သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KNDP ပါတီမဲဆြယ္ပြဲတက္သူ ကိုဗစ္ကူးလို႔ ကိုယ္စားလွယ္ေလာင္း ၃ ဦး သီးျခားခြဲစစ္ေဆးခံ


COVID -19 ရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ားကို ရန္ကုန္ၿမိဳ႕ရွိ လိႈင္တကၠသိုလ္ Quarantine စင္တာ တခုမွာေတြ႔ရ။ (ဇူလိုင္ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္မွာ မဲဆြယ္စည္း႐ုံးေရး အခမ္းအနား တက္ေရာက္သူ တေယာက္ ကုိဗစ္ေရာဂါပုိးေတြ႔ရွိခဲ့တာေၾကာင့္ ကရင္တုိင္းရင္းသား ပါတီတခုက လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း သံုး ဦး အပါအ၀င္ လူ ၅၀ ေလာက္ သီးျခားေစာင့္ၾကည့္ စစ္ေဆးခံေနရတဲ့ အေျခအေနကုိ ေျပာျပပါမယ္။

ဘားအံၿမိဳ႕နယ္ ေကာ့လိုက္ေက်းရြာအုပ္စု၊ ေကာ့ဝါးဆူးေက်းရြာမွာ ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္က က်င္းပတဲ့ ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP ရဲ႕ မဲဆြယ္စည္း႐ုံးေရးပြဲ တက္ေရာက္ခဲ့သူ ေဒသခံရြာသားတဦးဟာ ကုိဗစ္ေရာဂါပုိး ကူးစက္ခံေနရေၾကာင္း အတည္ျပဳခဲ့ၿပီးေနာက္ ပါတီကုိယ္စားလွယ္ေလာင္း ၃ ဦးနဲ႔ အခမ္းအနားတက္ေရာက္သူ ရြာသား ၄၇ ဦးကုိ ေစာင့္ၾကည့္စစ္ေဆးေနတာ ျဖစ္ပါတယ္။ ကနဦး စစ္ေဆးခ်က္အရ ကုိယ္စားလွယ္ေလာင္း ၃ ဦးမွာ ေရာဂါပုိးမေတြ႔ရေၾကာင္းလည္း သီးျခားခဲြေစာင့္ၾကည့္တဲ့ေနရာမွာ ေရာက္ေနတဲ့ KNDP ပါတီ ကိုယ္စားလွယ္ေလာင္း နန္းေစးအြာကေျပာပါတယ္။

“အခုက်မတို႔ Q ၀င္ေနရတာေပါ့ေနာ္။ ရြာသား ၄၇ ဦးနဲ႔ က်မတို႔ ကိုယ္စားလွယ္ေလာင္း သံုး ဦးေပါ့။ ဖားအံတကၠသိုလ္ရဲ႕ေက်ာက္စိမ္းဆိုတဲ့အေဆာင္ေလ။ အဲဒီမွာ ကိုယ့္အခန္းထဲမွာ ကိုယ္ေနတာေပါ့ေနာ္။ က်မတို႔ သံုး ေယာက္ကို စစ္ျပီးသြားၿပီ။ negative ေပါ့ေနာ္။”

KNDP ပါတီရဲ့ ျပည္နယ္ လႊတ္ေတာ္ မဲဆႏၵနယ္အမွတ္ ၁ ကိုယ္စားလွယ္ေလာင္း နန္းေစးအြာ၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း နန္းလွယွဥ္ေမနဲ႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေစာမင္းေဇာ္ဦးတို႔ ၃ ဦးဟာ ႏုိ၀င္ဘာလ ေရြးေကာက္ပဲြအတြက္ ဘားအံၿမိဳ႕နယ္ ေကာ့ဝါးဆူးေက်းရြာမွာ စက္တင္ဘာလ ၁၉ ရက္ေန႔က မဲဆြယ္စည္း႐ုံးခဲ့ၾကတာပါ။ အခမ္းအနားကို တက္ေရာက္ခဲ့တဲ့ ေဒသခံတေယာက္ ေရာဂါပုိးကူးစက္ေနေၾကာင္း ေနာက္ပုိင္းမွာ သိရတာေၾကာင့္ ကုိယ္စားလွယ္ ၃ ဦးအျပင္ အခမ္းအနား တက္ေရာက္သူ က်န္ေဒသခံ ၄၇ ဦးပါ ေစာင့္ၾကည့္ ခံေနရေၾကာင္းလည္း နန္းေစးအြာက ေျပာပါတယ္။

“သူက အစည္းေ၀းလာတက္တယ္။ အေနာက္မွာေနျပီး နားေထာင္ေပးတယ္ေပါ့ေနာ္။ ဘာပဲျဖစ္ျဖစ္ေပါ့။ က်မတို႔ ဒီကို အကုန္လုံးျပန္ျပီး Quarantine ၀င္တာေပါ့ေနာ္။ ဟိုရြာခံ ၄၇ ဦးနဲ႔က က်မတို႔ ကိုယ္စားလွယ္ေလာင္း ၃ ဦး အားလုံး ၅၀ ဦး။ သူတို႔ေတြဒီမွာ Q ၀င္ရတယ္။ အဲဒီေတာ့ က်မတို႔ ပါတီက စားစရိတ္ကို တာ၀န္ယူေပးထားပါတယ္။ တေန႔ ၅,၀၀၀ ႏႈန္းေပါ့ တယာက္ကို။”

ေဒသခံ ၄၇ ဦးမွာ ေရာဂါပုိးရွိ၊ မရွိ စစ္ေဆးထားေပမဲ့ ရလဒ္ကိုေတာ့ မသိရေသးပါဘူး။ ျမန္မာႏုိင္ငံအႏွံ႔ ကုိဗစ္ေရာဂါပုိး ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားတဲ့အတြက္ ႏုိင္ငံေရးလႈပ္ရွားမႈေတြမွာ အခက္အခဲေတြ ႀကံဳေနရတာပါ။ အထူးသျဖင့္ ေရာဂါကူးစက္သူ အတည္ျပဳလူနာေတြ႔ရွိတဲ့ ေဒသေတြမွာ မဲဆြယ္စည္း႐ုံးဖုိ႔ အခက္အခဲ ႀကံဳေနရတယ္လုိ႔လည္း KNDP ဥကၠ႒ မန္းေအာင္ျပည္စိုးကေျပာပါတယ္။

“အခုပိုးေတြ႕လူနာေတြ ရွိလာတဲ့အခါက်ေတာ့ ရြာေတြက ေဒသႏၱရအစီအစဥ္၊ ေဒသႏၱရအမိန္႔နဲ႔ ဟိုပိတ္၊ ဒီပိတ္ ပိတ္တဲ့ အခါက်ေတာ့ နည္းနည္းသြားရ၊ လာရခက္တာေပါ့။ အခုက ပါတီေတာ္တာ္မ်ားမ်ားက မသြားမလာေတာ့ဘဲနဲ႔ စပီကာကမ္ပိန္း သေဘာမ်ိဳးပဲ လုပ္နိုင္ေတာ့တဲ့အေနထားမ်ိဳး ရွိတယ္။”

ႏုိ၀င္ဘာလ ၈ ရက္ေန႔ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ KNDP ပါတီက ကုိယ္စားလွယ္ေလာင္း ၃၀ ေလာက္ဟာ ကရင္ျပည္နယ္မွာ သံေတာင္ၾကီး ျမိဳ႕နယ္ကလဲြလုိ႔ က်န္ ၆ ၿမိဳ႕နယ္မွာ ယွဥ္ၿပိဳင္ဖုိ႔ စီစဥ္ထားတယ္လုိ႔လည္း ေျပာပါတယ္။ ကပ္ေရာဂါနဲ႔ ႀကံဳေနရေပမဲ့ ေရြးေကာက္ပဲြေတြကုိ ႏုိ၀င္ဘာလ ၈ ရက္ေန႔မွာ စီစဥ္ထားတဲ့အတုိင္း က်င္းပသြားမွာ ျဖစ္ေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က သတင္းထုတ္ျပန္ထားၿပီး၊ လုံၿခံဳေရးနဲ႔ ကပ္ေရာဂါ အေျခအေနအရ ဆုိင္းငံ့ရမယ့္ မဲဆႏၵနယ္ေျမေတြ ရွိမယ္ဆုိရင္ေတာ့ လာမယ့္ ေအာက္တုိဘာလမွ ေၾကညာမယ္လုိ႔လည္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

KNDP ပါတီမဲဆွယ်ပွဲတက်သူ ကိုဗစ်ကူးလို့ ကိုယ်စားလှယ်လောင်း ၃ ဦး သီးခြားခွဲစစ်ဆေးခံ

ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ မဲဆွယ်စည်းရုံးရေး အခမ်းအနား တက်ရောက်သူ တယောက် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ကရင်တိုင်းရင်းသား ပါတီတခုက လွှတ်တော်ကိုယ်စားလှယ်လောင်း သုံး ဦး အပါအဝင် လူ ၅၀ လောက် သီးခြားစောင့်ကြည့် စစ်ဆေးခံနေရတဲ့ အခြေအနေကို ပြောပြပါမယ်။

ဘားအံမြို့နယ် ကော့လိုက်ကျေးရွာအုပ်စု၊ ကော့ဝါးဆူးကျေးရွာမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပတဲ့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ရဲ့ မဲဆွယ်စည်းရုံးရေးပွဲ တက်ရောက်ခဲ့သူ ဒေသခံရွာသားတဦးဟာ ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရကြောင်း အတည်ပြုခဲ့ပြီးနောက် ပါတီကိုယ်စားလှယ်လောင်း ၃ ဦးနဲ့ အခမ်းအနားတက်ရောက်သူ ရွာသား ၄၇ ဦးကို စောင့်ကြည့်စစ်ဆေးနေတာ ဖြစ်ပါတယ်။ ကနဦး စစ်ဆေးချက်အရ ကိုယ်စားလှယ်လောင်း ၃ ဦးမှာ ရောဂါပိုးမတွေ့ရကြောင်းလည်း သီးခြားခွဲစောင့်ကြည့်တဲ့နေရာမှာ ရောက်နေတဲ့ KNDP ပါတီ ကိုယ်စားလှယ်လောင်း နန်းစေးအွာကပြောပါတယ်။

“အခုကျမတို့ Q ဝင်နေရတာပေါ့နော်။ ရွာသား ၄၇ ဦးနဲ့ ကျမတို့ ကိုယ်စားလှယ်လောင်း သုံး ဦးပေါ့။ ဖားအံတက္ကသိုလ်ရဲ့ကျောက်စိမ်းဆိုတဲ့အဆောင်လေ။ အဲဒီမှာ ကိုယ့်အခန်းထဲမှာကိုယ်နေတာပေါ့နော်။ ကျမတို့ သုံး ယောက်ကို စစ်ပြီးသွားပြီ။ negative ပေါ့နော်။”

KNDP ပါတီရဲ့ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားလှယ်လောင်း နန်းစေးအွာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နန်းလှယှဉ်မေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စောမင်းဇော်ဦးတို့ ၃ ဦးဟာ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ဘားအံမြို့နယ် ကော့ဝါးဆူးကျေးရွာမှာ စက်တင်ဘာလ ၁၉ ရက်နေ့က မဲဆွယ်စည်းရုံးခဲ့ကြတာပါ။ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဒေသခံတယောက် ရောဂါပိုးကူးစက်နေကြောင်း နောက်ပိုင်းမှာ သိရတာကြောင့် ကိုယ်စားလှယ် ၃ ဦးအပြင် အခမ်းအနား တက်ရောက်သူ ကျန်ဒေသခံ ၄၇ ဦးပါ စောင့်ကြည့် ခံနေရကြောင်းလည်း နန်းစေးအွာက ပြောပါတယ်။

“သူက အစည်းဝေးလာတက်တယ်။ အနောက်မှာနေပြီး နားထောင်ပေးတယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကျမတို့ ဒီကို အကုန်လုံးပြန်ပြီး Quarantine ဝင်တာပေါ့နော်။ ဟိုရွာခံ ၄၇ ဦးနဲ့က ကျမတို့ ကိုယ်စားလှယ်လောင်း ၃ ဦး အားလုံး ၅၀ ဦး။ သူတို့တွေဒီမှာ Q ဝင်ရတယ်။ အဲဒီတော့ ကျမတို့ ပါတီက စားစရိတ်ကို တာဝန်ယူပေးထားပါတယ်။ တနေ့ ၅,၀၀၀ နှုန်းပေါ့ တယာက်ကို။”

ဒေသခံ ၄၇ ဦးမှာ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးထားပေမဲ့ ရလဒ်ကိုတော့ မသိရသေးပါဘူး။ မြန်မာနိုင်ငံအနှံ့ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ တိုးလာနေတာကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတဲ့အတွက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အခက်အခဲတွေ ကြုံနေရတာပါ။ အထူးသဖြင့် ရောဂါကူးစက်သူ အတည်ပြုလူနာတွေ့ရှိတဲ့ ဒေသတွေမှာ မဲဆွယ်စည်းရုံးဖို့ အခက်အခဲ ကြုံနေရတယ်လို့လည်း KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကပြောပါတယ်။

“အခုပိုးတွေ့လူနာတွေ ရှိလာတဲ့အခါကျတော့ ရွာတွေက ဒေသန္တရအစီအစဉ်၊ ဒေသန္တရအမိန့်နဲ့ ဟိုပိတ်၊ ဒီပိတ် ပိတ်တဲ့ အခါကျတော့ နည်းနည်းသွားရ၊ လာရခက်တာပေါ့။ အခုက ပါတီတော်တာ်များများက မသွားမလာတော့ဘဲနဲ့ စပီကာကမ်ပိန်း သဘောမျိုးပဲ လုပ်နိုင်တော့တဲ့အနေထားမျိုး ရှိတယ်။”

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ KNDP ပါတီက ကိုယ်စားလှယ်လောင်း ၃၀ လောက်ဟာ ကရင်ပြည်နယ်မှာ သံတောင်ကြီး မြို့နယ်ကလွဲလို့ ကျန် ၆ မြို့နယ်မှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။ ကပ်ရောဂါနဲ့ ကြုံနေရပေမဲ့ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၈ ရက်နေ့မှာ စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားမှာ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပြီး၊ လုံခြုံရေးနဲ့ ကပ်ရောဂါ အခြေအနေအရ ဆိုင်းငံ့ရမယ့် မဲဆန္ဒနယ်မြေတွေ ရှိမယ်ဆိုရင်တော့ လာမယ့် အောက်တိုဘာလမှ ကြေညာမယ်လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG