သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

"မတရားတဲ့ဥပေဒေတြ ျပဌာန္း ဖမ္းဆီးတာမ်ဳိး မလုပ္ဖို႔လို" - ဦးေအာင္မ်ဳိးမင္း


လူ႔အခြင့္အေရး လႈပ္ရွားမႈအဖြဲ႕တခုျဖစ္တဲ့ ညီမွ်ျခင္းျမန္မာရဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္း

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရး အေျခအေနေတြဟာ စိုးရိမ္စရာေကာင္းေနဆဲျဖစ္ေၾကာင္း ကုလသမဂၢလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္သစ္က ေျပာဆိုလိုက္တဲ့အေပၚ လူ႔အခြင့္အေရးလႈပ္ရွားသူေတြြနဲ႔ အကဲခတ္ေတြက ႀကိဳဆိုလိုက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက တင္ျပထားပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္သစ္ Thomas Andrews
ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္သစ္ Thomas Andrews

ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္သစ္ Thomas Andrews က ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရးအေျခအေနေတြ နိမ့္က်ေနဆဲျဖစ္ေၾကာင္းနဲ႔ အရပ္သား အစိုးရ အေနနဲ႔လည္း ပြင့္လင္းျမင္သာမႈရွိဖို႔ ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕က ၄၄ ႀကိမ္ေျမာက္ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အစည္းအေဝးမွာ မေန႔ကပဲ ေျပာလိုက္တာပါ။

လူ႔အခြင့္အေရး လႈပ္ရွားမႈအဖြဲ႕တခုျဖစ္တဲ့ ညီမွ်ျခင္းျမန္မာရဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းကေတာ့ ျမန္မာႏိုင္ငံရဲ႕ အေျခအေနနဲ႔ ပတ္သက္လို႔ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ရဲ႕ တင္ျပခ်က္ဟာ လက္ေတြ႕အေျခအေနေတြကို ထင္ဟပ္ေနတယ္လို႔ အခုလို ေျပာပါတယ္။

"အစိုးရမွာ သူတို႔လုပ္ေဆာင္ႏိုင္တဲ့ ကိစၥေတြ အမ်ားႀကီး ရွိပါတယ္။ ပထမဦးဆံုး မတရားတဲ့ ဥပေဒျပဌာန္းတာ၊ ဥပေဒရဲ႕ အားနည္းခ်က္ကို အခြင့္ေကာင္းယူၿပီး ဖမ္းဆီးတာမ်ိဳး သူတို႔႔ ကိုယ္တိုင္မလုပ္ဖို႔အတြက္ လုပ္ေဆာင္ႏိုင္ပါတယ္။ ဥပမာ အစိုးရကို အၾကည္ညိဳပ်က္ေစတယ္၊ ေနာက္ တိုက္ခိုက္တယ္ဆိုတာသေဘာမ်ိဳးေၾကာင့္ ဖမ္းဆီးတဲ့ကိစၥကို သူတို႔ကိုယ္တိုင္ မက်ဴးလြန္တဲ့ ကိစၥမ်ိဳးျဖစ္ပါတယ္။ ေနာက္တခုကေတာ့ က်ေနာ္တို႔ တရားဥပေဒ ခိုင္မာဖို႔ အရမ္းအေရးႀကီးပါတယ္။ ထိေရာက္ေသာ အေရးယူမႈမရွိတာ၊ အရပ္သား၊ တရားရံုးနဲ႔ စစ္ခံုရံုး ႏွစ္ခု ခဲြၿပီးေတာ့ စစ္ခံုရံုးမွာ လုပ္ေဆာင္ေနတဲ့ ကိစၥကို ျပည္သူလူထုမသိဘဲနဲ႔ ထိုက္တန္လား၊ မထိုက္တန္လား အျပစ္နဲ႔ ျပစ္ဒဏ္နဲ႔ ခိုင္လံုလား၊ မခိုင္လံုလား ဒါကို မသိတဲ့ ကိစၥေတြ။ ဒါကို အစိုးရအေနနဲ႔ လူ႔အခြင့္အေရးစံခ်ိန္စံၫႊန္းေတြနဲ႔ ရပ္တည္ေပးၿပီးေတာ့ လုပ္ေဆာင္ေပးတဲ့ အပိုင္းေတြ ဒါေတြ လုပ္ေဆာင္ေပးဖို႔ လိုအပ္ပါတယ္။"

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ကေတာ့ ျမန္မာႏိုင္ငံတြင္းက လက္နက္ကိုင္ပဋိပကၡေတြနဲ႔ ေနာက္ဆက္တြဲ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကိုလည္း ေထာက္ျပသြားခဲ့တာပါ။ ညီမွ်ျခင္းျမန္မာအဖြဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းကေတာ့ တရားဥပေဒ စိုးမိုးမႈေတြ အားနည္းေနတဲ့ အက်ိဳးဆက္အျဖစ္ သုံးသပ္သလို အစိုးရဘက္က ပူးေပါင္းေဆာင္႐ြက္မႈ အားနည္းတာေတြအေပၚမွာလည္း ေထာက္ျပသြားပါတယ္။

"ပူးေပါင္းေဆာင္႐ြက္တာ အရမ္းလိုအပ္ပါတယ္။ ဒါမ်ိဳးက ရွိသင့္ပါတယ္၊ အဲလိုလုပ္တာမွာ ေနာက္ပိုင္းမွာပိုခက္လာတယ္။ လႊတ္ေတာ္ဘက္က မွတ္ပုံတင္မထားတဲ့ အဖြဲ႕ေတြကိုေတြ႕လို႔မရတာ၊ ေနာက္ပိုင္းေတြ႕ဖို႔ ခက္ခဲလာတာေတြရွိတယ္။ အဲလိုမ်ိဳးက လႊတ္ေတာ္ကိုယ္စားလွယ္တြက္ေကာ CSO အတြက္ပါဆုံးရႈံးတယ္။ တိုင္ပင္ညႇိႏိႈင္းတာမ်ားမ်ားလုပ္ပါ။ ဌာနဆိုင္ရာေတြဘက္က က်ေနာ္တို႔တင္မဟုတ္ဘူး လူ႔အခြင့္အေရးအရ တိုင္ၾကားတာေတြကို အေရးတယူလုပ္ေဆာင္မႈမရွိဘူး။ တာဝန္ယူမႈ တာဝန္ခံမႈဆိုတာက တရား႐ုံေရာက္မွ မဟုတ္ဘဲနဲ႔ ကိုယ့္ရဲ႕ ၀န္ႀကီးဌာနအတြင္းမွာ ရွိေသာသူ က်ဴးလြန္လို႔ရွိလို႔ရွိရင္လည္း တာ၀န္ယူမႈ၊ တာ၀န္ခံမႈ၊ တိုင္းၾကားလာလို႔ရွိရင္လည္း စနစ္တက် စံုစမ္းစစ္ေဆးရမယ္ဆိုတဲ့ တာ၀န္ယူမႈ၊ တာဝန္ခံဖို႔က ေနရာတိုင္းမွာ ရွိဖို႔လိုအပ္ပါတယ္။ CSO ေတြနဲ႔ပူးေပါင္းေဆာင္႐ြက္တဲ့ တာ၀န္မွာ ဆက္လက္ထမ္းေဆာင္ဖို႔ လိုအပ္တယ္ဆိုတာ ဌာနတိုင္း၊ ၀န္ႀကီး ဌာနတိုင္း အမႈထမ္း၊ အရာထမ္းအားလံုး သိဖို႔လိုအပ္ပါတယ္ခင္ဗ်။"

ကုလသမဂၢလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ရဲ႕ တင္ျပခ်က္မွာေတာ့ လာမယ့္ ႏိုဝင္ဘာလထဲ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ လြတ္လပ္၊ မွ်တဖုိ႔ အမ်ားယုံၾကည္လက္ခံေအာင္ ပြင့္လင္းျမင္သာမႈရွိဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေရး တေကာင္းအဖြဲ႕ ရဲ႕ အမႈေဆာင္ ဒါ႐ိုက္တာ ဦးရဲမ်ိဳးဟိန္းကေတာ့ ေ႐ြးေကာက္ပြဲ လြတ္လပ္မွ်တဖို႔ ေကာ္မရွင္က ဦးေဆာင္ဖို႔ လိုတယ္လို႔ ေျပာပါတယ္။

"လာမယ့္ေ႐ြးေကာက္ပြဲဟာ လြတ္လပ္မွ်တမႈရွိတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔ လိုတယ္။ တကယ္လို႔သာ လြတ္လပ္မွ်တမႈမရွိခဲ့ရင္၊ လြတ္လပ္မွ်တမႈ မရွိဘူးလို႔ အထင္အျမင္ျဖစ္လာခဲ့ရင္ ဒီႏိုင္ငံရဲ႕ ႏိုင္ငံေရးဓေလ့အရ ေ႐ြးေကာက္ပြဲအၾကမ္းဖက္မႈေတြအထိ ျဖစ္သြားႏိုင္တယ္။ ဒါကက်ေနာ္တို႔ စိုးရိမ္မႈပါ။"

ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္ သံအမတ္ႀကီး ဦေက်ာ္မိုးထြန္းကေတာ့ လာမယ့္ေ႐ြးေကာက္ပြဲကို လြတ္လပ္မွ်တၿပီး အမ်ားယုံၾကည္လက္ခံႏိုင္ေအာင္ ပြင့္လင္းျမင္သာမႈရွိေရး ျမန္မာအစိုးရက ေဆာင္႐ြက္ေနေၾကာင္း မေန႔တုန္းက လူ႔အခြင့္အေရးေကာင္စီ ေဆြးေႏြးပြဲမွာ ေျပာဆိုခဲ့တာပါ။ ကုလသမဂၢလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ကေတာ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သား အစိုးရအေနနဲ႔ ရင္ဆိုင္ေနရတဲ့ အေျခအေနေတြကို ကမာၻက ပိုမိုနားလည္ သေဘာေပါက္ေစခ်င္တယ္ဆိုရင္ တံခါးေတြ ဖြင့္ထားတာကသာ အေကာင္းဆုံးနည္းလမ္း ျဖစ္မယ္လို႔လည္း တိုက္တြန္းထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

"မတရားတဲ့ဥပဒေတွေ ပြဌာန်း ဖမ်းဆီးတာမျိုး မလုပ်ဖို့လို" - ဦးအောင်မျိုးမင်း

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ စိုးရိမ်စရာကောင်းနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ်က ပြောဆိုလိုက်တဲ့အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အကဲခတ်တွေက ကြိုဆိုလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် Thomas Andrews က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတွေ နိမ့်ကျနေဆဲဖြစ်ကြောင်းနဲ့ အရပ်သား အစိုးရ အနေနဲ့လည်း ပွင့်လင်းမြင်သာမှုရှိဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က ၄၄ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မနေ့ကပဲ ပြောလိုက်တာပါ။

လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်ဟာ လက်တွေ့အခြေအနေတွေကို ထင်ဟပ်နေတယ်လို့ အခုလို ပြောပါတယ်။

"အစိုးရမှာ သူတို့လုပ်ဆောင်နိုင်တဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။ ပထမဦးဆုံး မတရားတဲ့ ဥပဒေပြဌာန်းတာ၊ ဥပဒေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဖမ်းဆီးတာမျိုး သူတို့ ကိုယ်တိုင်မလုပ်ဖို့အတွက် လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ အစိုးရကို အကြည်ညိုပျက်စေတယ်၊ နောက် တိုက်ခိုက်တယ်ဆိုတာသဘောမျိုးကြောင့် ဖမ်းဆီးတဲ့ကိစ္စကို သူတို့ကိုယ်တိုင် မကျူးလွန်တဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ နောက်တခုကတော့ ကျနော်တို့ တရားဥပဒေ ခိုင်မာဖို့ အရမ်းအရေးကြီးပါတယ်။ ထိရောက်သော အရေးယူမှုမရှိတာ၊ အရပ်သား၊ တရားရုံးနဲ့ စစ်ခုံရုံး နှစ်ခု ခွဲပြီးတော့ စစ်ခုံရုံးမှာ လုပ်ဆောင်နေတဲ့ ကိစ္စကို ပြည်သူလူထုမသိဘဲနဲ့ ထိုက်တန်လား၊ မထိုက်တန်လား အပြစ်နဲ့ ပြစ်ဒဏ်နဲ့ ခိုင်လုံလား၊ မခိုင်လုံလား ဒါကို မသိတဲ့ ကိစ္စတွေ။ ဒါကို အစိုးရအနေနဲ့ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့ ရပ်တည်ပေးပြီးတော့ လုပ်ဆောင်ပေးတဲ့ အပိုင်းတွေ ဒါတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ထောက်ပြသွားခဲ့တာပါ။ ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ တရားဥပဒေ စိုးမိုးမှုတွေ အားနည်းနေတဲ့ အကျိုးဆက်အဖြစ် သုံးသပ်သလို အစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းတာတွေအပေါ်မှာလည်း ထောက်ပြသွားပါတယ်။

"ပူးပေါင်းဆောင်ရွက်တာ အရမ်းလိုအပ်ပါတယ်။ ဒါမျိုးက ရှိသင့်ပါတယ်၊ အဲလိုလုပ်တာမှာ နောက်ပိုင်းမှာပိုခက်လာတယ်။ လွှတ်တော်ဘက်က မှတ်ပုံတင်မထားတဲ့ အဖွဲ့တွေကိုတွေ့လို့မရတာ၊ နောက်ပိုင်းတွေ့ဖို့ ခက်ခဲလာတာတွေရှိတယ်။ အဲလိုမျိုးက လွှတ်တော်ကိုယ်စားလှယ်တွက်ကော CSO အတွက်ပါဆုံးရှုံးတယ်။ တိုင်ပင်ညှိနှိုင်းတာများများလုပ်ပါ။ ဌာနဆိုင်ရာတွေဘက်က ကျနော်တို့တင်မဟုတ်ဘူး လူ့အခွင့်အရေးအရ တိုင်ကြားတာတွေကို အရေးတယူလုပ်ဆောင်မှုမရှိဘူး။ တာဝန်ယူမှု တာဝန်ခံမှုဆိုတာက တရားရုံရောက်မှ မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ ဝန်ကြီးဌာနအတွင်းမှာ ရှိသောသူ ကျူးလွန်လို့ရှိလို့ရှိရင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု၊ တိုင်းကြားလာလို့ရှိရင်လည်း စနစ်တကျ စုံစမ်းစစ်ဆေးရမယ်ဆိုတဲ့ တာဝန်ယူမှု၊ တာဝန်ခံဖို့က နေရာတိုင်းမှာ ရှိဖို့လိုအပ်ပါတယ်။ CSO တွေနဲ့ပူးပေါင်းဆောင်ရွက်တဲ့ တာဝန်မှာ ဆက်လက်ထမ်းဆောင်ဖို့ လိုအပ်တယ်ဆိုတာ ဌာနတိုင်း၊ ဝန်ကြီး ဌာနတိုင်း အမှုထမ်း၊ အရာထမ်းအားလုံး သိဖို့လိုအပ်ပါတယ်ခင်ဗျ။"

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်မှာတော့ လာမယ့် နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လွတ်လပ်၊ မျှတဖို့ အများယုံကြည်လက်ခံအောင် ပွင့်လင်းမြင်သာမှုရှိဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး တကောင်းအဖွဲ့ ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးရဲမျိုးဟိန်းကတော့ ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ ကော်မရှင်က ဦးဆောင်ဖို့ လိုတယ်လို့ ပြောပါတယ်။

"လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုတယ်။ တကယ်လို့သာ လွတ်လပ်မျှတမှုမရှိခဲ့ရင်၊ လွတ်လပ်မျှတမှု မရှိဘူးလို့ အထင်အမြင်ဖြစ်လာခဲ့ရင် ဒီနိုင်ငံရဲ့ နိုင်ငံရေးဓလေ့အရ ရွေးကောက်ပွဲအကြမ်းဖက်မှုတွေအထိ ဖြစ်သွားနိုင်တယ်။ ဒါကကျနော်တို့ စိုးရိမ်မှုပါ။"

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦကျော်မိုးထွန်းကတော့ လာမယ့်ရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး အများယုံကြည်လက်ခံနိုင်အောင် ပွင့်လင်းမြင်သာမှုရှိရေး မြန်မာအစိုးရက ဆောင်ရွက်နေကြောင်း မနေ့တုန်းက လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရအနေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ကမ္ဘာက ပိုမိုနားလည် သဘောပေါက်စေချင်တယ်ဆိုရင် တံခါးတွေ ဖွင့်ထားတာကသာ အကောင်းဆုံးနည်းလမ်း ဖြစ်မယ်လို့လည်း တိုက်တွန်းထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG