာကို အျပစ္တင္မယ္ဆိုရင္ က်ေနာ္ထင္တယ္ အဲဒါ မွားတယ္လို႔ထင္တယ္။ အဲဒီဟာက တကမာၻလံုးကိုလဲ အဲဒီလိုပဲ ဘယ္သူကိုမွ အျပစ္တင္စရာ အေၾကာင္းကိုမရိွဘူး။ အေရးႀကီးတာက ကိုယ္ပံုရိပ္ေကာင္းေအာင္လုပ္ၿပီး၊ ကိုယ္လုပ္ရပ္ေတြေကာင္းေအာင္လုပ္ၿပီးၿပီဆိုရင္ ဘယ္မီဒီယာမွ စိုးရိမ္စရာလဲ မလိုဘူး။ ၾကည့္လို႔ရတယ္၊ ျမင္လို႔ရတယ္၊ ေမးျမန္းလုိ႔ရတယ္။ ဒီလိုပဲ သြားရမယ္။ ဒါက ကမာၻႀကီးက သြားေနတဲ့ ေရစီးေၾကာင္းပဲလို ျမင္ပါတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ဆိုေတာ့ အေရးႀကီးတာကေတာ့ ျမန္မာအစိုးရ ျပန္ၾကားေရးဌာနက အဓိကလုပ္ရမယ္။ ပံုရိပ္ျပန္ေကာင္းလာဖို႔အတြက္။ အမ်ားႀကီး ေက်းဇူးတင္ပါတယ္။

XS
SM
MD
LG