သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးသူမ်ားလာေနတဲ့ ရန္ကုန္တိုင္းမွာ ေနရာအခက္အခဲျဖစ္လာ


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာေတြ႔ရတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ေရာဂါပိုးေတြ႔လူနာ မ်ားလာတဲ့ ရန္ကုန္တိုင္းမွာ အသြားအလာ ကန႔္သတ္ရမယ့္သူေတြ တိုးလာတာနဲ႔အမွ် သီးသန႔္ထားစရာ ေနရာအခက္အခဲ ရွိလာေနတာေၾကာင့္ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြအတြက္ စိန္ေခၚမႈျဖစ္ေနတဲ့အေၾကာင္းေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

ပိုးေတြ႕လူနာ ၄,၇၀၀ ေက်ာ္အထိ ရွိေနတဲ့ ရန္ကုန္တိုင္းမွာ ကိုဗစ္ေရာဂါလကၡဏာရွိသူေတြလည္း မ်ားလာေနတာေၾကာင့္ သီးျခားထား ဓာတ္ခြဲနမူနာယူဖို႔ အခက္အခဲေတြလည္း တိုးလာေနပါတယ္။ ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္ေတြမွာ ဖြင့္ထားတဲ့ ဖ်ားနာကုအခမဲ့ ေဆးခန္းေတြဆီ တေန႔ကို လူနာ ၁၀၀ ဝန္းက်င္အထိ ေရာက္လာၾကၿပီး အမ်ားစုက ကိုဗစ္သံသယလူနာေတြျဖစ္တယ္လို႔ ေဆးခန္းတာဝန္ရွိသူကေျပာပါတယ္။ အခုလိုအေျခအေနမွာ ဒီလူနာေတြကို အိမ္မွာသာ သီးသန႔္ေနဖို႔မွာထားၿပီး ျပန္လႊတ္လိုက္ရတာရွိေပမဲ့ တိုင္းက်န္းမာေရးနဲ႔ ပူးေပါင္းၿပီး သံသယလူနာေတြကို သီးျခားထားႏိုင္ဖို႔ စတင္ေဆာင္႐ြက္ေနတဲ့အေၾကာင္း ရန္ကုန္တိုင္းဖ်ားနာကု အခမဲ့ေဆးခန္းတာဝန္ခံ ေဒါက္တာေက်ာ္မင္းထြန္းက VOA ကိုေျပာပါတယ္။

“ဒီေန႔ဆိုရင္ ရန္ကင္း TTC မွာ Isolation Center ပုံစံ ေနရာေလး တခုလုပ္တယ္။ တိုင္းက်န္းမာေရးက လာၾကည့္တယ္။ အဲမွာ ယာယီအေနနဲ႔ ခဏထားမယ္၊ အနံ႔ေပ်ာက္တာတို႔ ဒီသံသယလူနာကို ထားမယ့္ေနရာမ်ိဳးေပါ့ေနာ္။ သီးျခားခြဲထားဖို႔ အဲဒီလူနာကိုျပန္လည္း မလႊတ္ဘူးေပါ့ေနာ္။ ဒါေပမဲ့ Swab ယူမယ့္ကိစၥကေတာ့ အဲဒီလူေတြကို ေလာေလာဆယ္ေတာ့ မယူျဖစ္ဘူး ျဖစ္ေနတယ္။ တကယ္တမ္းကေတာ့ Swab ယူရမွာေပါ့ေလ။ ဒါေပမဲ့ လက္ရွိအေနအထားအရ ေရာဂါျပင္းထန္ရင္ အဲဒီလူနာကိုေဆး႐ုံပို႔မယ္၊ ေဆး႐ုံမွာ လိုအပ္တဲ့ကိစၥ ဆက္လုပ္မယ္။ ေရာဂါမျပင္းထန္ဘူး၊ အနံ႔ေပ်ာက္တာ တခုေလာက္နဲ႔ ဆိုရင္ေတာ့ အဲ့ဒီမွာပဲထားမယ္။ သီးျခားခြဲထားလိုက္တာေပါ့ေနာ္။ ေရာဂါေပ်ာက္တဲ့အထိထားၿပီး ရက္ျပည့္တဲ့ေန႔ ေရာဂါသက္သာတဲ့အခါက်ရင္ အိမ္ျပန္လႊတ္မယ္ေပါ့ေနာ္။ အဲလိုေလးေတာ့ က်ေနာ္တို႔လက္ရွိ အစီအစဥ္ဆြဲထားတယ္ေပါ့ေနာ္။"

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိ ဓာတ္ခြဲအတည္ျပဳလူနာေပါင္း ၈,၅၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူကေတာ့ ၁၇၂ ဦးရွိထားပါတယ္။ ေရာဂါပိုးေပ်ာက္ကင္းလို႔ ေဆး႐ုံဆင္းခြင့္ရသူကေတာ့ ၂,၃၀၀ ေက်ာ္ရွိထားၿပီးျဖစ္ပါတယ္။ အတည္ျပဳလူနာနဲ႔ ထိေတြ႔ခဲ့သူေတြအပါအဝင္ ေရာဂါသံသယေၾကာင့္ ေစာင့္ၾကည့္ခံရမယ့္သူေတြကို သီးသန႔္ထားဖို႔ ေနရာအခက္အခဲ ရွိေနတာေတြကို အျမန္ဆုံးျပင္ဆင္ေဆာင္႐ြက္ေနတယ္လို႔ ေစတနာ့ဝန္ထမ္းတာဝန္ခံ ကိုဒီၿငိမ္းလင္းက ေျပာပါတယ္။

“လက္ရွိအေျခအေနကေတာ့ ျပန္လႊတ္ရတယ္ဆိုတဲ့ PUI လူနာေတြကို သီးသန႔္ Quarantine ထားမယ့္ အစီအစဥ္ေတြ က်ေနာ္တို႔ေဆာင္႐ြက္ေနတယ္ဗ်။ ဒီေန႔ ဒါမွမဟုတ္ရင္ မနက္ျဖန္ေလာက္မွာ စထားလို႔ရေတာ့မယ္ဗ်။ ပိုးေတြ႕လူနာမ်ားမ်ားေတြ႕တာလည္း ေကာင္းတာပဲဗ်။ ဘာလို႔လဲဆိုေတာ့ မ်ားမ်ားစစ္ရင္ မ်ားမ်ားေတြ႕မွာပဲဗ်ာ။ အဓိက သူတို႔ကို က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ ျပည္သူေတြၾကားထဲမွာ မျပန႔္သြားဖို႔က အဓိကက်တာကိုး။ အဲဒါေၾကာင့္မို႔လည္း သူတို႔ကို ထားမယ့္ေနရာေတြကို အစိုးရပိုင္းအေနနဲ႔လည္း အသားကုန္ရွာေဖြတယ္။ ကုသေရးေဆး႐ုံေတြကိုလည္း က်န္းမာေရးဘက္ကေန အျမန္ေဆာက္တာ၊ လူအင္အား အျမန္ျဖည့္ေပးထားတာေတြ လုပ္ေဆာင္ေနတာပါခင္ဗ်။ ဒီစင္တာေတြကလည္း လက္ရွိမွာ အသားကုန္အားျခင္းလုပ္ေနရတဲ့အခါမွာလည္း တခ်ိဳ႕က အိမ္ေလာက္ေတာ့အဆင္ေျပမွာ မဟုတ္ပါဘူး။ အဲဒါေလးေတြပါ နားလည္သည္းခံၿပီးေတာ့ ပူးေပါင္းေဆာင္႐ြက္ေပးဖို႔ပဲ ေမတၱာရပ္ခံခ်င္တာပါ။"

႐ိုးမရိပ္သာ Quarantine Center မွာလည္း မေန႔တုန္းက ရက္ျပည့္လို႔အိမ္ျပန္ခြင့္ရသူ ၁,၂၀၀ နီးပါး အိမ္ျပန္သြားၾကၿပီးျဖစ္လို႔ လက္ရွိမွာ လူ ၈၀၀ ေလာက္ ထပ္ၿပီးထည့္လို႔ရတယ္လို႔ သိရပါတယ္။ ထပ္တိုးခ်ဲ႕ထားတဲ့ Quarantine Center တခုျဖစ္တဲ့ ေအာင္ျမင့္မိုရ္အိမ္ရာမွာလည္း အသြားအလာကန႔္သတ္ခံရသူေတြကို သီးျခားထားဖို႔ အျမန္ဆုံးျပင္ဆင္ေဆာင္႐ြက္ေနၿပီလို႔ ကိုဒီၿငိမ္းလင္းက ေျပာပါတယ္။

ကိုဗစ္သံသယလူနာေတြကို ေရာဂါအတည္ျပဳေပးေနတဲ့ ဓာတ္ခြဲဌာနေတြမွာ စစ္ေဆးေပးႏိုင္တဲ့ပမာဏထက္ ေက်ာ္လြန္ၿပီးေဆာင္႐ြက္ေနရလို႔ ဓာတ္ခြဲခန္းအသစ္တခု ထပ္ၿပီးဖြင့္ႏိုင္ဖို႔ကို လုပ္ေဆာင္ေနတယ္လို႔ က်န္းမာေရးဌာနထုတ္ျပန္ခ်က္အရ သိရပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးကလည္း ျမန္မာႏိုင္ငံမွာ ေတြ႕ရတဲ့ ဓာတ္ခြဲအတည္ျပဳလူနာေတြထဲ အနံ႔မရတဲ့လကၡဏာရွိသူ ရာခိုင္ႏႈန္းကို ဆန္းစစ္ရမယ္လို႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကူးသူများလာနေတဲ့ ရန်ကုန်တိုင်းမှာ နေရာအခက်အခဲဖြစ်လာ

ကိုဗစ်ရောဂါပိုးတွေ့လူနာ များလာတဲ့ ရန်ကုန်တိုင်းမှာ အသွားအလာ ကန့်သတ်ရမယ့်သူတွေ တိုးလာတာနဲ့အမျှ သီးသန့်ထားစရာ နေရာအခက်အခဲ ရှိလာနေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် စိန်ခေါ်မှုဖြစ်နေတဲ့အကြောင်းပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ပိုးတွေ့လူနာ ၄,၇၀၀ ကျော်အထိ ရှိနေတဲ့ ရန်ကုန်တိုင်းမှာ ကိုဗစ်ရောဂါလက္ခဏာရှိသူတွေလည်း များလာနေတာကြောင့် သီးခြားထား ဓာတ်ခွဲနမူနာယူဖို့ အခက်အခဲတွေလည်း တိုးလာနေပါတယ်။ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဖွင့်ထားတဲ့ ဖျားနာကုအခမဲ့ ဆေးခန်းတွေဆီ တနေ့ကို လူနာ ၁၀၀ ဝန်းကျင်အထိ ရောက်လာကြပြီး အများစုက ကိုဗစ်သံသယလူနာတွေဖြစ်တယ်လို့ ဆေးခန်းတာဝန်ရှိသူကပြောပါတယ်။ အခုလိုအခြေအနေမှာ ဒီလူနာတွေကို အိမ်မှာသာ သီးသန့်နေဖို့မှာထားပြီး ပြန်လွှတ်လိုက်ရတာရှိပေမဲ့ တိုင်းကျန်းမာရေးနဲ့ ပူးပေါင်းပြီး သံသယလူနာတွေကို သီးခြားထားနိုင်ဖို့ စတင်ဆောင်ရွက်နေတဲ့အကြောင်း ရန်ကုန်တိုင်းဖျားနာကု အခမဲ့ဆေးခန်းတာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက VOA ကိုပြောပါတယ်။

“ဒီနေ့ဆိုရင် ရန်ကင်း TTC မှာ Isolation Center ပုံစံ နေရာလေး တခုလုပ်တယ်။ တိုင်းကျန်းမာရေးက လာကြည့်တယ်။ အဲမှာ ယာယီအနေနဲ့ ခဏထားမယ်၊ အနံ့ပျောက်တာတို့ ဒီသံသယလူနာကို ထားမယ့်နေရာမျိုးပေါ့နော်။ သီးခြားခွဲထားဖို့ အဲဒီလူနာကိုပြန်လည်း မလွှတ်ဘူးပေါ့နော်။ ဒါပေမဲ့ Swab ယူမယ့်ကိစ္စကတော့ အဲဒီလူတွေကို လောလောဆယ်တော့ မယူဖြစ်ဘူး ဖြစ်နေတယ်။ တကယ်တမ်းကတော့ Swab ယူရမှာပေါ့လေ။ ဒါပေမဲ့ လက်ရှိအနေအထားအရ ရောဂါပြင်းထန်ရင် အဲဒီလူနာကိုဆေးရုံပို့မယ်၊ ဆေးရုံမှာ လိုအပ်တဲ့ကိစ္စ ဆက်လုပ်မယ်။ ရောဂါမပြင်းထန်ဘူး၊ အနံ့ပျောက်တာ တခုလောက်နဲ့ ဆိုရင်တော့ အဲ့ဒီမှာပဲထားမယ်။ သီးခြားခွဲထားလိုက်တာပေါ့နော်။ ရောဂါပျောက်တဲ့အထိထားပြီး ရက်ပြည့်တဲ့နေ့ ရောဂါသက်သာတဲ့အခါကျရင် အိမ်ပြန်လွှတ်မယ်ပေါ့နော်။ အဲလိုလေးတော့ ကျနော်တို့လက်ရှိ အစီအစဉ်ဆွဲထားတယ်ပေါ့နော်။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၈,၅၀၀ ကျော်ရှိနေပြီး သေဆုံးသူကတော့ ၁၇၂ ဦးရှိထားပါတယ်။ ရောဂါပိုးပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရသူကတော့ ၂,၃၀၀ ကျော်ရှိထားပြီးဖြစ်ပါတယ်။ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေအပါအဝင် ရောဂါသံသယကြောင့် စောင့်ကြည့်ခံရမယ့်သူတွေကို သီးသန့်ထားဖို့ နေရာအခက်အခဲ ရှိနေတာတွေကို အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နေတယ်လို့ စေတနာ့ဝန်ထမ်းတာဝန်ခံ ကိုဒီငြိမ်းလင်းက ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ ပြန်လွှတ်ရတယ်ဆိုတဲ့ PUI လူနာတွေကို သီးသန့် Quarantine ထားမယ့် အစီအစဉ်တွေ ကျနော်တို့ဆောင်ရွက်နေတယ်ဗျ။ ဒီနေ့ ဒါမှမဟုတ်ရင် မနက်ဖြန်လောက်မှာ စထားလို့ရတော့မယ်ဗျ။ ပိုးတွေ့လူနာများများတွေ့တာလည်း ကောင်းတာပဲဗျ။ ဘာလို့လဲဆိုတော့ များများစစ်ရင် များများတွေ့မှာပဲဗျာ။ အဓိက သူတို့ကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပြည်သူတွေကြားထဲမှာ မပြန့်သွားဖို့က အဓိကကျတာကိုး။ အဲဒါကြောင့်မို့လည်း သူတို့ကို ထားမယ့်နေရာတွေကို အစိုးရပိုင်းအနေနဲ့လည်း အသားကုန်ရှာဖွေတယ်။ ကုသရေးဆေးရုံတွေကိုလည်း ကျန်းမာရေးဘက်ကနေ အမြန်ဆောက်တာ၊ လူအင်အား အမြန်ဖြည့်ပေးထားတာတွေ လုပ်ဆောင်နေတာပါခင်ဗျ။ ဒီစင်တာတွေကလည်း လက်ရှိမှာ အသားကုန်အားခြင်းလုပ်နေရတဲ့အခါမှာလည်း တချို့က အိမ်လောက်တော့အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲဒါလေးတွေပါ နားလည်သည်းခံပြီးတော့ ပူးပေါင်းဆောင်ရွက်ပေးဖို့ပဲ မေတ္တာရပ်ခံချင်တာပါ။"

ရိုးမရိပ်သာ Quarantine Center မှာလည်း မနေ့တုန်းက ရက်ပြည့်လို့အိမ်ပြန်ခွင့်ရသူ ၁,၂၀၀ နီးပါး အိမ်ပြန်သွားကြပြီးဖြစ်လို့ လက်ရှိမှာ လူ ၈၀၀ လောက် ထပ်ပြီးထည့်လို့ရတယ်လို့ သိရပါတယ်။ ထပ်တိုးချဲ့ထားတဲ့ Quarantine Center တခုဖြစ်တဲ့ အောင်မြင့်မိုရ်အိမ်ရာမှာလည်း အသွားအလာကန့်သတ်ခံရသူတွေကို သီးခြားထားဖို့ အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နေပြီလို့ ကိုဒီငြိမ်းလင်းက ပြောပါတယ်။

ကိုဗစ်သံသယလူနာတွေကို ရောဂါအတည်ပြုပေးနေတဲ့ ဓာတ်ခွဲဌာနတွေမှာ စစ်ဆေးပေးနိုင်တဲ့ပမာဏထက် ကျော်လွန်ပြီးဆောင်ရွက်နေရလို့ ဓာတ်ခွဲခန်းအသစ်တခု ထပ်ပြီးဖွင့်နိုင်ဖို့ကို လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ဓာတ်ခွဲအတည်ပြုလူနာတွေထဲ အနံ့မရတဲ့လက္ခဏာရှိသူ ရာခိုင်နှုန်းကို ဆန်းစစ်ရမယ်လို့ ပြောထားပါတယ်။

XS
SM
MD
LG