သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ရွေးကောက်ပွဲမတိုင်ခင်တပတ်အလိုမှာ နိုင်ငံရေးကြော်ငြာတွေ Facebook လက်ခံမည်မဟုတ်


 ဖေ့စ်ဘုတ်ကုမ္ပဏီ အကြီးအကဲ Mark Zuckerberg
 ဖေ့စ်ဘုတ်ကုမ္ပဏီ အကြီးအကဲ Mark Zuckerberg

(Zawgyi/Unicode)

နိုဝင်ဘာ အမေရိကန် သမ္မတရွေးကောက်ပွဲ မကျင်းပခင် သီတင်း တပတ်အလိုမှာ နိုင်ငံရေးကြော်ငြာ အသစ်တွေကို လက်မခံတော့ဘူး လို့ ဖေ့စ်ဘုတ် ကုမ္ပဏီက ကြာသပတေးနေ့မှာ ပြောပါတယ်။

ဖေ့ဘုတ်က လွတ်လပ်စွာ ပြောဆိုမှုအတွက် ခွင့်ပြုထားတာကို အခွင့်ကောင်းယူပြီး ဆန္ဒမဲပေးမှုကို ကြားဝင်နှောက်ယှက်မှာ စိုးရိမ်တဲ့ အတွက် အခုလို လုပ်ဆောင်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ မဲရလဒ်တရားဝင် မဖြစ်ခင်မှာ အနိုင်ရကြောင်း ကြေညာဖို့ ကြိုးစားတဲ့ သူတွေရဲ့ ဖေ့စ်ဘုတ်ပေါ် ရေးသားချက်တွေ အတွက် ဘယ် ဝင်ရောက်ယှဉ်ပြိုင်သူ ဒါမှမဟုတ် ဘယ်မဲဆွယ်အဖွဲ့က ကြေညာတာ ဖြစ်ကြောင်း ထင်ရှားအောင် တံဆိပ်ကပ်ဖို့ လုပ်မှာ ဖြစ်ပြီး ဒီလို လုပ်တာဟာ မဲဆန္ဒရှင်တွေ နစ်နာအောင် လုပ်တာတွေကို ဖယ်ရှားဖို့ လုပ်ဆောင်မှုု ပိုမို ကျယ်ပြန့် အားကောင်းလာစေမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အခုလို ဖေ့စ်ဘုတ်မှာ လုပ်ဆောင်မယ့် ပြောင်းလဲမှုတွေ နဲ့ပတ်သက်ပြီး ဖေ့စ်ဘုတ်ကုမ္ပဏီ အကြီးအကဲ Mark Zuckerberg က ကြေညာခဲ့တာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အမေရိကန် ရွေးကောက်ပွဲအတွက် စာတိုက်ကနေ မဲပေးမှုတွေ ရုတ်ချည်း တိုးလာတာလို ထူူးခြားတဲ့စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး စိတ်ပူကြောင်းလည်း ပြောပါတယ်။

အမေရိကန် နိုင်ငံမှာ ရင်ကြားစေ့မရနိုင်အောင် ဖြစ်နေပြီး ရွေးကောက်ပွဲ ရလဒ်ကလည်း တရားဝင် ထုတ်ပြန်ဖို့ ရက် အတော်ကြာနိုင်သလို သီတင်းပတ်နဲ့ချီပြီးပါ ကြာမြင့် နိုင်ခြေ ရှိနေတဲ့ အတွက် နိုင်ငံတလွှား မတည်ငြိမ်မှုတွေ တိုးလာမယ့် အန္တရာယ် ရှိနေတယ်လို့လည်း Zuckerberg ကပြောပါတယ်။

ဖေ့စ်ဘုတ်မှာ လက်ရှိ ကြော်ငြာ နေတဲ့ နိုင်ငံရေး ကြော်ငြာတွေ အတွက် ဖေ့စ်ဘုတ်က ဆက်လက် သုံးခွင့် ပေးမှာ ဖြစ်ပေမယ့် ကြော်ငြာ ထဲက စာသား ဒါမှမဟုတ် ဒီဇိုင်း ကို ပြန်ပြင်ဖို့ လုပ်ရင်တော့ ပိတ်ပစ်မှာ ဖြစ်ကြောင်းလည်း ဖေ့စ်ဘုတ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


............

(Unicode)







XS
SM
MD
LG