သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကုိ ကမၻာကပုိနားလည္လာေအာင္ တံခါးဖြင့္ထားဖုိ႔လုိ (ျမန္မာဆုိင္ရာ ကုလ လူ႔အခြင့္အေရးအထူးကုိယ္စားလွယ္သစ္)


ဇူလိုင္လ ၁၃ ရက္ေန႔က ကုလသမဂၢလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ အသစ္ Thomas Andrews ဗီြဒီယိုက တဆင့္ အစီရင္ခံေျပာၾကား

(Zawgyi/Unicode)
ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သားအစိုးရအေနနဲ႔ သူတို႔လက္ရွိရပ္တည္ေနရတဲ့ အေနအထားကို ကမာၻက ပိုမိုနားလည္လာေစဖို႔ဆိုရင္ တံခါးေတြဖြင့္ထားဖို႔ အေကာင္းဆုံးနည္းလမ္းျဖစ္တယ္လို႔ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ အသစ္ Thomas Andrews က ေျပာၾကားလိုက္ပါတယ္။

ဇူလိုင္လ ၁၃ ရက္ေန႔က လူ႔အခြင့္အေရးေကာင္စီမွာ Mr. Andrews ရဲ႕ ပထမဆုံးအႀကိမ္ အင္တာနက္ ဗီြဒီယိုက တဆင့္ အစီရင္ခံေျပာၾကားခဲ့တာနဲ႔ ဒီအေပၚ ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတန္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း အပါအဝင္ အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ တံု႔ျပန္ခ်က္ေတြကို မအင္ၾကင္းနိုင္က ေကာက္ႏုတ္တင္ျပထားပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာမွာ က်င္းပေနတဲ့ ၄၄ႀကိမ္ေျမာက္ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ ပုံမွန္အစည္းအေဝးမွာ ျမန္မာႏိုင္ငံက လူ႔အခြင့္အေရး အေျခအေနနဲ႔ ပတ္သက္လို႔ ဇူလိုင္လ ၁၃-၁၄ ရက္ေန႔ ထိ ႏွစ္ရက္ၾကာ ျပဳလုပ္ခဲ့တာပါ။

မစၥယန္ဟီးလီ ရဲ႕ေနရာမွာ အသစ္ခန႔္အပ္ခံရတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Thomas Andrews က သူ႔ရဲ႕ ပထမဆုံးအႀကိမ္ လူ႔အခြင့္အေရးေကာင္စီ ကို အင္တာနက္ဗီြဒီယိုကတဆင့္ အစီရင္ခံေျပာၾကားရာမွာ ႏိုင္ငံတကာအေနနဲ႔ ျမန္မာအစိုးရ ရပ္တည္ေနရတဲ့ အေနအထားကို နားလည္ဖို႔ဆိုရင္ အေကာင္းဆုံးနည္းလမ္းကေတာ့ တံခါးေတြဖြင့္ထားဖို႔ပဲ ျဖစ္တယ္လို႔ အခုလို ေျပာၾကားခဲ့ပါတယ္။

"ျမန္မာအစိုးရအေနနဲ႔ ကမာၻက သူ႔ရဲ႕ရပ္တည္ေနရတဲ့ အေနအထား၊ သူ႔ရဲ႕ အျမင္ရႈေထာင့္တို႔ကို နားလည္ေစခ်င္တယ္ဆိုရင္ အေကာင္းဆုံးကေတာ့ ကိုယ့္ရဲ႕တံခါးေတြကို ဖြင့္ထားဖို႔ျဖစ္ပါတယ္။ ကိုယ့္ကို ေဝဖန္ စိန္ေခၚေနသူေတြကိုေတာင္ တံခါးဖြင့္ထားေပးပါ။"

ဒါအျပင္ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ တာဝန္ေပးအပ္ျခင္းမခံရခင္ လအတန္ၾကာ ကာလက ျမန္မာႏိုင္ငံကို သြားခဲ့တဲ့ခရီးစဥ္မွာ ျပည္ထဲေရးဝန္ႀကီးဌာနက တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့တဲ့အေၾကာင္းကိုလည္း Mr. Andrews က ေျပာျပခဲ့ပါတယ္။ အဲဒီမွာ ျမန္မာကို ႏိုင္ငံတကာကနားလည္ဖို႔ဆိုရင္ စကားလုံးေတြထက္ လက္ေတြ႕ အလုပ္နဲ႔ သက္ေသျပတာက ပိုၿပီး ထိေရာက္မႈရွိေၾကာင္း အႀကံေပးခဲ့တယ္လို႔လည္း သူက ဆိုပါတယ္။

ျမန္မာ့အေရးမွာ သူအဓိက ခ်ဥ္းကပ္မယ့္နည္းလမ္းႏွစ္ခုနဲ႔ ပတ္သက္လို႔လည္း Thomas Andrews က အခုလို ေျပာသြားပါတယ္။

" ပထမဦးဆုံး ကိုယ့္ကိုကိုယ္ ႏွိမ့္ခ်ထားမႈနဲ႔အတူ က်ေနာ့္ ယုံၾကည့္မႈအေပၚ ခိုင္မာတဲ့ သႏၷိ႒ာန္နဲ႔ ဒီတာဝန္ကို ထမ္းေဆာင္ရာမွာ ဆက္ဆံေရးအတြက္ အဓိကအေရးႀကီးဆုံး အစိတ္အပိုင္းျဖစ္တဲ့ နားေထာင္ဖို႔ ဆိုတဲ့အခ်က္နဲ႔ ေဆာင္႐ြက္သြားမွာပါ။"

ဒုတိယအေနနဲ႔ ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရး တိုးတက္ဖို႔အတြက္ အျပည့္အဝလုပ္ေဆာင္မယ္ဆိုတဲ့ ခိုင္မာတဲ့ သႏၷိ႒ာန္နဲ႔ ဒီတာဝန္ကို ထမ္းေဆာင္ရတာျဖစ္တယ္လို႔ Thomas Andrews က ဆိုပါတယ္။ ဒီအတြက္ တာဝန္ယူမႈနဲ႔အတူ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရသူေတြ၊ ၿခိမ္းေျခာက္ခံရသူေတြကို အကာအကြယ္ေပးေရး အမွန္တရားကို ထုတ္ေဖၚေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

ဒါအျပင္ ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္အသစ္အျဖစ္ ခန႔္အပ္ခံရတဲ့ ပထမဆုံးေန႔မွာပဲ ျမန္မာႏိုင္ငံကို သြားေရာက္ခြင့္ရဖို႔နဲ႔ ေစ့စပ္ေဆြးေႏြး နားေထာင္မယ့္ အခြင့္အလမ္းရရွိေရး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဆီကို စာေရးသားေပးပို႔ခဲ့တယ္လို႔ Thomas Andrews ကေျပာသြားပါတယ္။ ဂ်ီနီဗာ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔လည္း ေတြ႕ဆုံခဲ့ၿပီးၿပီလို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္အေနနဲ႔ သူအဓိကထား ေဆာင္႐ြက္မယ့္အခ်က္ေတြနဲ႔ ပတ္သက္လို႔လည္း Thomas Andrews ကေျပာၾကားရာမွာ ကမာၻ႔ဒုကၡသည္အက်ပ္အတည္း အႀကီးဆုံးျဖစ္ေနတဲ့ ႐ိုဟင္ဂ်ာ ျပႆနာ အပါအဝင္ ရခိုင္၊ ခ်င္း၊ ကရင္ ျပည္နယ္ေတြမွာျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ လူသားခ်င္းစာနာမႈဆိုင္ရာ အေရးေပၚ အက်ပ္အတည္း ႀကီးမားေနတဲ့ကိစၥေတြနဲ႔ ပတ္သက္လို႔ စုံစမ္းအစီရင္ခံသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါအျပင္ သူအဓိက ထားေဆာင္႐ြက္မယ့္ အခ်က္ေတြထဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ ျမန္မာ့ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးေတြ ဆက္ၿပီး ျဖစ္မလား၊ မျဖစ္ဘူးလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာေနတဲ့အတြက္ ဒီအေပၚမွာ သူ႔အေနနဲ႔ ေစာင့္ၾကည့္ေလ့လာ အစီရင္ခံ တင္ျပမွာျဖစ္သလို၊ ႏိုင္ငံအေပၚသစၥာေစာင့္သိ တာဝန္ထမ္းေဆာင္ေနတဲ့ ျမန္မာစစ္တပ္အေနနဲ႔ ေ႐ြးေကာက္ခံ အရပ္သားအစိုးရအုပ္ခ်ဳပ္ေအာက္မွာ တာဝန္ခံမႈ၊ တာဝန္ယူမႈ ရွိမရွိဆိုတာေတြကို သူ႔အေနနဲ႔ ေလ့လာေစာင့္ၾကည့္သြားမွာျဖစ္ၿပီး၊ လာမယ့္ ႏိုဝင္ဘာလမွာ က်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲမွာ ႐ိုဟင္ဂ်ာေတြ အပါအဝင္ မဲေပးခြင့္ရွိသူတိုင္း မဲေပးခြင့္ရမရ ဆိုတဲ့အခ်က္ စတဲ့ ကိစၥရပ္ေတြကိုလည္း ေစာင့္ၾကည့္သြားဖို႔ရွိေၾကာင္းလည္း Thomas Andrews ကေျပာပါတယ္။

Thomas Andrews ရဲ႕ အစီရင္ခံ ေျပာၾကားခ်က္အေပၚ ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတန္းကိုယ္စားလွယ္ သံအမတ္ျကီး ဦေက်ာ္မိုးထြန္းက ျပန္ၿပီး တံု႔ျပန္ေျပာၾကားရာမွာ ၂၀၂၀ ျပည့္ေ႐ြးေကာက္ပြဲကို လြတ္လပ္၊ တရားမွ်တၿပီး အမ်ားယုံၾကည္လက္ခံတဲ့ ပြင့္လင္းျမင္သာမႈရွိေရး ျမန္မာအစိုးရက ေဆာင္႐ြက္ေနေၾကာင္း အခုလို ေျပာၾကားခဲ့ပါတယ္။

" အေထြေထြေ႐ြး ေကာက္ပြဲကို ၂၀၂၀ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္မွာ က်င္းပဖို႔ ရွိပါတယ္။ ျပည္တြင္းနဲ႔ ႏိုင္ငံတကာက ေ႐ြးေကာက္ပြဲဆိုင္ရာ ေလ့လာသူေတြ ပါဝင္ေလ့လာႏိုင္ဖို႔ ဖိတ္ေခၚထားပါတယ္။ ေ႐ြးေကာက္ပြဲ က်င္းပေရးအတြက္ လြတ္လပ္ေရး၊ တရားမွ်တေရး၊ အမ်ားယုံၾကည္လက္ခံႏိုင္ေရး၊ ပြင့္လင္းျမင္သာမႈ ရွိေစေရး၊ မဲဆႏၵရွင္ ျပည္သူေတြရဲ႕ ဆႏၵနဲ႔ မဲရလဒ္ တစ္ထပ္တည္း ျဖစ္ေစေရး စတဲ့ အေျခခံမူဝါဒ (၅) ခ်က္ ခ်မွတ္ထားသလို၊ ႏိုင္ငံေရးပါတီေတြနဲ႔ ကိုယ္စားလွယ္ေလာင္းေတြ အတြက္ က်င့္ဝတ္ကိုလည္း ႏိုင္ငံေရးပါတီေတြက လက္မွတ္ေရးထိုး ထားၿပီပါၿပီ။ လူမႈကြန္ယက္မွာလည္း အမုန္းစကား ျပန႔္ပြားတာေတြကို ကိုင္တြယ္ေျဖရွင္းေရးေဆာင္႐ြက္ေနပါတယ္။"

ဒါအျပင္ ျမန္မာအစိုးရေဆာင္႐ြက္ေနတဲ့ ၿငိမ္းခ်မ္းေရးအပါအဝင္ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေရးနဲ႔ အျခားဖြံၿဖိဳးေရး ကိစၥရပ္ေတြကိုလည္း သံအမတ္ႀကီးက လူ႔အခြင့္အေရး ေကာင္စီညီလာခံမွာ တင္ျပသြားပါတယ္။

ဥေရာပသမဂၢဆိုင္ရာ ကုလသမဂၢ ကိုယ္စားလွယ္ကေတာ့ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္သစ္ Thomas Andrews ကို ႀကိဳဆိုေၾကာင္းနဲ႔ သူ႔ရဲ႕ လုပ္ပိုင္ခြင့္ကို အသိအမွတ္ျပဳဖို႔ နဲ႔ ႏိုင္ငံတြင္း သြားေရာက္ခြင့္ျပဳေရး ျမန္မာအစိုးရ ကို ဖိအားေပးေျပာၾကားခဲ့ပါတယ္။

အလားတူ OIC အစၥလာမ္မစ္ ပူးေပါင္းေဆာင္ရြက္ေရးအဖဲြ႕ ကိုယ္စားေျပာၾကားတဲ့ ပါကစၥတန္ႏိုင္ငံဆိုင္ရာ ကုလသမဂၢကိုယ္စားလွယ္ကလည္းရိုဟင္ဂ်ာေတြအေပၚဖိနွိပ္ခဲြျခားမႈေတြဟာ ေျပာင္းလဲမႈမရွိေသးတဲ့အျပင္ ရခိုင္ျပည္နယ္မွာ အင္တာနက္ေတြကို အစိုးရက ဆက္ၿပီးပိတ္ထားဆဲရွိေနတာေၾကာင့္ COVID-19 ကပ္ေဘးေရာဂါနဲ႔ ပတ္သက္ေတြ သတင္းအခ်က္အလက္ေတြကို မသိရတဲ့ အေျခအေနဟာ အေတာ္ေလးဆိုးရြားေၾကာင္း ျမန္မာအစိုးရကို ေ၀ဖန္ေျပာဆိုသြားပါတယ္။

ဇူလိုင္ ၁၃ နဲ႔ ၁၄ ရက္ ႏွစ္ရက္ၾကာျပဳလုပ္တဲ့ ျမန္မာ့လူ႔အခြင့္အေရး ဆိုင္ရာ ေဆြးေႏြးပြဲမွာ လူ႔အခြင့္အေရးေကာင္စီအဖြဲ႕ဝင္ႏိုင္ငံေပါင္း ၄၀ နီးပါးက ကိုယ္စားလွယ္ေတြနဲ႔ NGO အစိုးရမဟုတ္တဲ့ အဖြဲ႕ေတြကိုယ္စား AI ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ ႀကီးက တံု႔ျပန္ေဆြးေႏြးခဲ့ၾကပါတယ္။


...............

မြန်မာကို ကမ္ဘာကပိုနားလည်လာအောင် တံခါးဖွင့်ထားဖို့လို (မြန်မာဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်သစ်)

(Unicode)
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရအနေနဲ့ သူတို့လက်ရှိရပ်တည်နေရတဲ့ အနေအထားကို ကမ္ဘာက ပိုမိုနားလည်လာစေဖို့ဆိုရင် တံခါးတွေဖွင့်ထားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် အသစ် Thomas Andrews က ပြောကြားလိုက်ပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့က လူ့အခွင့်အရေးကောင်စီမှာ Mr. Andrews ရဲ့ ပထမဆုံးအကြိမ် အင်တာနက် ဗွီဒီယိုက တဆင့် အစီရင်ခံပြောကြားခဲ့တာနဲ့ ဒီအပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေရဲ့ တုံ့ပြန်ချက်တွေကို မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၄၄ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ဇူလိုင်လ ၁၃-၁၄ ရက်နေ့ ထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့တာပါ။

မစ္စယန်ဟီးလီ ရဲ့နေရာမှာ အသစ်ခန့်အပ်ခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews က သူ့ရဲ့ ပထမဆုံးအကြိမ် လူ့အခွင့်အရေးကောင်စီ ကို အင်တာနက်ဗွီဒီယိုကတဆင့် အစီရင်ခံပြောကြားရာမှာ နိုင်ငံတကာအနေနဲ့ မြန်မာအစိုးရ ရပ်တည်နေရတဲ့ အနေအထားကို နားလည်ဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းကတော့ တံခါးတွေဖွင့်ထားဖို့ပဲ ဖြစ်တယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။

"မြန်မာအစိုးရအနေနဲ့ ကမ္ဘာက သူ့ရဲ့ရပ်တည်နေရတဲ့ အနေအထား၊ သူ့ရဲ့ အမြင်ရှုထောင့်တို့ကို နားလည်စေချင်တယ်ဆိုရင် အကောင်းဆုံးကတော့ ကိုယ့်ရဲ့တံခါးတွေကို ဖွင့်ထားဖို့ဖြစ်ပါတယ်။ ကိုယ့်ကို ဝေဖန် စိန်ခေါ်နေသူတွေကိုတောင် တံခါးဖွင့်ထားပေးပါ။"

ဒါအပြင် လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တာဝန်ပေးအပ်ခြင်းမခံရခင် လအတန်ကြာ ကာလက မြန်မာနိုင်ငံကို သွားခဲ့တဲ့ခရီးစဉ်မှာ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကိုလည်း Mr. Andrews က ပြောပြခဲ့ပါတယ်။ အဲဒီမှာ မြန်မာကို နိုင်ငံတကာကနားလည်ဖို့ဆိုရင် စကားလုံးတွေထက် လက်တွေ့ အလုပ်နဲ့ သက်သေပြတာက ပိုပြီး ထိရောက်မှုရှိကြောင်း အကြံပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာ့အရေးမှာ သူအဓိက ချဉ်းကပ်မယ့်နည်းလမ်းနှစ်ခုနဲ့ ပတ်သက်လို့လည်း Thomas Andrews က အခုလို ပြောသွားပါတယ်။

" ပထမဦးဆုံး ကိုယ့်ကိုကိုယ် နှိမ့်ချထားမှုနဲ့အတူ ကျနော့် ယုံကြည့်မှုအပေါ် ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ ဒီတာဝန်ကို ထမ်းဆောင်ရာမှာ ဆက်ဆံရေးအတွက် အဓိကအရေးကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ နားထောင်ဖို့ ဆိုတဲ့အချက်နဲ့ ဆောင်ရွက်သွားမှာပါ။"

ဒုတိယအနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်ဖို့အတွက် အပြည့်အဝလုပ်ဆောင်မယ်ဆိုတဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ ဒီတာဝန်ကို ထမ်းဆောင်ရတာဖြစ်တယ်လို့ Thomas Andrews က ဆိုပါတယ်။ ဒီအတွက် တာဝန်ယူမှုနဲ့အတူ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ၊ ခြိမ်းခြောက်ခံရသူတွေကို အကာအကွယ်ပေးရေး အမှန်တရားကို ထုတ်ဖေါ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အသစ်အဖြစ် ခန့်အပ်ခံရတဲ့ ပထမဆုံးနေ့မှာပဲ မြန်မာနိုင်ငံကို သွားရောက်ခွင့်ရဖို့နဲ့ စေ့စပ်ဆွေးနွေး နားထောင်မယ့် အခွင့်အလမ်းရရှိရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို စာရေးသားပေးပို့ခဲ့တယ်လို့ Thomas Andrews ကပြောသွားပါတယ်။ ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့လည်း တွေ့ဆုံခဲ့ပြီးပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ သူအဓိကထား ဆောင်ရွက်မယ့်အချက်တွေနဲ့ ပတ်သက်လို့လည်း Thomas Andrews ကပြောကြားရာမှာ ကမ္ဘာ့ဒုက္ခသည်အကျပ်အတည်း အကြီးဆုံးဖြစ်နေတဲ့ ရိုဟင်ဂျာ ပြဿနာ အပါအဝင် ရခိုင်၊ ချင်း၊ ကရင် ပြည်နယ်တွေမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကျပ်အတည်း ကြီးမားနေတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ စုံစမ်းအစီရင်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် သူအဓိက ထားဆောင်ရွက်မယ့် အချက်တွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဆက်ပြီး ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာနေတဲ့အတွက် ဒီအပေါ်မှာ သူ့အနေနဲ့ စောင့်ကြည့်လေ့လာ အစီရင်ခံ တင်ပြမှာဖြစ်သလို၊ နိုင်ငံအပေါ်သစ္စာစောင့်သိ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာစစ်တပ်အနေနဲ့ ရွေးကောက်ခံ အရပ်သားအစိုးရအုပ်ချုပ်အောက်မှာ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိမရှိဆိုတာတွေကို သူ့အနေနဲ့ လေ့လာစောင့်ကြည့်သွားမှာဖြစ်ပြီး၊ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေ အပါအဝင် မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရမရ ဆိုတဲ့အချက် စတဲ့ ကိစ္စရပ်တွေကိုလည်း စောင့်ကြည့်သွားဖို့ရှိကြောင်းလည်း Thomas Andrews ကပြောပါတယ်။

Thomas Andrews ရဲ့ အစီရင်ခံ ပြောကြားချက်အပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး ဦကျော်မိုးထွန်းက ပြန်ပြီး တုံ့ပြန်ပြောကြားရာမှာ ၂၀၂၀ ပြည့်ရွေးကောက်ပွဲကို လွတ်လပ်၊ တရားမျှတပြီး အများယုံကြည်လက်ခံတဲ့ ပွင့်လင်းမြင်သာမှုရှိရေး မြန်မာအစိုးရက ဆောင်ရွက်နေကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

" အထွေထွေရွေး ကောက်ပွဲကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပဖို့ ရှိပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာက ရွေးကောက်ပွဲဆိုင်ရာ လေ့လာသူတွေ ပါဝင်လေ့လာနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ရွေးကောက်ပွဲ ကျင်းပရေးအတွက် လွတ်လပ်ရေး၊ တရားမျှတရေး၊ အများယုံကြည်လက်ခံနိုင်ရေး၊ ပွင့်လင်းမြင်သာမှု ရှိစေရေး၊ မဲဆန္ဒရှင် ပြည်သူတွေရဲ့ ဆန္ဒနဲ့ မဲရလဒ် တစ်ထပ်တည်း ဖြစ်စေရေး စတဲ့ အခြေခံမူဝါဒ (၅) ချက် ချမှတ်ထားသလို၊ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ အတွက် ကျင့်ဝတ်ကိုလည်း နိုင်ငံရေးပါတီတွေက လက်မှတ်ရေးထိုး ထားပြီပါပြီ။ လူမှုကွန်ယက်မှာလည်း အမုန်းစကား ပြန့်ပွားတာတွေကို ကိုင်တွယ်ဖြေရှင်းရေးဆောင်ရွက်နေပါတယ်။"

ဒါအပြင် မြန်မာအစိုးရဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးအပါအဝင် ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးနဲ့ အခြားဖွံဖြိုးရေး ကိစ္စရပ်တွေကိုလည်း သံအမတ်ကြီးက လူ့အခွင့်အရေး ကောင်စီညီလာခံမှာ တင်ပြသွားပါတယ်။

ဥရောပသမဂ္ဂဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်သစ် Thomas Andrews ကို ကြိုဆိုကြောင်းနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုဖို့ နဲ့ နိုင်ငံတွင်း သွားရောက်ခွင့်ပြုရေး မြန်မာအစိုးရ ကို ဖိအားပေးပြောကြားခဲ့ပါတယ်။

အလားတူ OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စားပြောကြားတဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်ကလည်းရိုဟင်ဂျာတွေအပေါ်ဖိနှိပ်ခွဲခြားမှုတွေဟာ ပြောင်းလဲမှုမရှိသေးတဲ့အပြင် ရခိုင်ပြည်နယ်မှာ အင်တာနက်တွေကို အစိုးရက ဆက်ပြီးပိတ်ထားဆဲရှိနေတာကြောင့် COVID-19 ကပ်ဘေးရောဂါနဲ့ ပတ်သက်တွေ သတင်းအချက်အလက်တွေကို မသိရတဲ့ အခြေအနေဟာ အတော်လေးဆိုးရွားကြောင်း မြန်မာအစိုးရကို ဝေဖန်ပြောဆိုသွားပါတယ်။

ဇူလိုင် ၁၃ နဲ့ ၁၄ ရက် နှစ်ရက်ကြာပြုလုပ်တဲ့ မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲမှာ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံပေါင်း ၄၀ နီးပါးက ကိုယ်စားလှယ်တွေနဲ့ NGO အစိုးရမဟုတ်တဲ့ အဖွဲ့တွေကိုယ်စား AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကြီးက တုံ့ပြန်ဆွေးနွေးခဲ့ကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG