သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ COVID-19 ေၾကာင့္ ေသဆံုးသူ ၂ ဦး၊ ကူးစက္သူ ၅၉၈ ဦးထပ္တိုး


ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္တခုအတြင္းတြင္ အိမ္တိုင္ယာေရာက္ က်န္းမာေရးစစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (ေမ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ ႏွစ္ဦးထပ္တိုးသလုိ ပိုးကူးစက္သူကလည္း ၅၉၈ ဦးထပ္တိုးတယ္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔ညမွာ စစ္ေဆးၿပီးစီးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၃,၃၆၀ ထဲမွာ ေနာက္ထပ္ ပိုးကူးစက္သူေတြ ေတြ႔ခဲ့ရတာပါ။

ဒီကေန႔မနက္ ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေသဆံုးသူ ၅ ဦး၊ ညေန ၅ နာရီ ထုတ္ျပန္ခ်က္မွာ ေသဆံုးသူ ၁၇ ဦးရွိတဲ့အေၾကာင္း ေဖာ္ျပခဲ့တာေၾကာင့္ ဒီကေန႔ထုတ္ျပန္ခ်က္သံုးခုမွာ ေသဆံုးသူေပါင္း ၂၄ ဦး ထပ္တိုးၿပီး စုစုေပါင္းေသဆံုးသူ ၁၇၄ ဦးရွိၿပီျဖစ္ပါတယ္။

ည ၈ နာရီထုတ္ျပန္ခ်က္မွာပါတဲ့ ေသဆံုးသူႏွစ္ဦးမွာ တစ္ဦးက ေဖာင္ႀကီး၊ COVID-19 ကုသေရးဌာနမွာ တက္ေရာက္ခဲ့သူ အသက္ ၈၆ ႏွစ္အရြယ္ အမ်ဳိးသား၊ လူနာအမွတ္ ၃၅၆၇ ျဖစ္ၿပီး စက္တင္ဘာလ ၂၅ ရက္ေန႔၊ ညေန ၃ နာရီ ၂၅ မိနစ္မွာ ကြယ္လြန္ခဲ့တာပါ။

ေနာက္တစ္ဦးက ရန္ကုန္အေနာက္ပိုင္း ေဆး႐ံုႀကီးမွာ တက္ေရာက္ခဲ့သူ အမ်ဳိးသားျဖစ္ၿပီး အသက္အရြယ္ စိစစ္ဆဲ လူနာအမွတ္ ၇,၉၁၂ ျဖစ္ၿပီးေတာ့ စက္တင္ဘာလ ၂၃ ရက္ေန႔ ေန႔လည္ ၁၂ နာရီခြဲမွာ ကြယ္လြန္ခဲ့တာပါ။

အခုဆိုရင္ ျမန္မာႏုိင္ငံမွာ ကိုဗစ္ေရာဂါ ကူးစက္ထားသူ စုစုေပါင္း ၉,၁၁၂ ဦးရွိၿပီျဖစ္ပါတယ္။

ဒီကေန႔မွာ ေဆး႐ံုကဆင္းခြင့္ရသူ ၁၃၆ ဦး ထပ္တိုးတာေၾကာင့္ စုစုေပါင္း ၂,၅၁၇ ေယာက္ ေဆး႐ံုက ဆင္သြားၾကၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၂ ဦး၊ ကူးစက်သူ ၅၉၈ ဦးထပ်တိုး

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ နှစ်ဦးထပ်တိုးသလို ပိုးကူးစက်သူကလည်း ၅၉၈ ဦးထပ်တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ညမှာ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၃,၃၆၀ ထဲမှာ နောက်ထပ် ပိုးကူးစက်သူတွေ တွေ့ခဲ့ရတာပါ။

ဒီကနေ့မနက် ၈ နာရီ ထုတ်ပြန်ချက်မှာ သေဆုံးသူ ၅ ဦး၊ ညနေ ၅ နာရီ ထုတ်ပြန်ချက်မှာ သေဆုံးသူ ၁၇ ဦးရှိတဲ့အကြောင်း ဖော်ပြခဲ့တာကြောင့် ဒီကနေ့ထုတ်ပြန်ချက်သုံးခုမှာ သေဆုံးသူပေါင်း ၂၄ ဦး ထပ်တိုးပြီး စုစုပေါင်းသေဆုံးသူ ၁၇၄ ဦးရှိပြီဖြစ်ပါတယ်။

ည ၈ နာရီထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူနှစ်ဦးမှာ တစ်ဦးက ဖောင်ကြီး၊ COVID-19 ကုသရေးဌာနမှာ တက်ရောက်ခဲ့သူ အသက် ၈၆ နှစ်အရွယ် အမျိုးသား၊ လူနာအမှတ် ၃၅၆၇ ဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်နေ့၊ ညနေ ၃ နာရီ ၂၅ မိနစ်မှာ ကွယ်လွန်ခဲ့တာပါ။

နောက်တစ်ဦးက ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးမှာ တက်ရောက်ခဲ့သူ အမျိုးသားဖြစ်ပြီး အသက်အရွယ် စိစစ်ဆဲ လူနာအမှတ် ၇,၉၁၂ ဖြစ်ပြီးတော့ စက်တင်ဘာလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲမှာ ကွယ်လွန်ခဲ့တာပါ။

အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ထားသူ စုစုပေါင်း ၉,၁၁၂ ဦးရှိပြီဖြစ်ပါတယ်။

ဒီကနေ့မှာ ဆေးရုံကဆင်းခွင့်ရသူ ၁၃၆ ဦး ထပ်တိုးတာကြောင့် စုစုပေါင်း ၂,၅၁၇ ယောက် ဆေးရုံက ဆင်သွားကြပြီဖြစ်ပါတယ်။

XS
SM
MD
LG