(Zawgyi/Unicode)
ကမၻာတဝွမ္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈအမ်ားဆုံးျဖစ္ေနတဲ့ အေမရိကန္ ျပည္ေထာင္စုတြင္း မေန႔အဂၤါေန႔ အထိ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၂ သိန္းရွိသြားၿပီျဖစ္ပါတယ္။ ေနာက္လာမယ့္လေတြအတြင္း ေသဆုံးမႈႏႈန္း ေထာင္ခ်ီျမင့္တက္လာနိုင္တယ္လို႔ က်န္းမာေရး ဆိုင္ရာ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။
အခုျမင့္တက္ေနတဲ့ အေသအေပ်ာက္ႏႈန္းက အေစာပိုင္းတုန္းက ခန္႔မွန္းထားတာထက္ ပိုမ်ားေနတာပါ။ အခုအေမရိကန္မွာ COVID-19 ေၾကာင့္ ေသဆုံးသူ အေရအတြက္က ဒုတိယ ကမၻာစစ္ေနာက္ပိုင္း အေမရိကန္နဲ႔ ကိုရီးယား၊ ဗီယက္နမ္၊ ပါရွန္ပင္လယ္ေကြ႕၊ အာဖဂန္ နစၥတန္ နဲ႔ အီရတ္နိုင္ငံေတြနဲ႔ စစ္ျဖစ္တုန္းက အေမရိကန္ တပ္သားေတြ ေသဆုံးခဲ့တဲ့အေရအတြက္ရဲ႕ ႏွစ္ဆနီးပါးရွိပါတယ္။ ၂၀၂၀ အကုန္ပိုင္း အေမရိကန္မွာ COVID-19 ေၾကာင့္ေသဆုံးသူ ၄၁၀,၀၀၀ ေလာက္ရွိလာနိုင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက ေျပာပါတယ္။
ဧၿပီလေႏွာင္းပိုင္းတုန္းက ေသဆုံးသူ တရက္ကို ၂၀၀၀ ေက်ာ္ စံခ်ိန္တင္ရွိခဲ့ၿပီးအခု တရက္ကို ၈၀၀ နီးပါးအထိက်ဆင္းလာတာပါ။ေဆးပညာရွင္ေတြက ကာကြယ္ေဆးထုတ္လုပ္နိုင္ဖို႔ ႀကိဳးစားေနသလို လာမယ့္ လေတြမွာ ခြင့္ျပဳခ်က္ရနိုင္ေျခလည္းရွိေနပါတယ္။ ကာကြယ္ေဆး မရေသးတဲ့ အျပင္ ရာသီဥတုကလည္း အေအးပိုလာၿပီျဖစ္တဲ့အတြက္ ေန႔စဥ္ အေသအေပ်ာက္ႏႈန္းျပန္ျမင့္လာမွာကို က်န္းမာေရး ပညာရွင္ေတြက စိုးရိမ္ေနၾကပါတယ္။
တကမၻာလုံးအတိုင္းအတာနဲ႔ အေမရိကန္မွာ COVID-19 ေၾကာင့္ ေသဆုံးမႈႏႈန္း အမ်ားဆုံးျဖစ္ေပမဲ့ပၽွမ္းမၽွ လူဦးေရနဲ႔ တြက္ရင္ ဥေရာပနဲ႔ လက္တင္အေမရိကနိုင္ငံေတြက ေသဆုံးမႈႏႈန္းစံခ်ိန္တင္ ပိုမ်ားေနတာပါ။
အေမရိကန္မွာ COVID-19 ေၾကာင့္ေသဆုံးသူ ၂ သိန္းထိရွိလာတဲ့ အေပၚ သမၼတ Trump က တစုံတရာမွတ္ခ်က္မေပးပဲ သူ႔တြစ္တာစာမ်က္ႏွာမွာ အေမရိကန္ တရား႐ုံးခ်ဳပ္တရားသူႀကီး လစ္လပ္ေနရာ အစားထိုးခန္႔အပ္ေရး ေရႊ႕ဆိုင္းထားတာနဲ႔ ပတ္သက္တဲ့အေၾကာင္းအရာေတြကိုပဲ ေရးသားခဲ့ပါတယ္။
နိုဝင္ဘာ ၃ ရက္ေန႔က်င္းပမယ့္ ေရြးေကာက္ပြဲမွာ ကိုရိုနာဗိုင္းရပ္စ္အေရး က အဓိက အေၾကာင္းအရာတခုျဖစ္လာေနတာပါ။ ကပ္ေရာဂါတုံ႔ျပန္ေဆာင္ရြက္ေရး သမၼတ Trump ရဲ့ မွားယြင္းတဲ့ စီမံေဆာင္ရြက္ပုံေတြ ေၾကာင့္ လူအမ်ားအျပားေသဆုံးခဲ့ရတယ္လို႔ ဒီမိုကရက္တစ္ သမၼတေလာင္း Biden က ျပစ္တင္ေဝဖန္ခဲ့ေပမဲ့ သမၼတ Trump ကေတာ့ ဒီအေပၚ သူအေကာင္းဆုံးကိုင္တြယ္ခဲ့ေၾကာင္း တနလၤာေန႔က ေတြ႕ဆုံေမးျမန္းခန္းတခုမွာ ေျပာပါတယ္။
..............
အမေရိကန် မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂ သိန်းကျော်ပြီ
(Unicode)
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးဖြစ်နေတဲ့ အမေရိကန် ပြည်ထောင်စုတွင်း မနေ့အင်္ဂါနေ့ အထိ COVID-19 ရောဂါကြောင့် သေဆုံးသူ ၂ သိန်းရှိသွားပြီဖြစ်ပါတယ်။ နောက်လာမယ့်လတွေအတွင်း သေဆုံးမှုနှုန်း ထောင်ချီမြင့်တက်လာနိုင်တယ်လို့ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အခုမြင့်တက်နေတဲ့ အသေအပျောက်နှုန်းက အစောပိုင်းတုန်းက ခန့်မှန်းထားတာထက် ပိုများနေတာပါ။ အခုအမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက်က ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အမေရိကန်နဲ့ ကိုရီးယား၊ ဗီယက်နမ်၊ ပါရှန်ပင်လယ်ကွေ့၊ အာဖဂန် နစ္စတန် နဲ့ အီရတ်နိုင်ငံတွေနဲ့ စစ်ဖြစ်တုန်းက အမေရိကန် တပ်သားတွေ သေဆုံးခဲ့တဲ့အရေအတွက်ရဲ့ နှစ်ဆနီးပါးရှိပါတယ်။ ၂၀၂၀ အကုန်ပိုင်း အမေရိကန်မှာ COVID-19 ကြောင့်သေဆုံးသူ ၄၁၀,၀၀၀ လောက်ရှိလာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။
ဧပြီလနှောင်းပိုင်းတုန်းက သေဆုံးသူ တရက်ကို ၂၀၀၀ ကျော် စံချိန်တင်ရှိခဲ့ပြီးအခု တရက်ကို ၈၀၀ နီးပါးအထိကျဆင်းလာတာပါ။ဆေးပညာရှင်တွေက ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ ကြိုးစားနေသလို လာမယ့် လတွေမှာ ခွင့်ပြုချက်ရနိုင်ခြေလည်းရှိနေပါတယ်။ ကာကွယ်ဆေး မရသေးတဲ့ အပြင် ရာသီဥတုကလည်း အအေးပိုလာပြီဖြစ်တဲ့အတွက် နေ့စဉ် အသေအပျောက်နှုန်းပြန်မြင့်လာမှာကို ကျန်းမာရေး ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
တကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးမှုနှုန်း အများဆုံးဖြစ်ပေမဲ့ပျှမ်းမျှ လူဦးရေနဲ့ တွက်ရင် ဥရောပနဲ့ လက်တင်အမေရိကနိုင်ငံတွေက သေဆုံးမှုနှုန်းစံချိန်တင် ပိုများနေတာပါ။
အမေရိကန်မှာ COVID-19 ကြောင့်သေဆုံးသူ ၂ သိန်းထိရှိလာတဲ့ အပေါ် သမ္မတ Trump က တစုံတရာမှတ်ချက်မပေးပဲ သူ့တွစ်တာစာမျက်နှာမှာ အမေရိကန် တရားရုံးချုပ်တရားသူကြီး လစ်လပ်နေရာ အစားထိုးခန့်အပ်ရေး ရွှေ့ဆိုင်းထားတာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုပဲ ရေးသားခဲ့ပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကိုရိုနာဗိုင်းရပ်စ်အရေး က အဓိက အကြောင်းအရာတခုဖြစ်လာနေတာပါ။ ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေး သမ္မတ Trump ရဲ့ မှားယွင်းတဲ့ စီမံဆောင်ရွက်ပုံတွေ ကြောင့် လူအများအပြားသေဆုံးခဲ့ရတယ်လို့ ဒီမိုကရက်တစ် သမ္မတလောင်း Biden က ပြစ်တင်ဝေဖန်ခဲ့ပေမဲ့ သမ္မတ Trump ကတော့ ဒီအပေါ် သူအကောင်းဆုံးကိုင်တွယ်ခဲ့ကြောင်း တနင်္လာနေ့က တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောပါတယ်။