သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံတ၀န္း ကုိဗစ္ကူးစက္သူ စုစုေပါင္း ၈၅၁၅ ဦးနဲ႔ ေသဆုံးသူ ၁၅၅ ဦးရွိလာ 


(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ကုိဗစ္-၁၉ ကူးစက္သူ (၁၇၁) ဦး ထပ္မံ စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက စက္တင္ဘာ ၂၅ ရက္၊ ေသာၾကာေန႔ မနက္ ၈ နာရီမွာ ေၾကညာခ်က္ ထုတ္ျပန္လုိက္တာေၾကာင့္ အခုခ်ိန္ထိ ျမန္မာႏုိင္ငံမွာ ေရာဂါပုိးကူးစက္သူ စုစုေပါင္း (၈,၅၁၅) ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

ဒါ့အျပင္ ေသဆုံးသူ ေနာက္ထပ္ (၅) ဦးလည္း ထပ္တုိးခဲ့ေၾကာင္း အဲဒီ ေၾကညာခ်က္မွာ ေဖာ္ျပထားတာေၾကာင့္ ျမန္မာႏုိင္ငံမွာ အခုခ်ိန္ထိ ကုိဗစ္ေၾကာင့္ ေသဆုံးသူ စုစုေပါင္း (၁၅၅) ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

အခုေနာက္ဆုံး ေသဆုံးသူေတြထဲက (၃) ဦးဟာ ရန္ကုန္အေနာက္ပုိင္း ေဆးရုံႀကီးမွာ ကုသမႈခံယူေနတဲ့ အမ်ဳိးသမီးေတြျဖစ္ၿပီး က်န္ (၂) ဦးကေတာ့ ရန္ကုန္ျပည္သူ႔ေဆးရုံႀကီးမွာ ကုသမႈခံယူေနတဲ့ အမ်ဳိးသားတဦးနဲ႔ အမွတ္ (၂) တပ္မေတာ္ေဆးရုံ ကုတင္ (၅၀၀) ဆန္႔၊ ရန္ကုန္မွာ ကုသမႈခံယူေနသူ အမ်ဳိးသားတဦးတုိ႔ ျဖစ္တယ္လုိ႔ ဆုိပါတယ္။

စက္တင္ဘာလ ၂၄ ရက္၊ ၾကာသပေတးေန႔က ဓါတ္ခြဲနမူနာေပါင္း ၄,၇၂၅ ဦးကုိ စမ္းသပ္ စစ္ေဆးအၿပီးမွာ အခုလူနာအသစ္ (၁၇၁) ဦးကုိ ထပ္မံေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ ၾကာသပေတးေန႔မွာဘဲ ဓါတ္ခြဲအတည္ျပဳလူနာ (၅၁၇) ဦးရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေၾကညာခဲ့တဲ့အတြက္ ၾကာသပေတးေန႔ တရက္အတြင္း အတည္ျပဳလူနာ စုစုေပါင္း (၆၈၈) ရွိခဲ့တာ ျဖစ္ပါတယ္။

ျပည္တြင္း ေရာဂါပုိးကူးစက္သူအေရအတြက္ အရွိန္ျမင့္ ျဖစ္ေပၚေနတာမွာ ေရာဂါ အျဖစ္အမ်ားဆုံး ဗဟိုခ်က္မျဖစ္လာေနတဲ့ ရန္ကုန္ၿမိဳ႕မွာ အသြားအလာ Lockdown ခ်မွတ္ထားသလို တစ္နိုင္ငံလုံး ျပည္တြင္း ေလေၾကာင္း ခရီးစဥ္ေတြလည္းရပ္ဆိုင္းထားခဲ့ပါတယ္။

ႏုိ၀င္ဘာေရြးေကာက္ပြဲ နီးကပ္လာေနခ်ိန္မွာ အခုလုိ ေရာဂါပုိးကူးစက္မႈ အလ်င္အျမန္ ျဖစ္ေပၚေနတာေၾကာင့္ ေရြးေကာက္ပြဲ ရက္ေရြ႕ဆုိင္းေပးဖုိ႔ ေတာင္းဆုိမႈေတြလည္း ထြက္ေပၚေနပါတယ္။

................

နိုင်ငံတဝန်း ကိုဗစ်ကူးစက်သူ စုစုပေါင်း ၈၅၁၅ ဦးနဲ့ သေဆုံးသူ ၁၅၅ ဦးရှိလာ
(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူ (၁၇၁) ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်၊ သောကြာနေ့ မနက် ၈ နာရီမှာ ကြေညာချက် ထုတ်ပြန်လိုက်တာကြောင့် အခုချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်သူ စုစုပေါင်း (၈,၅၁၅) ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် သေဆုံးသူ နောက်ထပ် (၅) ဦးလည်း ထပ်တိုးခဲ့ကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားတာကြောင့် မြန်မာနိုင်ငံမှာ အခုချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း (၁၅၅) ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အခုနောက်ဆုံး သေဆုံးသူတွေထဲက (၃) ဦးဟာ ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ အမျိုးသမီးတွေဖြစ်ပြီး ကျန် (၂) ဦးကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ အမျိုးသားတဦးနဲ့ အမှတ် (၂) တပ်မတော်ဆေးရုံ ကုတင် (၅၀၀) ဆန့်၊ ရန်ကုန်မှာ ကုသမှုခံယူနေသူ အမျိုးသားတဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၄ ရက်၊ ကြာသပတေးနေ့က ဓါတ်ခွဲနမူနာပေါင်း ၄,၇၂၅ ဦးကို စမ်းသပ် စစ်ဆေးအပြီးမှာ အခုလူနာအသစ် (၁၇၁) ဦးကို ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကြာသပတေးနေ့မှာဘဲ ဓါတ်ခွဲအတည်ပြုလူနာ (၅၁၇) ဦးရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာခဲ့တဲ့အတွက် ကြာသပတေးနေ့ တရက်အတွင်း အတည်ပြုလူနာ စုစုပေါင်း (၆၈၈) ရှိခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်း ရောဂါပိုးကူးစက်သူအရေအတွက် အရှိန်မြင့် ဖြစ်ပေါ်နေတာမှာ ရောဂါ အဖြစ်အများဆုံး ဗဟိုချက်မဖြစ်လာနေတဲ့ ရန်ကုန်မြို့မှာ အသွားအလာ Lockdown ချမှတ်ထားသလို တစ်နိုင်ငံလုံး ပြည်တွင်း လေကြောင်း ခရီးစဉ်တွေလည်းရပ်ဆိုင်းထားခဲ့ပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲ နီးကပ်လာနေချိန်မှာ အခုလို ရောဂါပိုးကူးစက်မှု အလျင်အမြန် ဖြစ်ပေါ်နေတာကြောင့် ရွေးကောက်ပွဲ ရက်ရွေ့ဆိုင်းပေးဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG