သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္နဲ႔ အိႏိၵယမွာ ကိုဗစ္ကူးစက္မႈသစ္ တုိးလာ


အိႏၵိယႏုိင္ငံ Ahmedabad ၿမိဳ႕မွာ COVID-19 စစ္ေဆးဖုိ႔ Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္း။ (စက္တင္ဘာ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုနဲ႔ အိႏၵိယႏုိင္ငံေတြမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ အေရအတြက္ အေတာ္မ်ားမ်ား တုိးလာခဲ့တယ္လို႔ Johns Hopkins တကၠသိုလ္က ေျပာလိုက္ပါတယ္။

လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း အေမရိကန္ျပည္ေထာင္စုမွာ ကူးစက္သူ ၅၅,၀၀၀ ေက်ာ္ ရွိခဲ့ပါတယ္။

အခုႏွစ္အေစာပိုင္းက အေမရိကန္ အေရွ႕ေျမာက္ပိုင္း၊ ေတာင္ပိုင္းနဲ႔ အေနာက္ပိုင္းေတြမွာ ကူးစက္မႈေတြ ျမင့္ေနတဲ့အခ်ိန္မွာ အေမရိကန္အလယ္ပိုင္းက ျပည္နယ္ေတြမွာ ကူးစက္မႈေတြ သိပ္မရွိခဲ့ပုံရေပမယ့္ အခုအခါမွာေတာ့ အဲဒီအလယ္ပိုင္းက ျပည္နယ္ေတြမွာပါ ကူးစက္မႈေတြ တုိးလာခဲ့ၿပီး North Dakota, South Dakota, Iowa နဲ႔ Wisconsin ျပည္နယ္ေတြမွာ ကူးစက္မႈေတြ အဆုိးဆုံးျဖစ္တယ္လို႔ ဆုိပါတယ္။

အိႏၵိယႏုိင္ငံမွာေတာ့ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဗုိင္းရပ္စ္ ေနာက္ထပ္ ကူးစက္ခံရသူ ၈၆,၀၀၀ ရွိတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ဗုိင္းရပ္စ္ေၾကာင့္ ေနာက္ထပ္ေသဆုံးသူ ၁,၁၂၄ ေယာက္ရွိတာေၾကာင့္ စုစုေပါင္း ေသဆုံးသူ ၉၄,၀၀၀ ေက်ာ္သြားၿပီျဖစ္တယ္လို႔ AP သတင္းမွာ ေဖာ္ျပထားပါတယ္။

ဥေရာပဘက္မွာေတာ့ ကို႐ုိနာဗုိင္းရပ္စ္ ဒုတိယလိႈင္းကို ရင္ဆုိင္ေနရတာေၾကာင့္ တခ်ိဳ႕ႏုိင္ငံေတြက ကန္႔သတ္ခ်က္အသစ္ေတြကို ထုတ္ျပန္လာေနရပါတယ္။

ကိုဗစ္ ဒုတိယလႈိင္းက ထင္ထားတာထက္ ပိုၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ ေရာက္လာတယ္လို႔ ျပင္သစ္ေဆးေကာင္စီ အႀကီးအကဲက ေျပာပါတယ္။ ျပင္သစ္ႏုိင္ငံမွာေတာ့ မေန႔က ဗုိင္းရပ္စ္ကူးစက္သူ ၁၄,၀၀၀ ေက်ာ္ရွိတယ္လို႔ ေျပာပါတယ္။

ကမာၻတဝန္းမွာ အခုဆုိရင္ ဗုိင္းရပ္စ္ကူးစက္သူ ၃၃ သန္းနီးပါး ရွိလာေနၿပီျဖစ္ပါတယ္။ ဒီထဲမွာ အေမရိကန္ျပည္ေထာင္စုက ၇ သန္းေက်ာ္နဲ႔ ကူးစက္မႈအမ်ားဆုံးျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ အိႏၵိယက ၅.၉ သန္းေက်ာ္နဲ႔ ဒုတိယ၊ ဘရာဇီးလ္က ၄.၇ သန္းနဲ႔ တတိယျဖစ္ပါတယ္။

ကန္နဲ႔ အိႏိၵယမွာ ကိုဗစ္ကူးစက္မႈသစ္ တုိးလာ
please wait

No media source currently available

0:00 0:01:06 0:00
တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကန်နဲ့ အိန္ဒိယမှာ ကိုဗစ်ကူးစက်မှုသစ် တိုးလာ

အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရေအတွက် အတော်များများ တိုးလာခဲ့တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်ပြည်ထောင်စုမှာ ကူးစက်သူ ၅၅,၀၀၀ ကျော် ရှိခဲ့ပါတယ်။

အခုနှစ်အစောပိုင်းက အမေရိကန် အရှေ့မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အနောက်ပိုင်းတွေမှာ ကူးစက်မှုတွေ မြင့်နေတဲ့အချိန်မှာ အမေရိကန်အလယ်ပိုင်းက ပြည်နယ်တွေမှာ ကူးစက်မှုတွေ သိပ်မရှိခဲ့ပုံရပေမယ့် အခုအခါမှာတော့ အဲဒီအလယ်ပိုင်းက ပြည်နယ်တွေမှာပါ ကူးစက်မှုတွေ တိုးလာခဲ့ပြီး North Dakota, South Dakota, Iowa နဲ့ Wisconsin ပြည်နယ်တွေမှာ ကူးစက်မှုတွေ အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ် နောက်ထပ် ကူးစက်ခံရသူ ၈၆,၀၀၀ ရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့် နောက်ထပ်သေဆုံးသူ ၁,၁၂၄ ယောက်ရှိတာကြောင့် စုစုပေါင်း သေဆုံးသူ ၉၄,၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

ဥရောပဘက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို ရင်ဆိုင်နေရတာကြောင့် တချို့နိုင်ငံတွေက ကန့်သတ်ချက်အသစ်တွေကို ထုတ်ပြန်လာနေရပါတယ်။

ကိုဗစ် ဒုတိယလှိုင်းက ထင်ထားတာထက် ပိုပြီးတော့ မြန်မြန်ဆန်ဆန် ရောက်လာတယ်လို့ ပြင်သစ်ဆေးကောင်စီ အကြီးအကဲက ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ မနေ့က ဗိုင်းရပ်စ်ကူးစက်သူ ၁၄,၀၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

ကမ္ဘာတဝန်းမှာ အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်သူ ၃၃ သန်းနီးပါး ရှိလာနေပြီဖြစ်ပါတယ်။ ဒီထဲမှာ အမေရိကန်ပြည်ထောင်စုက ၇ သန်းကျော်နဲ့ ကူးစက်မှုအများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ အိန္ဒိယက ၅.၉ သန်းကျော်နဲ့ ဒုတိယ၊ ဘရာဇီးလ်က ၄.၇ သန်းနဲ့ တတိယဖြစ်ပါတယ်။

XS
SM
MD
LG