သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္မွာ ရာနဲ႔ခ်ီတဲ့သံဃာေတြ ကုိဗစ္ကူးစက္ခံရ


မွတ္တမ္းဓါတ္ပံု- ၂၀၂၀ ဧၿပီလက ဆြမ္းခံၾကြလာတဲ့ သံဃာေတာ္မ်ား

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါပိုးေတြ႕သူသစ္ အရွိန္အဟုန္နဲ႔တက္လာခ်ိန္မွာ၊ အထူးသျဖင့္ ရန္ကုန္မွာ သံဃာေတာ္တခ်ိဳ႕ပါ ကူးစက္ခံရၿပီး၊ ဓာတ္ခြဲခန္းစစ္တာတခ်ိဳ႕လဲ အလွ်င္မမီတာနဲ႔၊ အနံ႔မရတဲ့ သံသယလူနာေတြကို ထိန္းႏိုင္ဖို႔ ႐ုန္းကန္ရတာေတြရွိလာေနပါတယ္။

ဒါေတြကို ဘယ္လို ကိုင္တြယ္မလဲဆိုတာကို၊ က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးနဲ႔၊ ရန္ကုန္တိုင္းမွာ က်န္းမာေရးကိုပါတြဲကိုင္ရတဲ့ လူမူေရးဝန္ႀကီး ဦးႏိုင္ငံလင္းတို႔ကို၊ ကိုဝင္းမင္းက ေမးထားပါတယ္။

အခုေနာက္ဆုံး အင္းစိန္၊ ရြာမ သံဃာေတာ္ စာသင္တိုက္မွာ ႐ုတ္တရက္ ရက္ဆက္ ပိုးေတြ႕ခဲ့ပုံကို ေဒါက္တာ သန္းႏိုင္စိုး က အခုလို စရွင္းျပပါတယ္။

“အင္းစိန္၊ ရြာမမွာ ၂၂ ရက္ေန႔မွာ စျဖစ္တယ္ေပါ႔ေနာ္။ အဲဒီေန႔မွာ ၁၂ ဦးေတြ႕တယ္။ ၂၃ ရက္ေန႔မွာ ၆၃ ဦးေတြ႕တယ္။ ၂၄ ရက္ေန႔မွာ ၂၇၉ ဦးေတြ႕တယ္ေေပါ႔နာ္။ အဲဒီေတာ့ အားလုံးေပါင္း ၅၉၃ ဦးစစ္တဲ့အထဲမွာ ၃၅၄ ဦးေတြ႕တယ္ေပါ႔ေနာ္။ အဲဒီထဲမွာ ၂၂၊ ၂၃ မွာထြက္တဲ့ ၇၅ ဦးကေတာ့ တပ္မေတာ္အတြင္းေဆး႐ုံမွာ ကုသတယ္ေပါ႔ေနာ္။ ၂၄ ရက္ေန႔မွာ ထြက္တဲ့ ၂၇၉ ကေတာ့ ေက်ာက္ေတာ္ႀကီး ဓမၼာ႐ုံေပါ႔ေနာ္ မင္းဓမၼေပါ႔ေနာ္ ကေလးေဆး႐ုံေပါ႔ေနာ္။”

ဒီေနရာမွာ အခုလို ဆက္တိုက္ခ်က္ခ်င္း ပိုးေတြ႕ႏႈန္းျမင့္တက္ လာခဲ့တာက ဘာေၾကာင့္ျဖစ္ႏိုင္ပါသလဲလို႔ ေမးရာမွာ ေဒါက္တာ သန္းႏိုင္စိုးက

“ကူးစက္မႈကေတာ့ ဆရာ သူတို႔က စာသင္တိုက္ဆိုေတာ့ေလ ။ ဒီအထဲမွာကေတာ့ တဦးနဲ႔ တဦးနီးကပ္တဲ့ အေနအထားေတြေပါ႔ေနာ္၊ ဒါလည္းရွိႏိုင္တာေေပါ႔နာ္။ ေနာက္ဆုံး (ဆြမ္း) ဘုန္းေပးတဲ့အခ်ိန္က်ေတာ့လည္း စာသင္တိုက္ ဆိုေတာ့ အမ်ားေပါ႔ေနာ္။ Mask (ပါးစပ္နဲ႔ႏွာေခါင္းစည္း) ေတြဘာေတြ မရွိပဲနဲ႔ နီးကပ္တဲ့ အေနအထားေတြလည္း ရွိႏိုင္တာေပါ႔ေနာ္။”

ဒါေၾကာင့္ ဆက္ကူးစက္မႈေတြ မျဖစ္ဖို႔ အရပ္ဘက္ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ တပ္မေတာ္ဘက္ကေတြ ပူးေပါင္းၿပီး မေန႔က ကာကြယ္ထိန္းခ်ဳပ္တာေတြ သြားလုပ္ေဆာင္ခဲ့တယ္လို႔ ေဒါက္တာ သန္းႏိုင္စိုးက ဆက္ေျပာပါတယ္။

ဒါ႔အျပင္ လူမူေရးဝန္ႀကီး ဦးႏိုင္ငံလင္းကလည္း ဒီေန႔မွာ အင္းစိန္ရြာမေက်ာင္းကို သြားၿပီး ကူညီေပးဖို႔ ရွိတယ္လို႔ ဆိုပါတယ္။

“တိုင္းသာသနာေရးမွဴးနဲ႔ ခ႐ိုင္အုပ္ခ်ဳပ္ေရးနဲ႔ က်ေနာ္နဲ႔ေပါ႔ အဓိက ဦးေဆာင္ၿပီးေတာ့ ဆရာေတာ္ႀကီးေတြကို သြားဖူးမယ္။ ဆရာေတာ္ႀကီးေတြ ဘာလိုအပ္လဲ၊ လိုအပ္တဲ့ဟာေတြ က်ေနာ္တို႔ ျဖည့္ဆည္းေပးမယ္။ ၿပီးရင္ ဆရာေတာ္ႀကီးေတြကိုယ္တိုင္က က်န္းမာေရး ၫႊန္ၾကားခ်က္ေတြနဲ႔ အညီ ျဖစ္ႏိုင္ေအာင္ေပါ႔ေနာ္ အဓိကေတာ့ ထပ္ၿပီးေတာ့ မျပန္႔ပြား၊ မကူးစက္ေအာင္ေပ့ါ က်ေနာ္တို႔ေတြ ႀကိဳးစားေပးပါမယ္ခင္ဗ်။”

အခုလိုအခ်ိန္မွာ လူနာေတြ ႐ုတ္တရက္ ဆက္တိုက္ မ်ားလာေနတာမို႔ ဓါတ္ခြဲခန္း ပိုးစစ္ေဆးမႈေတြလည္း အလွ်င္မမီတာေၾကာင့္ ပိုးေတြ႕သူ နည္းသူေတြကို ေခတၱမစစ္ေတာ့ပဲ ပိုးမ်ားစြာ ေတြ႕သူေတြကို အဓိက စစ္မယ္လို႔ ေဒါက္တာ သန္းႏိုင္စိုးက အခုလို ဆက္ရွင္းျပပါတယ္။

“ကြာရန္တင္းစင္တာေတြမွာ က်ေနာ္တို႔ ေတြ႕ရွိႏႈန္းက ၀.၉၉ ေလာက္ပဲ ရွိေတာ့တယ္။ Returnees (ျပန္လာသူေတြ) ဆီမွာေလ။ တဘက္ကလည္း က်ေနာ္တို႔ PUI (သံသယေစာင့္ၾကည့္လူနာ)၊ Contact (လူနာနဲ႔အနီးကပ္ထိေတြ႔သူ) ေတြမွာက်ေတာ့ အရမ္းမ်ားတယ္ေေပါ႔နာ္။ ၄၀ ရာခိုင္ႏႈန္းအထက္ေတာင္ရွိတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ကြာရန္တင္းစင္တာေတြက စစ္တာကို ခဏေလာက္ ၃ ရက္ေလာက္ ခဏနားမယ္၊ ၿပီးတဲ့အခါက်ရင္ PUI၊ Contact ေတြကို ဦးစားေပးၿပီး စစ္မယ္ေပါ႔။ ေလာေလာဆယ္တာ့ အဲလိုေလးနဲ႔ ခဏေလး ကြာရန္တင္းစင္တာမွာ ေတြ႕တဲ့ႏႈန္းက ၁ ရာခိုင္ႏႈန္းေအာက္ပဲရွိေတာ့ သူ့ကို ခဏေလး ထားထားမယ္ေပါ႔ေနာ္။ ကြာရန္တင္းစင္မွာ ၁၄ ရက္ျပည့္ရင္ ပိုးက မကူးစက္ႏိုင္သေလာက္ ျဖစ္သြားတဲ့အေနအထားကို။”

အဲဒီေတာ့ ေနာက္ပိုင္းမွာေရာ အလွ်င္မွီေအာင္ ျမန္ျမန္စစ္ႏိုင္ဖို႔ ဘယ္လိုအစီအစဉ္ရွိပါသလဲလို႔ ေမးရာမွာ ေဒါက္တာ သန္းႏိုင္စိုးက အျမန္စစ္ႏိုင္တာေတြလည္း မွာထားတယ္လို႔ အခုလို ဆိုပါတယ္။

“က်ေနာ္တို႔ ကိုရီးယားကေနၿပီးေတာ့ Rapid Test (အျမန္စစ္တာ)၊ Antigen (ပဋိလံုပစၥည္းစစ္တာ) ေပါ႔ ၊ Antigen Test (ပဋိလံုပစၥည္းစစ္တာ) စုစုေပါင္း ၂ သိန္းေပါ႔။ ဒါကလည္း ကိုရီးယားက လာလွဴတဲ့ဟာေတြလည္းရွိတယ္။ အဲဒီေတာ့ က်ေနာ္တို႔ မၾကာခင္ေရာက္မွာေပါ႔ေနာ္။ က်ေနာ္တို႔ ဒီလကုန္ေလာက္ မွန္းထားတယ္ေပါ႔ေနာ္။”

ဒီေနရာမွာ သံသယလူနာျဖစ္တဲ့ အနံ႔ေပ်ာက္သူတခ်ိဳ႕ အိမ္ျပန္လႊတ္ေနရတဲ့ အေနအထားကို ထိန္းႏိုင္ဖို႔ ဒီအနံ႔ေပ်ာက္ ေစာင့္ၾကည့္ေရးစခန္း ေတြအတြက္ တိုင္းအဆင့္ကေန ၿမိဳ႕အဆင့္အျဖစ္နဲ႔ ျမန္ျမန္ မ်ားမ်ား လုပ္ေနၿပီလို႔ ဦးႏိုင္ငံလင္းက ရွင္းျပပါတယ္။

“တိုင္းအဆင့္ကေနၿပီးေတာ့ စီမံခန္႔ခြဲတဲ့အဆင့္ကေနၿပီးေတာ့ ၿမိဳ႕နယ္အဆင့္ CBFQ (Community-based Facility Quarantine) စခန္းေတြကို၊ အနံ႔ မရတဲ့လူေတြထားဖို႔ Anosmia စင္တာေပါ႔၊ က်ေနာ္တို႔ PUI (သံသယေစာင့္ၾကည့္လူနာ) စင္တာလို႔လည္း ေခၚတာေပါ႔ေနာ္။ အဲဒီစင္တာေတြကို တည္ေထာင္မယ္။ ၿပီးရင္ အနံ႔ မရတဲ့လူေတြထည့္မယ္။ အဲဒီ ၿမိဳနယ္အဆင့္ CBFQ ေတြမွာ Contact (လူနာနဲ႔အနီးကပ္ထိေတြ႔ခဲ့သူ) ေတြထားမယ္။”

တကယ္ေတာ့ ဒီ COVID သံသယ ရွိသူေတြ ရန္ကုန္မွာ ႐ုတ္တရက္မ်ားလာတာေၾကာင့္ အသြားအလာ ကန္႔သတ္စခန္းေတြမွာ အခုလက္ရွိ လူေပါင္း ၁၃,၀၀၀ နီးပါးကို လက္ခံထားရတယ္လို႔ ဦးႏိုင္ငံလင္းက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ရန်ကုန်မှာ ရာနဲ့ချီတဲ့သံဃာတွေ ကိုဗစ်ကူးစက်ခံရ

(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့သူသစ် အရှိန်အဟုန်နဲ့တက်လာချိန်မှာ၊ အထူးသဖြင့် ရန်ကုန်မှာ သံဃာတော်တချို့ပါ ကူးစက်ခံရပြီး၊ ဓာတ်ခွဲခန်းစစ်တာတချို့လဲ အလျှင်မမီတာနဲ့၊ အနံ့မရတဲ့ သံသယလူနာတွေကို ထိန်းနိုင်ဖို့ ရုန်းကန်ရတာတွေရှိလာနေပါတယ်။

ဒါတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကို၊ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးနဲ့၊ ရန်ကုန်တိုင်းမှာ ကျန်းမာရေးကိုပါတွဲကိုင်ရတဲ့ လူမူရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ကို၊ ကိုဝင်းမင်းက မေးထားပါတယ်။

အခုနောက်ဆုံး အင်းစိန်၊ ရွာမ သံဃာတော် စာသင်တိုက်မှာ ရုတ်တရက် ရက်ဆက် ပိုးတွေ့ခဲ့ပုံကို ဒေါက်တာ သန်းနိုင်စိုး က အခုလို စရှင်းပြပါတယ်။

“အင်းစိန်၊ ရွာမမှာ ၂၂ ရက်နေ့မှာ စဖြစ်တယ်ပေါ့နော်။ အဲဒီနေ့မှာ ၁၂ ဦးတွေ့တယ်။ ၂၃ ရက်နေ့မှာ ၆၃ ဦးတွေ့တယ်။ ၂၄ ရက်နေ့မှာ ၂၇၉ ဦးတွေ့တယ်ေပေါ့နာ်။ အဲဒီတော့ အားလုံးပေါင်း ၅၉၃ ဦးစစ်တဲ့အထဲမှာ ၃၅၄ ဦးတွေ့တယ်ပေါ့နော်။ အဲဒီထဲမှာ ၂၂၊ ၂၃ မှာထွက်တဲ့ ၇၅ ဦးကတော့ တပ်မတော်အတွင်းဆေးရုံမှာ ကုသတယ်ပေါ့နော်။ ၂၄ ရက်နေ့မှာ ထွက်တဲ့ ၂၇၉ ကတော့ ကျောက်တော်ကြီး ဓမ္မာရုံပေါ့နော် မင်းဓမ္မပေါ့နော် ကလေးဆေးရုံပေါ့နော်။”

ဒီနေရာမှာ အခုလို ဆက်တိုက်ချက်ချင်း ပိုးတွေ့နှုန်းမြင့်တက် လာခဲ့တာက ဘာကြောင့်ဖြစ်နိုင်ပါသလဲလို့ မေးရာမှာ ဒေါက်တာ သန်းနိုင်စိုးက

“ကူးစက်မှုကတော့ ဆရာ သူတို့က စာသင်တိုက်ဆိုတော့လေ ။ ဒီအထဲမှာကတော့ တဦးနဲ့ တဦးနီးကပ်တဲ့ အနေအထားတွေပေါ့နော်၊ ဒါလည်းရှိနိုင်တာေပေါ့နာ်။ နောက်ဆုံး (ဆွမ်း) ဘုန်းပေးတဲ့အချိန်ကျတော့လည်း စာသင်တိုက် ဆိုတော့ အများပေါ့နော်။ Mask (ပါးစပ်နဲ့နှာခေါင်းစည်း) တွေဘာတွေ မရှိပဲနဲ့ နီးကပ်တဲ့ အနေအထားတွေလည်း ရှိနိုင်တာပေါ့နော်။”

ဒါကြောင့် ဆက်ကူးစက်မှုတွေ မဖြစ်ဖို့ အရပ်ဘက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ တပ်မတော်ဘက်ကတွေ ပူးပေါင်းပြီး မနေ့က ကာကွယ်ထိန်းချုပ်တာတွေ သွားလုပ်ဆောင်ခဲ့တယ်လို့ ဒေါက်တာ သန်းနိုင်စိုးက ဆက်ပြောပါတယ်။

ဒါ့အပြင် လူမူရေးဝန်ကြီး ဦးနိုင်ငံလင်းကလည်း ဒီနေ့မှာ အင်းစိန်ရွာမကျောင်းကို သွားပြီး ကူညီပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

“တိုင်းသာသနာရေးမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးနဲ့ ကျနော်နဲ့ပေါ့ အဓိက ဦးဆောင်ပြီးတော့ ဆရာတော်ကြီးတွေကို သွားဖူးမယ်။ ဆရာတော်ကြီးတွေ ဘာလိုအပ်လဲ၊ လိုအပ်တဲ့ဟာတွေ ကျနော်တို့ ဖြည့်ဆည်းပေးမယ်။ ပြီးရင် ဆရာတော်ကြီးတွေကိုယ်တိုင်က ကျန်းမာရေး ညွှန်ကြားချက်တွေနဲ့ အညီ ဖြစ်နိုင်အောင်ပေါ့နော် အဓိကတော့ ထပ်ပြီးတော့ မပြန့်ပွား၊ မကူးစက်အောင်ပေ့ါ ကျနော်တို့တွေ ကြိုးစားပေးပါမယ်ခင်ဗျ။”

အခုလိုအချိန်မှာ လူနာတွေ ရုတ်တရက် ဆက်တိုက် များလာနေတာမို့ ဓါတ်ခွဲခန်း ပိုးစစ်ဆေးမှုတွေလည်း အလျှင်မမီတာကြောင့် ပိုးတွေ့သူ နည်းသူတွေကို ခေတ္တမစစ်တော့ပဲ ပိုးများစွာ တွေ့သူတွေကို အဓိက စစ်မယ်လို့ ဒေါက်တာ သန်းနိုင်စိုးက အခုလို ဆက်ရှင်းပြပါတယ်။

“ကွာရန်တင်းစင်တာတွေမှာ ကျနော်တို့ တွေ့ရှိနှုန်းက ဝ.၉၉ လောက်ပဲ ရှိတော့တယ်။ Returnees (ပြန်လာသူတွေ) ဆီမှာလေ။ တဘက်ကလည်း ကျနော်တို့ PUI (သံသယစောင့်ကြည့်လူနာ)၊ Contact (လူနာနဲ့အနီးကပ်ထိတွေ့သူ) တွေမှာကျတော့ အရမ်းများတယ်ေပေါ့နာ်။ ၄၀ ရာခိုင်နှုန်းအထက်တောင်ရှိတယ်။ ဒါကြောင့် ကျနော်တို့ ကွာရန်တင်းစင်တာတွေက စစ်တာကို ခဏလောက် ၃ ရက်လောက် ခဏနားမယ်၊ ပြီးတဲ့အခါကျရင် PUI၊ Contact တွေကို ဦးစားပေးပြီး စစ်မယ်ပေါ့။ လောလောဆယ်တာ့ အဲလိုလေးနဲ့ ခဏလေး ကွာရန်တင်းစင်တာမှာ တွေ့တဲ့နှုန်းက ၁ ရာခိုင်နှုန်းအောက်ပဲရှိတော့ သူ့ကို ခဏလေး ထားထားမယ်ပေါ့နော်။ ကွာရန်တင်းစင်မှာ ၁၄ ရက်ပြည့်ရင် ပိုးက မကူးစက်နိုင်သလောက် ဖြစ်သွားတဲ့အနေအထားကို။”

အဲဒီတော့ နောက်ပိုင်းမှာရော အလျှင်မှီအောင် မြန်မြန်စစ်နိုင်ဖို့ ဘယ်လိုအစီအစဉ်ရှိပါသလဲလို့ မေးရာမှာ ဒေါက်တာ သန်းနိုင်စိုးက အမြန်စစ်နိုင်တာတွေလည်း မှာထားတယ်လို့ အခုလို ဆိုပါတယ်။

“ကျနော်တို့ ကိုရီးယားကနေပြီးတော့ Rapid Test (အမြန်စစ်တာ)၊ Antigen (ပဋိလုံပစ္စည်းစစ်တာ) ပေါ့ ၊ Antigen Test (ပဋိလုံပစ္စည်းစစ်တာ) စုစုပေါင်း ၂ သိန်းပေါ့။ ဒါကလည်း ကိုရီးယားက လာလှူတဲ့ဟာတွေလည်းရှိတယ်။ အဲဒီတော့ ကျနော်တို့ မကြာခင်ရောက်မှာပေါ့နော်။ ကျနော်တို့ ဒီလကုန်လောက် မှန်းထားတယ်ပေါ့နော်။”

ဒီနေရာမှာ သံသယလူနာဖြစ်တဲ့ အနံ့ပျောက်သူတချို့ အိမ်ပြန်လွှတ်နေရတဲ့ အနေအထားကို ထိန်းနိုင်ဖို့ ဒီအနံ့ပျောက် စောင့်ကြည့်ရေးစခန်း တွေအတွက် တိုင်းအဆင့်ကနေ မြို့အဆင့်အဖြစ်နဲ့ မြန်မြန် များများ လုပ်နေပြီလို့ ဦးနိုင်ငံလင်းက ရှင်းပြပါတယ်။

“တိုင်းအဆင့်ကနေပြီးတော့ စီမံခန့်ခွဲတဲ့အဆင့်ကနေပြီးတော့ မြို့နယ်အဆင့် CBFQ (Community-based Facility Quarantine) စခန်းတွေကို၊ အနံ့ မရတဲ့လူတွေထားဖို့ Anosmia စင်တာပေါ့၊ ကျနော်တို့ PUI (သံသယစောင့်ကြည့်လူနာ) စင်တာလို့လည်း ခေါ်တာပေါ့နော်။ အဲဒီစင်တာတွေကို တည်ထောင်မယ်။ ပြီးရင် အနံ့ မရတဲ့လူတွေထည့်မယ်။ အဲဒီ မြိုနယ်အဆင့် CBFQ တွေမှာ Contact (လူနာနဲ့အနီးကပ်ထိတွေ့ခဲ့သူ) တွေထားမယ်။”

တကယ်တော့ ဒီ COVID သံသယ ရှိသူတွေ ရန်ကုန်မှာ ရုတ်တရက်များလာတာကြောင့် အသွားအလာ ကန့်သတ်စခန်းတွေမှာ အခုလက်ရှိ လူပေါင်း ၁၃,၀၀၀ နီးပါးကို လက်ခံထားရတယ်လို့ ဦးနိုင်ငံလင်းက ဆိုပါတယ်။

XS
SM
MD
LG