သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူမႈကြန္ရက္အမုန္းစကား Facebook ေလွ်ာ့ခ်ႏုိင္မလား


မွတ္တမ္းဓါတ္ပံု- ၂၀၁၈ ၾသဂုတ္လတုန္းက လဘက္ရည္ဆိုင္တြြင္ Facebook သံုးေနသူမ်ား

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ေရြးေကာက္ပဲြ မတုိင္ခင္ အင္တာနက္ လူမႈကြန္ရက္ေတြမွာ ျပႆနာေပၚႏုိင္မယ့္ အမုန္းစကားေတြ ေလွ်ာ့ခ်ႏုိင္ေအာင္ ႀကိဳးပမ္းေနေၾကာင္း Facebook လူမႈကြန္ရက္က ေၾကညာလုိက္ေပမဲ့ ဘယ္ေလာက္အထိ ထိေရာက္မႈ ရွိႏုိင္မလဲ ဆုိတဲ့အေပၚမွာ ေမးခြန္းေတြ ထြက္ေပၚေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။

မၾကာခင္ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ ရွိေနတဲ့ ျမန္မာႏုိင္ငံမွာ လူမႈကြန္ရက္ သုံးသူေတြၾကား ျပႆနာျဖစ္ေစႏုိင္တဲ့ အေၾကာင္းအရာေတြနဲ႔ အၾကမ္းဖက္မႈေတြကုိ လႈံ႔ေဆာ္အားေပးတဲ့ အမုန္းစကားေတြ မပ်ံ႕ႏွံ႔ေအာင္ ေနာက္ထပ္ တင္းၾကပ္တဲ့ အစီအမံေတြ ျဖည့္စြက္လုိက္ေၾကာင္း Facebook အင္တာနက္ လူမႈကြန္ရက္က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိလုိက္တာပါ။ ျပႆနာျဖစ္ေစမယ့္ ေရးသားေျပာဆုိမႈေတြကုိ နည္းပညာနဲ႔ စိစစ္ေဖာ္ထုတ္ၿပီး လုိအပ္ရင္ ဖယ္ရွားသြားမွာ ျဖစ္ေၾကာင္းလည္း မေန႔တုန္းကထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

Facebook က စိစစ္ေဖာ္ထုတ္တဲ့ လုပ္ငန္းေတြမွာ ပူးေပါင္းပါ၀င္ေနတဲ့ Fact Crescendo အဖြဲ႔ရဲ႕ ျမန္မာျပည္႐ုံးခြဲ ေျပာခြင့္ရ ဦးေဇာ္ေဝကေတာ့ လူမႈကြန္ရက္ေပၚက အခ်က္အလက္ေတြကုိ အမွန္၊ အမွားပုိင္းျခားႏုိင္ေအာင္ ရည္ရြယ္ေဆာင္ရြက္ေနတာလုိ႔ ေျပာပါတယ္။

“ Facebook ကေတာ့ action ယူေကာင္း ယူပါလိမ့္မယ္၊ သူက action ယူခ်င္တဲ့အတြက္ က်ေနာ္တို႔ကို လက္တြဲတာျဖစ္တယ္။က်ေနာ္တို႔ အေမရိကမွာ အေျခစိုက္တဲ့ International Fact Checking Network ဆိုတာရွိပါတယ္ NGO ပါပဲခင္ဗ်၊ က်ေနာ္တို႔ ဒီ IFCN ရဲ႕ လုပ္ထုံးလုပ္နည္းနဲ႔အညီ ေဖာ္ျပေနတာ ျဖစ္ပါတယ္ ခင္ဗ်။ အဓိကေတာ့ က်ေနာ္တို႔ ဘက္မလိုက္ဘူး၊ မွ်မွ်တတနဲ႔လုပ္မယ္၊ အခ်က္အလက္ မွားယြင္းရင္ မွားယြင္းေၾကာင္း ေၾကညာမယ္ေပါ့ေနာ္၊ အဲဒီလုပ္ထုံးလုပ္နည္းအတိုင္း လုပ္ပါတယ္။ အျခားနည္းလမ္းကေတာ့ က်ေနာ္တို႔ ဒီ journalism ရဲ႕ အစိတ္အပိုင္းျဖစ္တဲ့ လိုအပ္တဲ့သူေတြကို က်ေနာ္တို႔ ဆက္သြယ္ confirm လုပ္ျခင္းအားျဖင့္ ဒီဟာေတြ မွားယြင္းေၾကာင္း က်ေနာ္တို႔ သက္ေသျပတာ ျဖစ္ပါတယ္။”

Facebook ရဲ႕ လူမႈေရးစံသတ္မွတ္ခ်က္အရ အမုန္းစကားလုိ႔ သတ္မွတ္ႏုိင္တဲ့ ေဖာ္ျပခ်က္ေတြကုိ ဖယ္ရွားေနၿပီး၊ ဒီလုိစိစစ္ေဖာ္ထုတ္တဲ့ နည္းပညာကုိလည္း ပုိမုိထိေရာက္ေအာင္ စီစဥ္ထားေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့လည္း Facebook ကုမၸဏီရဲ႕ ေဆာင္ရြက္ခ်က္ေတြမွာ လဲြမွားတာေတြ ႀကံဳရေလ့ ရွိတယ္လုိ႔ သတင္းစာဆရာ ကိုသီဟေသြးက ေျပာပါတယ္။

“ Facebook ကကိုင္တြယ္ေနတဲ့ အေနအထားကေတာ့ေလ က်ေနာ့္အျမင္ေျပာရရင္ ခုတ္ရာတျခား၊ ရွရာတျခားျဖစ္တဲ့ကိစၥ မ်ိဳးေတြလည္း ရွိတာေပါ့ေနာ္။ ဆိုေတာ့ က်ေနာ္ ကိုယ္ႏႈိက္ကပဲ report တခုလုပ္ဖူးတယ္ သူ႔ရဲ႕တုံ႔ျပန္မႈက တမ်ိဳးျဖစ္တာေပါ့ေနာ္၊ မမွန္ဘူးလို႔ က်ေနာ့္စိတ္ထဲ ထင္တာေပါ့ေနာ္၊ မမွန္ဘူးဆိုတာ သူ႔ဘက္က ထည့္သြင္းစဥ္းစားရမယ့္ အခ်က္ေတြမွာ လိုအပ္ခ်က္ေတြရွိတယ္၊ အထူးသျဖင့္ က်ေနာ္တို႔ ျပည္တြင္းမွာ ျဖစ္ေနတဲ့ အေနအထားေတြကို ဘက္ေပါင္းစုံကေန မရႈျမင္ႏိုင္ဘူးေပါ့ေနာ္၊ issue တိုင္းေတာ့ မေျပာဘူး၊ တခ်ိဳ႕ issue ေတြလည္း မွန္ပါတယ္၊ တခ်ိဳ႕ issue ေတြမွာလည္း သူ႔ဘက္က လိုအပ္တယ္ေပါ့ေနာ္။”

အရင္ကလည္း လူမႈကြန္ရက္ေပၚမွာ အမုန္းစကားေတြကုိ Facebook ကုမၸဏီက တုံ႔ျပန္ေဆာင္ရြက္မႈေတြ ေႏွးေကြးေလ့ရွိတာ ေတြ႔ရတယ္လုိ႔လည္း ဦးသီဟေသြးက ေျပာပါတယ္။ အမုန္းစကားေတြ ပ်ံ႕ႏွံ႔မႈကုိ တုိက္ဖ်က္ေရး လႈပ္ရွားေနတဲ့ Synergy လူမႈသဟဇာတ ေဖာ္ေဆာင္ေရးအဖြဲ႕ အမႈေဆာင္ၫႊန္ၾကားေရးမႉး ဦးသက္ေဆြဝင္းကလည္း Facebook ရဲ႕ ေဆာင္ရြက္ခ်က္ေတြမွာ လဲြေခ်ာ္တာေတြ ေတြ႕တယ္လုိ႔ ေျပာပါတယ္။ ဘာသာေရး လူမ်ဳိးေရး အေျခခံၿပီး ျပႆနာျဖစ္ေစႏုိင္တဲ့ ေရးသားေျပာဆုိခ်က္မ်ဳိးေတြနဲ႔ ပတ္သက္လုိ႔ Facebook ကုိ အေၾကာင္းၾကားတာမ်ဳိးကုိေတာင္မွ အေရးယူတာမေတြ႔ခဲ့ရဘူးလုိ႔လည္း ေျပာပါတယ္။

“ ဒီ account ကို သူတို႔ၾကည့္ၿပီးသြားၿပီေပါ့ community standard နဲ႔ ဘာမွ ျပႆနာ မရွိေနဘူးေပါ့၊ က်ေနာ္က ဆက္ၿပီး complaint တက္တယ္ ဘာသာေရးေစာ္တာမ်ိဳး မျဖစ္ႏိုင္ဘူးလားေပါ့။ ( Facebook ကအေၾကာင္းျပန္တာက) သူတို႔ရဲ႕ လြတ္လပ္စြာ ယုံၾကည္ကိုးကြယ္ခြင့္ စံႏႈန္းအရ ဘယ္ဘာသာ ကိုးကြယ္ရာဘုရားေတြက icon ေတြသာျဖစ္တယ္ေပါ့ အဲဒီဘုရားေတြကို လူေတြအေနနဲ႔ မယုံၾကည္ပိုင္ခြင့္၊ criticize ( ေဝဖန္) လုပ္ပိုင္ခြင့္ ရွိတယ္ေပါ့ေနာ္။ ဒါလူေတြရဲ႕ freedom of expression ထဲမွာ အႀကဳံးဝင္တဲ့အတြက္ေၾကာင့္မို႔ မျဖဳတ္ေပးႏိုင္ဘူးဆိုတာ အေၾကာင္းျပန္တယ္။ Fake news ေတြလုပ္ေနတဲ့ အုပ္စုေတြဘက္မွာလည္း facebook community standard ေတြ ေလ့လာထားပုံ ရတယ္။ အဲဒီလိုဟာမ်ိဳးေတြကို သူတို႔က စနစ္တက် လုပ္ေနတာမ်ိဳးေတြ ေတြ႕ရတယ္။”

ျမန္မာႏုိင္ငံမွာ ဘာသာေရး၊ လူမ်ဳိးေရး အေျခခံတဲ့ ပဋိပကၡေတြ ႀကံဳခဲ့ရတဲ့ အတိတ္က ျဖစ္စဥ္ေတြမွာ Facebook လူမႈကြန္ရက္က ပ်ံ႕ႏွံ႔တဲ့ အမုန္းစကားေတြရဲ႕ တာ၀န္မကင္းေၾကာင္း ကုလသမဂၢ စုံစမ္းစစ္ေဆးေရးအဖဲြ႔ကလည္း ေဖာ္ျပခဲ့ဖူးပါတယ္။ Facebook ကုမၸဏီကေတာ့ အြန္လုိင္းကေန အမုန္းစကားေတြနဲ႔ ေသြးထုိးလႈံ႕ေဆာ္တဲ့ လုပ္ရပ္ေတြကုိ ဟန္႔တားဖုိ႔ ႀကိဳးပမ္းေဆာင္ရြက္ေနေၾကာင္း ေျပာဆုိထားၿပီး ျမန္မာစစ္တပ္နဲ႔ AA ရခုိင္လက္နက္ကုိင္ အဖဲြ႔တုိ႔ အပါအ၀င္ အဖဲြ႔အစည္းတခ်ဳိ႕နဲ႔ လူပုဂၢိဳလ္ေတြရဲ႕ စာမ်က္ႏွာေတြ အေကာင့္ေတြကုိလည္း ဖယ္ရွားခဲ့ဖူးပါတယ္။ လူမ်ိဳးေရး၊ ဘာသာေရးကြဲျပားမႈေတြကုိ အေျခခံတဲ့ အမုန္းစကားေတြကုိ ေဖာ္ျပေနတယ္လုိ႔ဆုိတဲ့ ေဖာ္ျပခ်က္ေပါင္း ၂၈၀,၀၀၀ ကိုလည္း ၂၀၂၀ ျပည့္ ေမလ၊ ဇြန္လနဲ႔ ၾသဂုတ္လေတြအတြင္းမွာ ဖယ္ရွားခဲ့ေၾကာင္းလည္း ၾသဂုတ္လေႏွာင္းပုိင္းက သတင္းထုတ္ျပန္ထားပါတယ္။

လူမႈကြန္ရက္အမုန္းစကား Facebook ေလွ်ာ့ခ်ႏုိင္မလား
please wait

No media source currently available

0:00 0:04:31 0:00
တိုက္႐ိုက္ လင့္ခ္


...................

(Unicode)

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မတိုင်ခင် အင်တာနက် လူမှုကွန်ရက်တွေမှာ ပြဿနာပေါ်နိုင်မယ့် အမုန်းစကားတွေ လျှော့ချနိုင်အောင် ကြိုးပမ်းနေကြောင်း Facebook လူမှုကွန်ရက်က ကြေညာလိုက်ပေမဲ့ ဘယ်လောက်အထိ ထိရောက်မှု ရှိနိုင်မလဲ ဆိုတဲ့အပေါ်မှာ မေးခွန်းတွေ ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

မကြာခင်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတဲ့ မြန်မာနိုင်ငံမှာ လူမှုကွန်ရက် သုံးသူတွေကြား ပြဿနာဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေနဲ့ အကြမ်းဖက်မှုတွေကို လှုံ့ဆော်အားပေးတဲ့ အမုန်းစကားတွေ မပျံ့နှံ့အောင် နောက်ထပ် တင်းကြပ်တဲ့ အစီအမံတွေ ဖြည့်စွက်လိုက်ကြောင်း Facebook အင်တာနက် လူမှုကွန်ရက်က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။ ပြဿနာဖြစ်စေမယ့် ရေးသားပြောဆိုမှုတွေကို နည်းပညာနဲ့ စိစစ်ဖော်ထုတ်ပြီး လိုအပ်ရင် ဖယ်ရှားသွားမှာ ဖြစ်ကြောင်းလည်း မနေ့တုန်းကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Facebook က စိစစ်ဖော်ထုတ်တဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်နေတဲ့ Fact Crescendo အဖွဲ့ရဲ့ မြန်မာပြည်ရုံးခွဲ ပြောခွင့်ရ ဦးဇော်ဝေကတော့ လူမှုကွန်ရက်ပေါ်က အချက်အလက်တွေကို အမှန်၊ အမှားပိုင်းခြားနိုင်အောင် ရည်ရွယ်ဆောင်ရွက်နေတာလို့ ပြောပါတယ်။

“ Facebook ကတော့ action ယူကောင်း ယူပါလိမ့်မယ်၊ သူက action ယူချင်တဲ့အတွက် ကျနော်တို့ကို လက်တွဲတာဖြစ်တယ်။ကျနော်တို့ အမေရိကမှာ အခြေစိုက်တဲ့ International Fact Checking Network ဆိုတာရှိပါတယ် NGO ပါပဲခင်ဗျ၊ ကျနော်တို့ ဒီ IFCN ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖော်ပြနေတာ ဖြစ်ပါတယ် ခင်ဗျ။ အဓိကတော့ ကျနော်တို့ ဘက်မလိုက်ဘူး၊ မျှမျှတတနဲ့လုပ်မယ်၊ အချက်အလက် မှားယွင်းရင် မှားယွင်းကြောင်း ကြေညာမယ်ပေါ့နော်၊ အဲဒီလုပ်ထုံးလုပ်နည်းအတိုင်း လုပ်ပါတယ်။ အခြားနည်းလမ်းကတော့ ကျနော်တို့ ဒီ journalism ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ လိုအပ်တဲ့သူတွေကို ကျနော်တို့ ဆက်သွယ် confirm လုပ်ခြင်းအားဖြင့် ဒီဟာတွေ မှားယွင်းကြောင်း ကျနော်တို့ သက်သေပြတာ ဖြစ်ပါတယ်။”

Facebook ရဲ့ လူမှုရေးစံသတ်မှတ်ချက်အရ အမုန်းစကားလို့ သတ်မှတ်နိုင်တဲ့ ဖော်ပြချက်တွေကို ဖယ်ရှားနေပြီး၊ ဒီလိုစိစစ်ဖော်ထုတ်တဲ့ နည်းပညာကိုလည်း ပိုမိုထိရောက်အောင် စီစဉ်ထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း Facebook ကုမ္ပဏီရဲ့ ဆောင်ရွက်ချက်တွေမှာ လွဲမှားတာတွေ ကြုံရလေ့ ရှိတယ်လို့ သတင်းစာဆရာ ကိုသီဟသွေးက ပြောပါတယ်။

“ Facebook ကကိုင်တွယ်နေတဲ့ အနေအထားကတော့လေ ကျနော့်အမြင်ပြောရရင် ခုတ်ရာတခြား၊ ရှရာတခြားဖြစ်တဲ့ကိစ္စ မျိုးတွေလည်း ရှိတာပေါ့နော်။ ဆိုတော့ ကျနော် ကိုယ်နှိုက်ကပဲ report တခုလုပ်ဖူးတယ် သူ့ရဲ့တုံ့ပြန်မှုက တမျိုးဖြစ်တာပေါ့နော်၊ မမှန်ဘူးလို့ ကျနော့်စိတ်ထဲ ထင်တာပေါ့နော်၊ မမှန်ဘူးဆိုတာ သူ့ဘက်က ထည့်သွင်းစဉ်းစားရမယ့် အချက်တွေမှာ လိုအပ်ချက်တွေရှိတယ်၊ အထူးသဖြင့် ကျနော်တို့ ပြည်တွင်းမှာ ဖြစ်နေတဲ့ အနေအထားတွေကို ဘက်ပေါင်းစုံကနေ မရှုမြင်နိုင်ဘူးပေါ့နော်၊ issue တိုင်းတော့ မပြောဘူး၊ တချို့ issue တွေလည်း မှန်ပါတယ်၊ တချို့ issue တွေမှာလည်း သူ့ဘက်က လိုအပ်တယ်ပေါ့နော်။”

အရင်ကလည်း လူမှုကွန်ရက်ပေါ်မှာ အမုန်းစကားတွေကို Facebook ကုမ္ပဏီက တုံ့ပြန်ဆောင်ရွက်မှုတွေ နှေးကွေးလေ့ရှိတာ တွေ့ရတယ်လို့လည်း ဦးသီဟသွေးက ပြောပါတယ်။ အမုန်းစကားတွေ ပျံ့နှံ့မှုကို တိုက်ဖျက်ရေး လှုပ်ရှားနေတဲ့ Synergy လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေဝင်းကလည်း Facebook ရဲ့ ဆောင်ရွက်ချက်တွေမှာ လွဲချော်တာတွေ တွေ့တယ်လို့ ပြောပါတယ်။ ဘာသာရေး လူမျိုးရေး အခြေခံပြီး ပြဿနာဖြစ်စေနိုင်တဲ့ ရေးသားပြောဆိုချက်မျိုးတွေနဲ့ ပတ်သက်လို့ Facebook ကို အကြောင်းကြားတာမျိုးကိုတောင်မှ အရေးယူတာမတွေ့ခဲ့ရဘူးလို့လည်း ပြောပါတယ်။

“ ဒီ account ကို သူတို့ကြည့်ပြီးသွားပြီပေါ့ community standard နဲ့ ဘာမှ ပြဿနာ မရှိနေဘူးပေါ့၊ ကျနော်က ဆက်ပြီး complaint တက်တယ် ဘာသာရေးစော်တာမျိုး မဖြစ်နိုင်ဘူးလားပေါ့။ ( Facebook ကအကြောင်းပြန်တာက) သူတို့ရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် စံနှုန်းအရ ဘယ်ဘာသာ ကိုးကွယ်ရာဘုရားတွေက icon တွေသာဖြစ်တယ်ပေါ့ အဲဒီဘုရားတွေကို လူတွေအနေနဲ့ မယုံကြည်ပိုင်ခွင့်၊ criticize ( ဝေဖန်) လုပ်ပိုင်ခွင့် ရှိတယ်ပေါ့နော်။ ဒါလူတွေရဲ့ freedom of expression ထဲမှာ အကြုံးဝင်တဲ့အတွက်ကြောင့်မို့ မဖြုတ်ပေးနိုင်ဘူးဆိုတာ အကြောင်းပြန်တယ်။ Fake news တွေလုပ်နေတဲ့ အုပ်စုတွေဘက်မှာလည်း facebook community standard တွေ လေ့လာထားပုံ ရတယ်။ အဲဒီလိုဟာမျိုးတွေကို သူတို့က စနစ်တကျ လုပ်နေတာမျိုးတွေ တွေ့ရတယ်။”

မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး အခြေခံတဲ့ ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ အတိတ်က ဖြစ်စဉ်တွေမှာ Facebook လူမှုကွန်ရက်က ပျံ့နှံ့တဲ့ အမုန်းစကားတွေရဲ့ တာဝန်မကင်းကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း ဖော်ပြခဲ့ဖူးပါတယ်။ Facebook ကုမ္ပဏီကတော့ အွန်လိုင်းကနေ အမုန်းစကားတွေနဲ့ သွေးထိုးလှုံ့ဆော်တဲ့ လုပ်ရပ်တွေကို ဟန့်တားဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောဆိုထားပြီး မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ အပါအဝင် အဖွဲ့အစည်းတချို့နဲ့ လူပုဂ္ဂိုလ်တွေရဲ့ စာမျက်နှာတွေ အကောင့်တွေကိုလည်း ဖယ်ရှားခဲ့ဖူးပါတယ်။ လူမျိုးရေး၊ ဘာသာရေးကွဲပြားမှုတွေကို အခြေခံတဲ့ အမုန်းစကားတွေကို ဖော်ပြနေတယ်လို့ဆိုတဲ့ ဖော်ပြချက်ပေါင်း ၂၈၀,၀၀၀ ကိုလည်း ၂၀၂၀ ပြည့် မေလ၊ ဇွန်လနဲ့ သြဂုတ်လတွေအတွင်းမှာ ဖယ်ရှားခဲ့ကြောင်းလည်း သြဂုတ်လနှောင်းပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG