သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယန်ဟီးလီ ထိုင်းနဲ့ဘင်္ဂလားဒေရှ့်သွားမည်


မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ယန်ဟီးလီဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ သွားရောက်မှာ ဖြစ်ပါတယ်။

ယန်ဟီးလီနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်တော့သလို ယန်ဟီးလီ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားချက်ကို မြန်မာအစိုးရအနေနဲ့ ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။ ယန်ဟီးလီကတော့ မြန်မာအစိုးရနဲ့ ဆက်စပ်လုပ်ကိုင်လိုကြောင်းနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်ရမယ့် တာဝန်ကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံကသူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေအကြောင်း ဆက်လက်ပြောဆိုသွားမှာ ဖြစ်တဲ့အကြောင်း သူက ထပ်လောင်းပြောဆိုသွားပါတယ်။

ယန်ဟီးလီဟာ ထိုင်းနိုင်ငံကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရောက်ရှိမှာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတော့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ သွားရောက်မှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာ အပြင် Cox’s Bazar က ဒုက္ခသည်စခန်းတွေဆီကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ Bhashan Char ကျွန်းကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ဇန်နဝါရီလ ၂၄ ရက် ညနေ ၅ နာရီမှာတော့ ဒါကာမြို့တော် Ascott Residence Hotel မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။ သတင်းစာရှင်းလင်းပွဲကို သတင်းထောက်တွေကလွဲပြီး တခြားသူတွေ တက်ရောက်ခွင့်ရှိမှာ မဟုတ်ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG