သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ကုိဗစ္တုိက္ဖ်က္ေရး က်န္းမာေရးဌာနရဲ႕ ျပင္ဆင္ ေဆာင္ရြက္ေနမႈ 


ေမလ ၁၆ ရက္ေန႔တုန္းက ကြာရန္တင္း စင္တာမွ က်န္းမာေရး ၀န္ထမ္းမ်ားကို ေတြ႔ရစဥ္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကိုဗစ္ပိုးေတြ႔သူသစ္ တစ္ရက္အတြင္း ေထာင္ဂဏန္းအဆင့္စတက္လာၿပီး၊ ေသဆံုးသူေပါင္းကလည္း ရာဂဏန္းအဆင့္စေက်ာ္လာကာ၊ ေဆးရံုေတြမႏိုင္မနင္းျဖစ္မွာအတြက္ ဘယ္လိုျပင္ဆင္ထားတာကို၊ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရကို ကိုဝင္းမင္းက ေမးရာမွာ၊ ေဒါက္တာသန္းႏုိင္စိုးက အခုလိုစရွင္းျပပါတယ္။

ေဒါက္တာသန္းႏုိင္စိုး။ ။ ဒီအေျခအေနကေတာ့ ေမွ်ာ္လင့္ထားတဲ့အေျခအေနေပါ့ေနာ္။ ဒါေပမယ့္ ဒီေလာက္ႀကီး ျမန္ျမန္ဆန္ဆန္ ျဖစ္လာတဲ့ဟာကိုေတာ့ က်ေနာ္တို႔လည္း နည္းနည္းေတာ့ အလွ်င္မီေအာင္ႀကိဳးစားရတာေပါ့။ ဒီအေျခအေနက တက္လာတာနဲ႔အမွ် ေဆးရံုတက္တဲ့လူနာမ်ားမယ္၊ Contact ေတြမ်ားမယ္။ အဲဒီေတာ့ ေဆးရံုတက္တဲ့လူနာမ်ားလာရင္ ေဆးရံုကုတင္လိုအပ္ခ်က္မ်ားမယ္။ Health Workers (က်န္းမာေရးလုပ္သား) ေတြအေပၚမွာ Burden (ဝန္ထုတ္ဝန္ပိုး) ပိမယ္။ တဖက္ကလည္း Contact (လူနာနဲ႔ထိေတြ႔သူ) ေတြမ်ားလာတာနဲ႔အမွ်၊ ကြာရန္တင္း (သြားလာကန္႔စခန္း) ၀င္ရတဲ့သူေတြ ကြာရန္တင္းစင္တာမွာ ပိမယ္ေပါ့ေနာ္။ အခုအခ်ိန္မွာေတာ့ မေလွ်ာ့ေသာဇြဲနဲ႔၊ Containment (အတြင္းမွာလူနာထိန္းထားေရး) မဟာဗ်ဴဟာကိုပဲ ဆက္လက္ၿပီးေတာ့ ေဆာင္ရြက္မွာျဖစ္ပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ဆရာေရ ။ အဲဒီေတာ့ လက္ရွိအေနအထားမွာ ဆရာခုနက ေျပာသလိုပဲ၊ လူနာေတြက မ်ားလာ၊ ျမန္လာတယ္ေပါ့ေနာ္။ ဆရာတို႔အခု ေနရာသစ္ေတြေတာ့ရွာတာေပါ့ ဆရာရယ္။ အဓိကေတာ့ ဒီ ထိန္းခ်ဳပ္ထားႏိုင္ဖို႔ Containment ဆက္လုပ္ႏိုင္မယ့္ အေနအထားက လက္ေတြ႔မွာ လြယ္ပါ့မလား။

ေဒါက္တာသန္းႏုိင္စိုး။ ။ လြယ္ေတာ့မလြယ္ဘူးေပါ့ဆရာရယ္၊ ခက္ခဲတယ္ေပါ့ေနာ္။ ဒါေပမယ့္ တဘက္က ဒီ Containment (အတြင္းမွာလူနာထိန္းထားေရး) ဆိုတာက အေရွ႕မွာလည္း အမ်ားႀကီး က်ေနာ္တို႔ ႀကိဳးပမ္းခဲ့ၿပီးၿပီ။ လူနာ ကုတင္ေပါင္း ၅၀၀၀ ေက်ာ္အထိ ထားႏိုင္ေအာင္။ တဖက္က ကြာရန္တင္း (သြားလာကန္႔စခန္း) နဲ႔ ပတ္သတ္တာကိုလည္း ေသာင္းဂဏန္းအထိ ထားႏိုင္ေအာင္ ႀကိဳးစားခဲ့ၿပီးၿပီ။ က်ေနာ္တို႔မွာ က်န္တဲ့အင္အားေလးေတာ့ ရွိေသးတယ္ေပါေ့နာ္။ ဒီလို အေနအထားမ်ိဳးမွာ Mitigation (လူနာကိုမထိန္းထားေတာ့ပဲ၊ ေရာဂါျပင္းထန္ႏိုင္တာေလ်ာ့ခ်ႏိုင္ေရး) ကိုေျပာင္းလိုက္ရင္ အကုန္ ေလ်ာ့ရေတာ့မွာေပါ့ေနာ္။ ေလ်ာ့လိုက္ရင္ လူနာေတြအကုန္လံုး ေဆးရံုတငတာေရာ Positive (ပိုးေတြ႔ထားသူ) ေတြ အိမ္မွာပဲျပန္ေန၊ ဒါ အိမ္မွာေနရင္ Community Transmission (အရပ္ထဲအခ်င္းခ်င္းကူးစက္တာ) ျဖစ္လာမယ္။ တဖက္ကလည္း NCD Prevalence (ကူးစက္မဟုတ္တဲ့ နာတာရွည္ေရာဂါျဖစ္ပြားမူ) ကလည္းရွိတယ္၊ သက္ႀကီးရြယ္အိုေတြလည္းရွိတယ္။ ကၽြန္ေတာ္တို႔ရဲ့ ေနထိုင္မႈစနစ္ကလည္း ရွိေသးတယ္ေပါ့ေနာ္။ အဲဒါ အကုန္လံုးက Fail (က်ဆံုးသြားတာ) ျဖစ္သြားမယ္ေပါ့ေနာ္။ က်ေနာ္တို႔ အိမ္နီးနားခ်င္းႏိုင္ငံေတြကို ျပန္ၾကည့္လိုက္ရင္လည္း စကၤာပူ၊ ထိုင္း၊ ဂ်ပန္၊ ကိုရီးယားတို႔ေပါေ့နာ္၊ သူတို႔ဆီမွာလည္း Containment Strategy (မတြင္းမွလူနာထိန္းထားေရး မဟာဗ်ဴဟာ) ကိုပဲ က်င့္သံုးတဲ့အခါ အထုိုက္အေလ်ာက္ေအာင္ျမင္တယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဆိုလိုတာကေတာ့ ဒီ Containment ေပါ့ေနာ္ လူနာေတြကို ထိန္းခ်ဳပ္ထားတဲ့ အစီအစဥ္က၊ လႊတ္ေပးလိုက္ရင္ ဒီ Mitigation (ေရာဂါျပင္းထန္တာသက္သာေအာင္) အပိုင္းပဲ လုပ္မယ္ဆိုရင္ ပိုဆိုး လာႏိုင္တဲ့၊ ကူးစက္ႏိုင္တဲ့အေနအထား မ်ားလာမွာကို၊ ဆရာစိုးရိမ္တယ္လို႔ ဆိုတာေပါ့ေနာ္ ဆရာ။

ေဒါက္တာသန္းႏုိင္စိုး။ ။ ဟုတ္ပါတယ္ခင္ဗ်။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဆရာ၊ အဲဒီေတာ့ ဒီအေနအထားမွာ တဘက္ကလည္း ေနရာေတြ ေဆးရံုေဆးခန္းေတြ အမ်ားႀကီးရွာႏိုင္ေသာ္လည္း၊ ေဆးရံု၀န္ထမ္းအေနအထား ၀န္ထုတ္၀န္ပိုးျဖစ္လာႏိုင္တဲ့အေနအထားမွာ၊ လက္ရွိ ဒီလူနာအားလံုးကို ေဆးရံုတင္တာေပါ့ေနာ္ ေရာဂါအခံ သိပ္မရွိတဲ့ သူေရာ၊ ေရာဂါလကၡဏာမျပသူေရာ၊ ေရာဂါလကၡဏာမျပင္းထန္သူကိုပါ ဒီေဆးရံုတင္ထားတဲ့အေနအထားေတြေရာ အေျပာင္းအလဲလုပ္ဖို႔ ရွိလား။

ေဒါက္တာသန္းႏုိင္စိုး။ ။ ရွိပါတယ္ဆရာ ။ တစ္ပိုင္းကေတာ့ ေပၚလစီေတာ့ မထြက္ေသးဘူးေပါ့ေနာ္။ အိမ္မွာ အခန္း သီးသန္႔နဲ႔ ေနႏိုင္တယ္။ အိမ္မွာ အသက္အရြက္ႀကီးတဲ့သူေတြနဲ႔ NCD (ကူးစက္မဟုတ္တဲ့နာတာရွည္) ေရာပါေပါ့ေနာ္၊ ေသြးတိုး၊ ႏွလံုး၊ ဆီးခ်ိဳတို႔လို ေရာဂါသည္ေတြလည္းမရွိဘူးေပါ့ေနာ္။ သူကိုယ္တိုင္ကလည္း စည္းကမ္းေတြကို အျပည့္အ၀ လိုက္နာႏုိင္တယ္၊ ဒီ Mask (ပါးစပ္နဲ႔ႏွာေခါင္းစည္း) ကုိအျမဲတပ္ထားတာမ်ိဳးေပါ့ေနာ္။ ဒါမ်ိဳးေတြ လုိက္နာႏိုင္တဲ့လူေတြကိုေတာ့ Home Quarantine (အိမ္ထဲမွာပဲ သီးျခားခြဲေန) ေပါ့ဆရာရယ္၊ ဒါမ်ိဳးကေတာ့ Case by Case (လူနာတစ္ဦခ်င္းစီအေပၚမူတည္ၿပီး) စဥး္စားၿပီးေပးတာမ်ိဳးေတြကို က်ေနာ္တို႔ ေဆြးေႏြးတဲ့အထဲမွာ ပါပါတယ္။ ေနာက္တစ္ခုက ဒီအနံ႔ေပ်ာက္တဲ့လူေပါ့ေနာ္၊ အဲဒီ Anosmia Patient ေတြေတာ္ေတာ္မ်ားမ်ားကလည္း Positive (ပိုးေတြ႔တာ) ျဖစ္တာမ်ားတယ္။ ၿပီးတဲ့အခါက်ရင္လည္း ဒီ Positive (ပိုးေတြ႔တာ) ျဖစ္တဲ့အထဲမွာ ထပ္ၿပီးေတာ့ Asymptomatic Positive (လကၡဏာမျပတဲ့ ပိုးေတြ႔သူ) ေပါ့ေနာ္ ။ ၿပီးေတာ့ Mild Symptom (ေရာဂါလကၡဏာ ေပ်ာ့တာ/ မျပင္းထန္တာ) လည္းရွိတယ္။ ဒီလိုလူေတြက တကယ့္ကို Resource Intensive (ေဆးရံုပစၥည္း၊ ဆရာဝန္အျပည့္နဲ႔) ေပါ့ေနာ္၊ တကယ့္ကို Medical Care (ေဆးဝါးဆိုင္ရာကုသေစာင့္ေရွာက္တာ) ကို၊ Intensively (ၾကပ္ၾကပ္မတ္မတ္) ေပးဖို႔မလိုေပမယ့္၊ သူတို႔ရဲ႕ေရာဂါအေနအထားအရ Positive (ပိုးေတြ႔တာ) ျဖစ္ၿပီဆိုရင္၊ ၁၁ ရက္ေနာက္ပိုင္းက မကူးစက္ဖို႔က မ်ားတယ္ေလ။ အဲဒီကာလေလးအတြင္းမွာ သူတို႔ကို ေနရာတစ္ခုထားေပးမယ္။ ဒီေန႔ေတာင္ နည္းနည္းစၿပီးေတာ့ အခုလို ထားမယ္ေပါ့ေနာ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဆရာ အခုဒီ အနံ႔ေပ်ာက္တဲ့ လကၡဏာနဲ႔လာတဲ့ လူနာတခ်ိဳ႕ကို တခ်ိဳ႕ ေစတနာ့၀န္ထမ္း ၊ ဖ်ားနာေဆးခန္းေတြမွာ ဒီေဆးရံုေတြမွာ ေနရာမရွိတဲ့အတြက္ ျပန္လႊတ္ေနရတယ္လို႔လည္း ၾကားေနပါတယ္။

ေဒါက္တာသန္းႏုိင္စိုး။ ။ မွန္ပါတယ္ခင္ဗ် အနံ႔ ေပ်ာက္ၿပီးေတာ့ ျပန္လႊတ္ရတဲ့ ကိစၥေတြ က်ေနာ္တို႔ ၾကားပါတယ္။ အဲဒီေတာ့ ဒီလူနာေတြထဲမွာ ျပန္ၿပီးေတာ့ Follow-up (ဆက္ေစာင့္ၾကည္ေပးတာ) လိုက္ဖို႔ ခက္ခဲသြားတာေတြလည္း ရွိတာေပါ့။ တတ္ႏိုင္သမွ်ေတာ့ အခုေနာက္ပိုင္းမွာေတာ့ ျပန္မလႊတ္ဖို႔နဲ႔၊ Containment (အတြင္းမွာထိန္း) ထားႏိုင္ဖို႔ ေဆာင္ရြက္လွ်က္ရွိပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ဆရာေရ၊ ေနာက္တစ္ခုက လက္ရွိ ပုဂၢလိက ေဆးရံုေတြနဲ႔ ေဆြးေႏြးေနတဲ့ အေနအထားေရာ။

ေဒါက္တာသန္းႏုိင္စိုး။ ။ တခ်ိဳ႕ေဆးရံုေတြကေျပာတယ္၊ တျခားလူနာေတြရွိတယ္ေပါ့ေနာ္။ ဒီ COVID နဲ႔တြဲထားဖို႔ အဆင္မေျပတဲ့ဟာေတြလည္း ေျပာတာရွိတယ္ေပါေ့နာ္။ ဆိုေတာ့ က်ေနာ္တို႔ဘက္ကေတာ့ ညိွႏိႈင္းၿပီးေတာ့၊ ဒီအထဲကေနၿပီးေတာ့ Designated Hospitals (ကိုဗစ္သီးသန္႔ေဆးရံု) ေတြမ်ား ဆြဲထုတ္လို႔ရမလားေပါ့ေနာ္၊ ညိွႏိႈင္းလွ်က္ရွိပါတယ္။”

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ဆရာေရ ပုဂၢလိက ေဆးခန္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မႈႈအေနအထားေရာ။

ေဒါက္တာသန္းႏုိင္စိုး။ ။ ဒါကိုအထူးဦးစားေပးၿပီးေဆာင္ရြက္လွ်က္ရွိပါတယ္။ က်ေနာ္တို႔ ပုဂၢလိက ေဆးခန္းေတြဘက္က၊ အဓိက အခက္အခဲကေတာ့ Q (သြားလာကန္႔စခန္း) ၀င္ရမယ့္ ကာလကို စိုးရိမ္တာေတြလည္းရွိပါတယ္။ က်ေနာ္တို႔ ဒီဘက္က အပိုင္းအျခားအတိုေလးတစ္ခု Q (သြားလာကန္႔စခန္း) ၀င္ေပးၿပီးေတာ့ စစ္ေဆးလို႔၊ Clear (ပိုးမေတြ႔တာ) ျဖစ္တာနဲ႔ ျပန္ၿပီးေတာ့၊ PPE (တကိုယ္ရည္အကာအကြယ္ဝတ္စံု) ၀တ္ၿပီးေတာ့၊ ေဆးခန္းထိုင္ႏိုင္ဖို႔ကိစၥေတြေပါ့ေနာ္၊ အေသးစိတ္ ညိွႏိႈင္းေဆြးေႏြးလ်က္ရွိပါတယ္။ မၾကာခင္လည္း ဒါေတြ ျမင္ရမွာျဖစ္ပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ဆရာေရ ေနာက္ဆံုး အဆိုးဆံုးအေနအထားမွာ လူနာေတြကို လက္ခံႏိုင္ဖို႔အတြက္၊ ရွိထားၿပီးသား တပ္မေတာ္ေဆးရံေတြကို သံုးလာႏိုင္ဖို႔အေနအထားေရာ။

ေဒါက္တာသန္းႏုိင္စိုး။ ။ လက္ရွိအေနအထားကိုေတာ့၊ က်ေနာ္တို႔ Option (ျဖစ္ႏိုင္ေခ်) ေပါင္းစံုနဲ႔ စဥ္းစားလွ်က္ရွိပါတယ္။ တခ်ိဳ႕ဟာေတြကေတာ့ Policy (မူဝါဒနဲ႔ပတ္သက္တဲ့) ကိစၥေတြျဖစ္တဲ့အတြက္၊ က်ေနာ့္အေနနဲ႔ ေျဖၾကားဖို႔ ခက္ပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြန်မာ့ကိုဗစ်တိုက်ဖျက်ရေး ကျန်းမာရေးဌာနရဲ့ ပြင်ဆင် ဆောင်ရွက်နေမှု

(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူသစ် တစ်ရက်အတွင်း ထောင်ဂဏန်းအဆင့်စတက်လာပြီး၊ သေဆုံးသူပေါင်းကလည်း ရာဂဏန်းအဆင့်စကျော်လာကာ၊ ဆေးရုံတွေမနိုင်မနင်းဖြစ်မှာအတွက် ဘယ်လိုပြင်ဆင်ထားတာကို၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရကို ကိုဝင်းမင်းက မေးရာမှာ၊ ဒေါက်တာသန်းနိုင်စိုးက အခုလိုစရှင်းပြပါတယ်။

ဒေါက်တာသန်းနိုင်စိုး။ ။ ဒီအခြေအနေကတော့ မျှော်လင့်ထားတဲ့အခြေအနေပေါ့နော်။ ဒါပေမယ့် ဒီလောက်ကြီး မြန်မြန်ဆန်ဆန် ဖြစ်လာတဲ့ဟာကိုတော့ ကျနော်တို့လည်း နည်းနည်းတော့ အလျှင်မီအောင်ကြိုးစားရတာပေါ့။ ဒီအခြေအနေက တက်လာတာနဲ့အမျှ ဆေးရုံတက်တဲ့လူနာများမယ်၊ Contact တွေများမယ်။ အဲဒီတော့ ဆေးရုံတက်တဲ့လူနာများလာရင် ဆေးရုံကုတင်လိုအပ်ချက်များမယ်။ Health Workers (ကျန်းမာရေးလုပ်သား) တွေအပေါ်မှာ Burden (ဝန်ထုတ်ဝန်ပိုး) ပိမယ်။ တဖက်ကလည်း Contact (လူနာနဲ့ထိတွေ့သူ) တွေများလာတာနဲ့အမျှ၊ ကွာရန်တင်း (သွားလာကန့်စခန်း) ဝင်ရတဲ့သူတွေ ကွာရန်တင်းစင်တာမှာ ပိမယ်ပေါ့နော်။ အခုအချိန်မှာတော့ မလျှော့သောဇွဲနဲ့၊ Containment (အတွင်းမှာလူနာထိန်းထားရေး) မဟာဗျူဟာကိုပဲ ဆက်လက်ပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ ။ အဲဒီတော့ လက်ရှိအနေအထားမှာ ဆရာခုနက ပြောသလိုပဲ၊ လူနာတွေက များလာ၊ မြန်လာတယ်ပေါ့နော်။ ဆရာတို့အခု နေရာသစ်တွေတော့ရှာတာပေါ့ ဆရာရယ်။ အဓိကတော့ ဒီ ထိန်းချုပ်ထားနိုင်ဖို့ Containment ဆက်လုပ်နိုင်မယ့် အနေအထားက လက်တွေ့မှာ လွယ်ပါ့မလား။

ဒေါက်တာသန်းနိုင်စိုး။ ။ လွယ်တော့မလွယ်ဘူးပေါ့ဆရာရယ်၊ ခက်ခဲတယ်ပေါ့နော်။ ဒါပေမယ့် တဘက်က ဒီ Containment (အတွင်းမှာလူနာထိန်းထားရေး) ဆိုတာက အရှေ့မှာလည်း အများကြီး ကျနော်တို့ ကြိုးပမ်းခဲ့ပြီးပြီ။ လူနာ ကုတင်ပေါင်း ၅၀၀၀ ကျော်အထိ ထားနိုင်အောင်။ တဖက်က ကွာရန်တင်း (သွားလာကန့်စခန်း) နဲ့ ပတ်သတ်တာကိုလည်း သောင်းဂဏန်းအထိ ထားနိုင်အောင် ကြိုးစားခဲ့ပြီးပြီ။ ကျနော်တို့မှာ ကျန်တဲ့အင်အားလေးတော့ ရှိသေးတယ်ပေါေ့နာ်။ ဒီလို အနေအထားမျိုးမှာ Mitigation (လူနာကိုမထိန်းထားတော့ပဲ၊ ရောဂါပြင်းထန်နိုင်တာလျော့ချနိုင်ရေး) ကိုပြောင်းလိုက်ရင် အကုန် လျော့ရတော့မှာပေါ့နော်။ လျော့လိုက်ရင် လူနာတွေအကုန်လုံး ဆေးရုံတငတာရော Positive (ပိုးတွေ့ထားသူ) တွေ အိမ်မှာပဲပြန်နေ၊ ဒါ အိမ်မှာနေရင် Community Transmission (အရပ်ထဲအချင်းချင်းကူးစက်တာ) ဖြစ်လာမယ်။ တဖက်ကလည်း NCD Prevalence (ကူးစက်မဟုတ်တဲ့ နာတာရှည်ရောဂါဖြစ်ပွားမူ) ကလည်းရှိတယ်၊ သက်ကြီးရွယ်အိုတွေလည်းရှိတယ်။ ကျွန်တော်တို့ရဲ့ နေထိုင်မှုစနစ်ကလည်း ရှိသေးတယ်ပေါ့နော်။ အဲဒါ အကုန်လုံးက Fail (ကျဆုံးသွားတာ) ဖြစ်သွားမယ်ပေါ့နော်။ ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံတွေကို ပြန်ကြည့်လိုက်ရင်လည်း စင်္ကာပူ၊ ထိုင်း၊ ဂျပန်၊ ကိုရီးယားတို့ပေါေ့နာ်၊ သူတို့ဆီမှာလည်း Containment Strategy (မတွင်းမှလူနာထိန်းထားရေး မဟာဗျူဟာ) ကိုပဲ ကျင့်သုံးတဲ့အခါ အထိုက်အလျောက်အောင်မြင်တယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆိုလိုတာကတော့ ဒီ Containment ပေါ့နော် လူနာတွေကို ထိန်းချုပ်ထားတဲ့ အစီအစဉ်က၊ လွှတ်ပေးလိုက်ရင် ဒီ Mitigation (ရောဂါပြင်းထန်တာသက်သာအောင်) အပိုင်းပဲ လုပ်မယ်ဆိုရင် ပိုဆိုး လာနိုင်တဲ့၊ ကူးစက်နိုင်တဲ့အနေအထား များလာမှာကို၊ ဆရာစိုးရိမ်တယ်လို့ ဆိုတာပေါ့နော် ဆရာ။

ဒေါက်တာသန်းနိုင်စိုး။ ။ ဟုတ်ပါတယ်ခင်ဗျ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာ၊ အဲဒီတော့ ဒီအနေအထားမှာ တဘက်ကလည်း နေရာတွေ ဆေးရုံဆေးခန်းတွေ အများကြီးရှာနိုင်သော်လည်း၊ ဆေးရုံဝန်ထမ်းအနေအထား ဝန်ထုတ်ဝန်ပိုးဖြစ်လာနိုင်တဲ့အနေအထားမှာ၊ လက်ရှိ ဒီလူနာအားလုံးကို ဆေးရုံတင်တာပေါ့နော် ရောဂါအခံ သိပ်မရှိတဲ့ သူရော၊ ရောဂါလက္ခဏာမပြသူရော၊ ရောဂါလက္ခဏာမပြင်းထန်သူကိုပါ ဒီဆေးရုံတင်ထားတဲ့အနေအထားတွေရော အပြောင်းအလဲလုပ်ဖို့ ရှိလား။

ဒေါက်တာသန်းနိုင်စိုး။ ။ ရှိပါတယ်ဆရာ ။ တစ်ပိုင်းကတော့ ပေါ်လစီတော့ မထွက်သေးဘူးပေါ့နော်။ အိမ်မှာ အခန်း သီးသန့်နဲ့ နေနိုင်တယ်။ အိမ်မှာ အသက်အရွက်ကြီးတဲ့သူတွေနဲ့ NCD (ကူးစက်မဟုတ်တဲ့နာတာရှည်) ရောပါပေါ့နော်၊ သွေးတိုး၊ နှလုံး၊ ဆီးချိုတို့လို ရောဂါသည်တွေလည်းမရှိဘူးပေါ့နော်။ သူကိုယ်တိုင်ကလည်း စည်းကမ်းတွေကို အပြည့်အ၀ လိုက်နာနိုင်တယ်၊ ဒီ Mask (ပါးစပ်နဲ့နှာခေါင်းစည်း) ကိုအမြဲတပ်ထားတာမျိုးပေါ့နော်။ ဒါမျိုးတွေ လိုက်နာနိုင်တဲ့လူတွေကိုတော့ Home Quarantine (အိမ်ထဲမှာပဲ သီးခြားခွဲနေ) ပေါ့ဆရာရယ်၊ ဒါမျိုးကတော့ Case by Case (လူနာတစ်ဦချင်းစီအပေါ်မူတည်ပြီး) စဥ်းစားပြီးပေးတာမျိုးတွေကို ကျနော်တို့ ဆွေးနွေးတဲ့အထဲမှာ ပါပါတယ်။ နောက်တစ်ခုက ဒီအနံ့ပျောက်တဲ့လူပေါ့နော်၊ အဲဒီ Anosmia Patient တွေတော်တော်များများကလည်း Positive (ပိုးတွေ့တာ) ဖြစ်တာများတယ်။ ပြီးတဲ့အခါကျရင်လည်း ဒီ Positive (ပိုးတွေ့တာ) ဖြစ်တဲ့အထဲမှာ ထပ်ပြီးတော့ Asymptomatic Positive (လက္ခဏာမပြတဲ့ ပိုးတွေ့သူ) ပေါ့နော် ။ ပြီးတော့ Mild Symptom (ရောဂါလက္ခဏာ ပျော့တာ/ မပြင်းထန်တာ) လည်းရှိတယ်။ ဒီလိုလူတွေက တကယ့်ကို Resource Intensive (ဆေးရုံပစ္စည်း၊ ဆရာဝန်အပြည့်နဲ့) ပေါ့နော်၊ တကယ့်ကို Medical Care (ဆေးဝါးဆိုင်ရာကုသစောင့်ရှောက်တာ) ကို၊ Intensively (ကြပ်ကြပ်မတ်မတ်) ပေးဖို့မလိုပေမယ့်၊ သူတို့ရဲ့ရောဂါအနေအထားအရ Positive (ပိုးတွေ့တာ) ဖြစ်ပြီဆိုရင်၊ ၁၁ ရက်နောက်ပိုင်းက မကူးစက်ဖို့က များတယ်လေ။ အဲဒီကာလလေးအတွင်းမှာ သူတို့ကို နေရာတစ်ခုထားပေးမယ်။ ဒီနေ့တောင် နည်းနည်းစပြီးတော့ အခုလို ထားမယ်ပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာ အခုဒီ အနံ့ပျောက်တဲ့ လက္ခဏာနဲ့လာတဲ့ လူနာတချို့ကို တချို့ စေတနာ့ဝန်ထမ်း ၊ ဖျားနာဆေးခန်းတွေမှာ ဒီဆေးရုံတွေမှာ နေရာမရှိတဲ့အတွက် ပြန်လွှတ်နေရတယ်လို့လည်း ကြားနေပါတယ်။

ဒေါက်တာသန်းနိုင်စိုး။ ။ မှန်ပါတယ်ခင်ဗျ အနံ့ ပျောက်ပြီးတော့ ပြန်လွှတ်ရတဲ့ ကိစ္စတွေ ကျနော်တို့ ကြားပါတယ်။ အဲဒီတော့ ဒီလူနာတွေထဲမှာ ပြန်ပြီးတော့ Follow-up (ဆက်စောင့်ကြည်ပေးတာ) လိုက်ဖို့ ခက်ခဲသွားတာတွေလည်း ရှိတာပေါ့။ တတ်နိုင်သမျှတော့ အခုနောက်ပိုင်းမှာတော့ ပြန်မလွှတ်ဖို့နဲ့၊ Containment (အတွင်းမှာထိန်း) ထားနိုင်ဖို့ ဆောင်ရွက်လျှက်ရှိပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ၊ နောက်တစ်ခုက လက်ရှိ ပုဂ္ဂလိက ဆေးရုံတွေနဲ့ ဆွေးနွေးနေတဲ့ အနေအထားရော။

ဒေါက်တာသန်းနိုင်စိုး။ ။ တချို့ဆေးရုံတွေကပြောတယ်၊ တခြားလူနာတွေရှိတယ်ပေါ့နော်။ ဒီ COVID နဲ့တွဲထားဖို့ အဆင်မပြေတဲ့ဟာတွေလည်း ပြောတာရှိတယ်ပေါေ့နာ်။ ဆိုတော့ ကျနော်တို့ဘက်ကတော့ ညှိနှိုင်းပြီးတော့၊ ဒီအထဲကနေပြီးတော့ Designated Hospitals (ကိုဗစ်သီးသန့်ဆေးရုံ) တွေများ ဆွဲထုတ်လို့ရမလားပေါ့နော်၊ ညှိနှိုင်းလျှက်ရှိပါတယ်။”

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ ပုဂ္ဂလိက ဆေးခန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုှုအနေအထားရော။

ဒေါက်တာသန်းနိုင်စိုး။ ။ ဒါကိုအထူးဦးစားပေးပြီးဆောင်ရွက်လျှက်ရှိပါတယ်။ ကျနော်တို့ ပုဂ္ဂလိက ဆေးခန်းတွေဘက်က၊ အဓိက အခက်အခဲကတော့ Q (သွားလာကန့်စခန်း) ဝင်ရမယ့် ကာလကို စိုးရိမ်တာတွေလည်းရှိပါတယ်။ ကျနော်တို့ ဒီဘက်က အပိုင်းအခြားအတိုလေးတစ်ခု Q (သွားလာကန့်စခန်း) ဝင်ပေးပြီးတော့ စစ်ဆေးလို့၊ Clear (ပိုးမတွေ့တာ) ဖြစ်တာနဲ့ ပြန်ပြီးတော့၊ PPE (တကိုယ်ရည်အကာအကွယ်ဝတ်စုံ) ဝတ်ပြီးတော့၊ ဆေးခန်းထိုင်နိုင်ဖို့ကိစ္စတွေပေါ့နော်၊ အသေးစိတ် ညှိနှိုင်းဆွေးနွေးလျက်ရှိပါတယ်။ မကြာခင်လည်း ဒါတွေ မြင်ရမှာဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ နောက်ဆုံး အဆိုးဆုံးအနေအထားမှာ လူနာတွေကို လက်ခံနိုင်ဖို့အတွက်၊ ရှိထားပြီးသား တပ်မတော်ဆေးရံတွေကို သုံးလာနိုင်ဖို့အနေအထားရော။

ဒေါက်တာသန်းနိုင်စိုး။ ။ လက်ရှိအနေအထားကိုတော့၊ ကျနော်တို့ Option (ဖြစ်နိုင်ချေ) ပေါင်းစုံနဲ့ စဉ်းစားလျှက်ရှိပါတယ်။ တချို့ဟာတွေကတော့ Policy (မူဝါဒနဲ့ပတ်သက်တဲ့) ကိစ္စတွေဖြစ်တဲ့အတွက်၊ ကျနော့်အနေနဲ့ ဖြေကြားဖို့ ခက်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG