သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသနဲ႔ စစ္ကိုင္းတိုင္းအထက္ပိုင္း ကိုဗစ္စစ္ဖို႔ အခက္ၾကံဳ


ခႏၲီးၿမိဳ႕မွာ ေတြ႔ရတဲ့ က်န္းမာေရး၀န္ထမ္း ႏွစ္ဦး။ (ဓာတ္ပံု - Aung San Myint - စက္တင္ဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ကူးစက္မႈေတြေၾကာင့္ အသြားအလာနဲ႔ လမ္းပမ္းဆက္သြယ္မႈေတြ ကန္႔သတ္ထားတာေၾကာင့္ နာဂ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသနဲ႔ စစ္ကိုင္းတုိင္း အထက္ပိုင္းမွာ ကပ္ေရာဂါကူးစက္မႈ ရွိ၊ မရွိ စစ္ေဆးဖုိ႔ အခက္ေတြ႔ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပေပးပါမယ္။

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာရာက ဒီလထဲမွာပဲ ျပည္တြင္း ေလေၾကာင္းလိုင္းေတြ၊ ခရီးသည္တင္ ေရယာဥ္ေတြနဲ႔ ေမာ္ေတာ္ယာဥ္လိုင္းေတြကို ရပ္နားလုိက္တာေၾကာင့္ ခ်င္းတြင္းျမစ္အထက္ပိုင္း စစ္ကိုင္းတုိင္းေဒသဘက္မွာ COVID 19 ေရာဂါပိုးရွိ၊ မရွိ အာေခါင္ တုိ႔ဖတ္ စစ္ေဆးဖို႔အတြက္ အခက္အခဲ ျဖစ္ေနၾကတာပါ။

ေရာဂါပိုးစစ္ေဆးဖုိ႔ဆုိရင္ မႏၱေလးကို အဆင့္ဆင့္ ပို႔ေဆာင္ စစ္ေဆးေနရတဲ့အေျခအေနကို နာဂကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖဲြ႔ ဥကၠ႒ ဦးေကဆုိင္းက VOA ကို အခုလုိ ေျပာပါတယ္။

“က်ေနာ္တုိ႔ Swab ကိုေတာ့ ပို႔ထားတယ္။ မႏၱေလးကို ပို႔စစ္ရတာေလ။ ဟုမၼလင္း ဘက္လမ္းကေန ကားငွားၿပီး သြားတာေပါ့။ ၁၂ ေယာက္။ လဟယ္ၿမိဳ႕ကပဲ၊ လဟယ္ၿမိဳ႕က ေက်ာင္းဆရာ၊ ဆရာမေတြ။ ကားက ဟုမၼလင္းကေန ငွားတယ္။ ဟုမၼလင္းကို စက္ေလွနဲ႔ ပို႔တာေလ။ အခက္အခဲကေတာ့ ဆုိင္ကယ္ငွားရင္လည္း ခက္ပါတယ္။ ကားငွားဖုိ႔ကလည္း မလြယ္ဘူး။ ကားငွားရင္ေတာ့ ေပါင္းၿပီးေတာ့ ငွားတာေပါ့။ ခႏီၱးက လူနဲ႔၊ ဟုမၼလင္းက လူနဲ႔။ ေငြေရးေၾကးေရး ကုန္က်စရိတ္က အခက္အခဲရိွပါတယ္။”

ကေလးၿမိဳ႕နယ္ကေန လဟယ္ၿမိဳ႕ကိုလာေရာက္ တာ၀န္ထမ္းေဆာင္တဲ့ ဆရာမတစ္ဦးကို သံသယရိွတာေၾကာင့္ စမ္းသပ္စစ္ေဆးတာ ျဖစ္ပါတယ္။ လဟယ္ၿမိဳ႕ကို ဆက္သြယ္တဲ့လမ္းဟာ မိုးတြင္းကာလမွာ ကားသြားလာဖို႔ ခက္ခဲၿပီး အမ်ားအားျဖင့္ ဆုိင္ကယ္ကို အသံုးျပဳၾကရတယ္လုိ႔လည္း ေျပာပါတယ္။

စစ္ကိုင္းတိုင္းအထက္ပိုင္း ခႏီၱးၿမိဳ႕က လူမႈကူညီေရးလုပ္ငန္းေတြ ေဆာင္ရြက္ေနတဲ့ ကိုေအာင္ဆန္းျမင့္က ခႏီၱးကေန ကားငွားသြားရင္ တစ္ေခါက္ကို က်ပ္ေငြ ၁၅ သိန္းေလာက္ ကုန္က်ေနေၾကာင္း ေျပာပါတယ္။

“ဒီခႏီၱးကေန မႏၱေလးကို ပို႔ရင္ က်ေနာ္တုိ႔ကားခ ၁၅ သိန္းကုန္တယ္။ အလႈရွင္ေတြ ရွာၿပီး ခႏီၱးကေန မႏၱေလးထိ အေရာက္ ပို႔ရတာဗ်။ ႏိုင္ငံေတာ္ကလည္း လုပ္ေပးထားတာ မရိွဘူး။ ပိုက္ဆံမတတ္ႏိုင္ဘူးဆို၊ အလႈရွင္မရိွဘူးဆို က်ေနာ္တုိ႔က အခက္အခဲရိွတယ္။ ခႏီၱးကေန မႏၱေလးကို သြားဖုိ႔ဆုိရင္ လမ္းၾကမ္းကလည္း ဆိုးတယ္ဗ်။ ဒီမုိးရြာေနတဲ့အခ်ိန္ဆို လမ္းကလည္း မေကာင္းေတာ့ ညေန ၄ နာရီေလာက္ထြက္ရင္ ေနာက္ေန႔ ၁၁ နာရီေလာက္မွ မႏၱေလးကို ေရာက္တာဗ်။ ဒါေတာင္မွ ကားေမာင္းကြ်မ္းတဲ့သူမွ ေရာက္တာ။ ၂၄ ရက္ေန႔က လဟယ္က ပို႔တာနဲ႔ ခႏီၱးက ဥစၥာေပါင္းၿပီးပို႔လုိက္တာပါဗ်။ ဒီေန႔ မသိရရင္ မနက္ဖန္ဆိုရင္ေတာ့ အေျဖသိရမွာပါဗ်။”

ခႏီးၱၿမိဳ႔မွာေတာ့ သံသယလူနာ ၁၂ဦးရိွၿပီး ၿပီးတဲ့အပတ္က ၇ ဦးစစ္ေဆးထားၿပီးျဖစ္ပါတယ္။

ခႏၲီးၿမိဳ႕မွာ ေတြ႔ရတဲ့ က်န္းမာေရး၀န္ထမ္း ႏွစ္ဦး။ (ဓာတ္ပံု - Aung San Myint - စက္တင္ဘာ ၂၃၊ ၂၀၂၀)
ခႏၲီးၿမိဳ႕မွာ ေတြ႔ရတဲ့ က်န္းမာေရး၀န္ထမ္း ႏွစ္ဦး။ (ဓာတ္ပံု - Aung San Myint - စက္တင္ဘာ ၂၃၊ ၂၀၂၀)

နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသက အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းႏိုင္ကေတာ့ ေဒသတြင္း အခက္အခဲေတြ ေျဖရွင္းႏိုင္ဖုိ႔ တုိင္းအစိုးရကို တင္ျပထားေၾကာင္း အခုလုိ ေျပာပါတယ္။

“ၿမိဳ႕နယ္ ကိုဗစ္ေကာ္မတီကေနၿပီးေတာ့မွ ေဒသဦးစီး ကိုဗစ္ေကာ္မတီကို တင္ၿပီးေတာ့မွ တိုင္းအစိုးရကို တင္ၿပီး သူတုိ႔ ေဆာင္ရြက္ေပးေနတာ ရိွပါတယ္။ အဓိကကေတာ့ ေငြေၾကးေပါ့ဗ်ာ။ ေငြေၾကးကေတာ့ ဟိုတစ္ေန႔ကလည္း ေလရီွးမွာ က်ေနာ္တုိ႔ အစည္းအေ၀းလုပ္တယ္။ အေရးၾကီးတာကေတာ့ ေငြေရးေၾကးေရးေပါ့။ ေငြေရးေၾကးေရး လံုေလာက္တယ္ဆုိရင္ေတာ့ ေစာင့္ၾကည့္လူနာကစ၊ ကိုဗစ္ေကာ္မတီေတြ၊ ေစာင့္ၾကည့္တဲ့အဖဲြ႔ေတြ သူတုိ႔ကို လံုလံုေလာက္ေလာက္ ေပးႏိုင္မယ္ဆုိရင္ေတာ့ က်ေနာ္တုိ႔ဆီမွာေတာ့ ဒီေလာက္ အခက္အခဲမရိွဘူးဗ်။ လူဦးေရလည္း နည္းတယ္ဆုိေတာ့ေလ။ ”

ေလာေလာဆယ္မွာေတာ့ စစ္ကိုင္းတုိင္းေဒသၾကီးအတြင္းမွာ ၃၂ ဦးေတြ႔ရိွထားၿပီး ခ်င္းတြင္းျမစ္အထက္ပိုင္းေဒသ ဟုမၼလင္းနဲ႔ ေဖာင္းျပင္မွာ ၁ ေယာက္ စီ ေတြ႔ရိွထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကိုဗစ်စစ်ဖို့ အခက်ကြုံ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေကြောင့် အသွားအလာနဲ့ လမ်းပမ်းဆက်သွယ်မှုတွေ ကန့်သတ်ထားတာကြောင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ကပ်ရောဂါကူးစက်မှု ရှိ၊ မရှိ စစ်ဆေးဖို့ အခက်တွေ့နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာရာက ဒီလထဲမှာပဲ ပြည်တွင်း လေကြောင်းလိုင်းတွေ၊ ခရီးသည်တင် ရေယာဉ်တွေနဲ့ မော်တော်ယာဉ်လိုင်းတွေကို ရပ်နားလိုက်တာကြောင့် ချင်းတွင်းမြစ်အထက်ပိုင်း စစ်ကိုင်းတိုင်းဒေသဘက်မှာ COVID 19 ရောဂါပိုးရှိ၊ မရှိ အာခေါင် တို့ဖတ် စစ်ဆေးဖို့အတွက် အခက်အခဲ ဖြစ်နေကြတာပါ။

ရောဂါပိုးစစ်ဆေးဖို့ဆိုရင် မန္တလေးကို အဆင့်ဆင့် ပို့ဆောင် စစ်ဆေးနေရတဲ့အခြေအနေကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းက VOA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ Swab ကိုတော့ ပို့ထားတယ်။ မန္တလေးကို ပို့စစ်ရတာလေ။ ဟုမ္မလင်း ဘက်လမ်းကနေ ကားငှားပြီး သွားတာပေါ့။ ၁၂ ယောက်။ လဟယ်မြို့ကပဲ၊ လဟယ်မြို့က ကျောင်းဆရာဆရာမတွေ။ ကားက ဟုမ္မလင်းကနေ ငှားတယ်။ ဟုမ္မလင်းကို စက်လှေနဲ့ ပို့တာလေ။ အခက်အခဲကတော့ ဆိုင်ကယ်ငှားရင်လည်း ခက်ပါတယ်။ ကားငှားဖို့ကလည်း မလွယ်ဘူး။ ကားငှားရင်တော့ ပေါင်းပြီးတော့ ငှားတာပေါ့။ ခန္တီးက လူနဲ့၊ ဟုမ္မလင်းက လူနဲ့။ ငွေရေးကြေးရေး ကုန်ကျစရိတ်က အခက်အခဲရှိပါတယ်။”

ကလေးမြို့နယ်ကနေ လဟယ်မြို့ကိုလာရောက် တာဝန်ထမ်းဆောင်တဲ့ ဆရာမတစ်ဦးကို သံသယရှိတာကြောင့် စမ်းသပ်စစ်ဆေးတာ ဖြစ်ပါတယ်။ လဟယ်မြို့ကို ဆက်သွယ်တဲ့လမ်းဟာ မိုးတွင်းကာလမှာ ကားသွားလာဖို့ ခက်ခဲပြီး အများအားဖြင့် ဆိုင်ကယ်ကို အသုံးပြုကြရတယ်လို့လည်း ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့က လူမှုကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကိုအောင်ဆန်းမြင့်က ခန္တီးကနေ ကားငှားသွားရင် တစ်ခေါက်ကို ကျပ်ငွေ ၁၅ သိန်းလောက် ကုန်ကျနေကြောင်း ပြောပါတယ်။

“ဒီခန္တီးကနေ မန္တလေးကို ပို့ရင် ကျနော်တို့ကားခ ၁၅ သိန်းကုန်တယ်။ အလှုရှင်တွေ ရှာပြီး ခန္တီးကနေ မန္တလေးထိ အရောက် ပို့ရတာဗျ။ နိုင်ငံတော်ကလည်း လုပ်ပေးထားတာ မရှိဘူး။ ပိုက်ဆံမတတ်နိုင်ဘူးဆို၊ အလှုရှင်မရှိဘူးဆို ကျနော်တို့က အခက်အခဲရှိတယ်။ ခန္တီးကနေ မန္တလေးကို သွားဖို့ဆိုရင် လမ်းကြမ်းကလည်း ဆိုးတယ်ဗျ။ ဒီမိုးရွာနေတဲ့အချိန်ဆို လမ်းကလည်း မကောင်းတော့ ညနေ ၄ နာရီလောက်ထွက်ရင် နောက်နေ့ ၁၁ နာရီလောက်မှ မန္တလေးကို ရောက်တာဗျ။ ဒါတောင်မှ ကားမောင်းကျွမ်းတဲ့သူမှ ရောက်တာ။ ၂၄ ရက်နေ့က လဟယ်က ပို့တာနဲ့ ခန္တီးက ဥစ္စာပေါင်းပြီးပို့လိုက်တာပါဗျ။ ဒီနေ့ မသိရရင် မနက်ဖန်ဆိုရင်တော့ အဖြေသိရမှာပါဗျ။”

ခနီး္တမြို့မှာတော့ သံသယလူနာ ၁၂ဦးရှိပြီး ပြီးတဲ့အပတ်က ၇ ဦးစစ်ဆေးထားပြီးဖြစ်ပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းနိုင်ကတော့ ဒေသတွင်း အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ တိုင်းအစိုးရကို တင်ပြထားကြောင်း အခုလို ပြောပါတယ်။

“မြို့နယ် ကိုဗစ်ကော်မတီကနေပြီးတော့မှ ဒေသဦးစီး ကိုဗစ်ကော်မတီကို တင်ပြီးတော့မှ တိုင်းအစိုးရကို တင်ပြီး သူတို့ ဆောင်ရွက်ပေးနေတာ ရှိပါတယ်။ အဓိကကတော့ ငွေကြေးပေါ့ဗျာ။ ငွေကြေးကတော့ ဟိုတစ်နေ့ကလည်း လေရှီးမှာ ကျနော်တို့ အစည်းအဝေးလုပ်တယ်။ အရေးကြီးတာကတော့ ငွေရေးကြေးရေး ပေါ့။ ငွေရေးကြေးရေးလုံလောက်တယ်ဆိုရင်တော့ စောင့်ကြည့်လူနာကစ၊ ကိုဗစ်ကော်မတီတွေ၊ စောင့်ကြည့်တဲ့အဖွဲ့တွေ သူတို့ကို လုံလုံလောက်လောက် ပေးနိုင်မယ်ဆိုရင်တော့ ကျနော်တို့ဆီမှာတော့ ဒီလောက် အခက်အခဲမရှိဘူးဗျ။ လူဦးရေလည်း နည်းတယ်ဆိုတော့လေ။ ”

လောလောဆယ်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ၃၂ ဦးတွေ့ရှိထားပြီး ချင်းတွင်းမြစ်အထက်ပိုင်းဒေသ ဟုမ္မလင်းနဲ့ ဖောင်းပြင်မှာ ၁ ယောက် စီ တွေ့ရှိထားတာဖြစ်ပါတယ်။

XS
SM
MD
LG