သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေတာ္မီဒီယာ ႏိုင္ငံေရးပါတီမ်ားထုတ္လႊင့္ခ်က္ စိစစ္ျဖတ္ေတာက္မႈ ရွိ


ႏိုင္ငံေရးပါတီေတြရဲ႕ ေရြးေကာက္ပဲြဆုိင္ရာ ျပည္သူကို ေဟာေျပာစည္းရံုးမႈ ဗီြဒီယိုမ်ား။ (ဓာတ္ပံု - MRTV's Facebook)

[Zawgyi/Unicode]

အစိုးရပိုင္ ရုပ္သံနဲ႔ ေရဒီယိုကေန ထုတ္လႊင့္မယ့္ ႏိုင္ငံေရးပါတီေတြရဲ႕ ျပည္သူကို စည္းရံုးေဟာေျပာခ်က္ေတြကို ေရြးေကာက္ပဲြေကာ္မရွင္က စိစစ္ျဖတ္ေတာက္တာေတြ ရိွေနၿပီး လူ႔ေဘာင္သစ္ ဒီမုိကရက္တစ္ပါတီကေတာ့ ေဟာေျပာခ်က္ အေတာ္မ်ားမ်ားကို ျဖတ္ေတာက္တာေၾကာင့္ မထုတ္လႊင့္ဖို႔ ဆံုးျဖတ္လုိက္တဲ့အေၾကာင္း တင္ျပပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ႏိုင္ငံပိုင္ရုပ္ျမင္သံၾကား၊ ေရဒီယိုနဲ႔ သတင္းစာေတြကေန ႏိုင္ငံေရးပါတီေတြရဲ႕ ေရြးေကာက္ပဲြဆုိင္ရာ ျပည္သူကို ေဟာေျပာစည္းရံုးမႈေတြကို ဒီလ ၈ ရက္ေန႔ စတင္ထုတ္လႊင့္ခဲ့တာပါ။

ဒီလုိ ထုတ္လႊင့္ရာမွာ ေဟာေျပာခ်က္ေတြကို ေရြးေကာက္ပဲြ ေကာ္မရွင္က စိစစ္တာေတြ ရိွေနၿပီး လူ႔ေဘာင္သစ္ဒီမုိကရက္တစ္ပါတီက သူတို႔ ေဟာေျပာခ်က္အေတာ္မ်ားမ်ားကို ဆင္ဆာျဖတ္ေတာက္မႈေတြ ရိွတဲ့အတြက္ ထုတ္လႊင့္မွာ မဟုတ္ေတာ့တဲ့ အေၾကာင္း ပါတီဥကၠ႒ ဦးေအာင္မိုးေဇာ္က VOA ကို အခုလို ေျပာပါတယ္။

“အမွန္တကယ္ကေလ ၂၂ ရက္ေန႔ က်ေနာ္တုိ႔ ရိုက္ရမွာ။ ရိုက္ၿပီး သူတုိ႔ ရက္ပိုင္းက်ရင္ ထုတ္လႊင့္မွာေပါ့။ အခု က်ေနာ္တုိ႔ မလုပ္ေတာ့ဘူး။ မသြားေတာ့ဘူး။ မရိုက္ေတာ့ဘူးေပါ့။ အဓိကကေတာ့ က်ေနာ္တုိ႔ ေျပာမယ့္ စာသားေတြ၊ ကိစၥေတြကို ဆင္ဆာလုပ္လုိ႔။”

ဆင္ဆာျဖတ္တဲ့အခ်က္ေတြမွာ လက္ပံေတာင္းေတာင္လို အၾကီးစား စီမံကိန္းေတြေၾကာင့္ ေတာင္သူေတြ ထိခုိက္တဲ့ကိစၥ၊ လူငယ္ေတြ ျပည္သူ႔၀န္ထမ္းလုပ္ကိုင္မႈ နည္းပါးလာတဲ့ကိစၥ၊ ကုလသမဂၢက ထုတ္ျပန္တဲ့ ကေလးသူငယ္ေတြရဲ့ ေနထိုင္မႈအေျခအေနနဲ႔ ပတ္သက္တဲ့ ကိန္းဂဏန္းစတာေတြ ပါ၀င္ေၾကာင္း ေျပာပါတယ္။

အမ်ိဳးသားဒီမုိကေရစီအင္အားစုပါတီရဲ့ ေဟာေျပာခ်က္ေတြမွာလည္း ျဖတ္ေတာက္တာ၊ ျပင္ဆင္တာေတြ ရိွခဲ့ေၾကာင္း ပါတီဥကၠ႒ ဦးခင္ေမာင္ေဆြက အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ ျဖတ္ခံရတဲ့ဟာေတြက သံယံဇာတေတြကို ျပည္နယ္သားေတြပါ မွ်ေ၀ သံုးစဲြရမယ္တုိ႔၊ ကိုယ္ပိုင္ျပဌာန္းခြင့္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ တန္းတူညီမွ်ခြင့္ဆုိတဲ့ဟာေတြလည္း အျဖတ္ခံရတယ္။ ေနာက္ၿပီးေတာ့ လႊတ္ေတာ္မွ တစ္ပါတီတည္း ၾကီးစိုးတာမ်ိဳး က်ေနာ္တုိ႔ ပါတီလက္မခံဘူး။ ၈၈ တုန္းက တစ္ပါတီအစိုးရကို ျပည္သူေတြက ျဖိဳခ်ခဲ့တာပဲ။ တစ္ပါတီ လႊတ္ေတာ္အစိုးရက ျပည္သူေတြကို အက်ိဳးမရိွပါဘူး။ တစ္ပါတီတည္းမဟုတ္တဲ့ အမ်ိဳးသားညီညႊတ္ေရးအစိုးရမ်ိဳးကို ျပည္သူေတြက ေရြးၾကပါဆုိတာ အျဖဳတ္ခံရတယ္။ တိုင္းရင္းသားလူမ်ိဳးငယ္ေတြပါလႊတ္ေတာ္ထဲ ေရာက္ေအာင္ လူမ်ိဳးၾကီး၀ါဒ ကင္းစင္သြားေအာင္ PR စနစ္ကို က်ေနာ္တုိ႔ ျပန္လည္တင္သြင္းမယ္ဆုိတာလည္း အျဖတ္ခံရတယ္။”

ႏိုင္ငံေရးပါတီေတြရဲ့ ေဟာေျပာခ်က္ေတြမွာ တို႔တာ၀န္အေရးသံုးပါးကို မထိခုိက္ေစဖုိ႔၊ တပ္မေတာ္ကို မပုတ္ခတ္ဖို႔၊ အၾကမ္းဖက္ ေသာင္းက်န္းမႈေတြကို အားေပးတာမ်ိဳးမျဖစ္ေစဖို႔ တားျမစ္ထားၿပီး ဥပေဒနဲ႔ မၿငိစြန္းတဲ့အခ်က္ေတြကို ျဖတ္ေတာက္တာဟာ လြတ္လပ္စြာေျပာဆုိခြင့္ကို ထိခုိက္ေစေၾကာင္းနဲ႔ အခ်ိဳ႕ ျဖတ္ေတာက္တဲ့အခ်က္ေတြဟာ အျခားပါတီၾကီးေတြ ေဟာေျပာရာမွာ သံုးစဲြခြင့္ျပဳခဲ့တာေၾကာင့္ တန္းတူညီမွ်မႈကို ထိခုိက္ေစေၾကာင္းလည္း ဦးခင္ေမာင္ေဆြက ေ၀ဖန္ေထာက္ျပပါတယ္။

လူ႔ေဘာင္သစ္ဒီမုိကရက္တစ္ပါတီ ဥကၠ႒ ဦးေအာင္မုိးေဇာ္ကလည္း ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္နဲ႔ ပတ္သက္ၿပီး အခုလုိ ေျပာဆုိထားပါတယ္။

“ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္က အခုလို လုပ္တဲ့ကိစၥဟာ ဒီမုိကေရစီ စံခ်ိန္၊ စံညႊန္းေတြနဲ႔ လဲြေခ်ာ္ေနတယ္။ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္က အစိုးရ မျဖစ္ခင္အေျခအေနမွာ ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္နဲ႔ လုပ္နည္းလုပ္ဟန္ေတြ၊ လုပ္တာေတြနဲ႔ပတ္သက္လုိ႔ အေ၀ဖန္ဆံုးအဖဲြ႔ အစည္းျဖစ္ပါတယ္။ သို႔ေသာ္လည္းပဲ သူအစိုးရျဖစ္လာၿပီးေတာ့ အခုအေျခအေနေအာက္မွာ လုပ္တဲ့ ကိုင္တဲ့ပံုစံေတြက၊ ႏိုင္ငံေရးပါတီေတြ ဆက္ဆံတဲ့ပံုစံက အရင္ထက္ေတာင္ အမ်ားၾကီးကို ဆိုးေနတဲ့ အေျခအေန ရိွတယ္လုိ႔ က်ေနာ္အေနနဲ႔ ေျပာခ်င္ပါတယ္။ ဒါေၾကာင့္မုိ႔လို႔ လာမယ့္ ေရြးေကာက္ပဲြမွာ ၀င္ၾကမယ့္ ပါတီေတြအေနနဲ႔ ဘယ္သူပဲ အာဏာရရ ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္နဲ႔ပတ္သက္လုိ႔ လုပ္ထံုးလုပ္နည္းေတြနဲ႔ ပတ္သက္လုိ႔၊ နည္းဥပေဒေတြနဲ႔ ပတ္သက္လုိ႔ ျပင္ဖု႔ိဆင္ဖုိ႔ေတာ့ တာ၀န္ရိွလာၿပီလို႔ ေျပာခ်င္ပါတယ္ဗ်။”

ေဟာေျပာခ်က္ေတြကို စိစစ္ျဖတ္ေတာက္တဲ့ အေၾကာင္းရင္းနဲ႔ ပတ္သက္လုိ႔ ရွင္းရွင္းလင္းလင္း မသိရဘူးလုိ႔လည္း ႏုိင္ငံေရးပါတီေတြက ေျပာပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္လုိ႔ ေရြးေကာက္ပဲြေကာ္မရွင္က တာ၀န္ရိွသူကို ေမးျမန္းႏိုင္ဖုိ႔ ဖုန္းေခၚဆိုခဲ့ေပမဲ့ ဖုန္းလက္ခံေျဖဆိုတာ မရိွခဲ့ပါဘူး။

လာမယ့္ေရြးေကာက္ပဲြကို ေစာင့္ၾကည့္ေလ့လာမယ့္ Pace Myanmar အဖဲြ႔ရဲ႕ ဒါရိုက္တာ စိုင္းရဲေက်ာ္စြာျမင့္ ကေတာ့ ေဟာေျပာခ်က္ေတြအေပၚ စိစစ္တည္းျဖတ္တာနဲ႔ ပတ္သက္လုိ႔ သူ႔အျမင္ကို အခုလုိ ေျပာဆိုထားပါတယ္။

“က်ေနာ္တုိ႔ရဲ့ႏိုင္ငံ ႏိုင္ငံေရးျဖစ္စဥ္မွာ ဒီမုိကေရစီကို ပိုၿပီးေတာ့မွ၊ အသြင္ကူးေျပာင္းမႈကို ပိုၿပီး အားေကာင္းခ်င္တယ္ဆုိရင္ တခ်ိဳ႕မလုိအပ္တဲ့အရာေတြကို ျပဳျပင္ေျပာင္းလဲမႈ လုပ္ဖုိ႔ လုိတယ္။ နို႔မို႔ဆုိရင္ က်ေနာ္တို႔က ဘယ္ေတာ့မွ အေရွ႕ကို ေခတ္စနစ္နဲ႔ ကိုက္ညီတဲ့ ေလ်ာ္ညီတဲ့ စနစ္မ်ိဳးကို ရမွာ မဟုတ္ဘူး။”

လာမယ့္ ႏို၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပဲြမွာေတာ့ ႏုိင္ငံေရး ပါတီေပါင္း ၉၀ ေက်ာ္က ကုိယ္စားလွယ္ေတြနဲ႔ တသီးပုဂၢလ ကုိယ္စားလွယ္ ၇,၀၀၀ နီးပါ ပါ၀င္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံတော်မီဒီယာ နိုင်ငံရေးပါတီများထုတ်လွှင့်ချက် စိစစ်ဖြတ်တောက်မှု ရှိ

အစိုးရပိုင် ရုပ်သံနဲ့ ရေဒီယိုကနေ ထုတ်လွှင့်မယ့် နိုင်ငံရေးပါတီတွေရဲ့ ပြည်သူကို စည်းရုံးဟောပြောချက်တွေကို ရွေးကောက်ပွဲကော်မရှင်က စိစစ်ဖြတ်တောက်တာတွေ ရှိနေပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကတော့ ဟောပြောချက် အတော်များများကို ဖြတ်တောက်တာကြောင့် မထုတ်လွှင့်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း တင်ပြပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ သတင်းစာတွေကနေ နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူကို ဟောပြောစည်းရုံးမှုတွေကို ဒီလ ၈ ရက်နေ့ စတင်ထုတ်လွှင့်ခဲ့တာပါ။

ဒီလို ထုတ်လွှင့်ရာမှာ ဟောပြောချက်တွေကို ရွေးကောက်ပွဲ ကော်မရှင်က စိစစ်တာတွေ ရှိနေပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက သူတို့ ဟောပြောချက်အတော်များများကို ဆင်ဆာဖြတ်တောက်မှုတွေ ရှိတဲ့အတွက် ထုတ်လွှင့်မှာ မဟုတ်တော့တဲ့ အကြောင်း ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က VOA ကို အခုလို ပြောပါတယ်။

“အမှန်တကယ်ကလေ ၂၂ ရက်နေ့ ကျနော်တို့ ရိုက်ရမှာ။ ရိုက်ပြီး သူတို့ ရက်ပိုင်းကျရင် ထုတ်လွှင့်မှာပေါ့။ အခု ကျနော်တို့ မလုပ်တော့ဘူး။ မသွားတော့ဘူး။ မရိုက်တော့ဘူးပေါ့။ အဓိကကတော့ ကျနော်တို့ ပြောမယ့် စာသားတွေ၊ ကိစ္စတွေကို ဆင်ဆာလုပ်လို့။”

ဆင်ဆာဖြတ်တဲ့အချက်တွေမှာ လက်ပံတောင်းတောင်လို အကြီးစား စီမံကိန်းတွေကြောင့် တောင်သူတွေ ထိခိုက်တဲ့ကိစ္စ၊ လူငယ်တွေ ပြည်သူ့ဝန်ထမ်းလုပ်ကိုင်မှု နည်းပါးလာတဲ့ကိစ္စ၊ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကလေးသူငယ်တွေရဲ့ နေထိုင်မှုအခြေအနေနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းစတာတွေ ပါဝင်ကြောင်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ဟောပြောချက်တွေမှာလည်း ဖြတ်တောက်တာ၊ ပြင်ဆင်တာတွေ ရှိခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။

“ကျနော်တို့ ဖြတ်ခံရတဲ့ဟာတွေက သံယံဇာတတွေကို ပြည်နယ်သားတွေပါ မျှေ၀ သုံးစွဲရမယ်တို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှခွင့်ဆိုတဲ့ဟာတွေလည်း အဖြတ်ခံရတယ်။ နောက်ပြီးတော့ လွှတ်တော်မှ တစ်ပါတီတည်း ကြီးစိုးတာမျိုး ကျနော်တို့ ပါတီလက်မခံဘူး။ ၈၈ တုန်းက တစ်ပါတီအစိုးရကို ပြည်သူတွေက ဖြိုချခဲ့တာပဲ။ တစ်ပါတီ လွှတ်တော်အစိုးရက ပြည်သူတွေကို အကျိုးမရှိပါဘူး။ တစ်ပါတီတည်းမဟုတ်တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရမျိုးကို ပြည်သူတွေက ရွေးကြပါဆိုတာ အဖြုတ်ခံရတယ်။ တိုင်းရင်းသားလူမျိုးငယ်တွေပါလွှတ်တော်ထဲ ရောက်အောင် လူမျိုးကြီးဝါဒ ကင်းစင်သွားအောင် PR စနစ်ကို ကျနော်တို့ ပြန်လည်တင်သွင်းမယ်ဆိုတာလည်း အဖြတ်ခံရတယ်။”

နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက်တွေမှာ တို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဖို့၊ တပ်မတော်ကို မပုတ်ခတ်ဖို့၊ အကြမ်းဖက် သောင်းကျန်းမှုတွေကို အားပေးတာမျိုးမဖြစ်စေဖို့ တားမြစ်ထားပြီး ဥပဒေနဲ့ မငြိစွန်းတဲ့အချက်တွေကို ဖြတ်တောက်တာဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ထိခိုက်စေကြောင်းနဲ့ အချို့ ဖြတ်တောက်တဲ့အချက်တွေဟာ အခြားပါတီကြီးတွေ ဟောပြောရာမှာ သုံးစွဲခွင့်ပြုခဲ့တာကြောင့် တန်းတူညီမျှမှုကို ထိခိုက်စေကြောင်းလည်း ဦးခင်မောင်ဆွေက ဝေဖန်ထောက်ပြပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီး အခုလို ပြောဆိုထားပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခုလို လုပ်တဲ့ကိစ္စဟာ ဒီမိုကရေစီ စံချိန်၊ စံညွှန်းတွေနဲ့ လွဲချော်နေတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရ မဖြစ်ခင်အခြေအနေမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ လုပ်နည်းလုပ်ဟန်တွေ၊ လုပ်တာတွေနဲ့ပတ်သက်လို့ အဝေဖန်ဆုံးအဖွဲ့ အစည်းဖြစ်ပါတယ်။ သို့သော်လည်းပဲ သူအစိုးရဖြစ်လာပြီးတော့ အခုအခြေအနေအောက်မှာ လုပ်တဲ့ ကိုင်တဲ့ပုံစံတွေက၊ နိုင်ငံရေးပါတီတွေ ဆက်ဆံတဲ့ပုံစံက အရင်ထက်တောင် အများကြီးကို ဆိုးနေတဲ့ အခြေအနေ ရှိတယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ကြမယ့် ပါတီတွေအနေနဲ့ ဘယ်သူပဲ အာဏာရရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်လို့ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့၊ နည်းဥပဒေတွေနဲ့ ပတ်သက်လို့ ပြင်ဖု့ိဆင်ဖို့တော့ တာဝန်ရှိလာပြီလို့ ပြောချင်ပါတယ်ဗျ။”

ဟောပြောချက်တွေကို စိစစ်ဖြတ်တောက်တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့လည်း နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူကို မေးမြန်းနိုင်ဖို့ ဖုန်းခေါ်ဆိုခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

လာမယ့်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမယ့် Pace Myanmar အဖွဲ့ရဲ့ ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် ကတော့ ဟောပြောချက်တွေအပေါ် စိစစ်တည်းဖြတ်တာနဲ့ ပတ်သက်လို့ သူ့အမြင်ကို အခုလို ပြောဆိုထားပါတယ်။

“ကျနော်တို့ရဲ့နိုင်ငံ နိုင်ငံရေးဖြစ်စဉ်မှာ ဒီမိုကရေစီကို ပိုပြီးတော့မှ၊ အသွင်ကူးပြောင်းမှုကို ပိုပြီး အားကောင်းချင်တယ်ဆိုရင် တချို့မလိုအပ်တဲ့အရာတွေကို ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ လိုတယ်။ နို့မို့ဆိုရင် ကျနော်တို့က ဘယ်တော့မှ အရှေ့ကို ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ လျော်ညီတဲ့ စနစ်မျိုးကို ရမှာ မဟုတ်ဘူး။”

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေး ပါတီပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၇,၀၀၀ နီးပါ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

XS
SM
MD
LG