သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မွတ္ပံုတင္မရွိသူေတြ မဲေပးခြင့္ရေရး ကိုဗစ္ေၾကာင့္ အခက္ႀကံဳေန


ျမန္မာႏုိင္ငံမွာ က်င္းပခဲ့တဲ့ ၂၀၁၈ ၾကားျဖတ္ေရြးေကာက္ပြဲမွာ မဲေပးေနသူတဦး။ (ႏုိဝင္ဘာ ၃၊ ၂၀၁၈)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ လာမယ့္ ႏုိဝင္ဘာလထဲ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ မဲေပးခြင့္ရေအာင္ အေထာက္အထားေတြ ထုတ္ေပးႏုိင္ဖုိ႔ တာဝန္ရွိသူေတြ စီစဥ္ေနေပမယ့္ ကပ္ေရာဂါကူးစက္မႈေတြေၾကာင့္ အခက္ႀကံဳေနရပါတယ္။ အျပည့္အစုံကို အဂၢႏြန္က စုစည္းတင္ျပေးထားပါတယ္။

ႏုိင္ငံသားမွတ္ပံုတင္ မရွိေပမယ့္ ေရြးေကာက္ပဲြမွာ မဲဆႏၵရွင္ေတြ မဲေပးခြင့္ရေအာင္ ေထာက္ခံစာထုတ္ေပးဖုိ႔ ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္က ေျပာဆုိထားတဲ့အတြက္ အေထာက္အထားရဖုိ႔ ႀကိဳးစားသူေတြ ရွိေနပါတယ္။ ဒါေပမယ့္လည္း ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ႐ုတ္တရက္ ျပန္တုိးလာၿပီး သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္လုိက္တာေၾကာင့္ သက္ဆုိင္ရာ အာဏာပုိင္ေတြဆီက ေထာက္ခံခ်က္ယူဖုိ႔ အခက္အခဲေတြနဲ႔ ႀကံဳေနၾကရတာပါ။ ေရာဂါကူးစက္မႈေတြ အမ်ားဆုံးႀကံဳေနရတဲ့ ရန္ကုန္တုိင္းအတြင္းမွာ ဆုိရင္လည္း အိမ္ျပင္မထြက္ဖုိ႔အထိ အမိန္႔ထုတ္ထားတာေၾကာင့္ ေထာက္ခံခ်က္ယူဖုိ႔ မလြယ္ဘူးလုိ႔ လိႈင္ၿမိဳ႕နယ္က ဦးေစာေမာင္က ေျပာပါတယ္။

“အခု က်ေနာ္တို႔ ဒီ႐ုံးေတြဘာေတြ ရပ္ကြက္႐ုံးေတြဆိုရင္လည္း သူတို႔ ဒီ COVID-19 အတြက္လည္း တအားခဲယဥ္းတယ္။ ႐ုံးမွာ စာရြက္စာတမ္းကအစ လံုးဝအဆင္မေျပႏိုင္ဘူး။ ဒီအခ်ိန္မွာ က်ေနာ္တို႔ ဒါေတြသြားၿပီး သူတို႔ဆီက သြားေတာင္းမယ္ဆိုရင္ အဆင္ေတာ့ မေျပႏိုင္ဘူးခင္ဗ်။ လမ္းေတြကလည္း ဒီရပ္ကြက္မွာ ဒီလိုပံုစံျဖစ္ေနတယ္၊ ဟိုဘက္ရပ္ကြက္က ပံုစံတမ်ဳိး ျဖစ္သြားတယ္။ လမ္းထဲမဝင္ရတာေတြေရာ ဟိုဟာေတြေရာ အျပင္လူမဝင္ရတာေရာ အဲ့လိုမ်ဳိးေပ့ါေနာ္၊ ဘယ္လိုေခၚမလဲ သြားတာက လံုးဝအဆင္မေျပဘူးဗ်၊ အလုပ္လုပ္လို႔လည္း အဆင္မေျပဘူး။”

ႏုိဝင္ဘာလမွာ က်င္းပမယ့္ ေရြးေကာက္ပဲြမွာေတာ့ မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ရွိေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္က သတင္းထုတ္ျပန္ထားပါတယ္။ အစုိးရ ထိပ္တန္းေခါင္းေဆာင္ေတြျဖစ္တဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္တုိ႔ကေတာ့ ေရြးေကာက္ပဲြမွာ မဲေပးခြင့္ရွိသူေတြ အခြင့္အေရး မဆုံး႐ႈံးေအာင္ စီစဥ္ဖုိ႔ တာဝန္ရွိသူေတြကုိ ညႊန္ၾကားထားတာပါ။ ဒါေပမယ့္လည္း ရန္ကုန္တုိင္း ေျမာက္ဥကၠလာၿမိဳ႕နယ္က မခ်စ္ႏွင္းဥတုိ႔လုိ ႏုိင္ငံသားမွတ္ပုံတင္ မရွိသူေတြအတြက္ေတာ့ မဲေပးခြင့္ရေရး စိန္ေခၚမႈေတြ ရွိေနပါတယ္။

“အဆင္မေျပတာက ဘာလို႔လဲဆိုေတာ့ ညီမ မွတ္ပံုတင္မရွိတာ အဓိကေပါ့ေနာ္။ တကယ္လို႔ သူမ်ားေတြက အဲ့လိုမ်ဳိး မဲထည့္တယ္ဆိုလို႔ရွိရင္လည္း မဲထည့္ဖို႔ အဲ့လိုမ်ဳိး ေရြးေကာက္ပြဲ လုပ္ျဖစ္မယ္ဆိုလို႔ရွိရင္လည္း ထည့္ခ်င္တာေပါ့ေနာ္၊ အမွန္အတုိင္း ေျပာရရင္ေတာ့။ ဒါေပမယ့္ ညီမတို႔က မွတ္ပံုတင္မရွိဘူးေလ။ ဒီလိုအခ်ိန္မွာဆိုေတာ့ အခက္အခဲေလး ျဖစ္ေနတာေပါ့။ သြားဖို႔ လာဖို႔ကအစ ေရာဂါလည္း ျဖစ္ေနတယ္ဆိုေတာ့ ပိုဆိုးတယ္ေပါ့ေနာ္။ အဲ့ဒါေၾကာင့္မို႔လို႔ အခက္အခဲေလး ျဖစ္ေနတာေပါ့။”

ရွမ္းျပည္နယ္ လာ႐ႈိးၿမိဳ႕က စိုင္းေက်ာ္ဇင္ဦးကလည္း ႏုိင္ငံသားမွတ္ပုံတင္ မရွိတဲ့အတြက္ ေရြးေကာက္ပဲြမွာ မဲေပးဖုိ႔အတြက္သာမက ကပ္ေရာဂါကာလမွာလည္း အခက္အခဲ ႀကံဳေနရတယ္လုိ႔ ေျပာပါတယ္။

“ဒီလိုမ်ဳိး အေျပာင္းအလဲကာလေတြမွာ နည္းနည္းပိုၿပီး အခက္အခဲေတြ႔တယ္။ ဥပမာ သြားစရာလာစရာ ႀကံဳလာတယ္၊ ပံုမွန္ထက္ကို အခ်က္အလက္ေတြ ပိုၿပီးေတာင္းေတာ့ ဥပမာ ၿမိဳ႕အဝင္အထြက္ေတာ့ နည္းနည္းကန္႔သတ္တယ္၊ ၿမိဳ႕တြင္းေတာ့ ပံုမွန္ပဲသြားလာလို႔ရတယ္။ ၿမိဳ႕တြင္းလူ မဟုတ္ရင္ေတာ့ ၿမိဳ႕ထဲဝင္ဖို႔ဆိုရင္ ဥပမာ ေထာက္ခံစာပါလာရမွာေပါ့၊ အဲ့လိုမ်ဳိးေတြ။”

ေရြးေကာက္ပဲြေကာ္မရွင္က ထုတ္ျပန္ထားတဲ့ မဲစာရင္းမွာ ပါသူေတြအေနနဲ႔ ႏုိင္ငံသားမွတ္ပုံတင္ မရွိေပမယ့္ ယာဥ္ေမာင္းလိုင္စင္ကတ္၊ ဝန္ထမ္းကတ္ စတဲ့ အေထာက္အထားေတြ ျပသႏုိင္ရင္ မဲေပးခြင့္ေပးမွာ ျဖစ္ေၾကာင္းလည္း ေရြးေကာက္ပဲြ တာဝန္ရွိသူေတြက ေျပာပါတယ္။

မဲစာရင္းမွာ ပါဝင္ေပမယ့္ မွတ္ပုံတင္မရွိတဲ့သူ ခန္႔မွန္းေျခ ၄ သိန္းေလာက္ ရွိေနတဲ့ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာေတာ့ မဲေပးခြင့္ မဆုံး႐ႈံးေအာင္ စီစဥ္ေနတယ္လုိ႔ ေရြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမွဴး ဦးႏွစ္ဆန္းဦးက ေျပာပါတယ္။

“က်ေနာ္တို႔ မဲေပးဖို႔အတြက္ ေဆာင္ရြက္ထားဖို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ကလည္း က်ေနာ္တို႔ကို မဲဆႏၵရွင္ သက္ေသခံလက္မွတ္ေတြ အဲ့လိုေလးေတြ ထုတ္ေပးဖို႔ အစီအစဥ္ရွိပါတယ္၊ လ်ာထားပါတယ္။ က်ေနာ္တို႔ ရည္မွန္းတာေတာ့ က်ေနာ္တုိ႔ ဒီ မဲဆႏၵရွင္ သက္ေသခံကတ္မွာ သက္ဆိုင္ရာရပ္ကြက္၊ ေက်းရြာအုပ္စု ေကာ္မရွင္အဖြဲ႔ခြဲ စည္းတံဆိပ္တုံး ပါပါတယ္ခင္ဗ်၊ ေနာက္ မဲစာရင္း၊ မဲဆႏၵရွင္ရဲ႕အမည္နဲ႔ မဲစာရင္းအမွတ္စဥ္ ပါပါမယ္၊ ၿပီးရင္ သက္ဆိုင္ရာ ရပ္ေက်းေကာ္ခြဲ အတြင္းေရးမွဴးတေယာက္ျဖစ္ျဖစ္ ေကာ္မရွင္အဖြဲ႔ဝင္ တေယာက္ျဖစ္ျဖစ္ လက္မွတ္ထိုးၿပီးေတာ့ ထုတ္ေပးမယ့္ စနစ္မ်ဳိးေတာ့ လ်ာထားတယ္၊ ဒါေပမယ့္ အေပၚက က်ေနာ္တို႔ ညႊန္ၾကားမွ ေဆာင္ရြက္မယ့္ အစီအစဥ္ပါ။”

ဒါေပမယ့္လည္း ကပ္ေရာဂါေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားၿပီး ဝန္ထမ္းအေရအတြက္ကုိလည္း အလွည့္က်စနစ္နဲ႔ ေျပာင္းလဲထားတာေၾကာင့္ ႐ုံးလုပ္ငန္းေတြမွာ အကန္႔အသတ္ေတြလည္း ရွိေနပါတယ္။ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ေနရာအတြက္ ရွမ္းျပည္နယ္အေရွ႕ပိုင္း လင္းေခးၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) ကေန ယွဥ္ၿပိဳင္မယ့္ ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကရက္တစ္ပါတီ (SNDP) ကုိယ္စားလွယ္ေလာင္း ဦးစိုင္းေအာင္ျမင့္ခိုင္ကေတာ့ မဲေပးခြင့္ အေထာက္အထားရဖုိ႔ စိန္ေခၚမႈေတြ ရွိေနတယ္လုိ႔ ေျပာပါတယ္။

“အကန္႔အသတ္ ရွိပါတယ္ဗ်။ ဟို စိတ္သြားတုိင္း ကိုယ္ပါ လုပ္လို႔မရဘူးေပါ့ေနာ္။ က်ေနာ္တို႔ ခုနလိုေပါ့ ေထာက္ခံခ်က္ေတြ သြားလုပ္တာေတြ ဘာေတြကအစ နည္းနည္းေတာ့ ဘယ္လိုေခၚလဲဆိုေတာ့ အခက္အခဲျဖစ္သြားတယ္။ သူတို႔လုပ္ႏုိင္တဲ့ အတိုင္းအတာရဲ႕ ရာခိုင္ႏႈန္း ေတာ္ေတာ္ေတာ့ ေလ်ာ့သြားတာေပ့ါေနာ္၊ က်ေနာ္ အဲ့ဒါကို ေျပာတာပါ။”

ေရြးေကာက္ပဲြမွာေတာ့ တသီးပုဂၢလနဲ႔ ႏုိင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္က ကိုယ္စားလွယ္ေလာင္း ၇,၀၀၀ နီးပါး ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာပါ။ ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္ကေတာ့ ကပ္ေရာဂါနဲ႔ ႀကံဳေနရေပမယ့္ ေရြးေကာက္ပဲြေတြကုိ ႏုိဝင္ဘာလ ၈ ရက္ေန႔မွာ စီစဥ္ထားတဲ့အတုိင္း က်င္းပသြားမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားၿပီး လုံၿခံဳေရးနဲ႔ ကပ္ေရာဂါ အေျခအေနအရ ဆုိင္းငံ့ရမယ့္ မဲဆႏၵနယ္ေျမေတြ ရွိမယ္ဆုိရင္ေတာ့ လာမယ့္ ေအာက္တုိဘာလမွ ေၾကညာမယ္လုိ႔လည္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မှတ်ပုံတင်မရှိသူတွေ မဲပေးခွင့်ရရေး ကိုဗစ်ကြောင့် အခက်ကြုံနေ

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရအောင် အထောက်အထားတွေ ထုတ်ပေးနိုင်ဖို့ တာဝန်ရှိသူတွေ စီစဉ်နေပေမယ့် ကပ်ရောဂါကူးစက်မှုတွေကြောင့် အခက်ကြုံနေရပါတယ်။ အပြည့်အစုံကို အဂ္ဂနွန်က စုစည်းတင်ပြေးထားပါတယ်။

နိုင်ငံသားမှတ်ပုံတင် မရှိပေမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ မဲပေးခွင့်ရအောင် ထောက်ခံစာထုတ်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားတဲ့အတွက် အထောက်အထားရဖို့ ကြိုးစားသူတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ရုတ်တရက် ပြန်တိုးလာပြီး သွားလာလှုပ်ရှားမှုတွေ ကန့်သတ်လိုက်တာကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ထောက်ခံချက်ယူဖို့ အခက်အခဲတွေနဲ့ ကြုံနေကြရတာပါ။ ရောဂါကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်းမှာ ဆိုရင်လည်း အိမ်ပြင်မထွက်ဖို့အထိ အမိန့်ထုတ်ထားတာကြောင့် ထောက်ခံချက်ယူဖို့ မလွယ်ဘူးလို့ လှိုင်မြို့နယ်က ဦးစောမောင်က ပြောပါတယ်။

“အခု ကျနော်တို့ ဒီရုံးတွေဘာတွေ ရပ်ကွက်ရုံးတွေဆိုရင်လည်း သူတို့ ဒီ COVID-19 အတွက်လည်း တအားခဲယဉ်းတယ်။ ရုံးမှာ စာရွက်စာတမ်းကအစ လုံးဝအဆင်မပြေနိုင်ဘူး။ ဒီအချိန်မှာ ကျနော်တို့ ဒါတွေသွားပြီး သူတို့ဆီက သွားတောင်းမယ်ဆိုရင် အဆင်တော့ မပြေနိုင်ဘူးခင်ဗျ။ လမ်းတွေကလည်း ဒီရပ်ကွက်မှာ ဒီလိုပုံစံဖြစ်နေတယ်၊ ဟိုဘက်ရပ်ကွက်က ပုံစံတမျိုး ဖြစ်သွားတယ်။ လမ်းထဲမဝင်ရတာတွေရော ဟိုဟာတွေရော အပြင်လူမဝင်ရတာရော အဲ့လိုမျိုးပေ့ါနော်၊ ဘယ်လိုခေါ်မလဲ သွားတာက လုံးဝအဆင်မပြေဘူးဗျ၊ အလုပ်လုပ်လို့လည်း အဆင်မပြေဘူး။”

နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။ အစိုးရ ထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ကတော့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေ အခွင့်အရေး မဆုံးရှုံးအောင် စီစဉ်ဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတာပါ။ ဒါပေမယ့်လည်း ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ်က မချစ်နှင်းဥတို့လို နိုင်ငံသားမှတ်ပုံတင် မရှိသူတွေအတွက်တော့ မဲပေးခွင့်ရရေး စိန်ခေါ်မှုတွေ ရှိနေပါတယ်။

“အဆင်မပြေတာက ဘာလို့လဲဆိုတော့ ညီမ မှတ်ပုံတင်မရှိတာ အဓိကပေါ့နော်။ တကယ်လို့ သူများတွေက အဲ့လိုမျိုး မဲထည့်တယ်ဆိုလို့ရှိရင်လည်း မဲထည့်ဖို့ အဲ့လိုမျိုး ရွေးကောက်ပွဲ လုပ်ဖြစ်မယ်ဆိုလို့ရှိရင်လည်း ထည့်ချင်တာပေါ့နော်၊ အမှန်အတိုင်း ပြောရရင်တော့။ ဒါပေမယ့် ညီမတို့က မှတ်ပုံတင်မရှိဘူးလေ။ ဒီလိုအချိန်မှာဆိုတော့ အခက်အခဲလေး ဖြစ်နေတာပေါ့။ သွားဖို့ လာဖို့ကအစ ရောဂါလည်း ဖြစ်နေတယ်ဆိုတော့ ပိုဆိုးတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ အခက်အခဲလေး ဖြစ်နေတာပေါ့။”

ရှမ်းပြည်နယ် လာရှိုးမြို့က စိုင်းကျော်ဇင်ဦးကလည်း နိုင်ငံသားမှတ်ပုံတင် မရှိတဲ့အတွက် ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက်သာမက ကပ်ရောဂါကာလမှာလည်း အခက်အခဲ ကြုံနေရတယ်လို့ ပြောပါတယ်။

“ဒီလိုမျိုး အပြောင်းအလဲကာလတွေမှာ နည်းနည်းပိုပြီး အခက်အခဲတွေ့တယ်။ ဥပမာ သွားစရာလာစရာ ကြုံလာတယ်၊ ပုံမှန်ထက်ကို အချက်အလက်တွေ ပိုပြီးတောင်းတော့ ဥပမာ မြို့အဝင်အထွက်တော့ နည်းနည်းကန့်သတ်တယ်၊ မြို့တွင်းတော့ ပုံမှန်ပဲသွားလာလို့ရတယ်။ မြို့တွင်းလူ မဟုတ်ရင်တော့ မြို့ထဲဝင်ဖို့ဆိုရင် ဥပမာ ထောက်ခံစာပါလာရမှာပေါ့၊ အဲ့လိုမျိုးတွေ။”

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲစာရင်းမှာ ပါသူတွေအနေနဲ့ နိုင်ငံသားမှတ်ပုံတင် မရှိပေမယ့် ယာဉ်မောင်းလိုင်စင်ကတ်၊ ဝန်ထမ်းကတ် စတဲ့ အထောက်အထားတွေ ပြသနိုင်ရင် မဲပေးခွင့်ပေးမှာ ဖြစ်ကြောင်းလည်း ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ပြောပါတယ်။

မဲစာရင်းမှာ ပါဝင်ပေမယ့် မှတ်ပုံတင်မရှိတဲ့သူ ခန့်မှန်းခြေ ၄ သိန်းလောက် ရှိနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ မဲပေးခွင့် မဆုံးရှုံးအောင် စီစဉ်နေတယ်လို့ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးနှစ်ဆန်းဦးက ပြောပါတယ်။

“ကျနော်တို့ မဲပေးဖို့အတွက် ဆောင်ရွက်ထားဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ကျနော်တို့ကို မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေ အဲ့လိုလေးတွေ ထုတ်ပေးဖို့ အစီအစဉ်ရှိပါတယ်၊ လျာထားပါတယ်။ ကျနော်တို့ ရည်မှန်းတာတော့ ကျနော်တို့ ဒီ မဲဆန္ဒရှင် သက်သေခံကတ်မှာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ စည်းတံဆိပ်တုံး ပါပါတယ်ခင်ဗျ၊ နောက် မဲစာရင်း၊ မဲဆန္ဒရှင်ရဲ့အမည်နဲ့ မဲစာရင်းအမှတ်စဉ် ပါပါမယ်၊ ပြီးရင် သက်ဆိုင်ရာ ရပ်ကျေးကော်ခွဲ အတွင်းရေးမှူးတယောက်ဖြစ်ဖြစ် ကော်မရှင်အဖွဲ့ဝင် တယောက်ဖြစ်ဖြစ် လက်မှတ်ထိုးပြီးတော့ ထုတ်ပေးမယ့် စနစ်မျိုးတော့ လျာထားတယ်၊ ဒါပေမယ့် အပေါ်က ကျနော်တို့ ညွှန်ကြားမှ ဆောင်ရွက်မယ့် အစီအစဉ်ပါ။”

ဒါပေမယ့်လည်း ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားပြီး ဝန်ထမ်းအရေအတွက်ကိုလည်း အလှည့်ကျစနစ်နဲ့ ပြောင်းလဲထားတာကြောင့် ရုံးလုပ်ငန်းတွေမှာ အကန့်အသတ်တွေလည်း ရှိနေပါတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း လင်းခေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ကနေ ယှဉ်ပြိုင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်မြင့်ခိုင်ကတော့ မဲပေးခွင့် အထောက်အထားရဖို့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“အကန့်အသတ် ရှိပါတယ်ဗျ။ ဟို စိတ်သွားတိုင်း ကိုယ်ပါ လုပ်လို့မရဘူးပေါ့နော်။ ကျနော်တို့ ခုနလိုပေါ့ ထောက်ခံချက်တွေ သွားလုပ်တာတွေ ဘာတွေကအစ နည်းနည်းတော့ ဘယ်လိုခေါ်လဲဆိုတော့ အခက်အခဲဖြစ်သွားတယ်။ သူတို့လုပ်နိုင်တဲ့ အတိုင်းအတာရဲ့ ရာခိုင်နှုန်း တော်တော်တော့ လျော့သွားတာပေ့ါနော်၊ ကျနော် အဲ့ဒါကို ပြောတာပါ။”

ရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလနဲ့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်လောင်း ၇,၀၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ ကပ်ရောဂါနဲ့ ကြုံနေရပေမယ့် ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၈ ရက်နေ့မှာ စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး လုံခြုံရေးနဲ့ ကပ်ရောဂါ အခြေအနေအရ ဆိုင်းငံ့ရမယ့် မဲဆန္ဒနယ်မြေတွေ ရှိမယ်ဆိုရင်တော့ လာမယ့် အောက်တိုဘာလမှ ကြေညာမယ်လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG