သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ေၾကာင့္ေသဆံုးသူ ၂၄ ဦး၊ ကူးစက္သူ ၈၈၀ တုိး


COVID-19 ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ရန္ကုန္ၿမိဳ႕မွာ ေဒသခံေတြကို က်န္းမာေရးစစ္ေဆးေနတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ကပ္ေရာဂါ ေနာက္ထပ္ကူးစက္သူ ၈၈၀ နဲ႔ ေသဆုံးသူ ၂၄ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါဟာ ျမန္မာႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ စျဖစ္ခ်ိန္ကတည္းကဆိုရင္ ၂၄ နာရီအတြင္း ေသဆုံးမႈႏႈန္း အမ်ားဆုံးျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ စက္တင္ဘာ ၂၆ ရက္ ည ၈ နာရီ ထုတ္ျပန္ခ်က္။ (ဓာတ္ပုံ - MOHS)
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ စက္တင္ဘာ ၂၆ ရက္ ည ၈ နာရီ ထုတ္ျပန္ခ်က္။ (ဓာတ္ပုံ - MOHS)

ဓာတ္ခဲြနမူနာစုစုေပါင္း ၅,၈၁၆ ခုကို စမ္းသပ္စစ္ေဆးခဲ့တာမွာ အခုလို ဗုိင္းရပ္စ္ကူးစက္သူ ၈၈၀ ကို ထပ္မံေတြ႔ရွိခဲ့တာ ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေျပာထားပါတယ္။ ဒါေၾကာင့္ ဗုိင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၉,၉၉၁ ေယာက္ ရွိသြားၿပီျဖစ္ပါတယ္။

ဒီေန႔ ဗုိင္းရပ္စ္ေတြ႔ရွိတဲ့ သူေတြထဲမွာ အမွတ္ ၁ တပ္မေတာ္ေဆး႐ုံႀကီး ကုတင္ ၁၀၀၀ က ေနာက္ထပ္ကူးစက္သူ ၁၀၀ ေတြ႔ရွိခဲ့ပါတယ္။

ဒါ့အျပင္ ေသဆုံးသူစုစုေပါင္းဟာလည္း ၁၉၈ ေယာက္ရွိသြားၿပီ ျဖစ္ပါတယ္။ ဒီေန႔ေသဆုံးသူ ၂၄ ေယာက္မွာ ရန္ကုန္တိုင္းေဒသႀကီးက ၂၃ ေယာက္ပါၿပီး ေမာ္လၿမိဳင္က တေယာက္ပါပါတယ္။ ေသဆံုးသူေတြဟာ အသက္ ၁၅ ႏွစ္ကေန ၈၇ ႏွစ္ၾကားမွာရွိတဲ့ အမ်ိဳးသား ၁၉ ေယာက္နဲ႔ အမ်ိဳးသမီး ၅ ေယာက္ ျဖစ္ပါတယ္။

ဓာတ္ခဲြအတည္ျပဳ လူနာေဟာင္းေတြထဲက ၂ ႀကိမ္ဆက္ပိုးမေတြ႔သူ ၁၆၄ ေယာက္ရွိတာေၾကာင့္ ေရာဂါသက္သာေပ်ာက္ကင္းၿပီး ေဆး႐ုံက ဆင္းခြင့္ရသူ စုစုေပါင္းဟာ ၂,၆၈၁ ေယာက္ရွိၿပီျဖစ္တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မြန်မာ COVID-19 ကြောင့်သေဆုံးသူ ၂၄ ဦး၊ ကူးစက်သူ ၈၈၀ တိုး

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ နောက်ထပ်ကူးစက်သူ ၈၈၀ နဲ့ သေဆုံးသူ ၂၄ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်ချိန်ကတည်းကဆိုရင် ၂၄ နာရီအတွင်း သေဆုံးမှုနှုန်း အများဆုံးဖြစ်ပါတယ်။

ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၈၁၆ ခုကို စမ်းသပ်စစ်ဆေးခဲ့တာမှာ အခုလို ဗိုင်းရပ်စ်ကူးစက်သူ ၈၈၀ ကို ထပ်မံတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောထားပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၉,၉၉၁ ယောက် ရှိသွားပြီဖြစ်ပါတယ်။

ဒီနေ့ ဗိုင်းရပ်စ်တွေ့ရှိတဲ့ သူတွေထဲမှာ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ကုတင် ၁၀၀၀ က နောက်ထပ်ကူးစက်သူ ၁၀၀ တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် သေဆုံးသူစုစုပေါင်းဟာလည်း ၁၉၈ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီနေ့သေဆုံးသူ ၂၄ ယောက်မှာ ရန်ကုန်တိုင်းဒေသကြီးက ၂၃ ယောက်ပါပြီး မော်လမြိုင်က တယောက်ပါပါတယ်။ သေဆုံးသူတွေဟာ အသက် ၁၅ နှစ်ကနေ ၈၇ နှစ်ကြားမှာရှိတဲ့ အမျိုးသား ၁၉ ယောက်နဲ့ အမျိုးသမီး ၅ ယောက် ဖြစ်ပါတယ်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ၂ ကြိမ်ဆက်ပိုးမတွေ့သူ ၁၆၄ ယောက်ရှိတာကြောင့် ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်းဟာ ၂,၆၈၁ ယောက်ရှိပြီဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG