သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရှင်တွေပါဝင်တဲ့ ကိုဗစ်ပညာပေးအစီအစဉ် မြန်မာနိုင်ငံမှာ ရှေ့သီတင်းပတ် စမည်


COVID-19 ကူးစက်ပျံ့နှံ့မှု တိုးနေတဲ့ ရန်ကုန်မြို့မှာ အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးပေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၇၊ ၂၀၂၀)
COVID-19 ကူးစက်ပျံ့နှံ့မှု တိုးနေတဲ့ ရန်ကုန်မြို့မှာ အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးပေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းထဲ ကိုဗစ်ကူးစက်မှု တိုးလာတာကြောင့် ပြည်သူတွေ စိုးရိမ်သောက များနေတာကို လျှော့ချဖို့ အစိုးရက နည်းလမ်းပေါင်းစုံရှာကြံ လုပ်ဆောင်နေတယ်လို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားဗဟိုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

ကိုဗစ်ကပ်ရောဂါဆိုင်ရာ သိသင့်တဲ့ အချက်အလက်တွေနဲ့ ဆောင်ရန်/ရှောင်ရန် နည်းလမ်းတွေကို ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေနဲ့ မေးမြန်းနိုင်မယ့် အစီအစဉ်ကို လာမယ့်သီတင်းပတ်ထဲမှာ စတင်မှာဖြစ်ကြောင်း နိုင်ငံတော်က လုပ်ဆောက်ချက်တွေကို ရှင်းပြတဲ့ သောကြာနေ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသွားတာပါ။

“ပြည်သူတွေ အခုအချိန်မှာ စိုးရိမ်ကြောင့်ကြမှုတွေကို ကျဆင်းနိုင်သလောက် ကျနိုင်အောင်လို့၊ အခုဆိုရင် ကျမတို့ကို ကူညီနေတဲ့ အကြံပြုပေးနေတဲ့ သမားတော်ကြီးတွေလည်း ရှိပါတယ်။ အဲဒီသမားတော်ကြီးတွေနဲ့ ကျမတို့ရဲ့ ကျန်းမာရေးဝန်ကြီးအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ နောက်အပတ်ကစပြီး တပတ်ကို သုံးခါ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွေမှာ ကိုဗစ်အကြောင်း သိကောင်းစရာဆိုပြီး အမေးအဖြေ ကဏ္ဍလေးတခု လုပ်ပါမယ်။ အဲဒီမှာဆိုရင် ကိုယ်မေးချင်တဲ့ မေးခွန်းတွေကို ကျန်းမာရေးဝန်ကြီးဌာန Facebook ကို ပို့ပါ။ ပို့ပြီးတော့ အဲဒီကနေ စိစစ်ပြီးတော့ ဒီအဖွဲ့ကနေ ဖြေပေးပါမယ်။”

ဒါ့အပြင် ကိုဗစ်ဖြစ်နေတယ်လို့ သံသယဝင်လာရင် ဆေးမြီးတိုတွေနဲ့ ကိုယ့်ဘာသာ ကုမနေဘဲ သက်ဆိုင်ရာ ဆေးရုံ ဆေးခန်းတွေမှာ အမြန်သွားရောက် စစ်ဆေးကုသမှု ခံယူဖို့လည်း သူက တိုက်တွန်းပါတယ်။ ပြည်သူတွေကြား ကိုဗစ်ပိုးရှိမရှိ အမြန်စစ်ဆေး သိရှိနိုင်မယ့် ဆေးစစ်ကိရိယာတွေကို တောင်ကိုရီးယားနိုင်ငံက ဝယ်ယူထားသလို တောင်ကိုရီးယား အစိုးရကလည်း လှူဒါန်းမယ့်အကြောင်းလည်း ပြောပါတယ်။

ဒီအတောတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ကိုဗစ်ကူးစက်တဲ့ အတည်ပြုလူနာနဲ့ သေဆုံးမှုစာရင်းကို တနေ့တာအတွက် ည ၈ နာရီမှာသာ စုပေါင်းထုတ်ပြန်သွားတော့မယ်လို့ စနေနေ့ မနက်ပိုင်းက ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု ရုတ်တရက် များနေချိန်မှာ ကျန်းမာရေးဌာနက တနေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ် သတင်းခွဲပြီး ထုတ်ပြန်နေတဲ့အပေါ် ပြည်သူတွေရဲ့ ဝေဖန်မှု ရှိလာပြီးနောက် ခုလို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

စနေနေ့ည ၈ နာရီ စာရင်းအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ထားသူပေါင်း ၉၉၉၁ ဦးရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၁၉၈ ဦး ရှိသွားပါပြီ။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)









XS
SM
MD
LG