သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ေရြးေကာက္ပြဲ ႏုိင္ငံတကာစံခ်ိန္မီမည္မဟုတ္ (ကုလ လူ႔အခြင့္အေရးကုိယ္စားလွယ္)


ျမန္မာ့လူ႔အခြင့္အေရးစံုစမ္းစစ္ေဆးေရး ကုလကိုယ္စားလွယ္သစ္ Thomas Andrews

(Zawgyi/Unicode)
ျမန္မာႏိုင္ငံထဲ ကိုဗစ္ပိုးေတြ႔ႏႈန္း အရွိန္အဟုန္ျမင့္လာခ်ိန္မွာ၊ တစ္လေက်ာ္အတြင္းက်င္းပဖို႔ျပင္ထားတဲ့ ေရြးေကာက္ပြဲက၊ ႏိုင္ငံတကာစံႏႈန္းမီႏိုင္မွာမဟုတ္ဘူးလို႔၊ ကုလသမဂၢရဲ့ ျမန္မာဆိုင္ရာ လူ႔အခြင့္အေရးကိုယ္စားလွယ္က ေျပာလိုက္ပါတယ္။

ျမန္မာ့လူ႔အခြင့္အေရးစံုစမ္းစစ္ေဆးေရး ကုလကိုယ္စားလွယ္သစ္ Thomas Andrews က ႏိုဝင္ဘာမွာက်င္းပဖို႔ျပင္ထားတဲ့ ေရြးေကာက္ပြဲမွာ ခုလိုျဖစ္လာႏိုင္တာက၊ ရိုဟင္ဂ်ာမြတ္ဆလင္ သိန္းနဲ႔ခ်ီၿပီး မဲမေပးႏိုင္မွာမို႔ပါလို႔ မေန႔က ေထာက္ျပလိုက္ပါတယ္။

ကုလသမဂၢရဲ့ လူအခြင့္အေရးေကာင္စီမွာ မိန္႔ခြန္းေျပာရာမွာ Andrews ကဆက္ၿပီး၊ အခုလို အရင္ ရခိုင္ျပည္နယ္မွာေနလာခဲ့ၿပီး၊ အခု ဘဂၤလားေဒ့ရွိ ဒုကၡသည္စခန္းေတြမွာ ခိုလံႈေနရတဲ့သူေတြကို မဲေပးခြင့္မေပးတာေၾကာင့္၊ ႏိုဝင္ဘာ (၈) ရက္ေရြးေကာက္ပြဲဟာ လြတ္လပ္၊ မွ်တမွာမဟုတ္ဘူးလို႔ ေဝဖန္လိုက္ပါတယ္။

ဒါ့အျပင္ Andews ကပဲ၊ အခုလို လူမ်ိဳးနဲ႔ကိုးကြယ္ရာဘာသာေပၚမူတည္ၿပီး မဲေပးခြင့္ ဆံုးရံႈးရတာေၾကာင့္၊ လာမယ့္ ေရြးေကာက္ပြဲရလဒ္ဟာ ျပည္သူအားလံုးရဲ့ ဆႏၵကို အစစ္အမွန္ ထင္ဟပ္ေတာ့မွာမဟုတ္ေတာ့ဘူးလို႔လည္း ျပင္းျပင္းထန္ထန္ ဆက္ေဝဖန္လိုက္ပါတယ္။

အရင္ စစ္အုပ္ခ်ဳပ္မူေအာက္ ျမန္မာ့ဒီမိုကေရစီရုန္းကန္မူေတြအေၾကာင္း သုေတသနေတြလုပ္ခဲ့ဖူးတဲ့ Andrew က ဆက္ၿပီး၊ လက္ရွိျမန္မာအစိုးရအေနနဲ႔ ဒီ ရခုိင္မွာေရာ ဘဂၤလားေဒရွ္မွာပါေရာက္ေနတဲ့ ရိုဟင္ဂ်ာေပါင္းသိန္းခ်ီအတြက္ မဲေပးႏိုင္ေရး၊ ျဖစ္ေစခ်င္တဲ့ဆႏၵေရာ၊ ျပင္ဆင္ေနတာပါ အေထာက္အထား လံုးဝမေတြ႔ရဘူးလို႔ ေထာက္ျပလိုက္ပါတယ္။

ျမန္မာအစိုးရဘက္ကေတာ့ ဒီရိုဟင္ဂ်ာေတြ ျပန္လာဖို႔ လက္ခံ၊ စီစဥ္ထားတယ္ေျပာေပမဲ့၊ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကိုေတာ့ တရားဝင္လက္ခံျခင္းမရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


.................

မြန်မာ့ရွေးကောက်ပွဲ နိုင်ငံတကာစံချိန်မှီမည်မဟုတ် (ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်)
(Unicode)
မြန်မာနိုင်ငံထဲ ကိုဗစ်ပိုးတွေ့နှုန်း အရှိန်အဟုန်မြင့်လာချိန်မှာ၊ တစ်လကျော်အတွင်းကျင်းပဖို့ပြင်ထားတဲ့ ရွေးကောက်ပွဲက၊ နိုင်ငံတကာစံနှုန်းမီနိုင်မှာမဟုတ်ဘူးလို့၊ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။

မြန်မာ့လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေး ကုလကိုယ်စားလှယ်သစ် Thomas Andrews က နိုဝင်ဘာမှာကျင်းပဖို့ပြင်ထားတဲ့ ရွေးကောက်ပွဲမှာ ခုလိုဖြစ်လာနိုင်တာက၊ ရိုဟင်ဂျာမွတ်ဆလင် သိန်းနဲ့ချီပြီး မဲမပေးနိုင်မှာမို့ပါလို့ မနေ့က ထောက်ပြလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ လူအခွင့်အရေးကောင်စီမှာ မိန့်ခွန်းပြောရာမှာ Andrews ကဆက်ပြီး၊ အခုလို အရင် ရခိုင်ပြည်နယ်မှာနေလာခဲ့ပြီး၊ အခု ဘင်္ဂလားဒေ့ရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့သူတွေကို မဲပေးခွင့်မပေးတာကြောင့်၊ နိုဝင်ဘာ (၈) ရက်ရွေးကောက်ပွဲဟာ လွတ်လပ်၊ မျှတမှာမဟုတ်ဘူးလို့ ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် Andews ကပဲ၊ အခုလို လူမျိုးနဲ့ကိုးကွယ်ရာဘာသာပေါ်မူတည်ပြီး မဲပေးခွင့် ဆုံးရှုံးရတာကြောင့်၊ လာမယ့် ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူအားလုံးရဲ့ ဆန္ဒကို အစစ်အမှန် ထင်ဟပ်တော့မှာမဟုတ်တော့ဘူးလို့လည်း ပြင်းပြင်းထန်ထန် ဆက်ဝေဖန်လိုက်ပါတယ်။

အရင် စစ်အုပ်ချုပ်မူအောက် မြန်မာ့ဒီမိုကရေစီရုန်းကန်မူတွေအကြောင်း သုတေသနတွေလုပ်ခဲ့ဖူးတဲ့ Andrew က ဆက်ပြီး၊ လက်ရှိမြန်မာအစိုးရအနေနဲ့ ဒီ ရခိုင်မှာရော ဘင်္ဂလားဒေရှ်မှာပါရောက်နေတဲ့ ရိုဟင်ဂျာပေါင်းသိန်းချီအတွက် မဲပေးနိုင်ရေး၊ ဖြစ်စေချင်တဲ့ဆန္ဒရော၊ ပြင်ဆင်နေတာပါ အထောက်အထား လုံးဝမတွေ့ရဘူးလို့ ထောက်ပြလိုက်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ဒီရိုဟင်ဂျာတွေ ပြန်လာဖို့ လက်ခံ၊ စီစဉ်ထားတယ်ပြောပေမဲ့၊ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ တရားဝင်လက်ခံခြင်းမရှိသေးပါဘူး။

XS
SM
MD
LG