သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္နဲ႔အတူ ရာသီတုပ္ေကြးပါ သတိထားဖို႔လို


ရန္ကုန္ၿမိဳ႕တြင္း ႏွာေခါင္းစည္းတပ္ သြားလာေနသူအခ်ဳိ႕။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ တုိးေနခ်ိန္မွာပဲ ပုံမွန္ျဖစ္ေနက် ရာသီတုပ္ေကြး အႏၱရာယ္ကုိလည္း သတိထားၾကဖုိ႔ က်န္းမာေရးပညာရွင္ေတြက တိုက္တြန္းေနၾကပါတယ္။ အျပည့္အစုံကို အိမ့္သႏၲာထြန္းက စုစည္းတင္ျပထားပါတယ္။

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈအႏၱရာယ္ကုိ အမ်ားက အာ႐ုံစုိက္ေနခ်ိန္မွာပဲ ေရာဂါလကၡဏာ ဆင္တူတဲ့ ရာသီတုပ္ေကြးေရာဂါကုိ သတိထားဖုိ႔ က်န္းမာေရး ပညာရွင္ေတြ သတိေပးေနၾကတာပါ။ ဒါေၾကာင့္လည္း သာမန္ဖ်ားနာတာ၊ ႏွာေခ်ေခ်ာင္းဆိုးတာဆိုၿပီး ေပါ့ေပါ့ဆဆ မေနၾကဖုိ႔နဲ႔ က်န္းမာေရးဌာန ေဆး႐ုံေဆးခန္းေတြကို သြားေရာက္ျပသၿပီး စစ္ေဆးမႈခံယူၾကဖို႔ အေထြေထြေရာဂါ အထူးကုဆရာဝန္ ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္က အႀကံျပဳပါတယ္။

“ခုအခ်ိန္မွာ ဒီ ရာသီတုပ္ေကြးနဲ႔ ကိုဗစ္ရဲ႕ လကၡဏာေတြ အကုန္လုံး ဆင္တူတဲ့အတြက္ေၾကာင့္ အခုအခ်ိန္မွာျဖစ္ေသာ ဖ်ားနာျခင္း၊ ေခါင္းကိုက္ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အဲ့ကိစၥေတြအားလုံးကို ကိုဗစ္လို႔ သံသယထားၿပီးေတာ့ စစ္ေဆးၿပီးေတာ့ ပိုးမေတြ႔ဘူး၊ Negative ျဖစ္တယ္ဆိုမွ ဒါသည္ ရာသီတုပ္ေကြးေၾကာင့္ ျဖစ္ဖို႔မ်ားတယ္လို႔ ေျပာလို႔ရတာေပါ့ေနာ္။ ဆိုတဲ့ခါက်ေတာ့ ဒီအခ်ိန္မွာ နံပါတ္ ၁ ကေတာ့ COVID-19 ရဲ႕ ကာကြယ္ေရးနည္းလမ္းေတြကို ေဆာင္ရြက္ျခင္းအားျဖင့္ ရာသီတုပ္ေကြး ျဖစ္ပြားမႈကိုလည္း ေလ်ာ့က်ေစတာ ေတြ႔ရတယ္။

“ခုခ်ိန္မွာ ကိုယ္ ဖ်ားနာေခ်ာင္းဆိုးျခင္း ျဖစ္တဲ့ဟာကို ရာသီတုပ္ေကြးေၾကာင့္ျဖစ္မယ္ ဆုိၿပီးေတာ့ ကိုဗစ္ေၾကာင့္ မဟုတ္ႏိုင္ဘူးလို႔ ယူဆၿပီးေတာ့ ေနထိုင္ျခင္းမ်ိဳး မလုပ္သင့္ဘူးေပါ့ေနာ္။ ဘာပဲျဖစ္ျဖစ္ ဒီအခ်ိန္မွာ ကိုဗစ္ဟုတ္မဟုတ္ စစ္ေဆးမႈ အရင္ယူရမယ္။ ၿပီးေတာ့မွ ကိုယ့္ဆီက သူမ်ားဆီကို မကူးစက္ေအာင္ စနစ္တက် ေနထိုင္ၿပီးေတာ့ ကိုယ္ခံအားေကာင္းေအာင္ လုပ္ရမယ္ေပါ့ေနာ္။ အဲ့ေတာ့ ဒီအခ်ိန္မွာ ဒါကို ခြဲျခားဖို႔ခက္ေနတယ္။ ဒါေၾကာင့္မို႔လို႔ ဒီအခ်ိန္မွာျဖစ္ေသာ ဖ်ားနာ ႏွာေစးေခ်ာင္းဆိုးျခင္းကို COVID-19 ကဲ့သို႔ပဲ သေဘာထားၿပီးေတာ့ ေဆာင္ရြက္ၾကဖို႔ပဲ ဆရာက ေျပာခ်င္ပါတယ္။”

ႏွစ္စဥ္ႀကံဳရေလ့ရွိတဲ့ ရာသီတုပ္ေကြးအတြက္ ကာကြယ္ေဆးထိုးႏွံတာ၊ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ဖို႔ ႏွာေခါင္းစည္းတပ္တာ မၾကာခဏ လက္ေဆးတာမ်ိဳးေတြေၾကာင့္ အရင္ႏွစ္ေတြထက္ ရာသီတုပ္ေကြးျဖစ္ပြားမႈ နည္းပါးတာ ေတြ႔ရတယ္လုိ႔လည္း က်န္းမာေရးပညာရွင္ေတြက ေျပာပါတယ္။ ဒါေပမယ့္လည္း ရာသီတုပ္ေကြးနဲ႔ ကေလးေတြမွာ အျဖစ္မ်ားတဲ့ ေသြးလြန္တုပ္ေကြး အႏၱရာယ္ေတြဟာ သတိထားေစာင့္ၾကည့္ဖုိ႔ လုိတယ္လုိ႔လည္း ရန္ကုန္ၿမိဳ႕က အေထြေထြေရာဂါကု ဆရာဝန္ ေဒါက္တာျမင့္ဦးက ေျပာပါတယ္။

“ကေလးသူငယ္ေတြ အမ်ားဆုံး ကူးခံရတာေပါ့ေနာ္။ လူႀကီးေတြလည္း အသက္ ၅၀၊ ၆၀ အထက္ေတြ ကူးခံရတာ၊ ကို႐ိုနာလည္း ဒီအတိုင္းပါပဲ။ အဲ့ေတာ့ ကူးစက္မႈေတြကို ဂ႐ုစိုက္မယ္ဆိုရင္ေတာ့ ကူးစက္မႈေတြ ေလ်ာ့သြားႏိုင္တယ္။ တခုထူးျခားတာက ကေလးတြမွာ ရာသီတုပ္ေကြးလို႔ မွန္းရင္းနဲ႔ ေသြးလြန္တုပ္ေကြး ျဖစ္ေနတတ္တယ္။ ေသြးလြန္တုပ္ေကြးက်ေေတာ့ အသက္႐ွဴလမ္းေၾကာင္းကေန ကူးတာမဟုတ္ဘဲနဲ႔ ျခင္ကိုက္လို႔ ကူးၾကတာေလ။ ကေလးေတြမွာ ျခင္ကိုက္လို႔ ဖ်ားလာတဲ့ အဖ်ားက သာမန္တုပ္ေကြး၊ ရာသီတုပ္ေကြးတို႔လို ထင္ေနႏိုင္တယ္ေပါ့။ ကိုက္ခဲနာက်င္ဖ်ားၿပီး အဲ့လိုျဖစ္ေနတဲ့ အခါက်ေတာ့ ဒီ သုံးေလးရက္အတြင္းမွာ ကေလးက ေသြးလန္႔ၿပီးေတာ့ ေရွာ့ျဖစ္ၿပီး ေသသြားႏိုင္တယ္။ ေသြးလြန္တုပ္ေကြးရဲ႕ လကၡဏာေတြမွာလည္း တုပ္ေကြးလကၡဏာေလးေတြေရာ ဒီလုိမ်ဳိး ကေလးေတြဖ်ားရင္ေတာ့ ရာသီတုပ္ေကြးကာလမွာ ေသြးလြန္တုပ္ေကြးမ်ား ျဖစ္ေနမလားလို႔လည္း စဥ္းစားထားဖို႔လိုပါတယ္။ ေျခဖ်ားလက္ဖ်ားေတြ ေအးသလား၊ မွိန္းေနသလား၊ ဂနာမၿငိမ္ျဖစ္ေနသလား၊ ကေလးက ေရသိပ္မေသာက္ေတာ့ဘူးလား၊ အန္သလား၊ အဲ့လိုမ်ိဳး လကၡဏာေတြနဲ႔ ခြဲျခားေလ့ရွိပါတယ္။”

ဒီကာလမွာ တုပ္ေကြးလကၡဏာရွိရင္ အိမ္မွာေနစဥ္မွာလည္း ႏွာေခါင္းစည္းတပ္ဖို႔၊ လက္မၾကာခဏေဆးဖို႔၊ မိသားစုဝင္ေတြနဲ႔ နီးနီးကပ္ကပ္မေနဖို႔ စတဲ့ ကိုဗစ္စည္းကမ္းေတြကို လိုက္နာဖို႔အျပင္ ကိုဗစ္ေရာဂါ ကူးစက္ခံရတာမ်ိဳး ျဖစ္ေနရင္ လိုအပ္တဲ့ ေဆးဝါးကုသမႈေတြ လုပ္ႏိုင္ဖို႔နဲ႔ တျခားသူေတြကို ထပ္ၿပီး ကူးစက္တာမ်ိဳး မျဖစ္ဖို႔အတြက္ တုပ္ေကြးလကၡဏာေပၚလာရင္ ေဆး႐ုံေဆးခန္းေတြမွာ က်န္းမာေရးစစ္ေဆးမႈ ခံယူၾကဖို႔ က်န္းမာေရးပညာရွင္ေတြက တိုက္တြန္းထားၾကပါတယ္။

ကိုဗစ္နဲ႔အတူ ရာသီတုပ္ေကြးပါ သတိထားဖို႔လို
please wait

No media source currently available

0:00 0:03:50 0:00
တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကိုဗစ်နဲ့အတူ ရာသီတုပ်ကွေးပါ သတိထားဖို့လို

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးနေချိန်မှာပဲ ပုံမှန်ဖြစ်နေကျ ရာသီတုပ်ကွေး အန္တရာယ်ကိုလည်း သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။ အပြည့်အစုံကို အိမ့်သန္တာထွန်းက စုစည်းတင်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုအန္တရာယ်ကို အများက အာရုံစိုက်နေချိန်မှာပဲ ရောဂါလက္ခဏာ ဆင်တူတဲ့ ရာသီတုပ်ကွေးရောဂါကို သတိထားဖို့ ကျန်းမာရေး ပညာရှင်တွေ သတိပေးနေကြတာပါ။ ဒါကြောင့်လည်း သာမန်ဖျားနာတာ၊ နှာချေချောင်းဆိုးတာဆိုပြီး ပေါ့ပေါ့ဆဆ မနေကြဖို့နဲ့ ကျန်းမာရေးဌာန ဆေးရုံဆေးခန်းတွေကို သွားရောက်ပြသပြီး စစ်ဆေးမှုခံယူကြဖို့ အထွေထွေရောဂါ အထူးကုဆရာဝန် ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုပါတယ်။

“ခုအချိန်မှာ ဒီ ရာသီတုပ်ကွေးနဲ့ ကိုဗစ်ရဲ့ လက္ခဏာတွေ အကုန်လုံး ဆင်တူတဲ့အတွက်ကြောင့် အခုအချိန်မှာဖြစ်သော ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အဲ့ကိစ္စတွေအားလုံးကို ကိုဗစ်လို့ သံသယထားပြီးတော့ စစ်ဆေးပြီးတော့ ပိုးမတွေ့ဘူး၊ Negative ဖြစ်တယ်ဆိုမှ ဒါသည် ရာသီတုပ်ကွေးကြောင့် ဖြစ်ဖို့များတယ်လို့ ပြောလို့ရတာပေါ့နော်။ ဆိုတဲ့ခါကျတော့ ဒီအချိန်မှာ နံပါတ် ၁ ကတော့ COVID-19 ရဲ့ ကာကွယ်ရေးနည်းလမ်းတွေကို ဆောင်ရွက်ခြင်းအားဖြင့် ရာသီတုပ်ကွေး ဖြစ်ပွားမှုကိုလည်း လျော့ကျစေတာ တွေ့ရတယ်။

“ခုချိန်မှာ ကိုယ် ဖျားနာချောင်းဆိုးခြင်း ဖြစ်တဲ့ဟာကို ရာသီတုပ်ကွေးကြောင့်ဖြစ်မယ် ဆိုပြီးတော့ ကိုဗစ်ကြောင့် မဟုတ်နိုင်ဘူးလို့ ယူဆပြီးတော့ နေထိုင်ခြင်းမျိုး မလုပ်သင့်ဘူးပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ကိုဗစ်ဟုတ်မဟုတ် စစ်ဆေးမှု အရင်ယူရမယ်။ ပြီးတော့မှ ကိုယ့်ဆီက သူများဆီကို မကူးစက်အောင် စနစ်တကျ နေထိုင်ပြီးတော့ ကိုယ်ခံအားကောင်းအောင် လုပ်ရမယ်ပေါ့နော်။ အဲ့တော့ ဒီအချိန်မှာ ဒါကို ခွဲခြားဖို့ခက်နေတယ်။ ဒါကြောင့်မို့လို့ ဒီအချိန်မှာဖြစ်သော ဖျားနာ နှာစေးချောင်းဆိုးခြင်းကို COVID-19 ကဲ့သို့ပဲ သဘောထားပြီးတော့ ဆောင်ရွက်ကြဖို့ပဲ ဆရာက ပြောချင်ပါတယ်။”

နှစ်စဉ်ကြုံရလေ့ရှိတဲ့ ရာသီတုပ်ကွေးအတွက် ကာကွယ်ဆေးထိုးနှံတာ၊ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဖို့ နှာခေါင်းစည်းတပ်တာ မကြာခဏ လက်ဆေးတာမျိုးတွေကြောင့် အရင်နှစ်တွေထက် ရာသီတုပ်ကွေးဖြစ်ပွားမှု နည်းပါးတာ တွေ့ရတယ်လို့လည်း ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ ဒါပေမယ့်လည်း ရာသီတုပ်ကွေးနဲ့ ကလေးတွေမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေး အန္တရာယ်တွေဟာ သတိထားစောင့်ကြည့်ဖို့ လိုတယ်လို့လည်း ရန်ကုန်မြို့က အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမြင့်ဦးက ပြောပါတယ်။

“ကလေးသူငယ်တွေ အများဆုံး ကူးခံရတာပေါ့နော်။ လူကြီးတွေလည်း အသက် ၅၀၊ ၆၀ အထက်တွေ ကူးခံရတာ၊ ကိုရိုနာလည်း ဒီအတိုင်းပါပဲ။ အဲ့တော့ ကူးစက်မှုတွေကို ဂရုစိုက်မယ်ဆိုရင်တော့ ကူးစက်မှုတွေ လျော့သွားနိုင်တယ်။ တခုထူးခြားတာက ကလေးတွမှာ ရာသီတုပ်ကွေးလို့ မှန်းရင်းနဲ့ သွေးလွန်တုပ်ကွေး ဖြစ်နေတတ်တယ်။ သွေးလွန်တုပ်ကွေးကျေတော့ အသက်ရှူလမ်းကြောင်းကနေ ကူးတာမဟုတ်ဘဲနဲ့ ခြင်ကိုက်လို့ ကူးကြတာလေ။ ကလေးတွေမှာ ခြင်ကိုက်လို့ ဖျားလာတဲ့ အဖျားက သာမန်တုပ်ကွေး၊ ရာသီတုပ်ကွေးတို့လို ထင်နေနိုင်တယ်ပေါ့။ ကိုက်ခဲနာကျင်ဖျားပြီး အဲ့လိုဖြစ်နေတဲ့ အခါကျတော့ ဒီ သုံးလေးရက်အတွင်းမှာ ကလေးက သွေးလန့်ပြီးတော့ ရှော့ဖြစ်ပြီး သေသွားနိုင်တယ်။ သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာတွေမှာလည်း တုပ်ကွေးလက္ခဏာလေးတွေရော ဒီလိုမျိုး ကလေးတွေဖျားရင်တော့ ရာသီတုပ်ကွေးကာလမှာ သွေးလွန်တုပ်ကွေးများ ဖြစ်နေမလားလို့လည်း စဉ်းစားထားဖို့လိုပါတယ်။ ခြေဖျားလက်ဖျားတွေ အေးသလား၊ မှိန်းနေသလား၊ ဂနာမငြိမ်ဖြစ်နေသလား၊ ကလေးက ရေသိပ်မသောက်တော့ဘူးလား၊ အန်သလား၊ အဲ့လိုမျိုး လက္ခဏာတွေနဲ့ ခွဲခြားလေ့ရှိပါတယ်။”

ဒီကာလမှာ တုပ်ကွေးလက္ခဏာရှိရင် အိမ်မှာနေစဉ်မှာလည်း နှာခေါင်းစည်းတပ်ဖို့၊ လက်မကြာခဏဆေးဖို့၊ မိသားစုဝင်တွေနဲ့ နီးနီးကပ်ကပ်မနေဖို့ စတဲ့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့အပြင် ကိုဗစ်ရောဂါ ကူးစက်ခံရတာမျိုး ဖြစ်နေရင် လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်နိုင်ဖို့နဲ့ တခြားသူတွေကို ထပ်ပြီး ကူးစက်တာမျိုး မဖြစ်ဖို့အတွက် တုပ်ကွေးလက္ခဏာပေါ်လာရင် ဆေးရုံဆေးခန်းတွေမှာ ကျန်းမာရေးစစ်ဆေးမှု ခံယူကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားကြပါတယ်။

XS
SM
MD
LG